• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘင်္ဂလားဒေ့ရှ်က ရခိုင်ရွာများ လုံခြုံရေးအတွက် ညကင်း စောင့်နေရ

by ငြိမ်းချမ်း
5 March 2013
in သတင်း
A A
ဘင်္ဂလားဒေ့ရှ်က ရခိုင်ရွာများ လုံခြုံရေးအတွက် ညကင်း စောင့်နေရ

ဗုဒ္ဓ သာသနိက အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးတာဟာ အစ္စလမ်အခြေခံဝါဒီတွေ လက်ချက်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက ပြောကြားလိုက်ပါတယ် (ဓာတ်ပုံ – Reuters)

5.6k
VIEWS
Share on FacebookShare on Twitter

မြန်မာ နယ်စပ်အနီး ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရခိုင်ရွာတွေမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး ရှုပ်ထွေး မှုတွေ ရှိနေတာကြောင့် ကျေးရွာ လုံခြုံရေး အတွက် ညကင်း စောင့်နေကြရတဲ့ အကြောင်း ဒေသခံ ပြည်သူတွေက ပြောပါတယ်။

Jamaat-e -Islami ပါတီ ခေါင်းဆောင် ၄ ဦးကို အစိုးရက ဖမ်းဆီး စစ်ဆေးနေစဉ် သေဒဏ်အပြစ်ပေးဖို့ တောင်းဆိုတာတွေ၊ အဲဒီပါတီဝင်တွေက သူတို့ခေါင်းဆောင်တွေကို လွှတ်ပေးဖို့ တောင်းဆိုတာတွေ နိုင်ငံနဲ့အဝှမ်း ဖြစ်ပေါ်ခဲ့ပြီး နှစ်ဘက် တင်းမာမှု ပြင်းထန်နေတာကြောင့် ဒေသတွင်း မတည်ငြိမ်မှုတွေ ကြီးထွားနေတယ်လို့ သိရပါတယ်။

RelatedPosts

သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

20 May 2025
364
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 May 2025
1.2k
တရုတ် စွက်ဖက်မှုနှင့် လားရှိုး အလှည့်အပြောင်း – အပိုင်း ၂ (ရုပ်/သံ)

တရုတ် စွက်ဖက်မှုနှင့် လားရှိုး အလှည့်အပြောင်း – အပိုင်း ၂ (ရုပ်/သံ)

20 May 2025
21

ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း အစိုးရနဲ့ အတိုက်အခံ ပါတီအကြား နိုင်ငံရေး တင်းမာမှုတွေ ဖြစ်ပွားလာပြီးနောက် ဟိန္ဒူနဲ့ ဗုဒ္ဓ ဘာသာ ဘုရားကျောင်းတွေကို မီးရှို့ဖျက်ဆီးမှုတွေ ရှိလာတဲ့အတွက် ရပ်ရွာလုံခြုံရေး အတွက် ညကင်းစောင့်ဖို့ ကျေးရွာ တာဝန် ရှိသူတွေက စဉ်းစားရတာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတိုင်း ကော့စ်ဘာဇာခရိုင် ဆောကော်ဒီရာ မြို့နယ် အာဇီနော်ကော် ကျေးရွာမှာနေတဲ့ ရခိုင်တိုင်းရင်းသား ဦးဝင်းသိန်းက ဆိုပါတယ်။

“အခု အခြေအနေက မဆိုင်သူတွေကိုပါ မီးရှို့ဖျက်ဆီးလာတာတွေ ရှိနေတာက တကြောင်း၊ နောက်ပြီးတော့ ပန်းဝါ (ရာမူး) မှာလို ဘုရားတွေ မီးရှို့၊ အိမ်တွေ မီးရှို့တဲ့ ပြဿနာမျိုး ထပ်ဖြစ်လာမှာ စိုးရိမ်လို့ တကြောင်း၊ ဒါကြောင့် လူကြီးတွေက ဆုံးဖြတ်ပြီးတော့ ည ၁၀ နာရီကနေ မနက် ၆ နာရီထိ ကင်းချထားတယ်။ ရွာရဲ့ အနေအထားအရ တဖွဲ့မှာ ၅ ယောက်စီ လမ်း ၄ ခုက ၄ ဖွဲ့နေရာယူပြီး ကင်းစောင့်ကြရတယ်” လို့ သူက ဧရာဝတီကို ပြောပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘာဇာ ခရိုင်၊ ဘန်တရိုဘန် ခရိုင်အတွင်းမှ အာဇီနော်ကော်၊ ဖတ်တောင်၊ မဟားဇိုးကျွန်း စတဲ့ ဒေသတွေက ရခိုင်ရွာတွေမှာ ရပ်ရွာလုပ်ခြုံရေး အတွက် ညကင်း စောင့်နေကြခြင်း ဖြစ်ပြီး တခြား ရခိုင်ကျေးရွာတွေမှာလည်း လုံခြုံရေးကို သတိထား စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

“ဒီဘက်မှာတော့ စစ်တပ်စခန်းလည်း ရှိတယ်ဆိုတော့ လောလောဆယ် အေးအေးဆေးဆေးပါပဲ။ ညကင်း စောင့်ရမျိုးတော့ မရှိသေးဘူး။ ဒါပေမယ့် သတိနဲ့ သွားလာနေရတယ်။ အခြေအနေကို စောင့်ကြည့် နေရတဲ့ အနေအထား ရှိတယ်” လို့ ဘန်တရိုဘန်ခရိုင် အလယ်ကော်တောင် ဒေသမှာ နေထိုင်တဲ့ ဦးစိုးလင်းက ပြောပါတယ်။

၁၉၇၁ ခုနှစ် လွတ်လပ်ရေး စစ်ပွဲအတွင်း ပါကစ္စတန် စစ်တပ်နဲ့ ပေါင်းပြီး လူသားမျိုးနွယ် အပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ Jamaat-e-Islami ပါတီက ဒု ဥက္ကဋ္ဌ ဒေလဝါ ဟူစိန် ဆာယီဒီ ကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးက သေဒဏ်ပေး စီရင်ခဲ့ပြီးနောက် Jamaat-e-Islami ပါတီဝင်တွေနဲ့ ပါတီ လက်အောက်ခံ Islami Chhatra Shibir ကျောင်းသားအဖွဲ့ဝင်တွေက စစ်တကောင်းတိုင်း Banshkhali မြို့နယ် အတွင်းက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနဲ့ ဟိန္ဒူ ဘုရားကျောင်း ၅ ကျောင်းကို မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Jamaat-e-Islami ပါတီဝင်တွေနဲ့ ပါတီ လက်အောက်ခံ Islami Chhatra Shibir အဖွဲ့ဝင်တွေက သူတို့ရဲ့ ခေါင်းဆောင်ကို သေဒဏ် ချမှတ်လိုက်တဲ့ အတွက် နိုင်ငံနဲ့အဝန်း ဆန္ဒပြမှု၊ မီးရှို့ ဖျက်ဆီးမှု၊ လမ်းပမ်း ဆက်သွယ်ရေး ဖြတ်တောက်မှု၊ လုံခြုံရေး တပ်ဖွဲ့ဝင်များကို ပြန်လည်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး မြို့ပေါ်လုံခြုံရေးကိုသာ အဓိကထား တာဝန်ယူ နေကြရတယ်လို့ ဘန်တရိုဘန်မြို့ရဲစခန်းမှ အရာရှိ တဦးက ပြောပါတယ်။

“နယ်ရော မြို့ပါ လုံခြုံရေးတွေ ချထားတယ်။ အဓိက မြို့ကိုပဲ လုံခြုံရေး ဦးစားပေး နေရတော့ နယ်ပိုင်းကျတော့ အားနည်း တယ်။ ဒါပေမယ့် ပြဿနာ ဖြစ်တယ် ဆိုရင်တော့ သိတာနဲ့ သွားပြီးတော့ တာဝန်ယူဖြေရှင်း ပေးနေတာတွေရှိပါတယ်” လို့ အဲဒီ အရာရှိက ရှင်းပြပါတယ်။

Jamaat-e-Islami ပါတီဝင်တွေနဲ့ ၎င်းပါတီ လက်အောက်ခံ Islami Chhatra Shibir အဖွဲ့ဝင်တွေဟာ ဟိန္ဒူ ဘာသာဝင် တွေကို အဓိကထား ဖျက်ဆီး တိုက်ခိုက်နေတာ ဖြစ်ပေမယ့် ဟိန္ဒူရွာတွေနဲ့ နီးကပ်နေတဲ့ ရခိုင်ရွာတွေ အနေနဲ့လည်း သတိထားရမှာ ဖြစ်တယ်လို့ မြစ်နားရွာက ဦးသာသာမောင်က ဆိုပါတယ်။

“Jamaat-e-Islami နဲ့ Islami Chhatra Shibir အဖွဲ့တွေရဲ့ ခေါင်းဆောင်ကို သေဒဏ်ပေးနိုင်အောင် သက်သေထွက်ဆိုတာ က ဟိန္ဒူတွေဖြစ်နေတယ်။ ဒါကြောင့် သူတို့က ဟိန္ဒူတွေကို ပစ်မှတ်ထား ဖျက်ဆီးတာဖြစ်တယ်” လို့ သူက ရှင်းပြပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးတခုက နိုင်ငံအတွင်းမှာရှိတဲ့ လူနည်းစုနဲ့ သူတို့ရဲ့ လူနေ အဆောက်အဦးတွေ၊ ဘာသာရေး အဆောက်အဦးတွေကို လုံခြုံရေး တိုးမြှင့် အကာအကွယ်ပေးဖို့ အစိုးရထံ တိုက်တွန်းချက်တရပ်ကိုလည်း မတ်လ ၃ ရက်နေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာရှိတဲ့ ကန်ဘိချောင်းဝ ကျေးရွာမှာ ဓားပြမှုတခု ဖြစ်ခဲ့ပြီး ဒေသတွင်းမှာ လက်နက်ကိုင် လူစုတွေ ညအချိန် ဖြတ်သန်း သွားလာမှု ရှိနေတဲ့ အတွက် လုံခြုံရေးကို သတိထား နေရတယ်လို့ လေမူစရီနယ်စား ဦးမောင်နုက ပြောပါတယ်။

“အခု ကျနော့် နယ်ဘက်မှာက ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး ရှုပ်ထွေးမှုတွေကြောင့် စိုးရိမ်နေရသလို၊ ဓားပြတိုက်မှုတွေ ရှိလာနေ တာတွေကိုလည်း စိုးရိမ်နေရတယ်” လို့ သူက ဆိုပါတယ်။

Your Thoughts …
Tags: BangladeshBorderRakhine State
ငြိမ်းချမ်း

ငြိမ်းချမ်း

Contributor

Similar Picks:

နာဂသည် ချင်းမဟုတ်

နာဂသည် ချင်းမဟုတ်

by ထက်နိုင်ဇော်
12 March 2013
3.6k

နာဂလူမျိုးများကို ချင်းလူမျိုးများ ထဲတွင် ထည့်သွင်း ဖော်ပြမှုသည် တိုင်းရင်းသား စည်းလုံး ညီညတ်မှုကို ထိခိုက်စေနိုင်သည်ဟု နာဂလူမျိုးများနှင့် ဆိုင်သော အဖွဲ့အစည်း ၅ ခုက သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ

by ခင်ဦးသာ
11 July 2012
4.9k

တောင်ကုတ်၊ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် စသည့် ဒေသတွင်း၌ ဇွန် လ ဆန်းပိုင်းမှ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ပဋိပက္ခဖြစ်စဉ်များကို တလပြည့်သည့်အချိန်အဖြစ် ရက်စွဲအလိုက် အကျဉ်းချုံးဖော်ပြ အပ်ပါသည်။

နစက ဘာကြောင့်ဖျက်သိမ်းသလဲ

နစက ဘာကြောင့်ဖျက်သိမ်းသလဲ

by ထက်နိုင်ဇော်
15 July 2013
9k

နစက ဋ္ဌာနချုပ် ဖျက်သိမ်းခြင်းကို သမ္မတရုံးက ရှင်းရှင်းလင်းလင်း ကြေညာချက် မထုတ်ပြန်ခဲ့သော်လည်း ရခိုင်ပြည်နယ် စုံစမ်းရေး အစီရင်ခံစာအရ ဖျက်သိမ်းလိုက်ခြင်းဟု ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ဆိုသည်။

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

by ငြိမ်းချမ်း
31 January 2013
10.3k

“ဆွဲ၊ တင်၊ စစ်” ကို ရခိုင်ပြည်နယ် မြောက်ပိုင်း နစက ခေါ် နယ်စပ်ဒေ စစ်ဆေးရေးနဲ့ ကွက်ကဲရေး တပ်ဖွဲ့ထဲက လူဝင်မှုကြီးကြပ်ရေး (လဝက) အဖွဲ့ တွေက လုပ်ကြရတဲ့ အလုပ်ဖြစ်ပါတယ်။

လက်နက်ကိုင် မူဂျာဟစ်များ မြန်မာ့မြေပေါ်တွင် မရှိဟု ကျွမ်းကျင်သူများ ပြောဆို

လက်နက်ကိုင် မူဂျာဟစ်များ မြန်မာ့မြေပေါ်တွင် မရှိဟု ကျွမ်းကျင်သူများ ပြောဆို

by ဧရာဝတီ
16 July 2013
6.3k

မွတ်ဆလင် စစ်သွေးကြွအချို့က အင်ဒိုနီးရှားနိုင်ငံမှ အခြေခံဝါဒီ အုပ်စုများထံမှ အကူအညီ ရရှိနိုင်ရန် ကြိုးစားနေသည် ဆိုခြင်းမှာ ဖြစ်နိုင်သော်လည်း ရခိုင်ပြည်နယ်တွင် လက်နက်ကိုင် ရိုဟင်ဂျာများက တိုက်ခိုက်ရန် လုပ်ဆောင်နေ ဆိုသည်မှာ မဖြစ်နိုင်ဟု ဆိုကြသည်။

အာရှ လမ်းမကြီး, ဝန်ကြီးချုပ် ဦးဇော်မင်း, KNU, BGF

အာရှ လမ်းမကြီး ဖွင့်မည့်ရက် ရွှေ့ဆိုင်း

by ကျော်ခ
20 July 2015
7.3k

ကရင်ပြည်နယ် ကော့ကရိတ်နှင့် မြဝတီမြို့အကြား အာရှလမ်းမကြီးကို ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရ ပူးတွဲ ဖွင့်လှစ်ရန် သတ်မှတ် ရက် ရောက်လာပြီ ဖြစ်သော်လည်း အခြေအနေအရ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း သတင်း ရရှိသည်။

Next Post
AFC ၂၀၁၄ ဖလား ခြေစစ်ပွဲအောင်ဖို့ ခက်ခဲသွားတဲ့ မြန်မာအသင်း

AFC ၂၀၁၄ ဖလား ခြေစစ်ပွဲအောင်ဖို့ ခက်ခဲသွားတဲ့ မြန်မာအသင်း

UN ဌာနေ ကိုယ်စားလှယ် စစ်တွေမြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်

No Result
View All Result

Recommended

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate