အိန္ဒိယနိုင်ငံ ဂျမူးနှင့်ကက်ရှ်မီးယား ပြည်နယ်၊ ပါဝမာခရိုင်၌ ကြာသပတေးနေ့က မော်တော်ယာဉ်တန်း ကို အကြမ်းဖက် သမားများက ကားဗုံးခွဲတိုက်ခိုက်ခဲ့ရာ ဗဟိုထိန်းသိမ်းရေး ရဲတပ်ဖွဲ့(CRPF)မှ ရဲအမှု ထမ်း ၄၀ နီးပါး သေဆုံးခဲ့ပြီး ဒဏ်ရာ ရသူအများအပြားရှိခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုသည် အိန္ဒိယနိုင်ငံတွင် လုံခြုံရေး ဝန်ထမ်းများ အပေါ် အဆိုးဝါးဆုံး တိုက်ခံရမှု လည်း ဖြစ်ပြီး၊ အကြမ်း ဖက်သမားများ အသုံးပြုခဲ့သော မော်တော်ယာဉ်မှာ Mahindra Scorpio (SUV) အမျိုးအစားဖြစ်ပြီး ပေါက်ကွဲစေနိုင် သော ပစ္စည်း ၃၅၀ ကီလိုဂရမ်ပါဝင်ကြောင်း သတင်းများ က ဆိုသည်။
ဒဏ်ရာရရှိသူများကို အခင်းဖြစ်ပွားရာနေရာမှ ၂၀ ကီလိုမီတာအကွာရှိ ဆရင်နာဂါစစ်ဆေးရုံသို့ ပို့ဆောင်ကုသပေးထား သည်။ ပါကစ္စတန်အခြေစိုက် ဂျရှီ အီ မိုဟာမက်အဖွဲ့က ၎င်းတို့လက်ချက်ဟု ဆိုသည်။
ရဲအမှုထမ်း ၂၅၀၀ လိုက်ပါစီးနင်းလာသည့် မော်တော်ယာဉ် ၇၈ စီးသည် ဆရင်နာဂါ-ဂျမူးအဝေးပြေး လမ်းပေါ် ဖြတ်သန်း မောင်းနှင်နေစဉ် အကြမ်းဖက်သမားများက ကားဗုံးဖောက်ခွဲ ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယပြည်ထဲရေးသတင်းရပ်ကွက်က ဆိုသည်။
ကြာသပတေးနေ့ နံနက်အစောပိုင်းတွင် ဖြစ်ပွားခဲ့သော ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် အာဏာပိုင်များက လုံခြုံရေးအရ အထူးတင်းကျပ်ထားသည်။
မီးလောင်ပျက်စီးထားသော မော်တော်ယာဉ်များ၊ အပြာရောင်စစ်သုံးဘတ်စ်ကားများဘေးတလျှောက် ပြန့်ကျဲနေသော လူ့ ကိုယ် အင်္ဂ ါအစိတ်အပိုင်းများကို သတင်းမှတ်တမ်းပုံများတွင် တွေ့ရသည်။ အဒဲ အာမက်ဒါဟု အမည်ဝှက်ပေးထားသူက အဆိုပါ တိုက်ခိုက်မှုကို အကောင်အထည် ဖော်ခဲ့ကြောင်း အစိုးရသတင်းရင်းမြစ်များက ပြောကြားသည်။
၎င်းသည် ကာကာပိုရာမြို့ခံတဦးဖြစ်ပြီး ယမန်နှစ်က အကြမ်းဖက်အဖွဲ့ထဲသို့ ဝင်ရောက်ခဲ့သည်။
အိန္ဒိယအစိုးရက ယခု တိုက်ခိုက်ခံရမှုကို အပြင်းထန်ဆုံး စကားလုံးများ သုံး၍ ကြေညာချက် တစောင် ထုတ်ပြန်ကာ ပြစ် တင် ရှုတ်ချလိုက်ပြီး ပါကစ္စတန် အနေဖြင့် ၎င်းတို့ ပိုင်နက် အတွင်းမှ အကြမ်းဖက် သမားများ နှင့် အကြမ်းဖက်အုပ်စုများ လှုပ်ရှားမှုအပေါ် ပံ့ပိုးနေခြင်းကို ရပ်တန့်ရန် တောင်းဆိုထား သည်။
နိုင်ငံတကာ အသိုင်းအဝိုင်းများ အနေဖြင့်လည်း အကြမ်းဖက်သမား စာရင်းပြုစုရေး အဆိုပြုထားခြင်း ကို ဝိုင်းဝန်း ကူညီ ကြပါရန် အိန္ဒိယအစိုးရက မေတ္တာရပ်ခံလိုက်သည်။ ဂျရှီ အီ မိုဟာမက်အဖွဲ့ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပိတ်ဆို့ရေး ကော်မတီ ၁၂၆၇ အောက်တွင် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။
အမေရိကန် အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အတွင်းဝန် ဆာရတ်ဟက်ကာဘီ ဆန်ဒရာက “ပါကစ္စတန်အစိုးရ တွင် တာဝန်ရှိကြောင်း ပြစ်တင်ဝေဖန်လိုက်ပြီ ““ပါကစ္စတန်အခြေစိုက် အကြမ်း ဖက်အုပ်စုသည် ကြီးမားဆုံးအကြမ်းဖက်မှုကို ကျူးလွန်လိုက်သဖြင့် အမေရိကန်အနေဖြင့် ရှုတ်ချပါကြောင်း” ဆိုထားသည်။
“အကြမ်းဖက်အုပ်စု အားလုံးကို အကာအကွယ် ပေးပြီး ပံ့ပိုးနေတဲ့ ပါကစ္စတန်အစိုးရရဲ့လုပ်ရပ်ကို ရပ်တန်းကရပ်ဖို့ အမေရိ ကန်အနေနဲ့ တောင်းဆိုလိုက်ပါတယ်။ ဒီအကြမ်းဖက်အုပ်စုတွေဟာ ဒေသတွင်းမှာ ဖရိုဖရဲဖြစ်စေဖို့၊ အကြမ်းဖက်ဖို့ ရည်ရွယ် ချက်နဲ့ လှုပ်ရှားနေကြတာဖြစ်ပါတယ်” ဟု ဆန်ဒရာက ပြောသည်။
ယခုတိုက်ခိုက်မှုမှာ အကြမ်းဖက်မှု နှိမ်နင်းရေးနှင့် စေ့စပ် ဆွေးနွေးရေးတို့ကို အမေရိကန်နှင့် အိန္ဒိယ နှစ်နိုင်ငံအကြားမှာ တိုးမြှင့် လုပ်ဆောင်ရန် အခုတိုက်ခိုက်ခံရမှုက တွန်းအားပေးလိုက်ခြင်းဟု ပြောဆိုနိုင်ကြောင်းလည်း ဆိုသည်။