အဖယ်ရှားခံခဲ့ရသည့် သမီးကလေး ကျေးရွာ အိမ်ထောင်စု ၇၉ စုမှ မိသားစုဝင် ၁၉၉ ဦးတို့သည် ဒီမိုကရေစီ အကျိုးပြု ကရင် တပ် မတော်(DKBA) က နေထိုင်ရေး စီစဉ်ပေးမည့် ထိုင်း-မြန်မာ နယ်စပ် မြဝတီ ခရိုင် ဆုံစည်းမြိုင်သို့ ယနေ့ နံနက် ၄ နာရီ အချိန်တွင် လိုက်ပါသွားပြီ ဖြစ်ကြောင်း သိရသည်။ DKBA က လာရောက်ခေါ်ဆောင်ခြင်း ဖြစ်ပြီး နေထိုင်ရေးနှင့် အလုပ်အကိုင်များ စီစဉ်ပေး မည် ဖြစ်သည်ဟု ဆိုသည်။ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်းရှိ သမီးလေးကျေးရွာ အပါအဝင် ရွာပေါင်း ၇ ရွာကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ အစောပိုင်းက တပ်ပိုင်မြေအတွင်း ကျူးကျော်နေထိုင်သည်ဟု ဆိုကာ စစ်တပ်က အင်အားသုံး ဖယ်ရှားခံခဲ့ရခြင်း ဖြစ် သည်။ အခြား ရွာများမှာ လက်ကျိုက်၊ အုတ်ဖို၊ ထီးပန်နာ၊ တောင်လုံးပြောင်း၊ အင်းပတီး၊ ဝါးပငဲ့ရွာတို့ ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။