• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လန်ဒန်ရှိ ဦးကျော်စွာမင်းလည်း ခြိမ်းခြောက်ခံနေရ

by ဧရာဝတီ
17 August 2021
in သတင်း
A A
လန်ဒန်ရှိမြန်မာသံအမတ် ဦးကျော်စွာမင်းက ၎င်း၏လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုများကို ရဲတပ်ဖွဲ့သို့ တရားဝင် တိုင်ကြားလိုက်သည် / BBC

လန်ဒန်ရှိမြန်မာသံအမတ် ဦးကျော်စွာမင်းက ၎င်း၏လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုများကို ရဲတပ်ဖွဲ့သို့ တရားဝင် တိုင်ကြားလိုက်သည် / BBC

31.4k
VIEWS
Share on FacebookShare on Twitter

နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို အကြမ်းဖက် တိုက်ခိုက်ရန် ကြံစည်မှုကို အမေရိကန် တရားဥပဒေစိုးမိုးရေးအရာရှိများက ဖေါ်ထုတ်လိုက်ပြီး ၁၀ ရက်ပင်မကြာမီ လန်ဒန်ရှိမြန်မာသံအမတ် ဦးကျော်စွာမင်းက ၎င်း၏လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုများကို ရဲတပ်ဖွဲ့သို့ တရားဝင် တိုင်ကြားလိုက်သည်။

ဗြိတိန်တွင် ဦးကျော်စွာမင်းကို ခြိမ်းခြောက်သူများတွင် စစ်ကောင်စီကို သစ္စာခံသော မြန်မာသံတမန်များ ပါဝင်ကြောင်း ဗြိတိန်လူ့အခွင့်အရေးဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် Myanmar Accountability Project (MAP) မှ ခရစ်စတိုဖါ ဂန်းနက်စ်၏ အဆိုအရ သိရသည်။

RelatedPosts

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

14 June 2025
764
ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)

ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)

14 June 2025
101
ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

14 June 2025
1.7k

“သြဂုတ်လ ၁၄ ရက်နေ့မှစတင်ပြီး ထိုစွပ်စွဲခံရသော သံတမန်များသည် လန်ဒန်မြောက်ပိုင်းရှိ သံအမတ်နေအိမ် ပြင်ပတွင် အကြိမ်ကြိမ် ရစ်သီရစ်သီလုပ်ပြီး ခြိမ်းခြောက်ကြသည်”ဟု ဂန်းနက်စ်က ဖေါ်ပြသည်။

သံအမတ်ဦးကျော်စွာမင်းက ထိုကိစ္စကို လန်ဒန်မြို့တော် ရဲတပ်ဖွဲ့နှင့် နိုင်ငံခြားရေး၊ ဓနသဟာရရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရုံးများသို့တိုင်ကြားပြီး စုံစမ်းစစ်ဆေးရန်နှင့် သံတမန်ကျင့်ဝတ်ချိုးဖေါက်သော ထိုလုပ်ရပ်များကို အဆုံးသတ်ပေးရန် တောင်းဆိုသည်။

လန်ဒန်တွင်သာမက နယူးယောက်တွင်ပါ မြန်မာစစ်ကောင်စီနှင့် နီးစပ်သူများသည် အဓိက သံသယရှိသူများဖြစ်ပြီး ၎င်းတို့၏ရည်ရွယ်ချက်မှာ ရှင်းလင်းလှသည်။ ၎င်းတို့ နှစ်ဦးလုံးသည် ရာထူးမှ နုတ်ထွက်ရန် ငြင်းဆန်ပြီး ဖေဖေါ်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းသော ဗိုလ်ချုပ်များကို ကိုယ်စားမပြုကြောင်းကြေညာထားသူများ ဖြစ်သည်။

နယူးယောက်မှ လုပ်ကြံသတ်ဖြတ်မှုကို ကြံစည်သူများဖြစ်သော ဖြိုးဟိန်းထွဋ်နှင့် ရဲဟိန်းဇော်တို့ကို ထိုင်မှ လက်နက်ပွဲစားတဦးက ငှားရမ်းသည်ဟု ဆိုသည်။ ထိုလက်နက်ပွဲစားသည် မြန်မာနိုင်ငံသားဖြစ်ပြီး မြန်မာနိုင်ငံမှ သြဇာကြီးမားသူများနှင့် အဆက်အသွယ်ရှိသည်ဟု ယုံကြည်ရသည်။ ထိုကိစ္စတွင် ပါဝင်သည်ဟု စွပ်စွဲခံရသော ထိုင်းကုမ္ပဏီကလည်း ၎င်းတို့နှင့်ပတ်သက်ခြင်းမရှိကြောင်းငြင်းဆိုထားသည်။

နယူးယောက်မှု ကြံစည်မှုတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း မြန်မာစစ်ကောင်စီက ကြေညာထားပြီး လန်ဒန်မှ ခြိမ်းခြောက်မှုများနှင့်ပတ်သက်ပြီး တစုံတရာပြောကြားခြင်း မပြုသေးပေ။

မြန်မာစစ်ကောင်စီသည် စစ်ကောင်စီကို ဆန့်ကျင်သည့် ထိုသံအမတ်နှစ်ဦး၏နေရာတွင် အစားထိုးခန့်အပ်မှုများ ပြုလုပ်ခဲ့သော်လည်း ထိုခန့်အပ်မှုများကို နယူးယောက်နှင့် လန်ဒန်မှ အာဏာပိုင်များက အတည်ပြုခြင်း မရှိပေ။

စစ်တပ်နောက်ခံများ

ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် စစ်ကောင်စီကသတ်မှတ်ထားသူ ဦးအောင်သူရိန်သည် အသက် ၁၈ နှစ်အရွယ်မှ ယခုရာထူးအတွက် ရွေးချယ်ခံရချိန်အထိ စစ်တပ်တွင် လုပ်ကိုင်ခဲ့သူဖြစ်သည်။

စစ်ကောင်စီက ကုလသမဂ္ဂသို့ မေလ ၁၂ ရက်နေ့တွင် တင်သွင်းသည့် တရားဝင် ကိုယ်ရေးအချက်အလက်များအရ ဦးအောင်သူရိန်သည် တရုတ်နိုင်ငံမှ အမည်ဖေါ်ပြမထားသော နေရာတခုတွင် သင်တန်းတက်ရောက်ခဲ့ပြီး ဘေ့ဂျင်းသို့ သွားရောက်သည့် ကိုယ်စားလှယ်အဖွဲ့ ၃ ဖွဲ့တွင် ပါဝင်ဖူးသည်။

ဦးကျော်စွာမင်းနေရတွင် စစ်ကောင်စီက အစားထိုးလိုသူဖြစ်သော ဦးထွန်းအောင်ကျော်သည် မြန်မာလေတပ်တွင် တိုက်လေယာဉ်မှူးအဖြစ် ၁၇ နှစ်လုပ်ကိုင်ခဲ့သူဖြစ်သည်။ ထွန်းအောင်ကျော်သည်လည်း မေမြိုစစ်တက္ကသိုလ်ဆင်းဖြစ်ပြီး အီဂျစ်၊ သီရိလင်္ကာနှင့် တရုတ်နိုင်ငံကူမင်းရှိ မြန်မာကောင်စစ်ဝန်ရုံးများတွင် တာဝန်ထမ်းဆောင်ဖူးသည်။

ယခုအခါ အမေရိကန်ပြည်ထောင်စုဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရိုနှင့် နယူးယေက် ရဲတပ်ဖွဲ့က ဦးကျော်မိုးထွန်းကို အကာအကွယ်ပေးထားသည်။ ဦးကျော်စွာမင်း၏ တိုင်ကြားချက်နှင့်ပတ်သက်ပြီး ဗြိတိန်အာဏာပိုင်များက မည်သို့တုံ့ပြန်မည်ကို မသိရသေးသော်လည်း နယူးယောက်ဖြစ်ရပ်ကြောင့် အလေးအနက် ကိုင်တွယ်မည်ဖြစ်ပြီး အပြည့်အ၀ စုံစမ်းစစ်ဆေးမှု ရှိနိုင်သည်။

စစ်တပ်က ပါဝင်ပတ်သက်သည်ဟု ယုံကြည်ရသည့် လုပ်ကြံသတ်ဖြတ်မှုများ ရှိဖူးသည်။

၁၉၉၃ ခုနှစ်က ထိုစဉ်အဝေးရောက်အစိုးရဖြစ်သော ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ၏ ကိုယ်စားလှယ်များဖြစ်သော ဦးဝင်းကိုနှင့် ဦးလှဖေတို့သည် ပြည်ပနိုင်ငံများတွင် သတ်ဖြတ်ခံရသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်အရွေးခံရပြီးနောက် ရွေးကောက်ပွဲရလဒ်ကို စစ်အုပ်စုက ဖျက်သိမ်းလိုက်သောကြောင့် ထွက်ပြေးရသူ ဦးဝင်းကိုသည် ကူမင်းရှိ ဟိုတယ်တခုတွင် တည်းခိုနေစဉ် သတ်ဖြတ်ခံရသည်။ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သော ဦးလှဖေသည် ဘန်ကောက်တွင် လုပ်ကြံသတ်ဖြတ်ခံရသည်။

၁၉၉၀ ခုနှစ်များက ဘန်ကောက်တွင် စစ်သံမှူးတာဝန်ယူသော လေတပ်အရာရှိနှင့် ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးကြီးသိန်းဆွေသည် ထိုင်းလူဆိုးဂိုဏ်များနှင့် ပူးပေါင်းပြီး ထိုင်းရှိ အဝေးရောက်မြန်မာ တက်ကြွလှုပ်ရှားသူများနှင့် အတိုက်အခံခေါင်းဆောင်များကို နှောက်ယှက်ရန် လုပ်ခဲ့သည်။

ထိုစဉ်က မြန်မာထောက်လှမ်းရေးအကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ခင်ညွန့်က နောင်တွင် သူ့ကို ဗိုလ်မှူးချုပ် ရာထူးသို့ တိုးပေးခဲ့သည်။

ကိုးကား။ ။ Asia Times

You may also like these stories:

မြန်မာသံအမတ်ကို လုပ်ကြံရန် ကြိုးစားမှုတွင် ပါဝင်မရှိကြောင်း ထိုင်းလက်နက်ကုမ္ပဏီ ငြင်း

ဦးကျော်မိုးထွန်းကို သတ်ဖြတ်ရန် ကြိုးစားမှုနောက်ကွယ်

မြန်မာဘက်မှ ကျည်ကျသောကြောင့် တရုတ်ကန့်ကွက်

ဘရူနိုင်းနှင့် စစ်ကောင်စီ စီးပွားရေးပတ်သက်နေသောကြောင့် ASEAN အထူးသံတမန်ကို မေးခွန်းထုတ်နေ

တွေ့ဆုံဆွေးနွေးရေး ကုလအထူးသံ၏ တောင်းဆိုမှု စစ်ကောင်စီ မသိကျိုးကျွန်ပြုနေဆဲ

Your Thoughts …
Tags: ခြိမ်းခြောက်ခံနေရစစ်ကောင်စီ သစ္စာခံလန်ဒန်ရှိမြန်မာသံအမတ်သံတမန်ကျင့်ဝတ်ဦးကျော်စွာမင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ပိုင်နက်ကျူးကျော်မှုဖြင့် မြန်မာသံတမန်ဟောင်းကို ဗြိတိန်ရဲ စစ်ဆေးမေးမြန်း

ပိုင်နက်ကျူးကျော်မှုဖြင့် မြန်မာသံတမန်ဟောင်းကို ဗြိတိန်ရဲ စစ်ဆေးမေးမြန်း

by ဧရာဝတီ
23 August 2023
2.8k

အာဏာသိမ်းခြင်းအား ဆန့်ကျင်ကန့်ကွက်ပြီး ဦးကျော်စွာမင်းသည် သံအမတ်နေအိမ်တွင် ဆက်နေထိုင်သည်

ယခုအခါ ဦးကျော်မိုးထွန်းသည် ပြန့်ကျဲနေသော CDM သံတမန်များ ပူးပေါင်းဆောင်ရွက်နေသော ကွန်ရက်တခုကို ဦးဆောင်နေသည် / CNN 

မရေရာမှုများကြားက CDM မြန်မာသံတမန်တွေ

by ဧရာဝတီ
9 July 2021
22.2k

CDM သံတမန်များ ကွန်ရက်သည် မြန်မာနိုင်ငံတွင် ဆက်လက်ပေါ်ပေါက်နေသည့် စစ်အာဏာသိမ်း ဆန့်ကျင်ခုခံရေး လှုပ်ရှားမှုနှင့် လူ့အခွင့်အရေး ချိုးဖေါက်မှုများကို ပြည်ပအစိုးရများ သိရှိအောင် လုပ်ကိုင်နေသည်။

Next Post
(အပေါ်တန်း-ဝဲမှယာ) ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ကြီးကျော်စွာမြင့်။ (အောက်တန်း-ဝဲမှယာ) ဦးကျော်မိုးထွန်း၊ ဦးကိုနီ၊ ဖဒိုမန်းရှာလာဖန်း။ 

မြန်မာ့နိုင်ငံရေး လုပ်ကြံသတ်ဖြတ်မှု သမိုင်းကို တစေ့တစောင်းလေ့လာခြင်း

စာပေ၊ ဂီတ အနုပညာရှင်များ

ကြွေလွင့်သွားတဲ့ အနုပညာငွေကြယ်ပွင့်များ

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
4.8k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate