မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲခံထားရသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဗဟိုကော်မတီဝင်တဦးဖြစ်သူ ရဲဘော်မင်းဌေးကို ယနေ့မနက်ပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တရားရုံးတွင် ပထမဆုံး ရုံးထုတ်စစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။
ရဲဘော်မင်းဌေးကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့က ဗန်မော်-လွယ်ဂျယ်ကားလမ်းပေါ်ရှိ စိန်လုံ ဂိတ်တွင် တပ်မတော်ကဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) ဆက်သွယ်သည်ဟုဆိုကာ ဗန်မော်မြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) ၂၁ က တရား လိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
အမှုနှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးရန် ဇန်နဝါရီ ၂၃ ရက်ကို ရုံးချိန်းထပ်မံချိန်းဆိုထားပြီး တရား လို ဘက်ကို စစ်ဆေးမည်ဖြစ်ကြောင်းနှင့် လတ်တလောတွင် ရဲဘော်မင်းဌေးကို ဗန်မော်အကျဉ်း ထောင်တွင် ထိန်းသိမ်းထားကြောင်း ABSDF ဗဟိုဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင်က ပြောသည်။