• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

ရခိုင်ကလေးငယ် ၂ ဦး သေဆုံးမှု မသင်္ကာသူများ ရဲခေါ်စစ်

by ဧရာဝတီ
21 November 2013
in Crime
A A
ကောလဟလ, မသင်္ကာသူ, ရခိုင်, တိုင်းရင်းသား, မွတ်စလင်, လူသတ်မှု

ကောလဟလများ ဖြန့်ပြီး အကြမ်းဖက်မှု ဖန်တီးနိုင်သောကြောင့် စစ်တွေ အနီးတဝိုက် လုံခြုံရေးတင်းကြပ် ထားသည် (ဓာတ်ပုံ - Reuters)

7.9k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြာညိုပြင်ရွာမှ အသက် ၅ နှစ်အရွယ် မငယ်ငယ်(ခ)မနော် နှင့် ပေါက်တော မြို့နယ် စောမဲကျီရွာမှ အသက် ၅ နှစ်အရွယ် မဇလပ်ဝါတို့ ၂ ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ မသင်္ကာသူများကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

ဧရာဝတီ၏ စုံစမ်းမေးမြန်းချက်အရ နေပြည်တော် မှုခင်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးမင်းအောင်က ပေါက်တောဖြစ်စဉ်တွင် မသင်္ကာသူ ရခိုင်တိုင်းရင်းသား ခမီအမျိုးသား ရေလုပ်သား ၆ ဦးကို ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း၊ ကျောက်တော်ဖြစ်စဉ်တွင် ရခိုင်တိုင်းရင်းသား ၅ ဦး၊ မွတ်စလင် နှစ်ဦးတို့အား ခေါ်ယူစစ်ဆေးခဲ့ပြီး မွတ်စလင်နှစ်ဦးမှာ အပြစ်မရှိကြောင်း သက်သေပြနိုင်သောကြောင့် ပြန်လွှတ်ပေးလိုက်သည်ဟု ပြောဆိုသည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
1
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
554
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
201

” မသကာၤတဲ့ မွတ်စလင်တွေက ဘာအပြစ်မှ မရှိတော့ ပြန်လွတ်ပေးလိုက်ပြီ။ ခမီတချို့ကတော့ သေချာစစ်နေတယ်လို့ သိရတယ်”ဟု ဒုရဲမှူးကြီးမင်းအောင်က ပြောသည်။

ကျောက်တော်ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၉ နာရီခန့်တွင် ကြာညိုပြင်ရွာမှ အသက် ၅ နှစ်အရွယ် မငယ်ငယ်(ခ)မနော်သည် နေအိမ်မှ ပျောက်ဆုံးသွားသောကြောင့် နယ်မြေခံရဲတပ်ဖွဲ့က လိုက်လံရှာဖွေရာ နံနက် ၂ နာရီ မိနစ် ၃၀ တွင် ရွာနှင့် အနည်းငယ်လှမ်းသော လယ်ကွင်းတနေရာတွင် ဦးခေါင်းပေါက်ပြဲ၊ မျက်နှာညိုမဲ ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း၊ လိင်ပိုင်းဆိုင်ရာ စစ်ဆေးချက်တွင် ထိုးသွင်းဒဏ်ရာတချို့ ရှိသော်လည်း မျိုးဥ(Spam)များ မတွေ့ရှိရကြောင်း သိရသည်။

ပေါက်တော်ဖြစ်စဉ်တွင် နိုဝင်ဘာလ ၁၇ ရက်နေ့က ခမီးလူမျိုးများ နေထိုင်သည့် စောမဲကျီရွာတွင် အသက် ၅နှစ်အရွယ် မဇလပ်ဝါသည် ညနေပိုင်းတွင် အပေါင်းအသင်းများနှင့် ဆော့ကစားနေစဉ် ပျောက်ဆုံးသွားခဲ့ပြီး ကျေးရွာလူကြီးများနှင့် ရွာသားများက လိုက်လံရှာဖွေခဲ့ကြရာ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် မြေကြီးတွင်းတခုမှ ဦးခေါင်းထိပ်ကို ထိုးသွင်းထားသော ဒဏ်ရာဖြင့် သေဆုံးနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း၊ ထိုဖြစ်စဉ်တွင် လိင်ပိုင်းဆိုင်ရာ ထိခိုက်မှု လုံးဝမရှိကြောင်း  သိရသည်။

ကျောက်တော် မြို့မရဲစခန်းမှူး ဦးအောင်မြင့်ဦးကလည်း “ ကျနော်တို့ဘက်ကတော့ လောလောဆယ် မသင်္ကာသူတချို့ကို ခေါ်ယူစစ်ဆေးနေတာပဲ ရှိပါသေးတယ်။ အသေးစိတ် စစ်ဆေးနေတာဖြစ်လို့ ဘယ်သူ့ကို ဖမ်းဆီးစစ်ဆေးနေတယ်ဆိုတာတော့ ပြောလို့ မရသေးပါဘူး” ဟု ဧရာဝတီကို ပြောသည်။

သေဆုံးခဲ့သူ ကလေးနှစ်ဦးစလုံးကို ယမန်နေ့က သဂြိုလ်ပြီးစီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အခင်းဖြစ်ပွားပြီး နောက်နေ့မှ စတင်ကာ မွတ်စလင်များက အဆိုပါ မိန်းကလေး ငယ် ၂ ဦးကို မုဒိန်းကျင့်၍ သတ်ဖြတ်သည်ဟူသည့် စွပ်စွဲရေးသားမှုများဖြင့် လူမျိုးရေး၊  ဘာသာရေး မုန်းတီးစေရန် လှုံ့ဆော်မှုများ ဆက်တိုက်လုပ်လာသည်ကို  အင်တာနက်လူမှု ကွန်ရက်များတွင် တွေ့လာရသည်။

သို့သော် အဆိုပါကိစ္စကြောင့် ပဋိပက္ခ ဖြစ်ပွားမည့်အရေး ဒေသခံများအကြားစိုးရိမ်မှုများ ရှိခဲ့သော်လည်း လုံခြုံရေး အခြေအနေ မစိုးရိမ်ရကြောင်း ကျောက်တော် မြို့မ စခန်းမှူး ဦးအောင်မြင့်ဦးက ရှင်းပြသည်။

“အခု အခင်းဖြစ်ခဲ့တဲ့ အပေါက်၀ နယ်မြေဘက်မှာ ရဲတပ်ရင်းတွေရော၊ စစ်တပ်ကရော လုံခြုံရေးက တော်တော်ချ ထားပါတယ်” ဟု သူက ဆိုသည်။

အစိုးရထိပ်ပိုင်း တာဝန်ရှိသူများကလည်း ယခုကိစ္စကြောင့် နောက်ထပ် မလိုလား အပ်သည့် အကြမ်းဖက်တိုက်ခိုက်မှု မျိုး မဖြစ်ပွားစေရန် ရဲတပ်ဖွဲ့၊ ရဲတပ်ရင်းနှင့် စစ်တပ်လုံခြုံရေးများ ရခိုင်ပြည်နယ် အတွင်း ချထားပြီး လုံခြုံရေးတင်းကြပ် ထားကြောင်း ဒေသခံများနှင့် လုံခြုံရေးအရာရှိများက ဧရာဝတီကိုပြောသည်။

(ဧရာဝတီသတင်းထောက် လင်းသန့်နှင့် ထက်နိုင်ဇော် ပူးတွဲရေးသားသည်)

Your Thoughts …
Tags: Rule of Law
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.2k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ခွန်ဆာ

ကျားထောင်ချောက်နဲ့ ခွန်ဆာ

by အောင်မြို့
4 June 2016
19.1k

၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

Next Post
အမျိုးသမီးသတင်းထောက်, အခက်အခဲ, ကျား၊ မ ခွဲခြားခံရမှု, ဂုဏ်ပြုဆု

"သတင်းထောက် ဆိုတာ ဆုရဖို့ လုပ်တာ မဟုတ်ဘူး"

ဟောဒီက ... မီဒီယာတွေ ဝယ်တယ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate