• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လာမည့် သီတင်းပတ်တွင် အကျဉ်းထောင်များသို့ ICRC စတင်စစ်ဆေးမည်

by လင်းသန့်
18 January 2013
in သတင်း
A A
လာမည့် သီတင်းပတ်တွင် အကျဉ်းထောင်များသို့ ICRC စတင်စစ်ဆေးမည်

နာမည်ဆိုးဖြင့် ကျော်ကြားသည့် အင်းစိန် အကျဉ်းထောင်ကို ဝေဟင်မှ မြင်ရစဉ် (Photo: Steve Tickner / ဧရာဝတီ)

1.6k
VIEWS
Share on FacebookShare on Twitter

အကျဉ်းထောင်နှင့် ရဲဘက်စခန်းများတွင် ထိမ်းသိမ်းထားသူများအား ဝင်ရောက်စစ်ဆေးခွင့် ရပြီးနောက် ၇ နှစ်အကြာတွင် ပထမဆုံးအကြိမ်အဖြစ် လာမည့် သီတင်းပတ်တွင် ပြန်လည် စတင်တော့မည် ဖြစ်ကြောင်း နိုင်ငံတကာ ကြက်ခြေနီအသင်း (ICRC) က ပြောကြားလိုက်သည်။

ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် ICRC အကြီးအကဲ မစ္စတာ ပီတာ မိုဟေး (Peter Maurer) သည် သမ္မတ ဦးသိန်းစိန်၊ ပြည်ထဲရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို၊ ကာကွယ်ရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင်၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နှင့်တွေ့ဆုံခဲ့ပြီးနောက် အကျဉ်းထောင်များသို့ ဝင်ရောက်စစ်ဆေးရန် အသေးစိတ် စီစဉ်နိုင်ခဲ့ခြင်း ဖြစ်သည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
260
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
536
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
200

တချိန်က တံခါးပိတ်နိုင်ငံတခုတွင် ၂၀၁၁ ခုနှစ်၌ တက်လာသည့် အစိုးရ တာဝန်ယူချိန်မှ စတင်ကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်လာနေရာ ယခုကဲ့သို့ ကန့်သတ်ချက်များ မရှိတော့သည့်အတွက် အပေါင်းလက္ခဏာ ဆောင်သည့် အပြောင်းအလဲဖြစ်သည်ဟု ICRC ဥက္ကဌက ဆိုသည်။

“ကျနော်တို့ အကျဉ်းသား အားလုံးကို မြင်ချင်တွေ့ချင်ပါတယ်။ အကျဉ်းထောင်တွေကိုလည်း ပြန်လည် သွားရောက်ချင်တာပါ” ဟု မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် မစ္စတာ ပီတာ မိုဟေးက သတင်းထောက်များကို ကြာသပတေးနေ့က ပြောသည်။

လာမည့် သီတင်းပတ်တွင် အကျဉ်းထောင်များသို့ သွားရောက်ဖြစ်မည်ဟု မျှော်လင့်ထားခဲ့ကြောင်း၊ သူကိုယ်တိုင် လိုက်ပါသွားပြီး အကျဉ်းသားတချို့နှင့် လွတ်လပ်စွာ တွေ့ဆုံနိုင်မည်ဟု မျှော်လင့်ထားကြောင်းလည်း သူက သတင်းထောက်များကို ပြောသည်။

ICRC အနေဖြင့် ၇ နှစ်ကြာပြီးနောက် အကျဉ်းထောင်များတွင်းသို့ ရေ၊ မိလ္လာစနစ်၊ ကျန်းမာရေး၊ လူမှုရေး စောင့်ရှောက်မှု စနစ် စသည်တို့ကို ပြန်လည် စစ်ဆေးခွင့် ပထမဆုံး ပြန်လည်ရရှိခြင်းလည်းဖြစ်သည်။

ယခင် စစ်အစိုးရ အာဏာပိုင်များက အကျဉ်းထောင်နှင့် ရဲဘက်စခန်းများရှိ နိုင်ငံရေးအရ ထိမ်းသိမ်းထားသူများ၊ လုံခြုံရေးအရ ထိမ်းသိမ်းထားသူများအား သွားရောက်တွေ့ဆုံမှုကို ICRC ဝန်ထမ်းများအား ၂၀၀၅ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ ကန့်သတ် ပိတ်ပင်ခဲ့သည်။

၂၀၀၅ ခုနှစ် ဒီဇင်ဘာလက ICRC အဖွဲ့အနေဖြင့် အကျဉ်းထောင်များသို့ ဝင်ရောက်ကာ နိုင်ငံရေးအကျဉ်းသားများ (ICRC ၏ အခေါ်အဝေါ်အရ လုံခြုံရေးအရ ထိန်းသိမ်းထားသူများ) အား ဆက်လက် တွေ့ဆုံမည်ဆိုပါက ယခင် ကြံ့ခိုင်ရေးအသင်းဝင်များနှင့် အတူသွားရောက်မှသာ ဝင်ရောက်ခွင့်ပြုမည်ဟု စစ်အစိုးရ အာဏာပိုင်များက ကန့်သတ်လိုက်သည့်အတွက် ထိုအချိန်မှ စတင်ကာ ICRC က အကျဉ်းထောင်များတွင်းသို့ ဝင်ရောက်စစ်ဆေးခြင်း မပြုခဲ့တော့ပေ။

ICRC အဖွဲ့ကြီးသည် အကျဉ်းထောင်များ၊ ရဲဘက်စခန်းများရှိ နိုင်ငံရေးအကျဉ်းသားများ၊ တခြား အကျဉ်းသားများကို သီးခြား လွတ်လပ်စွာ ဝင်ရောက်တွေ့ဆုံ အားပေးနှစ်သိမ့်ခြင်း၊ ကျန်းမာရေး၊ ပညာရေး အကူအညီပေးခြင်း၊ ကွဲကွာနေသော မိသားစုဝင်များအား ဆက်သွယ်ပေးခြင်း စသည့် လူမှုရေးဆိုင်ရာများနှင့် ရေနှင့် မိလ္လာ စနစ်များ၊ အကျဉ်းသားများအား ကျန်းမာရေး၊ လူမှုရေး စောင့်ရှောက်မှု စနစ်များကို လေ့လာခြင်းများမှာ လုပ်ဆောင်သည်။

သို့သော် စစ်ဆေး တွေ့ရှိချက်များကို သတင်းထုတ်ပြန်လေ့မရှိဘဲ သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများနှင့်သာ လိုအပ်သည်များကို ဆွေးနွေး အကြံပြုပြင် တင်ပြလေ့ရှိသည်။ အလွန်လိုအပ်လာသော အခြေအနေရောက်မှသာ ICRC အနေဖြင့် စစ်ဆေးတွေ့ရှိချက်များကို သတင်းထုတ်ပြန်လေ့ရှိသည်။

ICRC ဥက္ကဌသည် ကချင်ပြည်နယ်ရှိ စစ်ဘေး ဒုက္ခသည်များအား လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပေးနိုင်ရေးအတွက်လည်း သွားရောက်လိုကြောင်း၊ ထို့အပြင် ယမန်နှစ်က လူပေါင်း ၈၀ ကျော် သေဆုံးခဲ့ရပြီး လူ ၁ သိန်းကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရသည့် ရခိုင်ပြည်နယ်သို့လည်း ကြာသပတေးနေ့က သွားရောက်ခဲ့ကြောင်း သိရသည်။

ဟင်နရီဒူးနန့်က ၁၈၆၃ ခုနှစ်တွင် စတင်တည်ခဲ့သည့် ICRC အဖွဲ့ကြီးသည် လွတ်လပ်သော ဘက်မလိုက်သည့် အဖွဲ့ကြီး ဖြစ်ပြီး စစ်ပွဲဖြစ်ပွားနေသော ဒေသများ၊ ပဋိပက္ခဒေသများ၊ သဘာ၀ ဘေးဒုက္ခကြုံရသည့်နေရာများတွင် ကူညီဆောင်ရွက်မှုများ လုပ်ဆောင်နေသည်။

Your Thoughts …
Tags: ICRC
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

by ငြိမ်းငြိမ်း
25 October 2024
5.7k

ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက သူ့မိခင်၏ ကျန်းမားရေးနှင့် ဘာမှမသိရဘဲ ချုပ်နှောင်ထားခံရခြင်းတို့အတွက် သူ၏ စိုးရိမ်ပူပန်မှုများကို ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

အစ္စရေး- ဟားမတ်စ် စစ်ပွဲအကြောင်း သိကောင်းစရာ

အစ္စရေး- ဟားမတ်စ် စစ်ပွဲအကြောင်း သိကောင်းစရာ

by ဧရာဝတီ
17 October 2023
5.4k

အရပ်သား အများအပြား သေဆုံးသည့် ယခုလောက် ကြီးမားသော အကြမ်းဖက် တိုက်ခိုက်မှုမျိုးကိုလည်း အစ္စရေး မကြုံဖူးပေ။

ဒိုက်ဦးထောင်မှ ခေါ်ထုတ်သွားသော အကျဉ်းသား ၃၇ ဦး၏ ကံကြမ္မာ

ဒိုက်ဦးထောင်မှ ခေါ်ထုတ်သွားသော အကျဉ်းသား ၃၇ ဦး၏ ကံကြမ္မာ

by ခင်နဒီ
29 February 2024
5.1k

"၂၀၂၃ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသား သတ်ဖြတ်ခံရမှု အများဖြစ်တယ်" ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

ငလျင်ကြောင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်နိုင်သလား

ငလျင်ကြောင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်နိုင်သလား

by Sean Turnell
3 April 2025
3k

ဖြစ်စဉ်များကို မေ့လည်း မမေ့၊ လေ့လည်း မလေ့လာသည်မှာ မြန်မာစစ်တပ်၏ စရိုက်လက္ခဏာဖြစ်သည်။

စစ်ဖြစ်နေသော မြန်မာသို့ အကူအညီစင်္ကြံဖွင့်ရေး ICRC တွန်းအားပေးနေ

စစ်ဖြစ်နေသော မြန်မာသို့ အကူအညီစင်္ကြံဖွင့်ရေး ICRC တွန်းအားပေးနေ

by ဧရာဝတီ
12 September 2024
779

ICRC သည် အကူအညီ ပိုမိုပေးပို့နိုင်သည့် စွမ်းရည်ရှိကြောင်း ယခုအပတ်တွင် ပြီးဆုံးခဲ့သည့် မြန်မာခရီးစဉ်အတွင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ပြောခဲ့သည်။

ဂါဇာတွင် ၁၀ မိနစ်တိုင်း ကလေးတဦးနှုန်း သတ်ဖြတ်ခံနေရဟု WHO ပြော

ဂါဇာတွင် ၁၀ မိနစ်တိုင်း ကလေးတဦးနှုန်း သတ်ဖြတ်ခံနေရဟု WHO ပြော

by ဧရာဝတီ
11 November 2023
533

"ပျှမ်းမျှ ၁၀ မိနစ်တိုင်း ကလေးတယောက်နှုန်း အသတ်ခံနေရတယ်" ဟု မစ္စတာ တက်ဒရို့စ်က ပြောသည်။

Next Post

GE ကုမ္ပဏီ မြန်မာ့ဈေးကွက် ဝင်မည်

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ လက်ရှိနိုင်ငံရေး အခြေအနေကို မျက်ကွယ်မပြု

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ လက်ရှိနိုင်ငံရေး အခြေအနေကို မျက်ကွယ်မပြု

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.6k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

5 days ago
3.2k

Most Read

  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate