ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အင်းဒင်ကျေးရွာ(ရွာကြီး) တွင် နေထိုင်သည့် အသက် ၄၄ နှစ် အရွယ်ရှိ မော်လဝီမာမတ်တော်ယာလ် သည် ကျေးရွာအတွင်းရှိ လူငယ်များအား အကြမ်းဖက် အဖွဲ့ အတွက် လူသစ်စုဆောင်းပေးခြင်း၊ ငွေကြေးများထောက်ပံ့ပေးခြင်း၊ တဖက်နှင့် တဖက် ယုံကြည်မှုပျက်ပြားအောင် စည်းရုံး လှုံ့ဆော်ခြင်း၊ ဗလီများအား ခွင့်ပြုချက်မရှိဘဲ ပြုပြင်ရန် တိုက်တွန်းလှုံ့ဆော်ခြင်း၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့အား မထီမဲ့မြင်ပြုခြင်းများကို ဆောင်ရွက်နေသည်ဟုဆိုကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန်လ ၂၆ ရက် ညနေ ၅ နာရီတွင် မော်လဝီမာမတ်တော်ယာလ် ၎င်း၏ နေအိမ်တွင် ဖမ်းဆီးလိုက်ကြောင်း နိုင်ငံတော ်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ကြေညာသည်။
အကြမ်းဖက်အဖွဲ့အတွက် လူသစ်စုဆောင်းမှုများ ပြုလုပ်နေသည်ဟုဆိုသူ မော်လဝီမာမတ်တော်ယာလ် အား အင်းဒင်နယ်မြေစခန်း၌ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေ ၅ (၁)၊ (စ)၊ (ဆ)ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သိရသည်။