• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဗစ်ကူးစက်မှု များသဖြင့် ရွှေကုက္ကိုလ် တရုတ်မြို့သစ်စီမံကိန်းကို Lockdown ချထား

by ဧရာဝတီ
20 June 2021
in သတင်း
A A
၂၀၁၉ ခုနှစ် သြဂုတ်လက မြင်တွေ့ရသည့် ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်းမှ ဆောက်လုပ်ဆဲ အဆောက်အအုံများ  / ထက်ဝေ / ဧရာဝတီ

၂၀၁၉ ခုနှစ် သြဂုတ်လက မြင်တွေ့ရသည့် ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်းမှ ဆောက်လုပ်ဆဲ အဆောက်အအုံများ / ထက်ဝေ / ဧရာဝတီ

14k
VIEWS
Share on FacebookShare on Twitter

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းက ရွှေကုက္ကိုလ် တရုတ်မြို့သစ်စီမံကိန်းအတွင်း၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုများ ရှိလာခြင်းကြောင့် စီမံကိန်း ဧရိယာနှင့် ကျေးရွာကို သွားလာလှုပ်ရှားမှုများ ကန့်သတ်ထိန်းချုပ်ခြင်း (Lockdown) ပြုလုပ်ထားကြောင်း ဒေသခံ များက ပြောသည်။

လတ်တလော တရုတ်မြို့သစ် စီမံကိန်းအတွင်း နေထိုင် လုပ်ကိုင်နေသူများအား ရောဂါပိုး ရှိ မရှိ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိရာတွင်လည်း ပိုးတွေ့ရှိသူများ ယနေ့အထိ ဆက်လက်ရှိနေကြောင်း သိရသည်။

စီမံကိန်းအတွင်း အလုပ်လုပ်နေသူ တဦးက “စီမံကိန်း ဆိုက်ထဲမှာ တတိုက်ပြီး တတိုက် လော့ဒေါင်း ထပ်လုပ်ပြီး စစ်နေ တယ်။ အရင်ရက်ကလည်း သန့်ရှင်းရေးနဲ့ လုံခြုံရေး ဝန်ထမ်းတွေမှာ ပိုးတွေ့တယ်။ ကျနော်တို့ သူငယ်ချင်း ၅ ဦးမှာလည်း ကျနော် အပါအဝင် ၃ ဦးမှာ ပိုးတွေ့ခဲ့တယ်” ဟု ပြောသည်။

ပိုးတွေ့ရှိမှုများမှာ တရုတ်စီမံကိန်းအတွင်း သာမက ရွှေကုက္ကိုလ်ကျေးရွာအတွင်းမှာလည်း တွေ့ရှိလာရပြီး စုစုပေါင်းအနေဖြင့် ပိုးတွေ့ရှိသူ အရေအတွက် မသိရသေးသော်လည်း စီမံကိန်းရှိ တရုတ်နိုင်ငံသားများ အပါအဝင် ရောဂါပိုးတွေ့ရှိထားသူ လူဦး ရေ ၁၀၀ ခန့် ရှိနိုင်ကြောင်းလည်း ဒေသခံတဦးက ခန့်မှန်ပြောကြားခဲ့သည်။

ကျေးရွာအတွင်း ပိုးတွေ့ရှိသူများအနက် တဦးမှာ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တဦးဖြစ်ပြီး လတ်တလောမှာ သက် သာ ကောင်းမွန်နေကြောင်းလည်း သိရသည်။

တရုတ်မြို့သစ်စီမံကိန်း တာဝန်ရှိသူများကလည်း ရောဂါပိုးတွေ့ရှိသည်မှာ မှန်ကန်ပြီး အများစုမှာ မြန်မာနိုင်ငံအတွင်းက အလုပ် လုပ်ရန် လာရောက်သူများထံက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

စီမံကိန်း ဒါရိုက်တာ တဦးဖြစ်သူ စောမင်းမင်းဦးက “ကိုဗစ်ပိုးတွေ့တာတော့ အမှန်ပဲ၊ လူနာတွေ ၁၀ ဦးကျော် လောက်ရှိမယ်၊ ဆိုဒ်ထဲကိုရော ရွာကိုရော လော့ဒေါင်းလုပ်ထားတယ်။ အပြင်က လာတဲ့သူအားလုံးကို သီးခြား စောင့်ကြည့်မှု ၁၄ ရက် ထားပြီးမှ သွားလာခွင့်ပေးတယ်” ဟု ပြောသည်။

ရွှေကုက္ကိုလ်ဒေသအတွင်း ရောဂါပိုးစစ်ဆေးပေးမှုကို အစိုးရနှင့် စီမံကိန်း တာဝန်ရှိသူများက ပြုလုပ်ပေးနေပြီး အစိုးရထံတွင် စစ်ဆေးပါက ကျပ်တသောင်းပေးရပြီး စီမံကိန်းတာဝန်ရှိသူများ စီစဉ်ထားသည့် ဆေးရုံတွင် စစ်ဆေးပါက ထိုင်းဘတ်ငွေ ၈၀၀ ပေးရကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတဦးက “ဘတ် ၈၀၀၊ မြန်မာငွေနဲ့ဆို ၄ သောင်းနီးပါး ပေးရတယ်။ အရင်က လူတယောက်က ကိုယ်ပူပြီး ဖျားတယ်ဆို လာ စစ်၊ ဘာမှမပေးရဘူး။ အခုက ကိုဗစ် စစ်တာကောဆို တခြား ရိုးရိုးဖျားလို့ ဆေးဖိုးဘာညာနဲ့ ဘတ်တထောင်ကျော် လောက် ကုန်တယ်” ကိုယ်တိုင် ဆေးစစ်ခဲ့ရသည့် အတွေ့အကြုံအား ပြောပြသည်။

စစ်တပ်မှ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာမသိမ်းမီအချိန် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးမှုများအား အခမဲ့အနေဖြင့် အစိုးရက ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။

လတ်တလောအားဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါပိုး တတိယလှိုင်းအနေဖြင့် ကူးစက်မှုများ ပြန်လည်မြှင့် တက်လာ လျက်ရှိနေပြီး ဇွန်လ ၁၉ ရက်နေ့ တရက်တည်းတွင်ပင် ရောဂါပိုးရှိသူ လူနာသစ် ၅၄၆ ဦး ရှိကြောင်း အာဏာသိမ်း စစ် ကောင်စီက ယနေ့ ထုတ်ပြန်ထားသည်။

ရောဂါပိုးကူးစက်မှု ပြန်လည် မြင့်တက်လာခြင်းကြောင့် မြို့နယ်အချို့အား မိမိနေအိမ်အတွင်းသာ နေထိုင်ကြရန် (Stay At Home) သတ်မှတ်ထားပြီး စာသင်ကျောင်းများအား ပိတ်ထားသော်လည်း အလုပ်ရှာသူများနှင့် လူအဝင်အထွက်များသည့် တရုတ်မြို့သစ် စီမံကိန်းရှိရာ ရွှေကုက္ကိုလ်ကျေးရွားတွင် စာသင်ကျောင်း ဆက်လက် ဖွင့်ထားဆဲဖြစ်သောကြောင့် စိုးရိမ် နေကြသည့် ဒေသခံများလည်း ရှိနေသည်။

ရောဂါပိုးတွေ့ရှိမှုကြောင့် စီမံကိန်းဆိုက်နှင့် ကျေးရွာအတွင်း ကူးသန်း သွားလာမှုကိုလည်း ကန့်သတ်မှုများ ပြုလုပ်ထားသည့် အတွက် အလုပ် လာလုပ်သည့်သူများ အခက်အခဲကြုံနေရပြီး အလုပ်ရှာရခက်သည့် အခြေအနေများလည်း ရှိနေကြောင်း သိရသည်။

RelatedPosts

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
4
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
58
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
48

တရုတ်မြို့သစ် စီမံကိန်းတည်ရှိသည့် မြန်မာ-ထိုင်းနယ်စပ် ရွှေက္ကိုလ်ကျေးရွာအား ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် နယ်ခြားစောင့်တပ်(BGF) က ထိန်းချုပ်ထားပြီး စီမံကိန်း အကျိုးအမြတ် ခွဲဝေမှုတွင်လည်း BGF အနေဖြင့် ပါဝင်နေသည်။

အဆိုပါ စီမံကိန်းသည် ဥပဒေနှင့် ကျော်လွန်ကာ လုပ်ဆောင်မှုများ ရှိခဲ့သည့်အတွက် ရပ်တန့်ထားရန် ညွှန်ကြားခံရသည့်အပြင် ရာဇဝတ် မကင်းသည့် တရုတ် မာဖီးယားဂိုဏ်းများနှင့် ပတ်သက်ဆက်နွယ်မှုများရှိကြောင်း စွပ်စွဲမှုများကြောင့် NLD အစိုးရ လက်ထက်တွင် သမ္မတရုံး အဆင့်အထိ ကိုင်တွယ်ခဲ့ရသည့် အငြင်းပွားဖွယ် စီမံကိန်းဖြစ်ပြီး စစ်တပ်ဘက်က ပါဝင်ပတ်သက် ခဲ့သည့် အရာရှိအချို့လည်း တပ်တွင်း အရေးယူမှု ခံခဲ့ရသည်။

စီမံကိန်းတွင် ပါဝင် ထိန်းချုပ်နေသည့် BGF တပ်ဖွဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်သည့် ဒီမိုကရေစီ အကျိုး ပြု ကရင့်တပ်မတော် (DKBA) တပ်ဖွဲ့မှ အသွင်းပြောင်း ဖွဲ့စည်းထားခြင်းဖြစ်ပြီး စစ်တပ် လက်အောက်ခံအဖြစ် ရပ်တည်နေ ခြင်း ဖြစ်သည်။

You may also like these stories:

လှည်းကူးတွင် လူ ၂၀၀ ကျော် အစုလိုက် ကိုဗစ် ကူးစက်

ရန်ကုန်တိုင်း ကိုဗစ်ကူးစက်မှု ၂ ပတ်အတွင်း ၆၀၀ ကျော်ရှိလာ

Your Thoughts …
Tags: ကိုဗစ်တရုတ်မြို့သစ်စီမံကိန်းမြဝတီရွှေကုက္ကိုလ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

by ဧရာဝတီ
1 May 2024
24.3k

ယခုအခါ ပိုမိုစိတ်ခြောက်ခြားပြီး ညှာတာမှုကင်းမဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ပတ်ဝန်းကျင်မှ ဝန်ကြီးများ၊ ဗိုလ်ချုပ်များကို အယုံအကြည်မရှိတော့။

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.8k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

by စောလွင်
18 April 2024
20k

စစ်ရေးပြင်းထန်နေချိန် မြဝတီမြို့ကို လေကြောင်းမှတဆင့် စစ်ကောင်စီသည် ဝင်ရောက်စီးနင်းမည်ဟု မြဝတီလူထုများအကြား သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေသည်။

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ဗိုလ်မှူးကြီး ညီညီဦး ၄၄ တပ်မမှူးသစ် ဖြစ်လာ

ဗိုလ်မှူးကြီး ညီညီဦး ၄၄ တပ်မမှူးသစ် ဖြစ်လာ

by ဧရာဝတီ
14 May 2024
15.8k

ဗိုလ်မှူးကြီးစိုးမင်းထက်သည် တပ်မ ၄၄ တပ်မမှူးအဖြစ် ၂ လခန့်တာဝန်ယူပြီးနောက် ဧပြီလတွင် မဲဆောက်-မြဝတီအမှတ် ၂ တံတား အနီးတိုက်ပွဲ၌ ဒဏ်ရာရရှိသွားခဲ့သည့်အတွက် ရာထူးမှအနားပေးကာ ဗိုလ်မှူးကြီးညီညီဦးအား တပ်မမှူးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

Next Post
မြို့မေတ္တာခံယူမယ့် သားပေမို့

မြို့မေတ္တာခံယူမယ့် သားပေမို့

သရုပ်ဆောင် ဥက္ကာမင်းမောင်  / Okkar Min Maung's Facebook

အရေးတော်ပုံ မအောင်မချင်း ဆက်လက် တိုက်ပွဲဝင်ဖို့ ဥက္ကာမင်းမောင် ပြော

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved