တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စင်ကာပူနိုင်ငံ တွင် ကျင်းပမည့် ၁၅ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ် များအလွတ်သဘော အစည်း အဝေး (15th ACDFIM) တက်ရောက်ရန်အတွက် ယနေ့နံနက်ပိုင်းမှ နေပြည်တော်လေဆိပ်မှ ထွက်ခွာသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှနှင့်ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော်အရာရှိကြီးများ အဖွဲ့ဝင်အဖြစ်လိုက်ပါသွားသည်။
ခရီးစဉ်အတွင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်များ အလွတ်သဘော အစည်းအဝေး (15th ACDFIM) တက်ရောက်ခြင်းနှင့် အစည်းအဝေး ကာလအတွင်း အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ နှင့် နှစ်နိုင်ငံ သီးခြားစီတွေ့ဆုံ ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလအတွင်းကလည်း ထိုင်းဘုရင်မင်း မြတ်ကပေးအပ်ချီးမြှင့်သည့် “The Knight Grand Cross(First Class) of the Most Exalted Order of the White Elephant” အပ်နှင်းခြင်း အခမ်းအနားနှင့် ချစ်ကြည်ရေးခရီး ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သေးသည်။
ဆက်စပ်ဖတ်ရှု့ရန် – ထိုင်း- မြန်မာ စစ်ဘက်ဆက်ဆံရေး ပိုမိုရင်းနှီးလာနေ