၂၀၁၈ ရုရှား ကမ္ဘာ့ဖလား ဘောလုံးပွဲအတွက် အွန်လိုင်းမှနေ၍ လောင်းကစားခြင်းကို တရားမဝင် ကြော်ငြာပေး နေသည့် ထိုင်းအမျိုးသမီးငယ် ၁၀၀၀ကျော်ကို ဖမ်းဝရမ်းထုတ်ထားကြောင်း ထိုင်း ဒုရဲချုပ် ချာလမ်ကီယတ် ဆရီဝိုရာကန်၏ ပြောဆိုချက်ကို ကိုးကား၍ Khaosad သတင်းကဆိုသည်။
ထောင်နှင့်ချီသည့် ဝက်ဆိုက်များမှ အွန်လိုင်း လောင်းကစားကြော်ငြာများတွင် သရုပ်ဆောင်ခဲ့သော အလှပဂေး ထိုင်းမော်ဒယ် အမျိုသမီး ၁၀၀၀ ကျော်အတွက် ဖမ်းဝရမ်းထားထုတ်ထားပြီးဖြစ်ကြောင်း၊ ထိုဝက်ဘ်ဆိုက်များ လုပ်ကိုင်သူများကိုလည်း ဖော်ထုတ်ပြီး ပိတ်ပင်ရန် တရားရုံးအမိန့် ရယူ သွားမည် ဟုလည်း ဆိုသည်။
လောင်းကစားသည်ဟု အပြစ်ရှိကြောင်း တွေ့ရှိပါက ထိုမော်ဒယ်များအပါအဝင် ပါဝင်ပတ်သက်သူများ သည် ထောင်ဒဏ် ၁ နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ် ၁၀၀၀ သို့မဟုတ် နှစ်ခုစလုံး ကျခံရနိုင်သည်။
ကမ္ဘာ့ဖလားလောင်းကစားခြင်းကြောင့် ငွေကြေးဆုံးရှုံးသူများအား ပြင်ပငွေတိုးချေးသူများက တရားမဝင်နည်း ဖြင့် ငွေထုတ်ချေးခြင်းမပြုနိုင်အောင်လည်း တားဆီးမည်ဟု ရဲတပ်ဖွဲ့ကပြောသည်။
ထိုင်းနိုင်ငံ၌ ဘောလုံးလောင်းကစားခြင်းသည် တရားမဝင်သော်လည်း လူကြိုက်အများဆုံးနှင့် အကျိုးအမြတ် အများဆုံး လောင်းကစားနည်းဖြစ်သည်။ အစိုးရထီလက်မှတ်နှင့် မြင်းပွဲလောင်းခြင်းမှ အပ လောင်းကစား အားလုံးကို ထိုင်းနိုင်ငံတွင် တားမြစ်ပိတ်ပင်ထားသည်။
၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းကလည်း ရဲတပ်ဖွဲ့သည် ဘောလုံးကောင်းကစား ဂိုဏ်များနှင့် ပတ်သက် သော လူ ၅၀၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။
၂၀၁၈ ရုရှား ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲကို လာမည့် ဇွန်လ ၁၄ရက်နေ့မှ ဇူလိုင်လ ၁၅ရက်နေ့အထိ တလကြာကျင်းပမည် ဖြစ်သည်။