မလေးရှားနိုင်ငံမှ 1MDB ရန်ပုံငွေ အရှုပ်တော်ပုံနှင့် ပတ်သက်၍ ဝန်ကြီးချုပ်ဟောင်း နာဂျစ်၏ ဇနီး ရိုစမတ် မန်ဆာကို ယနေ့ ဖမ်းဆီးလိုက်ကြောင်း Free Malaysia Today သတင်းကဆိုသည်။
ရိုစမတ်မန်ဆာကို မလေးရှား အဂတိတိုက်ဖျက်မှု ကော်မရှင်ရုံးချုပ်တွင် စစ်ဆေးမေးမြန်ပြီးနောက် ယနေ့နေ့လည် ၃နာရီ ၂၀မိနစ်က ဖမ်းဆီးလိုက်ခြင်းဖြစ် ကြောင်း သိရသည်။
၎င်းကို မနက်ဖြန်တွင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ တရားမဝင်အဖွဲ့ အစည်းများ လှုပ်ရှားသူများကို ငွေကြေးထောက်ပံခြင်း ဆွေးနွေးခြင်းတို့ဖြင့် စွဲချက်တင် သွားမည်ဖြစ်ကြောင်းသိရသည်။
ရိုစမတ် မန်ဆာ၏ ခင်ပွန်း ဝန်ကြီးချုပ်ဟောင်း နာဂျစ်သည်လည်း 1MDB ရန်ပုံငွေ မှ ၎င်း၏ ကိုယ်ပိုင်ငွေစာရင်းသို့ ဝင် ရောက်သွားသည့် ဒေါ်လာ ၆၈၁သန်း နှင့် ပတ်သက်၍ စွဲချက် ၃၂ ခုဖြင့် ရင်ဆိုင်နေရသည်။
ဆက်စပ်ဖတ်ရှု့ရန် – စွဲချက် ၂၅ခုဖြင့် နာဂျစ် ရင်ဆိုင်နေရ