• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်တိုင်း ဒေသကြီး အခွန် ကောက်ခံမှု ယခင်နှစ်ထက် ကျပ် ဘီလီယံ ၂၀၀ နီးပါး ပိုရ

by မေခ
29 April 2014
in သတင်း
A A
ရန်ကုန်တိုင်း ဒေသကြီး, အခွန် ဘဏ္ဍာငွေ ကောက်ခံရရှိမှု, ကျပ် ဘီလီယံ ၂၀၀

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် မြင်ကွင်း (ဓာတ်ပုံ - မေခ / ဧရာဝတီ)

2k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ၂၀၁၃ -၂၀၁၄ ခုနှစ် အခွန် ဘဏ္ဍာငွေ ကောက်ခံ ရရှိမှုမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် ကျပ် ဘီလီယံ ၂၀၀ နီးပါး ပိုမို ကောက်ခံနိုင်ခဲ့ကြောင်း သိရသည်။

“၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ လျာထားတာထက် ပိုပြီး ၁၂၅ ရာခိုင်နှုန်းကျော် ပိုကောက်ခံ နိုင်ခဲ့ပါတယ်၊ စနစ်တကျ ကောက်ခံ နိုင်ဖို့ တရားမဝင် ကုန်သွယ်မှု ပပျောက်ဖို့လည်း ဆောင်ရွက်နေပါတယ်၊ လက်ရှိမှာ အခွန် ဦးစီးမှူးတွေနဲ့လည်း ပေါင်းစည်းပြီး ပွင့်လင်း မြင်သာစွာ ကောက်ခံနိုင်ဖို့ အတွက် လုပ်ဆောင် နေပါတယ်၊ အခုပြောင်းလဲလာတဲ့ ဝင်ငွေခွန် အရ အခွန်ငွေ တိုးတက် ကောက်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါ်စန်းစန်းနွယ်က ဖြေကြား သည်။

RelatedPosts

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

16 July 2025
89
မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

16 July 2025
31
နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

16 July 2025
923

ဧပြီ ၂၉ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေး ပဉ္စမမြောက်နေ့တွင် အခွန် ကောက်ခံမှု ဆိုင်ရာနှင့် ပတ်သက်ပြီး ဒေါပုံမြို့နယ် အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းစိန်က တိုင်းဒေသကြီး အစိုးရ၏ ကောက်ခံရရှိမှုနှင့် ပတ်သက်ပြီး မေးမြန်းမှု အပေါ် ယင်းသို့ ဖြေကြားခြင်း ဖြစ်သည်။

တိုင်းဒေသကြီးမှ ကောက်ခံ ရရှိသည့် ငွေကြေးမှာ တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ တိုင်းဒေသကြီး တရားလွှတ်တော်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး အဆင့် အခွန်ဦးစီး ဌာနများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးနှင့် စည်ပင်သာယာရေး အဖွဲ့များမှ ကောက်ခံ ရရှိငွေများ ပါဝင်ကြောင်း သိရသည်။

“အခွန်တွေက တိုးလာပေမယ့် လိုငွေက တနှစ်ထက် တနှစ် ပိုများလာတယ်၊ ဒီမှာ တောင်းယူတာမှာ တိကျတဲ့ စာရင်းပြတဲ့ အဖွဲ့စည်းက နည်းတယ်၊ ဆောက်လုပ်ရေးပဲ တိကျစွာ ပြတယ်၊ စည်ပင်က ခေါင်းစဉ်ခွဲတွေနဲ့ ထားတယ်၊ စည်ပင်ရဲ့ သာမန် သုံးငွေဆို ၄ ဘီလီယံ နီးပါး သုံးတယ်၊ ဒါပေမယ့် သုံးတာ အသေးစိတ် မပြဘူး”ဟု တိုင်းဒေသကြီး လွှတ်တော် ဒေါ်ညိုညိုသင်းက ပြောသည်။

၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး အတွင်း အခွန်ဦးစီးဌာန ကောက်ခံမှု လျာထားချက် ကျပ် သန်းပေါင်း ဘီလီယံ ၅၀၀ ကျော် ကောက်ခံရရှိမည်ဟု လျာထားရာတွင် ကျပ်သန်းပေါင်း ဘီလီယံ ၆၀၀ ကျော် ကောက်ခံ ရရှိခြင်း ဖြစ်ကြောင်း သိရသည်။

အခွန်ကောက်ခံမှု ဆိုင်ရာနှင့် ပတ်သက်ပြီး မေးမြန်းခဲ့သည့် ဦးသောင်းစိန်က “သူတို့က ပြောရင် ကိန်းဂဏန်းတွေ ဖတ်ပြ တယ်၊ ဟိုခေါင်းစဉ် ဒီခေါင်းစဉ်တွေ ပြောတယ်၊ တိကျစွာ နားလည်အောင် မပြောဘူး၊ စစ်ဖို့မှာလည်း ပြည်သူ့ငွေစာရင်း ကော်မတီ ဖွဲ့ခွင့်မပေးဘူး၊ မေးတာက အခွန် ထမ်းဆောင်တဲ့လူ ဘယ်လောက် ရှိတယ်၊ မထမ်းတဲ့လူ ဘယ်သူ ရှိတယ် ဆိုတာကို မဖြေသွားဘူး၊ နောက် စာရွက်တောင်းလဲ မပေးတော့ ကိုယ်စားလှယ်တွေက ထောက်ပြလို့ မရဘူး”ဟု ပြော သည်။

ငွေစာရင်း ကော်မတီဖွဲ့ကာ ဘဏ္ဍာငွေကြေး အမှန်တကယ် ရရှိငွေ၊ သုံးစွဲပါက လိုငွေ မည်မျှ ဖြစ်မည်ကို တိကျစွာ စစ်ဆေး ရန် လိုအပ်ကြောင်း၊ ယင်းသို့ လုပ်ဆောင်ခွင့်ကို လွှတ်တော်မှ ခွင့်မပြုထားသည့် အတွက် အစိုးရ၏ သုံးစွဲငွေမှာ မေးခွန်း ထုတ်စရာများနှင့် ပြည့်လျက် ရှိကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ပြည်တွင်း ထွက်ကုန် အပေါ် ကောက်ခံသည့် အခွန်အခ ကောက်ခံမှုများလည်း ယခင်နှစ်ထက် တိုးတက်လျက် ရှိပြီး ထုတ်ပြန်ချက် အရ ၂၀၁၂ ခုနှစ်ထက် ကျပ် ၆ ဘီလီယံ ပိုမို ရရှိထားကြောင်း သိရသည်။

၂၀၁၃ နှစ်တွင်၂၀၁၂ ခုနှစ်ထက် ကျပ်သန်းပေါင်း ဘီလီယံ ၂၀၀ နီးပါး ဘဏ္ဍာငွေ တိုးမြှင့် ကောက်နိုင်ခဲ့သော်လည်း ၂၀၁၃ ခုနှစ် ဘတ်ဂျက် လိုငွေပြမှုမှာ ၆၁ ဘီလီယံ အထိ ရှိခဲ့ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါ်စန်းစန်းနွယ်က ပြောသည်။

ယခုကဲ့သို့ လိုငွေ ပိုတိုးလာသည့် အပေါ် လွှတ်တော် အမတ်များက ဝေဖန်လျက် ရှိပြီး ပွင့်လင်းမြင်သာမှု မရှိသည့် သုံးစွဲမှု၊ ရရှိမှု အပေါ် ငွေစာရင်း ကော်မတီ ဖွဲ့စည်း စစ်ဆေးရန် လွှတ်တော်အမတ် ၇ ဦးမှ အဆို တင်သွင်း ခဲ့သော်လည်း ယင်း အဆိုကို လွှတ်တော်မှ အစိုးရ အဖွဲ့၏ သဘောအတိုင်း ဖွဲ့ခွင့်မပေးဘဲ ပယ်ချခဲ့သည်။

Your Thoughts …
Tags: TaxTaxation
မေခ

မေခ

ဧရာဝတီ

Similar Picks:

ပုံစံ ၁၇ နှင့် ၁၉ ပယ်ဖျက်တော့မည်

ပုံစံ ၁၇ နှင့် ၁၉ ပယ်ဖျက်တော့မည်

by သာလွန်ဇောင်းထက်
16 October 2012
12.1k

ပုံစံ ၁၇ ဆိုတာက မိမိနေထိုင်တဲ့ မြို့နယ်မှာ အခွန် ကင်းရှင်းကြောင်း ထောက်ခံချက်၊ ပုံစံ ၁၉ ဆိုတာက ပြည်ပ ထွက်ခွာမယ့်သူတွေ အခွန် ကင်းရှင်းကြောင်း စိစစ်ထောက်ခံပေးတာ။ ပုံစံ ၁၇ နဲ့ ပုံစံ...

ကုန်သွယ် လုပ်ငန်းခွန်, ပြည်ထောင်စု အခွန်အကောက် ဥပဒေကြမ်း

ကုန်စည်နှင့် ဝန်ဆောင်မှု လုပ်ငန်း ၆၀ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုမည်

by သစ်နေမိုး
5 February 2015
2.7k

ယခုနှစ် အတွက် ပြဌာန်း အတည်ပြုရန် ရှိသော ပြည်ထောင်စု အခွန် အကောက် ဥပဒေကြမ်းအရ ကုန်စည်နှင့် ၀န်ဆောင်မှု လုပ်ငန်း ၆၀ ကို ကုန်သွယ် လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုမည် ဖြစ်ကြောင်း သိရသည်။

Tax, အခွန်, GD), မဆလ, နဝတ, နအဖ, Commercial Tax, Black Money

မတည်ငြိမ်သေးတဲ့ မြန်မာ့အခွန်ကောက်စနစ်နဲ့ အကျိုးဆက်များ

by မောင်ဆွေဝင်း (ပဲခူး)
28 July 2015
4.9k

လမ်းဘေးက ကုန်စုံဆိုင် ပိုင်ရှင်လေးက နှစ်စဉ် အခွန်တိုးဆောင်နေရသော်လည်း ဆန်စက် ဆီစက် ပိုင်ရှင်ကြီးများမှာ မဖြစ် စလောက် အခွန်ပေး သွင်းခြင်းဖြင့် အဆင်ပြေလျက်ရှိ၏။

အခွန် အများဆုံးဆောင်သူ စာရင်း ထပ်တိုးမည်

အခွန် အများဆုံးဆောင်သူ စာရင်း ထပ်တိုးမည်

by မေခ
15 July 2013
3.3k

ပြည်သူတွေအနေနဲ့ အခွန်နဲ့အခကို သဲကွဲအောင် သိဖို့လိုမယ်။ အခွန်ဆိုတာက အများပြည်သူအကျိုးဌာ နိုင်ငံတွင်းမှာရှိတဲ့ ပြည်သူလူထုက မဖြစ်မနေ ထည့်ရတဲ့ငွေကို ခေါ်တယ်။ ဒီငွေဟာ အများအကျိုးအတွက် ဖြစ်ရမယ်

ပြည်တွင်း အခွန်အရာရှိ ၂၈ ဦး လာဘ်စားမှုဖြင့် အရေးယူခံရ

ပြည်တွင်း အခွန်အရာရှိ ၂၈ ဦး လာဘ်စားမှုဖြင့် အရေးယူခံရ

by ထက်နိုင်ဇော်
17 July 2013
85.6k

“ဒီတခါ Case ကိုတော့ CID (မှုခင်းရဲတပ်ဖွဲ့) ကို မလွှဲဘူး။ နေပြည်တော်က တိုက်ရိုက်ဆင်းပြီး စုံစမ်းသွားတာ။ အခု နောက်ပိုင်း အခွန်ကိစ္စတွေကို ဘယ်အဖွဲ့အစည်းက စုံစမ်းရမယ်ဆိုတာ တိတိကျကျ မရှိသေးဘူး”

KNU နယ်မြေတချို့တွင် အခွန်လျှော့ကောက်

KNU နယ်မြေတချို့တွင် အခွန်လျှော့ကောက်

by မြတ်စုမွန်
27 March 2013
3.1k

“တပ်မဟာ ၇ နယ်မြေထဲမှာ အခွန်တွေကို လျှော့ချလိုက်ပါပြီ။ အရင်က လယ် ၁ ဧကကို စပါး ၅ တင်း ကောက်တာကနေ၊ အခု ၃ တင်း ခွဲပဲ ကောာက်တော့တယ်”

Next Post
ဦးဝင်းတင်, ဦးညိုမြ, သတင်းစာ, စာပေ, ကဗျာ

Blue Moon လေး ပြန်လည် သာစေချင်

စစ်ပြေး ဒုက္ခသည် ,လွယ်တိုင်းလျန်း ,ထိုင်း-မြန်မာ နယ်စပ် ,SSA , စစ်ပွဲ

အမေအို တဦးရဲ့ အိမ်ပြန်ချိန် မျှော်လင့်ချက်

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

6 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate