သတင်း

DVB ပြည်သတင်းထောက် ကိုမင်းညို ထောင် ၃ နှစ်ချမှတ်ခံရ

သတင်းရယူရင်း ရိုက်နှက်ဖမ်းဆီးခံခဲ့ရတဲ့ DVB သတင်းဌာန၏ ပြည်မြို့အခြေစိုက် သတင်း ထောက် ကိုမင်းညို(ကိုသန်းထိုက်အောင်)အား ယနေ့ မေလ ၁၂ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ကြောင်းသိရသည်။

“ထောင်တွင်းတရားရုံးမှာ အမိန့်ချလိုက်တာ မိသားစုနဲ့တောင် တွေ့ခွင့်မရခဲ့ဘူး”ဟု ကိုမင်းညို၏ ဇနီးဒေါ်မိုးမိုးကပြောသည်။

ကိုမင်းညိုသည် မတ်လ ၃ ရက်နေ့က ပြည်မြို့၊ ရွှေဆံတော်ဘုရားမြောက်ဘက် စောင်းတန်းတွင်ပြုလုပ်သည့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲ သတင်းယူနေစဉ် စစ်ကောင်စီတပ်ဖွဲ့များ၏ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံထားရခြင်းဖြစ်သည်။

ယခုချမှတ်သည့် ထောင်ဒဏ် ၃ နှစ်မှာ ပုဒ်မ ၅၀၅ (က)တွင် အမြင့်ဆုံးချမှတ်နိုင်သောပြစ်ဒဏ်ဖြစ်သည်။

ပြည်အကျဉ်းထောင် ယာယီတရားရုံးတွင် ကိုမင်းညိုအပြင် ပြည်မြို့နယ် NLDပြန်ကြားရေးကိုကျော်ကျော်ဝင်းကို ထောင်ဒဏ် ၃ နှစ် ဆန္ဒပြခေါင်းဆောင် ကိုသန့်စင်ထွန်းကို ထောင်ဒဏ် ၆ နှစ် စသည့်ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

You may also like these stories:

ကနီမြို့နယ်၊ သမင်ခြံရွာမှ စိတ်မကျန်းမာသူ အမျိုးသားတဦး ပစ်သတ်ခံရ

ကားဖြင့် ဝင်တိုက်ဖမ်းသည့် စစ်ကောင်စီက ဆန္ဒပြပြည်သူကို ဆူပူအကြမ်းဖက်သူများဟု စွပ်စွဲ

DVB သတင်းထောက်များကို မြန်မာပြည်ပြန်မပို့ရန် ထိုင်းမီဒီယာအဖွဲ့အစည်းများ တောင်းဆို

Loading