ပြည်ထောင်စု လွှတ်တော်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပြဌာန်းလိုက်သည်။ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ကော်မရှင်များ ဖွဲ့စည်းခြင်း။ တရားစွဲဆိုခြင်း။ လာဘ်ပေး လာဘ်ယူမှုဖြင့် ကြွယ်ဝလာမှုကြောင့် ပိုင်ဆိုင်သည့် ငွေကြေး၊ ပစ္စည်းများနှင့် စပ်လျဉ်း ၍ ပဏာမ စိ စစ်ရေး အဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်း၏ လုပ်ငန်း တာဝန်များ။ လာဘ်ပေး လာဘ်ယူမှုနှင့် သတင်းပေး ဆောင်ရွက်ခြင်း၊ နိုင်ငံတော် သမ္မတ၊ အမျိုးသား လွှတ်တော် ဥက္ကဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ တို့က ဆောင်ရွက်ခြင်း။ လုပ်ပိုင်ခွင့် အာဏာရှိသူက ပိုင်ဆိုသည့် ငွေကြေး၊ ပစ္စည်း ပေးရန်တာဝန်နှင့် ရပိုင်ခွင့်များနှင့် ရပိုင်ခွင့်များနှင့် စပ်လျဉ်း၍ ကြေညာခြင်း။ လာဘ်ပေး လာဘ်ယူမှုဖြင့် ကြွယ်၀ ချမ်းသာလာမှုကြောင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း။ ပြစ်မှုနှင့် ပြစ်ဒဏ် များ စသည့် အခန်းပေါင်း ၁၁ ခန်း ပါဝင်သော ယင်းဥပဒေကို သြဂုတ် ၇ ရက်စွဲဖြင့် ပြဌာန်းချက်ကို အစိုးရ သတင်းစာများက ဖော်ပြ သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။