• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကာကွယ်ရေး အသုံးစရိတ် ကျပ်သန်း ၁ သောင်းကျော် ဖြတ်တောက်ခံရ

by ထက်နိုင်ဇော်
27 May 2020
in သတင်း
A A
တပ်မတော်နေ့ အခမ်းအနားတခုတွင် ချီတက်လာသူများကို တွေ့ ရစဉ်  / မျိုးမင်းစိုး  / ဧရာဝတီ

တပ်မတော်နေ့ အခမ်းအနားတခုတွင် ချီတက်လာသူများကို တွေ့ ရစဉ် / မျိုးမင်းစိုး  / ဧရာဝတီ

36.1k
VIEWS
Share on FacebookShare on Twitter

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD)အစိုးရလက်ထက် လွှတ်တော် သက်တမ်း ၄ နှစ်ကျော်ကာလအတွင်း တပ်မတော် ၏ အသုံးစရိတ် ကျပ်သန်း ၁ သိန်း ၉ သောင်းကျော် တောင်းခံခဲ့ရာ လွှတ်တော်က ကျပ်သန်း ၁ သောင်းကျော် လျှော့ချ ခွင့်ပြုလိုက်သဖြင့် ကာကွယ်ရေး ဘတ်ဂျက် ဖြတ်တောက်ခံရမှုမှာ ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဖြည့်စွက်ဘတ်ဂျက်အတွက် ကာကွယ်ရေး ဝန်ကြီးဌာနက သာမန်သုံးငွေ အဖြစ် ကျပ်သန်း ၆ သောင်းကျော် (၆၇၆၃၀.၃၄၀) တောင်းခံရာတွင် လွှတ်တော်က ကျပ်သန်း ၆၅၀၀ လျှော့ချခွင့်ပြုလိုက်ပြီး ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် သန်း ၁ သိန်း ၃ သောင်းကျော် (၁၃၀၀၅၈.၆၄၅) တောင်းခံရာ လွှတ်တော်က ကျပ်သန်း ၄၁၀၀ လျှော့ချ၍ ခွင့်ပြုပေးခဲ့သည်။

RelatedPosts

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

12 July 2025
55
စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

12 July 2025
100
မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

12 July 2025
87

“ဒီနှစ်မှာတော့ တော်တော်ထူးခြားတဲ့ ကိစ္စပေါ့။ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ပတ်သက်ပြီး တခါမှာ အငြင်းပွားတာမျိုး မတွေ့ ရဖူးဘူး”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြော သည်။

ရှေ့ပိုင်းက ကျင်းပခဲ့သည့် လွှတ်တော်သက်တမ်း ၄ နှစ်ကာလအတွင်းမှာ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အသုံးစရိတ်ကို ၎င်း တို့ကိုယ်တိုင် ဖြတ်တောက်ပေးရန် တင်ပြလာခြင်း မဟုတ်ပါက တကြိမ်တခါမျှ မဖြတ်ခဲ့ဖူးကြောင်း၊ ယခုတကြိမ်တွင် တပ် မတော်၏ အသုံးစရိတ်များကို ဦးဆောင်စိစစ်ရသူ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မေဝင်းမြင့်ကိုယ်တိုင် တင်ပြလာခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

NLD ပါတီ၏ ဗဟိုအလုပ်မှုဆောင် အဖွဲ့ ဝင်လည်း ဖြစ်သူ ဒေါက်တာ မေဝင်းမြင့်က ဖြည့်စွက်တောင်းခံလာသည့် ကာ ကွယ်ရေး အသုံးစရိတ် ကျပ်သန်း ၁ သိန်း ၉ သောင်းကျော်ထဲမှ ကျပ်သန်း ၂ သောင်း ၂ ထောင်ကျော်အထိ (၂၂၇၀၀) လျှော့ချ ခွင့်ပြုရန် ပြီးခဲ့သည့် ရက်ပိုင်းက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။

NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မေဝင်းမြင့် (ဓာတ်ပုံ – မျိုးမင်းစိုး/ဧရာဝတီ)

ထိုအခါ ဝန်ကြီးဌာနများ၏ အသုံးစရိတ်များကို အဓိက စိစစ်ရသည့် အဖွဲ့ ဖြစ်သော ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ က တပ်အသုံးစရိတ် စိစစ်ဖြတ်တောက်လိုသူ ဒေါက်တာ မေဝင်းမြင့်၊ ကာကွယ်ရေး ဝန်ကြီးဌာန စစ်ထောက်ချုပ်ရုံးမှ တာဝန်ရှိသူများကို မေလ ၂၅ ရက်နေ့က လွှတ်တော်သို့ ခေါ်ယူပြီး အစည်းအဝေး ပြုလုပ်ခဲ့ရသည်။

ယင်းအစည်းအဝေးတွင် ကာကွယ်ရေး ဝန်ကြီးဌာနက တင်ပြထားသည့် အမှုထမ်း ပို့ဆောင်ရေးစရိတ် ကျပ်သန်းပေါင်း ၂၁၉၅၅ ဒသမ ၆၂၂ တောင်းခံမှုကို ဒေါက်တာ မေဝင်းမြင့်က ကျပ်သန်း ၁ သောင်း လျှော့ချရန် အဆိုပြုခဲ့သော်လည်း လွှတ်တော်ကော်မတီက ကျပ်သန်း ၅၀၀၀ လျှော့ချရန် ညှိနှိုင်းပေးခဲ့သည်။

ထို့အတူ တပ်မတော်၏ ပစ္စည်း ပို့ဆောင်ရေးစရိတ် ကျပ်သန်းပေါင်း ၁၂၉၆ ဒသမ ၃၇၂ တောင်းခံမှုကို ဒေါက်တာ မေဝင်း မြင့်က ကျပ်သန်း ၅၀၀ ဖြတ်တောက်ရန် အဆိုပြုခဲ့သော်လည်း လွှတ်တော်ကော်မတီက ကျပ်သန်း ၂၀၀ ဖြတ်တောက်ရန် ညှိနှိုင်းခဲ့သည်။

ထို့ပြင် အဆောက်အဦ ထိန်းသိမ်းရေး ကျပ်သန်းပေါင်း ၁၈၆၄ ဒသမ ၂၀၄ တောင်းခံမှုကို ဒေါက်တာ မေဝင်းမြင့်က ၈၀၀ ဖြတ်တောက်ရန် အဆိုပြုချက်ကို လွှတ်တော် ကော်မတီက ကျပ်သန်း ၅၀၀ ဖြတ်တောက်ရန် ညှိနှိုင်းခဲ့သည်။

နောက်ဆုံး ပညာရှင်ငှားခ ကျပ်သန်းပေါင်း ၁၁၆၂ ဒသမ ၃၄၇ တောင်းခံမှုကို ဒေါက်တာ မေဝင်းမြင့်က ကျပ်သန်းပေါင်း ၃၀၀ ဖြတ်တောက် တင်ပြချက်ကို လွှတ်တော်ကော်မတီကလည်း သဘောတူပြီး ယင်းအတိုင်း ဖြတ်တောက်ရန် လက်ခံခဲ့သည်။

ထိုအစည်းအဝေးအရ တပ်မတော်၏ အသုံးစရိတ် ကျပ်သန်းပေါင်း ၆၀၀၀ ဖြတ်တောက်ခံရပြီး ပြည်သူ့ငွေစာရင်း ကော်မ တီကလည်း ကျပ်သန်းပေါင်း ၄၆၀၀ ဖြတ်တောက်ထားရာ တပ်မတော်၏ အသုံးစရိတ် ကျပ်သန်းပေါင်း ၁၀၆၀၀ ဖြတ်တောက်ခံရကြောင်း ယနေ့ လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ ဒုတိယ ဥက္ကဌ ဦးအောင်မင်းက ပြောသည်။

ယခင်က ဘတ်ဂျက်ကိစ္စ ရှင်းလင်းရန် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများသို့ ပုံမှန်လာရောက်လေ့ရှိသူ ကာ ကွယ်ရေး ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်အစား ယနေ့တွင် ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းကိုယ်တိုင် လာရောက်ခဲ့ပြီး ကာကွယ်ရေး အသုံးစရိတ် တောင်းခံရသည့်အကြောင်းကို ကာကွယ်ပြောဆိုခဲ့သည်။

ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း (ဓာတ်ပုံ – မျိုးမင်းစိုး/ဧရာဝတီ)

ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက အမှုထမ်းပို့ဆောင်ရေးခေါင်းစဉ်အောက်တွင် ဖြည့်စွက်တောင်းခံသည့် ကျပ်သန်း ၂၁ ဒသမ ၉၅၅ ဘီလီယံသည် စစ်ဆင်ရေးနဲ့လုံခြုံရေးတာဝန်ထမ်းဆောင်နေရသည့် တပ်မတော်သားများအတွက် စစ်ဆင်ရေး အထူးနေ့တွက်စရိတ် နှုန်းထား ပြောင်းလဲလိုက်သည့်အတွက် ထပ်မံ လိုအပ်သည့်ငွေဖြစ်ကြောင်း ရှင်းပြသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်၊ မေလ ၁ရက်နေ့မှစ၍ တာဝန်ဖြင့်ခရီးသွားသည့် ဝန်ထမ်းများအတွက် ခရီးသွား နေ့တွက်စရိတ်ကို ကျပ် ၃၀၀၀ မှ ကျပ် ၄၈၀၀ သို့ တိုးမြှင့်ပြင်ဆင် သတ်မှတ်ပေးခဲ့ရာ တပ်မတော်သားများ အတွက် ယခင် ကျပ် ၇၅၀ နှုန်းမှ ယခုနေ့တွက်စရိတ် ကျပ် ၄၈၀၀ ၏ ၂၅ရာခိုင်နှုန်းဖြစ်သော ကျပ် ၁၂၀၀ နှုန်းဖြင့် တိုးမြှင့်ပေးအပ်နိုင်ရန်အတွက် အထက်ဖော်ပြပါငွေများလိုအပ်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုလို နေ့တွက်စရိတ် တိုးမြှင့်နိုင်ရေး ကာကွယ်ရေးဝန်ကြီးဌာနကောင်စီအစည်းအဝေး၊ အစိုးရ စီးပွားရေးရာကော်မတီ အစည်းအဝေး၊ ပြည်ထောင်စုအစိုးရ အဖွဲ့ အစည်းအဝေးများသို့ တဆင့်ပြီးတဆင့်တင်ပြခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၁၉ခုနှစ်၊ သြဂုတ် ၂၂ရက်နေ့တွင် စစ်ဆင်ရေးအထူးနေ့တွက်စရိတ်ကို ကျပ် ၁၂၀၀ သို့ ခွင့်ပြုခဲ့ရာ မူလခန့်မှန်း ခြေ ငွေစာရင်းတွင်း မမီသဖြင့် ယခုလို ဖြည့်စွက်ငွေအဖြစ် တောင်းခံရခြင်းဟု ဆိုသည်။

“ရုံးလုပ်ငန်းများ အချိန်မီပြီးစီးအောင် မဆောင်ရွက်နိုင်သဖြင့် ကျနော်တို့ရုံးမှာ အဓိကတာဝန်ရှိပါတယ်။ သို့ပါသော်လည်း နိုင်ငံတော်အတွက် စစ်ဆင်ရေးနဲ့ လုံခြုံရေး တာဝန်များကို အသက်စွန့် ထမ်းဆောင်နေကြရသော စစ်မှုထမ်းများ၊ ရသင့် ရထိုက်သည့် ခံစားခွင့်များ မဆုံးရှုံးစေရန်အတွက် ပြည်ထောင်စုလွှတ်တော်မှ မိမိတို့ တောင်းခံငွေကို ဖြတ်တောက်ခြင်း မပြုဘဲ ခွင့်ပြုပေးပါရန် တင်ပြအပ်ပါတယ်”ဟု ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောသည်။

ပစ္စည်းပို့ဆောင်ရေးအတွက် ကျပ် ၁၂၉၆ ဒသမ ၃၇၂ သန်း တောင်းခံခြင်းနှင့် ပတ်သက်၍ ယခု ဘဏ္ဍာရေးနှစ်အတွင်း စစ်ဆေးရေးဒေသများဖြစ်သည့် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် ဒေသများသို့ ရိက္ခာ၊ စက်သုံးဆီ၊ လေယာဉ်ဆီများနှင့် စစ်ဆင်ရေး အထောက်အကူပြုပစ္စည်းများ ပို့ဆောင်ရာတွင် လိုအပ်သည့် ငှားရမ်းခများ ပေးချေရန်အတွက် ဖြစ်ကြောင်း သိရသည်။

ရက္ခိုင့် တပ်မတော် (AA) အဖွဲ့ ၏ တိုက်ခိုက်မှု၊ ကစ္စပနဒီမြစ် ရေကြောင်း ကျပ်သည့် အခြေအနေများအရ ချင်းပြည်နယ်၊ ပလက်၀မြို့သို့ တပ်မတော် ရဟတ်ယာဉ်များ အသုံးပြုလျက် ပို့ဆောင်လျက်ရှိရာ တပ်မတော်သားများအတွက် သာမက ဒေသခံများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဘဏ်ငွေကြေး၊ အခြေခံပညာ အထက်တန်း စာမေးပွဲ မေးခွန်းများ၊ အဖြေလွှာများစသဖြင့် နိုင်ငံတော်အတွက်လိုအပ်နေသော အထောက်အကူများအားလုံးကို တပ်က ပို့ဆောင်ပေးနေသည်ဟု ဆိုသည်။

ထို့ကြောင့် အစိုးရ၏ ဝန်ကြီးဌာနတခုတွင်လည်း ရဟတ်ယာဉ်ဝယ်ယူထားကြောင်း သိရသည့်အတွက် ၎င်းရဟတ်ယာဉ်ကို သုံးကြည့်ပါက ရဟတ်ယာဉ် အတွက် အသုံးစရိတ်မည်မျှ ရှိသည်ကို လွှတ်တော်ကိုယ်စားလှယ်ကြီးများ လေ့လာကြည့်စေ လိုကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက လွှတ်တော်တွင် ပြောသည်။

“တပ်မတော်အနေနဲ့ နိုင်ငံတော် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေ စိုးမိုးရေးတွေမှာ နိုင်ငံတော် အစိုး ရကို အားဖြည့်ဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ တောင်းခံထားတဲ့ ပစ္စည်း ပို့ဆောင်ရေး စရိတ် များကိုလည်း လျှော့ချခြင်းမပြုဖို့ ပန်ကြားလိုပါတယ်”ဟု ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောသည်။

၎င်းက ဆက်၍ “တပ်မတော်အနေဖြင့် နိုင်ငံ့ ဘဏ္ဍာဖြုန်းတီးခြင်း မရှိပါ။ နိုင်ငံတကာ တပ်မတော်များ မဆိုထားနှင့် အိမ်နီး ချင်း တပ်မတော်များနှင့် နှိုင်းယှဉ်လေ့လာကြည့်လျှင်ပင် ကွာခြားချက်များကို ကိုယ်စားလှယ်တော်ကြီးများ တွေ့ရှိမှာ ဖြစ် ပါတယ်။ သူတပါးနိုင်ငံနှင့် နှိုင်းယှဉ်၍ မိမိတို့တပ်မတော်သားများ အားမငယ်စေရန်အတွက်သာ အဆင့်မီအောင် တတ်စွမ်းသမျှ ကြိုးပမ်းလျက်ရှိပါတယ်”ဟု ပြောသည်။

သို့သော် ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ကာကွယ်ရေး အသုံးစရိတ် ဖြတ်တောက်မှုကို သဘောတူပါသလားဟု လွှတ်တော်နာယက ဦးတီခွန်မြတ်က မေးမြန်းရာ မရမ်းကုန်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မေဝင်းမြင့်နှင့် ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းတို့က သဘောတူကြောင်း ပြောဆိုသဖြင့် မဲခွဲစရာ မလိုဘဲ အဆင်ပြေပြ ပြီးဆုံးသွားခဲ့သည်။

သမ္မတ ဦးသိန်းစိန်လက်လက်က ပထမ လွှတ်တော်သက်တမ်းတွင် ကာကွယ်ရေး အသုံးစရိတ်ကို တခါမှ ဖြတ်တောက် ခြင်းမျိုး မတွေ့ ဖူးသဖြင့် ထိုစဉ်က အံ့သြမိခဲ့ကြောင်း သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း ကလည်း ပြောသည်။

“ကာကွယ်ရေး ဘတ်ဂျက်ကတော့ လွှတ်တော် ပထမသက်တမ်းမှာလည်း သိပ်မထိခဲ့တဲ့ ကိစ္စမျိုးပေါ့။ အခုလိုမျိုး ကာ ကွယ်ရေး ဘတ်ဂျက်ကို ဖြတ်တောက်ဆွေးနွေးတာမျိုးကတော့ လုပ်သင့်တယ်။ ကာကွယ်ရေးနဲ့ လုံခြုံရေး ဆိုင်ရာလို ကော်မတီဆိုတာမျိုး လိုတယ်။ အဲဒီမှာ ဘတ်ဂျက်တွေမှာ အလေ့အလွင့် မဖြစ်သင့်တာမျိုး မဖြစ်အောင် စိစစ်ဖို့ လုပ်သင့်တယ်”ဟု ဦးရဲထွန်းက အကြံပြုသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းကလည်း ယနေ့တွင် ကာကွယ်ရေး ဝန်ကြီးဌာနဘက်က အစိုးရကိုယ် တိုင် ခွင့်ပြုထားသည့် ဘတ်ဂျက်ကို လွှတ်တော်ဘက်က ခွင့်မပြုသည့်အပေါ် မေးခွန်းထုတ်သည့်သဘော ဆွေးနွေးသွား သည်ကို တွေ့ရကြောင်း၊ ဝန်ကြီးဌာန၏ ဘတ်ဂျက်များကို လွှတ်တော်ဘက်က အတည်ပြုပေးသည်က များကြောင်း ပြော သည်။

“နိုင်ငံရေးအရ ပြောရရင်တော့ ရှမ်းရယ်၊ ချင်းရယ်၊ ရခိုင်ရယ်မှာ လေယာဉ်ပျံတွေ သုံးပြီး လုပ်ရတယ်ဆိုတော့ ပြည်တွင်းစစ် အတွက်ပဲ တောင်းတယ်လို့ ကျနော်တို့က ယူဆပါတယ်။ ပြည်တွင်းစစ်မီးက ပိုပြီးတော့ တောင်လောင်နေတယ်။ အသုံး စရိတ်က ပိုလိုအပ်နေတယ်ပေါ့။ ပြည်တွင်းစစ်မီးက ကိုဗစ်ဖြစ်တာတောင် ငြိမ်သက်မသွားဘူး”ဟု ဦးအောင်လှိုင်ဝင်း က ပြောသည်။

ယခုဘဏ္ဍာနှစ်အတွက် ကာကွယ်ရေး ဝန်ကြီးဌာနက မူလဘတ်ဂျက် ကျပ် ၃၃၈၅.၈၂ ဘီလီယံ တောင်းခံထားရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကျပ် ၁၁၈၄.၁၁ ဘီလီယံ၊ ပညာရေး ဝန်ကြီးဌာနက ၂၇၁၁.၅၆ ဘီလီယံ တောင်းခံထားသည်ဟု ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေ ငွေစာရင်းများတွင် ဖော်ပြထားသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကာကွယ်ရေး ဝန်ကြီးဌာနက အသုံးစရိတ် ကျပ် ဘီလီယံ ၂၉၀၀ ကျော် တောင်းခံခဲ့ပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ဘီလီယံ ၃၂၀၀ ကျော် တောင်းခံခဲ့ရာ ကာကွယ်ရေး အသုံးစရိတ် တောင်းခံမှုမှာ တ ဖြည်းဖြည်း ပြန်လည် မြင့်တက်လာလျက် ရှိသည်။

သို့သော် ယခုနှစ် ကာကွယ်ရေး အသုံးစရိတ်သည် ပမာဏအားဖြင့် တက်လာသော်လည်း ရာခိုင်နှုန်းအားဖြင့် တိုးတက်မှု မရှိဘဲ ၁၁ ရာခိုင်နှုန်း ဝန်းကျင်တွင်သာ ရှိနေပြီး ကျန်းမာရေးနှင့် ပညာရေး အသုံးစရိတ် ၂ ခု ပေါင်းသည် ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှစ၍ ကာကွယ်ရေး ဝန်ကြီးဌာန၏ အသုံးစရိတ်ထက် ပို၍ များလာသည့် အခြေအနေတွင် ရှိသည်။

၂၀၁၉ – ၂၀ ဘဏ္ဍာနှစ်အတွက် အစိုးရ ဝန်ကြီးဌာန၊ အဖွဲ့အစည်းအားလုံး၏ ဘတ်ဂျက် စုစုပေါင်းမှာ ကျပ် ဘီလီယံ ၃၂၃၀၀ ကျော်ရှိပြီး ဘတ်ဂျက်ရရှိမှု အနည်းဆုံး ဝန်ကြီးဌာနမှာ တိုင်းရင်းသား လူမျိုးများ ရေးရာ ဝန်ကြီးဌာန ဖြစ်သည်။

Your Thoughts …
Tags: ကာကွယ်ရေး အသုံးစရိတ်တပ်မတော်လွှတ်တော်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ပြည်သူ့ပါဝါ ထပ်မံအောင်ပွဲခံသည့် ကိုရီးယား

by ဝင်းပေါ်မောင်
21 December 2024
8.7k

ထိုညက လွှတ်တော်တွင်း ပုံရိပ်များသည် အမည်ဆိုး တင်ကျန်ခဲ့သော်လည်း စစ်တပ်သည်ပင် စစ်အုပ်ချုပ်ရေးကို လိုလားဟန် မပြခဲ့ပေ။ နှစ်ပေါင်းလေးဆယ်ခန့် ဒီမိုကရေစီကို စောင့်ရှောက်သော စစ်တပ်အဖြစ် တည်ရှိခဲ့သော ၎င်း၏ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းရန်သာ လိုလားပုံရသည်။

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.3k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

ပဋိပက္ခတွေကြား စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲ အထမြောက်နိုင်မလား

ပဋိပက္ခတွေကြား စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲ အထမြောက်နိုင်မလား

by ဧရာဝတီ
12 August 2023
3.9k

ပထမဆုံးကျင်းပမည့် လွှတ်တော်အစည်းအဝေး အထမြောက်ရန် လိုအပ်သည့် ၅၀ ရာခိုင်နှုန်းသော ကိုယ်စားလှယ်တွေအတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိပြီးဖြစ်ပါကြောင်း၊ ကျန် ၂၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ် ရှိရုံမျှဖြင့် လွှတ်တော်အစည်းအဝေးကို အထမြောက်အောင် ဆောင်ရွက်နိုင်ပါကြောင်း

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

by ဧရာဝတီ
22 May 2025
3.3k

ဒီနှစ်အကုန်မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အတင်း ကြော်ငြာထိုးပြီး မင်းအောင်လှိုင် ပြောနေတာကတော့ သူဟာ သမ္မတ အဖြစ် ရာထူး ဆက်ယူထားဖို့ကို ကြံစည်နေတာပဲ ဖြစ်ပါတယ်။

စွမ်းသေးရဲ့လား

စွမ်းသေးရဲ့လား

by မသီတာ(စမ်းချောင်း)
7 April 2025
3.1k

တပ်ထဲက တပ်မှူး၊ တပ်သား လူစွမ်းကောင်းတွေ လိုနေပါတယ်။

၂၀၂၀ နိုဝင်ဘာ လပြည့်ည အင်းလျားကန်ဘောင်ပေါ်တွင် အပန်းဖြေနေကြသူများ / ဧရာဝတီ

အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ

by ပေါ်ထွန်း
15 January 2022
53.1k

သူများနှင့် မတူသည်က သူသည် အိမ် ၂ လုံး ပိုင်ဆိုင်ထားသည်။

Next Post
တောင်ဒဂုံ fever Clinic အလှူငွေအလွဲသုံးစားမှု သတင်းအမှားသာ ဖြစ် (ရုပ်/သံ)

တောင်ဒဂုံ fever Clinic အလှူငွေအလွဲသုံးစားမှု သတင်းအမှားသာ ဖြစ် (ရုပ်/သံ)

နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် ကျင်းပနေစဉ် / သီဟလွင် / ဧရာဝတီ

COVID-19 စီးပွားရေး ကုစားမှု စီမံချက် လွှတ်တော်ကို တင်ပြဖို့ အမတ်တွေ တောင်းဆို

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

1 week ago
10.9k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate