• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ငြိမ်းချမ်းရေး လိုချင်သည်မှာ အင်အားချိနဲ့နေ၍ မဟုတ်ဟု တပ်ချုပ် သတိပေး

by ထက်နိုင်ဇော်
11 July 2018
in သတင်း
A A
တတိယအကြိမ် ၂၁ ပင်လုံ သို့ တက်ရောက်လာသည့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် / မျိုးမင်းစိုး / ဧရာဝတီ

တတိယအကြိမ် ၂၁ ပင်လုံ သို့ တက်ရောက်လာသည့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် / မျိုးမင်းစိုး / ဧရာဝတီ

22.6k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတော် အစိုးရ၊ တပ်မတော်တို့သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တက်ကြွစွာ ဦးဆောင် ဆောင်ရွက်နေခြင်းမှာ အင်အားချိနဲ့နေ၍ မဟုတ်သည်ကို သတိချပ် စေလိုကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

“ကျနော်တို့မှာ အင်အားချိနဲ့နေလို့ မဟုတ်ဘူးဆိုတာ သတိချပ်စေ လိုပါတယ်။ အမှန်တကယ် ငြိမ်းချမ်းရေး လိုချင်တဲ့ အဖွဲ့အစည်း မှန်သမျှ သဘောတူညီချက်တွေကိုသာ လိုက်နာရင် ဘာသေနတ်သံမှ ကြားရမှာ မဟုတ်ဘူး” ဟု ၎င်းက ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် တတိယအကြိမ် ပင်လုံညီလာခံ အဖွင့် မိန့်ခွန်းတွင် ပြောသည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
264
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
541
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
200

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တည်ဆောက်သည့် ကာလတွင် နားလည်မှု လွဲမှားစေနိုင်သည့် ကိစ္စမျိုးများကို ရှေ့တန်းတင်ခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် မသက်ဆိုင်သည့် ကိစ္စမျိုးကို ဆွဲသွင်းလာခြင်းတို့ကို မပြုလုပ်ရန် အရေးကြီးကြောင်းလည်း တပ်ချုပ် က ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကိုယ့်လူကိုယ်သာ နိုင်အောင်ထိန်းဖို့ အဓိပ္ပာယ် ကင်းမဲ့တဲ့ အကြောင်းပြချက် အမျိုးမျိုး မပေးဖို့ လိုပါမယ်”ဟု ပြောသည်။

ယနေ့ ညီလာခံ မတိုင်မီ အကြို အစည်းအဝေးများတွင် NCA ထိုးထားသည့် တိုင်းရင်းသား အဖွဲ့များနှင့် အစိုးရ၊ တပ်မတော်တို့ကြား ပြုလုပ်ခဲ့သည့် အလွတ်သဘော၊ အတည်သဘော ဆွေးနွေးပွဲများတွင် တပ်မတော်ကို နိုင်ငံရေးမှ ဖယ်ထုတ်ရေးဆိုင်ရာ အယူအဆများကို တိုင်းရင်းသားများဘက်မှ ပြောဆိုဆွေးနွေးခြင်း၊ စာတမ်းများ တင်ပြခြင်းတို့ ရှိလာခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရန် အခက်အခဲများ ရှိကြောင်း ယင်းဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သူ တဦး က ပြောသည်။

အမည်မဖော်လိုသော တပ်မတော် အငြိမ်းစား အရာရှိကြီးတဦးက “သူတို့ (EAOs) တွေဘက်က နိုင်ငံရေး ဆွေးနွေးပွဲတွေကို ၂၀၃၀ မှ စချင်တယ်။ ဒါပေမယ့် ၂၀၂၀ မှာ လွှတ်တော်မှာ ရှိတဲ့ တပ်မတော် ကိုယ်စားလှယ်တွေကို တဖြည်းဖြည်း လျှော့သွားဖို့ ပြောတယ်။ ၂၀၃၀ ကျရင် နိုင်ငံရေးမှာ တပ်မတော် မရှိတော့ဘူး။ တပ်မတော် မရှိတော့မှ နိုင်ငံရေး ဆွေးနွေးပွဲတွေ စချင်တာ”ဟု ဆိုသည်။

ထို့ကြောင့် ယင်းအယူအဆ တင်ပြချက်များသည် တပ်မတော် ခေါင်းဆောင်များ အတွက် အဆင်မပြေဘဲ တပ်မတော်ကို နိုင်ငံရေးမှ ဖယ် ထုတ်ရန် စဉ်းစားနေခြင်း၊ တပ်မတော်သည် စစ်ရှုံးနေသည့် တပ်မတော် မဟုတ်၍ ယင်းတင်ပြချက်များသည် အလုပ်မဖြစ်နိုင်ကြောင်း၊ နိုင်ငံရေး သဘောတူညီချက်များ ရရှိလာပါက တပ်မတော်သည် အလိုအလျောက် နောက်ဆုတ်သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြ သည်။

လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် နိုင်ငံရေးအရ အနှစ်သာရ ရှိသည့် တန်းတူရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တို့ ဆွေးနွေးနိုင်မှု မရှိခြင်းမှာ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးတွင် တာဝန်ရှိပြီး တဖွဲ့တည်းကိုသာ အပြစ်တင်မည် ဆိုပါက မှားကြောင်း ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်မှ ဦးခွန်ဥက္ကာက ယနေ့ ဖွင့်ပွဲသို့ တက်ရောက်လာစဉ် ပြောသည်။

“အခု ကိစ္စက အားလုံးကြောင့် နှောင့်နှေးတာ။ ဟိုလူတွေကို အပြစ်တင်ရင်လည်း မှားတယ်။ ကျနော်တို့ EAOs တွေကြောင့်လည်း ပါ တယ်။ ဒါကို ကျနော်တို့ သိတယ်။ အဲဒါကြောင့် ဘယ်သူမှ စည်းပြင် မထွက်ဘဲ ဆက်သွားရင် ဖြစ်နိုင်တယ်” ဟု ၎င်းက သုံးသပ်သည်။

စဉ်းစားချက်များကို ထုတ်ဖော်သည့် အခါ အင်အားရှိသူက အင်အားအကြောင်းကို ပြောကြောင်း၊ တရားအပေါ် အခြေခံ၍ စဉ်းစား သူသည် တရားအကြောင်း ပြောလိမ့်မည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးမင်းကိုနိုင် က ပြောသည်။

“အကောင်းဆုံးကတော့ အင်အား၊ အားလုံးဟာ တကယ့် ဓမ္မလမ်းကြောင်း အပေါ် ရှိဖို့လိုတယ်။ အဲဒါက တထပ်တည်း ကျသွားဖို့ လိုတယ်” ဟု ၎င်းက ဆိုသည်။

ယနေ့ ငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်လာသူ အများစုကမူ ဆွေးနွေးပွဲများ မရှိခြင်း၊ ညီလာခံ မလုပ်နိုင်ခြင်းထက် တခုခုလုပ် ဆောင်နေနိုင်ခြင်းကိုပင် အကောင်းမြင်ကြပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှေးခြင်း၊ မြန်ခြင်းတို့မှာ ဖြစ်စဉ်၏ သဘောတရားတခု ဖြစ် ကြောင်း၊ သို့သော် အချိန် ကန့်သတ်ချက် တခု သတ်မှတ်၍ ဆက်လက် ဆောင်ရွက်သင့်ကြောင်း အကြံပြု ပြောဆိုမှုများ ရှိသည်။

နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးမင်းဇင်က “ကျနော်တို့ ထောက်ပြချင်တာက Informal လို့ ခေါ်တဲ့ အလွတ်သဘော ဆွေးနွေးပွဲတွေ လုပ်တာ ကောင်းတယ်။ လက်ရှိ အခြေအနေကို ကြည့်ရတာ Formal ဖြစ်စဉ်တွေမှာလည်း အားနည်းနေတယ်။ အဲဒီတော့ အဲဒါတွေကို ဘယ်လို ချိတ်ဆက်မလဲဆိုတာကို ခေါင်းဆောင်တွေ စဉ်းစားသင့်ပြီလို့ ထင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ထို့ပြင် ပြည်ထောင်စု လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုထားသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်(NCA)ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး လက်မှတ်ရေးထိုးရမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုလိုက်သည်။

၎င်းက ဆက်လက်၍ “ပစ်ခတ်တိုက်ခိုက်မှုတွေ မရှိလို့ လက်မှတ်ထိုးစရာ မလိုဘူးလို့ ပြောဆိုနေတာတွေ၊ ယခင် သဘောတူညီချက်တွေ ရှိပြီး ဖြစ်တယ်လို့ ဆိုနေတာတွေဟာ လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီ ကျင့်ဝတ်တွေနဲ့ ညီညွှတ်မှု မရှိဘူးလို့ ပြောလို့ပါတယ်” ဟု ပြောသည်။

NCA စာချုပ်၏ အခြေခံမူအရ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသာမက အခြား တိုင်းရင်းသား အဖွဲ့များ တောင်းဆိုနေသည့် ဒီမို ကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်မည်ဟု သဘောတူ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ထောက်ပြသွားသည်။

NCA လက်မှတ်ရေးထိုးခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ စစ်အင်အားကြီးမားနေသည့် ‘ဝ’ (UWSA) ဦးဆောင် သည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့များ ဖြစ်ပြီး ‘ဝ’ အဖွဲ့ကလည်း ၎င်းတို့ ဒေသတွင် တိုက်ပွဲမရှိ၍ NCA လက်မှတ်ရေးထိုးရန် မလိုကြောင်း အစဉ်တစိုက် ပြောဆိုလျက် ရှိသည်။

မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် နိုင်ငံတခု ဖြစ်သည့် မိုင်းလားအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်က “ကျနော်တို့က ၁၉၈၉ ခုနှစ် အစိုးရနှင့် ငြိမ်းချမ်းရေး ရပြီးနောက်ပိုင်းမှာ အခုထိ တိုက်ပွဲမှာ ဘာမှ မုဖြစ်ဘူး။ ကျနော်တို့ ဒေသမှာဆိုရင် အရင်က မြန်မာပြည်မှာ အရှေ့ပိုင်းဆုံးမှာ ကျနေတယ်။ မဲခေါင်မြစ်ဘေးနားမှာလေ အပြင်ဘက်မှာ ဆိုရင် တည်ဆောက်ရေးရော နှစ်ပေါင်း ၃၀ လောက် ပြောင်းလဲမှု တော်တော်များလာတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်ရာတွင် အချိန်ဆွဲ ဆောင်ရွက်နေခြင်းသည် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသည့် မြန်မာနိုင်ငံကို ပိုပြီး နိမ့်ကျအောင် ဆွဲနှစ်နေသည်ဟု ဆိုနိုင်ကြောင်း၊ ၂၀၁၈ နှစ်ဆန်းတွင် ကျင်းပရမည့် ယခု ညီလာခံကို ယနေ့တွင်မှ ပြုလုပ်နိုင်ခြင်း ကြောင့် အလုပ်လုပ်ရာတွင် ဟန်ရေးပြနေရုံ၊ စကားလုံး လှလှလေးများ ပြောဆို ငြင်းခုံနေရုံဖြင့် မပြီးနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားသည်။

Your Thoughts …
Tags: ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

by အောင်သူရ
29 July 2024
21.4k

စစ်ကောင်စီတပ်၏ စစ်တိုင်းမှူးများထဲတွင် အရပ်ဖက်မှ ဘွဲ့တခုရပြီး စစ်ဗိုလ်ဖြစ်လာသော Officer Training School-OTS ကျောင်းဆင်း စစ်ဗိုလ်ချုပ်များကို ယခု မတွေ့ရတော့ပေ။

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
51.3k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

by ဧရာဝတီ
2 January 2024
9.6k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် စစ်နည်းဗျူဟာသစ်က မြေပြင်နှင့်ဝေဟင် ပူးတွဲစစ်ဆင်ရေးဖြစ်ပြီး စခန်းတခု တိုက်ခိုက်ခံရပါက လေကြောင်းပစ်ကူ ရောက်လာသည့်တိုင် ထိန်းထားပြီး ယင်းနောက် ပစ်ကူနှင့် အတူ လေကြောင်း ချီတပ်များက ဝိုင်းပတ်ပိတ်ဆို့ကာ တိုက်ခိုက်သည့် ဗျူဟာဖြစ်သည်။

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

by ဧရာဝတီ
10 August 2024
7.6k

စစ်တိုင်းမှူးများက အမိန့်နာခံမှု သစ္စာစောင့်သိမှုနှင့် ပြန်တိုက်နေသော်လည်း တကယ်တိုက်သည့်အချိန်တွင် စစ်ကူလည်း မလာ၊ ရိက္ခာလည်းမလာသဖြင့် စစ်သားများနှင့် မိသားစုဝင်များအား သေတွင်းထဲပို့ခြင်းသာဖြစ်ကြောင်း

(အပေါ် လက်ဝဲမှ လက်ယာသို့) အာဏာရှင်ဟောင်း ဦးသန်းရွှေ, လက်ထောက်ဟောင်း ဦးမောင်အေး, (အောက်ခြေ လက်ဝဲမှ လက်ယာသို့) သမ္မတဟောင်း ဦးသိန်းစိန်, ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးတင်အေး

အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးဟောင်းများ ငုပ်နေရာမှ ပြန်ပေါ်လာ

by ဧရာဝတီ
19 March 2022
22.1k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ဦးသန်းရွှေသည် စစ်ကောင်စီထိန်းချုပ် မီဒီယာတွင် ပါဝင်လာသည်မှာ ၂ ကြိမ် ရှိပြီဖြစ်သည်

ပုဂံမှာ ဘာတွေ ဖြစ်နေလဲ

ပုဂံမှာ ဘာတွေ ဖြစ်နေလဲ

by ဧရာဝတီ
1 October 2024
5.1k

ပထဝီအနေအထားအရ အနောက်တောင် မုတ်သုန်လေနှင့် ပါလာသော မိုးကို ရခိုင်ရိုးမက ကာဆီးထားသဖြင့် မိုးရိပ်ကျ သည့် Rain Shadow Area ခြောက်သွေ့ရပ်ဝန်း ပုဂံဒေသသည် ယခင်က မိုးနည်းခဲ့သော်လည်း ပြီးခဲ့သည့် နှစ်ကာလများ ကမူ မိုးသည်းထန်မှု...

Next Post
ညဘက်တွေမှာ အရက် အလွန်အကျွံသောက်သုံးပြီးမှ အိပ်စက်တာ လေးလံထိုင်းမှိုင်းစေပါတယ်

အိပ်ရေးဝပေမယ့် အိပ်ရာကနိုးတဲ့အခါ လေးလံထိုင်းမှိုင်းနေရတဲ့ အကြောင်းရင်း ၅ ချက်

မိတ်ကပ် လင်းလင်း / ယုဖြူဟန် / ဧရာဝတီ

ဘဝမှာ အမှတ်တရ တခုဖြစ်အောင် ရုပ်ရှင်ရိုက်မယ့် မိတ်ကပ် လင်းလင်း

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.6k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

5 days ago
3.2k

Most Read

  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate