သတင်းတို

မြန်မာ့ စီးပွားရေး အလားအလာ စိန်ခေါ်မှုများ ရှိနေဆဲ ဟု IMF ပြော

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ၏ စီးပွားရေး အလားအလာကောင်းများ ရှိနေသော်လည်း စိန်ခေါ်မှုများ ရှိနေဆဲ ဖြစ်ကြောင်း နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) အရာရှိ Matt Davis က ပြောသည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ၇ ဒသမ ၅ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၇၅ ရာခိုင်နှုန်း တိုးတက်လာနိုင်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ဘဏ္ဍာရေး ကဏ္ဍ ပြုပြင်ပြောင်းလဲမှု စနစ်တကျ ဆောင်ရွက်နိုင်ပါက ရင်းနှီးမြှုပ်နှံမှု လမ်းပွင့်လာနိုင်ကြောင်း ရန်ကုန်မြို့တွင် ယမန်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ၎င်း ပြောကြား ခြင်းဖြစ်သည်။

Loading