တရုတ် ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ခရီးစဉ် ဒုတိယမြောက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော် သမ္မတအိမ်တော်တွင် သွားရောက် တွေ့ ဆုံမှုအပြီး ၂ နိုင်ငံကြား နား လည်မှု စာချွန်လွှာ ၃၃ ခုကို သဘောတူ လက်မှတ်ရေးထိုးလိုက်ကြောင်း သတင်းရရှိသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်း စီမံကိန်းဆိုင်ရာ သဘောတူစာချုပ်နှင့် အစုရှယ်ယာများနှင့် သက် ဆိုင်သော သဘောတူစာချုပ် အပါအဝင် မူဆယ်-မန္တလေး ရထားလမ်း ဖြစ်နိုင်ခြေ လေ့လာမှု အစီရင်ခံစာ လွှဲပြောင်း ပေးအပ်ခြင်း စာလွှာ၊ ရန်ကုန်မြို့တော် မြို့ ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတို့လည်း ပါဝင်ကြောင်း တွေ့ ရသည်။
ထို့ပြင် ရွှေလီ-မူဆယ် နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် မူဘောင် သဘောတူစာချုပ် လုပ်ငန်းစဉ်များ၊ လျင်မြန် တိုးတက်စေရေး နားလည်မှု စာချွန်လွှာ၊ မန္တလေးတိုင်း ဒေသကြီးနှင့် ယူနန်ပြည်နယ်အကြား မြန်မာ့ စီးပွားရေး စင်္ကြန် ပူးတွဲတည်ထောင်ရေး မူဘောင်အောက်မှ ဒေသန္တရအဆင့် ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာတို့လည်း ပါဝင်သည်။
မြန်မာနိုင်ငံမှ ဆန်ကို တရုတ်နိုင်ငံသို့ တင်ပို့ရန် စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေး သဘောတူစာချုပ်၊ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ကျွဲနွားများအတွက် ထိန်းသိမ်းစောင့်ကြည့်ရေးနှင့် ကျန်းမာရေး လိုအပ်ချက်ဆိုင်ရာ သ ဘောတူစာချုပ်၊ အတိုးမဲ့ ချေးငွေဖြင့် လူစီးရထားတွဲများ ဝယ်ယူရေး သဘောတူစာချုပ်နှင့် မီးလင်းချိုင် သဘာဝ ဓါတ်ငွေ့ မှ လျှပ်စစ်ဓါတ်အား ထုတ်မှုဆိုင်ရာ စာလွှာတို့ ပါဝင်သည်။
ကျန်သဘောတူညီချက်များမှာ ပြန်ကြားရေး၊ လုံခြုံရေး၊ ၂ နိုင်ငံ ချစ်ကြည်ရေး၊ ဆောက်လုပ်ရေး၊ ဒုက္ခသည်များ နေရပ်စွန့်ခွာမှု ပြန်လည် နေရာချထားရေး၊ စိုက်ပျိုးရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာများလည်း ပါဝင်ကြောင်း သိရသည်။
အများပြည်သူ စိတ်ဝင်စားနေသည့် ကချင်ဒေသမှ ဧရာဝတီ မြစ်ဆုံစီမံကိန်းနှင့် သက်ဆိုင်သော အကြောင်းအရာမျိုးကို သဘောတူ လက်မှတ်ရေးထိုးခြင်းမျိုး မပါဝင်ပေ။
ယနေ့ နေ့လယ်ပိုင်းတွင် တရုတ်သမ္မတသည် ၎င်းတည်းခိုနေထိုင်သည့် Horizon Lake View ဟိုတယ်တွင် တပ် မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ ဆုံဦးမည် ဖြစ်သည်။
You may also like these stories:
တရုတ်သမ္မတ နေပြည်တော်ကို လာတဲ့အခါ
တရုတ်စီမံကိန်းများ အခိုင်အမာ စတင်အကောင်အထည်ဖော်ရန် ရှီကျင့်ဖျင် တောင်းဆို