• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အိုးဘိုထောင်၌ သက်မွေးပညာ တိုးချဲ့သင်ကြားမှုများ ဖေဖော်ဝါရီလတွင် စတင်မည်

by ဒီလှိုင်းဝင်း
10 January 2020
in သတင်း
A A
မန္တလေး ဗဟိုအကျဉ်းထောင်(အိုးဘို)ကို တွေ့ရစဉ်  / ဒီလှိုင်းဝင်း / ဧရာဝတီ

မန္တလေး ဗဟိုအကျဉ်းထောင်(အိုးဘို)ကို တွေ့ရစဉ် / ဒီလှိုင်းဝင်း / ဧရာဝတီ

11.7k
VIEWS
Share on FacebookShare on Twitter

မန္တလေး ဗဟိုအကျဉ်းထောင်(အိုးဘို) အတွင်း၌ သက်မွေး သင်တန်းကျောင်း ဆောက်လုပ်ပြီးစီးပြီ ဖြစ်၍ သင်ကြားမှုများကို ဖေဖော်ဝါရီလတွင် စတင် သွားမည်ဟု သိရသည်။

အဆိုပါ သင်တန်းကျောင်းကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) က အကျဉ်းထောင် အတွင်းရှိ လူငယ် အကျဉ်းသူ၊ အကျဉ်းသားများအား သက်မွေးပညာရပ်များ သင်ကြားပေးနိုင်ရန် ရည်ရွယ်၍ ဆောက်လုပ် လှူဒါန်းပေးခြင်း ဖြစ်ကြောင်း မန္တလေး ဗဟို အကျဉ်းထောင်ပိုင်ကြီး ဦးချိုဝင်းထွန်းက ပြောသည်။

RelatedPosts

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

13 June 2025
829
စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

13 June 2025
47
ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

13 June 2025
2k

၎င်းက “ICRC ကနေ ဆောက်လုပ် လှူဒါန်းပေးတာပါ။ ကျနော်တို့ဆီမှာ အရင်က အသက်မွေး ဝမ်းကျောင်း သင်တန်းနဲ့ အလုပ်ရုံ ဆိုတာ ရှိတယ်။ သက်မွေးပညာတွေ သင်ပေးနေတဲ့ အရင်အဆောင်က မကောင်းတော့ဘူး။ ဟောင်းနွမ်း ပျက် စီးနေတာကြောင့် အဲဒါကြီးကို ဖျက်ပြီး အသစ်ဆောက်ပေးတာပါ” ဟု ဆိုသည်။

မန္တလေး ဗဟို အကျဉ်းထောင် အတွင်း၌ သက်မွေးသင်တန်းကျောင်းဆောင်သည် နှစ်ထပ် ကျောင်းဆောင်ဖြစ်ပြီး ICRC ၏ လှူဒါန်းငွေဖြင့်၂၀၁၉ခုနှစ် သြဂုတ်လ အတွင်းက စတင်တည်ဆောက်ခဲ့ကာ ဒီဇင်ဘာလ တတိယ အပတ်တွင် အလုံးစုံ ပြီးစီးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ သက်မွေးသင်တန်းကျောင်း ဆောက်လုပ်နေမှုကြောင့် သင်တန်းများ အားလုံး ရပ်နားထားရပြီး လာမည့် ဖေဖော်ဝါရီ လအတွင်း ပြန်လည် ဖွင့်လှစ်ပေးသွားမည် ဖြစ်ရာ ယခင်ထက် ပို၍ စနစ်တကျဖြင့် တိုးချဲ့ ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်။

အကျဉ်းထောင်များ အတွင်း၌ လူငယ် အကျဉ်းသားများအား အတန်းပညာနှင့် သက်မွေးသင်တန်း များ သင်ကြားပေးနိုင်ရန် အတွက် ICRC နှင့် အကျဉ်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၁၂ ခုနှစ်က စီမံကိန်း ရေးဆွဲ လုပ်ဆောင်ခဲ့မှုအရ မန္တလေးဗဟို အကျဉ်းထောင်တွင် ၂၀၁၇ ခုနှစ်က ဆောက်လုပ်ပေး ခဲ့သော စာသင်ကျောင်း တခု အပါအဝင် သက်မွေးသင်တန်း ကျောင်း အဆောက်အအုံသစ်အား ဆောက်လုပ်ပေးခြင်း ဟု သိရသည်။

အဆိုပါ သင်တန်းကျောင်းတွင် လွတ်ခါနီး အကျဉ်းသားများအား ဦးစားပေး သင်ကြားပေးသွားမည့် ဖြစ်သလို စက်မှုပိုင်း ဆိုင်ရာနှင့် လျှပ်စစ်ပိုင်း ဆိုင်ရာ သက်မွေးပညာရပ်များကို ဦးစားပေး သင်ကြား သွားမည်ဟု သိရသည်။

ထောင်ပိုင်ကြီး ဦးချိုဝင်းထွန်းက “အကြောင်းအမျိုးမျိုးကြောင့် ထောင်ကို ရောက်ရှိလာတဲ့ လူငယ်တွေကို အဓိကထား သင်ကြားပေးသွားမှာ ဖြစ်တယ်။ သူတို့ရဲ့ဝါသနာပါရာနဲ့ စိတ်ဝင်စား တာကို ရွေးချယ်သင်ကြားပေးသွားမှာပေါ့။ ပြောရမယ် ဆို ရင် ကွန်ပျုတာသင်တန်း အထိ ဖွင့်ထား တာပေါ့။ ကွန်ပျုတာသင်တန်း ဆိုရင် အနည်းဆုံး ၈ တန်းတော့ အောင်ရမှာ ဖြစ် တယ်” ဟု ပြောသည်။

၎င်းက ဆက်လက်၍ “သင်ကြားပေးတဲ့ ဆရာတွေက အကျဉ်းသားတွေထဲက ပညာရှင်တွေရယ်၊ စက်မှုဦးစီးဌာနနဲ့လည်း ချိတ်ဆက်ပြီးတော့ အဲဒီက ဆိုင်ရာ ပညာရှင်တွေကလည်း လာရောက် သင်ကြားပေးမှာပါ။ နောက်ပြီး ပြင်ပက သက်မွေး ပညာသင် ကုမ္ပဏီတွေကလည်း လာရောက် ပြီးတော့ ပညာသင်ကြားပေးမယ် ဆိုရင်လည်း ခွင့်ပြုပေးသွားဖို့ ရှိတယ်။ အခုလည်း လာရောက် ချိတ်ဆက်ထားတဲ့ ကုမ္ပဏီတွေလည်း ရှိတယ်” ဟု ပြောဆိုသည်။

သက်မွေး သင်တန်းကျောင်း၌ စက်မှုပိုင်းဆိုင်ရာနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ သက်မွေးပညာရပ်များ အပြင် လက်သမား၊ ပန်းရံ၊ သံချည်သံကွေး၊ ဆံပင်ညှပ်၊ စက်ပြင်၊ စက်ချုပ်၊ အိမ်တွင်းမှု သက်မွေးပညာ စသည့်တို့ကိုလည်း သင်ကြားပေးသွားမည်ဟု သိရသည်။

မန္တလေးမြို့ခံ နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်သူ ကိုဒိန်းဒေါင်က “အကျဉ်းထောင် ဆိုတာကို က လူ့အခွင့်အရေး ဆုံးရှုံးမှုတွေ အများကြီး ရှိတဲ့နေရာပဲလေ။ ဒါက ကျနော်သက်သက် အဆိုးမြင်နေတာမျိုး မဟုတ်ဘူး။ အကျဉ်းထောင်က ပြုပြင်ရေးနေရာ ဆိုပေမယ့် သင်တန်းလို့ပဲ ခေါ်ခေါ် အလုပ်ရုံလို့ပဲ ပြောပြော ကုန်ပစ္စည်းတွေကို ထုတ်လုပ်ပြီး ရောင်းချနေ တာပဲလေ။ အဲဒီလို ကုန်ပစ္စည်း ထုတ်လုပ်ဖို့အတွက် အကျဉ်းသားတွေရဲ့ လုပ်အားကို ခေါင်းပုံဖြတ် ဂုတ်သွေးစုပ်ပြီး ခိုင်းစေ တာပဲလေ။ အကျဉ်းထောင်ရဲ့ သွားနေတဲ့ စနစ်က မဟုတ်လို့ အခုလို သုံးသပ်တာပါ” ဟု ပြောဆိုသည်။

မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို)အတွင်း၌ သက်မွေးသင်တန်းများ ဖွင့်လှစ်မည့် အစီအစဉ် ပတ်သက်၍ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အထွေထွေအတွင်းရေးမှုး ဦးဘိုကြည်က ပြန်လည်ပြုစု ပျိုးထောင် ရေးအတွက် လုပ်ခြင်းဟု ယေဘူယျ သုံးသပ်သော်လည်း အကျဉ်းသားများ အားလုံး ခံစားခွင့် ရှိသလား၊ အားလုံးကို ရည်ရွယ်သလားဆိုသည်မှာ မေးစရာဖြစ်ကြောင်း၊ အမှန်တကယ် အကျဉ်းသားများ အားလုံး ပြန်လည်ပြုစုပျိုး ထောင်ရေး အသက်မွေးသင်တန်းကျောင်း ဆိုလျှင် ကောင်းကြောင်း သုံးသပ်သည်။

“ထောင်ထဲမှာ အပြင်က စီးပွားရေးလုပ်ငန်းတွေ လုပ်နေတာမျိုးတွေရှိတယ်၊ လုပ်တယ်ဆိုရင် အကျဉ်းသားတွေကို ထိုက်သင့်တဲ့ လုပ်အားခပေးဖို့ လိုအပ်ပါတယ်၊ မဟုတ်ရင်တော့ ကောင်းတဲ့ အကျင့်မျိုးမဟုတ်ဘူး၊ ဘယ်သူ့အတွက် စီးပွားရေး လုပ်နေတာလဲ၊ ထောင်အာဏာပိုင်က ဖြစ်ဖြစ်၊ တစုံတယောက်က ဖြစ်ဖြစ် စီပွားရေးလုပ်စားနေတဲ့ပုံစံမျိုး သက်ရောက်နေတယ်ဆိုရင်တော့ မကောင်းဘူး၊ ဒါတွေကို ဥပဒေနဲ့အညီ ပြဌာန်းပေးဖို့တယ်၊ ဥပမာ အကျဉ်းသားကို လုပ်အားခ ဘယ်လိုပေးမှာလဲ၊ အချိန်ဘယ်လောက်လုပ်ရမလဲဆိုတာကို စံချိန်စံညွှန်းနဲ့အညီ သေသေချာချာ ခိုင်းစေလို့ရပါတယ်၊ အဲဒီလိုမှမဟုတ်ရင် အဓမ္မလုပ်အားခိုင်းစေတာမျိုး ဖြစ်သွားနိုင်ပါတယ်”ဟု ဦးဘိုကြည်က ပြောသည်။

You may also like these stories:

သမ္မတ လွတ်ငြိမ်းခွင့် အပေါ် ဝေဖန်မှုများ သေချာ လေ့လာ၍ ပြောရန် သမ္မတရုံး သတိပေး

ငလျင်လှုပ်ပြီးနောက် တိမ်းစောင်းသွားသည့် တိုက် ၈ လုံးအနက် တာမွေမြို့နယ်မှ အများဆုံးဖြစ်

လူမှုဖူလုံကြေး ပေးသွင်းရန် ပျက်ကွက်သည့် World Jin စက်ရုံ ဒဏ်ရိုက်ခံရ

Your Thoughts …
Tags: သက်မွေးပညာအိုးဘို အကျဉ်းထောင်
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

No Content Available
Next Post
ချီဖွေမြို့ကို ၂၀၁၁ ခုနှစ်အတွင်းက မြင်ရစဉ် / Zawng Dai

ချီဖွေမြို့က မုတ်သုန်တော ပျောက်ဆုံးခြင်း

ကိုရီးယား အဆိုတော် IU

အသံထိခိုက်မှာစိုးလို့ အရက်၊ ကော်ဖီနဲ့ ဆေးလိပ် မသောက်သုံးတဲ့ အဆိုတော် IU

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.6k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

2 days ago
3.8k

Most Read

  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate