စစ်တပ်လက်ဝေခံ မဟုတ်သော ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ထိုင်းဒီမိုကရက်တစ်အစိုးရသစ် ဖွဲ့စည်းနိုင်ခြေသည် နေပြည်တော်မှ စစ်ကောင်စီကို တိုက်ပွဲဝင်နေသည့် မြန်မာခုခံတော်လှန်ရေး အင်အားစုများကို ပိုမိုစာနာသော မူဝါဒသစ်အတွက် မျှော်လင့်ချက်မြင့်မားစေသည်။
မဲအများဆုံး အနိုင်ရသော Move Forward ပါတီ (MFP) ခေါင်းဆောင် မစ္စတာ ပီတ လင်ဂျာရွန်ရက်က မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲအပြီး နှစ်ရက်မျှကြာသောအခါ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ “ဘုံသဘောတူညီချက် ၅ ချက်” အကောင်အထည်ဖော်ရေးကို ပထမဦးစားပေး လုပ်ဆောင်သင့်ပြီး ထိုင်းနှင့်မြန်မာအကြား “လူသားချင်းစာနာမှုစင်္ကြံ” ထူထောင်ရမည်ဖြစ်ကြောင်း ပြောသည်။
ထို့ပြင် သူက ထိုင်းနိုင်ငံသည် နိုင်ငံတကာအသိုက်အဝန်းနှင့် အတူတကွ လုပ်ဆောင်သင့်ပြီး ၂၀၂၁ ခုနှစ်က မြန်မာတွင် အာဏာသိမ်းပြီးနောက် အမေရိကန် ကွန်ဂရက်က အတည်ပြုသည့် မြန်မာသို့ လူသားချင်းစာနာမှုနှင့် လူမှုအခြေပြုအဖွဲ့အစည်း အကူအညီသာမက လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အားပေးသော ဘားမားအက်ကို ရည်ညွှန်းပြောဆိုသည်။ လုံလောက်သော ဖိအားနှင့် စေ့ဆော်မှုပေးရမည်ဟု မစ္စတာ ပီတက ပြောသည်။
မြန်မာတွင် အကြမ်းဖက်မှု ချက်ချင်းရပ်ဆိုင်းရေးနှင့် အားလုံးပါဝင်သည့် အပြုသဘောဆောင်သော ဆွေးနွေးပွဲများ ကျင်းပရေးတို့ကို တောင်းဆိုသည့် ၂၀၂၁ ခုနှစ်၊ ဧပြီလက ဂျကာတာ အစည်းအဝေးတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင် နိုင်ငံများအားလုံးက သဘောတူခဲ့သော ဘုံသဘောတူညီချက် ၅ ချက်သည် စိတ်ကူးယဉ်မှု သက်သက်ဖြစ်ကြောင်း ပြသနေသည်။
နေပြည်တော်မှ စစ်ကောင်စီသည် ထိုဘုံသဘောတူညီချက်ကို လျစ်လျူရှုပြီး အာဆီယံအနေဖြင့်လည်း ၎င်း၏ အမျိုးမျိုးသော သဘောတူညီချက်များနှင့် အကြံပြုချက်များကို အကောင်အထည်ဖော်စေရန် ယန္တရားလည်း မရှိပေ။ အစဉ်အလာ ထိုင်းသံတမန်ရေးရာသည်လည်း အလုပ်မဖြစ်ကြောင်း ပြသနေသည်။ သို့သော် “လူသားချင်းစာနာမှုစင်္ကြံ” ကိစ္စသည် မြေပြင်တွင် လုပ်ဆောင်ရမည့်ကိစ္စများ ပါဝင်သောကြောင့် အပြောင်းအလဲ ဖြစ်စေနိုင်သည်။
သို့သော် ပြင်ပလေ့လာသူအများအပြား မမြင်သည့် အလွန်ပြဿနာများသော ကိစ္စတခုရှိသည်။ အိမ်နီးချင်း မြန်မာနှင့်ပတ်သက်သော ကိစ္စများအပါအဝင် အမျိုးသားလုံခြုံရေးနှင့်ဆိုင်သော ကိစ္စများတွင် ထိုင်းစစ်တပ်သည် အမြဲတမ်း ဦးဆောင်ပြီး ဘန်ကောက်မှ နိုင်ငံခြားရေးဝန်ကြီးဌာနသည် အရေးပါသော နယ်စပ်ဒေသများတွင် ဘာတွေဖြစ်ခဲ့သည်၊ ဘာတွေဖြစ်နေသည်ကို အပြည့်အဝ သတိမထားမိပေ။
အိမ်နီးချင်း မြန်မာနှင့်ပတ်သက်သော ကိစ္စများအပါအဝင် အမျိုးသားလုံခြုံရေးနှင့်ဆိုင်သော ကိစ္စများတွင် ထိုင်းစစ်တပ်သည် အမြဲတမ်း ဦးဆောင်ပြီး ဘန်ကောက်မှ နိုင်ငံခြားရေးဝန်ကြီးဌာနသည် အရေးပါသော နယ်စပ်ဒေသများတွင် ဘာတွေဖြစ်ခဲ့သည်၊ ဘာတွေဖြစ်နေသည်ကို အပြည့်အဝ သတိမထားမိပေ။
အစောပိုင်း ဥပမာတခုမှာ တရုတ်အမျိုးသားရေးဝါဒီ ကူမင်တန်များ၏ ကံကြမ္မာဖြစ်သည်။ ကူမင်တန်တို့သည် တရုတ်ပြည်တွင်းစစ်တွင် ရှုံးနိမ့်ပြီးနောက် ကနဦးတွင် မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းသို့ ဆုတ်ခွာပြီး နောင်တွင် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် အခြေချသည်။
၎င်းတို့သည် နယ်စပ်ဒေသများတွင် စခန်းများ ထူထောင်ပြီး ထိုစခန်းများမှ တရုတ်နိုင်ငံကို တိုက်ခိုက်ကြသည်။ ထုတ်ပြန်ကြေညာထားသည့် ရေရှည်ရည်မှန်းချက်မှာ မော်စီတုန်းလက်မှ တရုတ်နိုင်ငံကို ပြန်လည်သိမ်းပိုက်ရန် ဖြစ်သော်လည်း ၎င်းတို့သည် ရွှေတြိဂံမှ ဘိန်းကုန်ကူးခြင်းကို အာရုံစိုက်လာသည်။
ထိုင်းအာဏာပိုင်များက ထိုကိစ္စကို မသိကျိုးကျွံပြုပြီး ကူမင်တန်တပ်များသည် မြန်မာနှင့် ထိုင်းကြား ကြားခံဇုန်ပင် ဖြစ်နေသောကြောင့် အမြတ်ပင်ထုတ်ကာ နယ်စပ်တလျှောက်မှ ထောက်လှမ်းရေးသတင်းများ စုဆောင်းသည်။ ၎င်းတို့သည် ထိုင်းစီးပွားရေးတွင် ပြန်လည်ရင်းနှီးမြှုပ်နှံမည့် ငွေအများအပြားကိုလည်း ယူဆောင်လာကြသည်။
၁၉၆၀ ပြည့်နှစ်များ နှောင်းပိုင်းတွင် ကူမင်တန်တပ်များကို အမြဲတမ်းမဟုတ်သော တရုတ်တပ်များ (CIF) အဖြစ် အသွင်ပြောင်းကာ 04 ဟု အမည်ပေးထားသည့် အထူးတပ်အဖြစ် ဖွဲ့စည်းပြီး ဘန်ကောက်မှ စစ်ဌာနချုပ် ကွပ်ကဲမှုအောက်တွင် ထားသည်။
ထိုအားထုတ်မှုနှင့် ပတ်သက်သောကိစ္စတခုမှာ လွတ်လပ်သော တရုတ်ကယ်ဆယ်ရေးဌာန (FCRS) ဖြစ်ပြီး ထိုဌာနသည် CIF အခြေစိုက်သော ဒေသများမှ ကျောင်းများတွင် ထိုင်ဝမ်မှ တရုတ်ဘာသာ ဖတ်စာအုပ်များနှင့် အခြားသင်ကြားရေး အထောက်အကူများ ဖြန့်ချိသည်။
ထိုကိစ္စသည် တရားဝင်မူဝါဒ မဟုတ်သော်လည်း ထိုလျှို့ဝှက်အစီအစဉ်သည် ၁၉၇၅ ခုနှစ်၊ ဇူလိုင်လတွင် ထိုင်းနိုင်ငံက တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်) ကို အသိအမှတ်ပြုခြင်း ပြန်လည်ပယ်ဖျက်ပြီး တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်သည့်အချိန်အထိ ဆက်လက်ရှိနေသည်။
ထိုင်းစစ်တပ်က ထိုင်းကွန်မြူနစ်ပါတီ (CPT) သူပုန်များကို တိုက်ခိုက်ရန် CIF တပ်များကို ခေါ်ယူအသုံးပြုသောအခါတွင်လည်း ဘန်ကောက်မှ ထိုင်းအစိုးရသည် ပြောရေးဆိုခွင့် မရှိသလောက်ပင် ဖြစ်သည်။ CIF ၏ တက်ကြွသော ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ ထိုင်းစစ်တပ်သည် ၁၉၈၁ ခုနှစ်တွင် ခေါင်ခိုခေါင်ယမှ ထိုင်းကွန်မြူနစ် ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့မည် မဟုတ်ပေ။
ထိုင်းစစ်တပ်က ထိုင်းကွန်မြူနစ်ပါတီ (CPT) သူပုန်များကို တိုက်ခိုက်ရန် CIF တပ်များကို ခေါ်ယူအသုံးပြုသောအခါတွင်လည်း ဘန်ကောက်မှ ထိုင်းအစိုးရသည် ပြောရေးဆိုခွင့် မရှိသလောက်ပင် ဖြစ်သည်။
ထိုင်းနိုင်ငံသည် အာဆီယံအဖွဲ့ဝင် မလေးရှားနှင့် နွေးထွေးသော သံတမန်ဆက်ဆံရေး အမြဲတမ်း ရှိသော်လည်း မလေးရှားတွင်ပင် တရားဝင်နိုင်ငံခြားရေးမူဝါဒနှင့် စစ်ဘက်လုံခြုံရေးဌာနများက ကျင့်သုံးသည့် မူဝါဒများအကြားတွင် ကွဲပြားခြားနားမှုများ တွေ့နိုင်သည်။ ထိုင်းစစ်တပ်သည် တရားမဝင်ကြောင်း ကြေညာထားသည့် မလေးရှားကွန်မြူနစ်ပါတီ (CPM) ကို ထိုင်းနိုင်ငံတောင်ပိုင်းအစွန်မှ သစ်တောများအတွင်း စခန်းများ တည်ဆောက်ခွင့်ပေးပြီး မလေးရှားမြောက်ပိုင်း နယ်စပ်တလျှောက်တွင် စခန်းချသည့် ပတ္တာနီ မွတ်ဆလင် ခွဲထွက်ရေးသမား၏ သတင်းများ စုဆောင်းစေသည်။
ထူးခြားသောအချက်မှာ မလေးရှားကွန်မြူနစ်ပါတီ ၁၉၈၉ ခုနှစ်တွင် လက်နက်ချသောအခါ ထိုင်းနိုင်ငံတွင် လက်နက်ချပြီး မလေးရှားကွန်မြူနစ်ပါတီ၏ အစဉ်အလာကြီးမားသော ဥက္ကဋ္ဌ ချင်ပန်း အပါအဝင် မလေးရှားကွန်မြူနစ်ခေါင်းဆောင်များသည် ငြိမ်းချမ်းရေး စာချုပ်များကို ထိုင်းနိုင်ငံတောင်ပိုင်း၊ ဟတ်ယိုင်တွင် ထိုင်းနှင့် မလေးရှားအစိုးရများနှင့် သီးခြားစီ လက်မှတ်ရေးထိုးခြင်းဖြစ်သည်။
သို့သော် ချင်ပန်းကို မလေးရှားသို့ မည်သည့်အခါကမှ ပြန်လာခွင့်မပေးခဲ့ပေ။ သူသည် ထိုင်းနိုင်ငံတွင်သာ အဝေးရောက်ဘဝဖြင့် ရှိနေပြီး ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ အသက် ၈၈ နှစ်အရွယ်တွင် ဘန်ကောက်၌ ကွယ်လွန်သည်။ သူ့ကို ဘန်ကောက်တွင် ဗုဒ္ဓဘာသာ အစဉ်အလာဖြင့် သင်္ဂြိုဟ်သည်။
မကြာသေးမီနှစ်များအတွင်း ဖမောင်အထူးတပ်ဖွဲ့သည် မြန်မာ၊ လာအိုတို့နှင့် ထိုင်းနိုင်ငံမြောက်ပိုင်းနယ်စပ်ကို တာဝန်ယူပြီး နာရေဆွန်အထူးတပ်ဖွဲ့က မြန်မာနှင့် ထိုင်းတောင်ပိုင်းနယ်စပ်ကို တာဝန်ယူသည်။ ထိုအထူးတပ်ဖွဲ့ နှစ်ခုလုံးသည် ထိုင်းစစ်တပ်၏ အမှတ် ၃ စစ်ဒေသကွပ်ကွဲမှုအောက်တွင်ရှိပြီး ထိုင်းအစိုး၏ ကြီးကြပ်ကွပ်ကဲ တာဝန်ခံမှုအောက်မှ မှတ်သားစရာ ကောင်းလောက်အောင် ကင်းလွတ်နေသည်။
ထိုနယ်စပ်ဒေသများတွင် အခြားအကျိုးစီးပွားများနှင့် ပါဝင်ပတ်သက်သူများလည်း ရှိနေသည်။ ထိုင်းဘက်မှ ဒေသခံ စီးပွားရေးအသိုက်အဝန်း၊ တရားဥပဒေ စိုးမိုးရေးဌာနများနှင့် ခိုင်မာသော သဘောတူညီချက်မရှိဘဲ ထိုင်းနိုင်ငံ နယ်စပ်မြို့ မဲဆောက်နှင့် မျက်နှာချင်းဆိုင်တွင် မကြာသေးမီနှစ်များက ပေါ်ပေါက်လာသော ကာစီနိုဒေသများ တည်ဆောက်ရန် မဖြစ်နိုင်ပေ။ ဆောက်လုပ်ရေးပစ္စည်းများ၊ စက်ယန္တရားများနှင့် ကိရိယာများကို မြန်မာစစ်တပ်နှင့် မဟာမိတ်ဖြစ်သော ဒေသခံလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် ဒေသများသို့ သောင်ရင်းမြစ်ကို ဖြတ်ကျော်သယ်ဆောင်ကြသည်။
ထိုင်းဘက်မှ ဒေသခံ စီးပွားရေးအသိုက်အဝန်း၊ တရားဥပဒေ စိုးမိုးရေးဌာနများနှင့် ခိုင်မာသော သဘောတူညီချက်မရှိဘဲ ထိုင်းနိုင်ငံ နယ်စပ်မြို့ မဲဆောက်နှင့် မျက်နှာချင်းဆိုင်တွင် မကြာသေးမီနှစ်များက ပေါ်ပေါက်လာသော ကာစီနိုဒေသများ တည်ဆောက်ရန် မဖြစ်နိုင်ပေ။
မစ္စတာ ပီတသည် ဒီမိုကရေစီတန်ဖိုးများအတွက် ရပ်တည်သည်ကို သံသယဖြစ်စရာ မလိုသလောက်ပင် ဖြစ်သော်လည်း ထိုအချက်သည်ပင် သူကျဆုံးရမည့် အကြောင်းရင်း ဖြစ်နိုင်သည်။ ထိုင်းဗိုလ်ချုပ်များသည် ရွေးကောက်ပွဲ သို့မဟုတ် အခြား ဖြစ်ပေါ်တိုးတက်မှုများသည် ၎င်းတို့စိတ်တိုင်းကျ မဟုတ်လျှင် ဝင်ရောက် စွက်ဖက်ရန် ဝန်မလေးကြောင်း အကြိမ်ကြိမ်ပြသခဲ့ပြီး ဖြစ်သည်။
၁၉၃၂ ခုနှစ်တွင် အကြွင်းမဲ့ဘုရင်စနစ်ကို ဖျက်သိမ်းပြီးနောက် ထိုင်းစစ်တပ်သည် အနည်းဆုံး အကြိမ် တဒါဇင်ခန့် အာဏာသိမ်းခဲ့ပြီး နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀ ကျော်အထိ ပြဋ္ဌာန်းခဲ့သည်။ နောက်ဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး စစ်တပ်ကို လွှတ်တော်နှင့်ပတ်သက်သည့် မကြုံစဖူး ထူးကဲသည့်အာဏာ ပေးအပ်ခဲ့သည်။ အောက်လွှတ်တော်ကိုယ်စားလှယ် ၅၀၀ ကို ရွေးကောက်ပွဲမှ ရွေးချယ်သော်လည်း အထက်လွှတ်တော်ကိုယ်စားလှယ် ၂၅၀ ကို စစ်တပ်က တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ခန့်အပ်သည်။
တနည်းအားဖြင့်ဆိုပါက ထိုအခြေအနေသည် မြန်မာကို ၂၀၂၁ ခုနှစ် အာဏာမသိမ်းမီက အုပ်ချုပ်သည့်ပုံစံနှင့် အချို့နေရာများတွင် တူညီသည်။
မြန်မာတွင် စစ်တပ်သည် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်သာမက ဒေသဆိုင်ရာလွှတ်တော်များတွင် နေရာအားလုံး၏ ၄ ပုံ ၁ ပုံကို ခန့်အပ်သည်။ ထိုနည်းဖြင့် မြန်မာစစ်တပ်သည် ၎င်းတို့ရေးဆွဲထားသော ဖွဲ့စည်းပုံကို ပြင်ဆင်ရန် မည်သည့်အားထုတ်မှုကိုမဆို ပိတ်ဆို့ရန် အာဏာချုပ်ကိုင်ထားသည်။
ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်တယောက်ကို ခန့်အပ်ရန် ကိုယ်စားလှယ် ၇၅၀ အနက် ၃၇၆ ဦးက ထောက်ခံရန် လိုအပ်သည်။ Move Forward ပါတီသည် ထောက်ခံမဲ ၃၆ ဒသမ ၂၃ ရာခိုင်နှုန်းဖြင့် ကိုယ်စားလှယ်နေရာ ၁၅၂ နေရာ အနိုင်ရထားပြီး အလုပ်ဖြစ်သောအစိုးရတခု ထူထောင်ရန် ညွှန့်ပေါင်းမိတ်ဖက် အများအပြားနှင့် မဟာမိတ်ဖွဲ့ရမည် ဖြစ်သည်။ မစ္စတာ ပီတ၏ပါတီသည် ထိုကိစ္စကို အောင်မြင်အောင် လုပ်ဆောင်နိုင်လျှင်ပင် ထိုအစိုးရကို ဖြုတ်ချရန် “တိတ်ဆိတ်သော အာဏာသိမ်းမှု” လုပ်လာနိုင်သည်။
Move Forward ပါတီသည် ထောက်ခံမဲ ၃၆ ဒသမ ၂၃ ရာခိုင်နှုန်းဖြင့် ကိုယ်စားလှယ်နေရာ ၁၅၂ နေရာ အနိုင်ရထားပြီး အလုပ်ဖြစ်သောအစိုးရတခု ထူထောင်ရန် ညွှန့်ပေါင်းမိတ်ဖက် အများအပြားနှင့် မဟာမိတ်ဖွဲ့ရမည် ဖြစ်သည်။ မစ္စတာ ပီတ၏ပါတီသည် ထိုကိစ္စကို အောင်မြင်အောင် လုပ်ဆောင်နိုင်လျှင်ပင် ထိုအစိုးရကို ဖြုတ်ချရန် “တိတ်ဆိတ်သော အာဏာသိမ်းမှု” လုပ်လာနိုင်သည်။
Move Forward ပါတီသည် ၂၀၁၉ ခုနှစ်၊ မတ်လက ရွေးကောက်ပွဲတွင် လူထုထောက်ခံမှုအများအပြား၊ အထူးသဖြင့် လူငယ်မဲဆန္ဒရှင်များအကြား ထောက်ခံမှုဖြင့် ကိုယ်စားလှယ် စုစုပေါင်း ၈၁ နေရာ အနိုင်ရသော Future Forward ပါတီကို ဆက်ခံသည့်ပါတီဖြစ်သည်။
ထိုပါတီ၏ လေးစားကြည်ညိုခြင်းခံရသော ခေါင်းဆောင် မစ္စတာ သန်နာထုံ ဆန်ကာနော့ကူလ်သည် မီဒီယာကုမ္ပဏီ တရားမဝင် ရှယ်ယာ ပိုင်ဆိုင်သည်ဟု စွပ်စွဲခံရပြီး လွှတ်တော်ကိုယ်စားလှယ်ရာထူးမှ ဆိုင်းငံ့ခံရကာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးဆုံးဖြတ်ချက်ဖြင့် သူ၏ပါတီလည်း ဖျက်သိမ်းခံရသည်။ Future Forward ပါတီသည် နိုင်ငံရေးပါတီများသို့ အလှူငွေနှင့်ပတ်သက်သည့် ရွေးကောက်ပွဲဥပဒေများကို ချိုးဖောက်သည်ဟု စွပ်စွဲခံရသည်။
ထိုင်းစစ်တပ်က မစ္စတာ ပီတကို ဖြုတ်ချလိုလျှင် အလားတူ ထပ်မံဖြစ်နိုင်သည်။ ရွေးကောက်ပွဲရလဒ်ကြောင့် လတ်တလော ထိုသို့လုပ်လျှင် အကျည်းတန်မည် ဖြစ်သောကြောင့် ယခုမဖြစ်နိုင်သော်လည်း နောင်တွင် ဖြစ်နိုင်သည်။ ထို့အပြင် ထိုသို့သော ဖြစ်စဉ်သည် စတင်ဖြစ်ပေါ်နေပြီဖြစ်သည်။ မစ္စတာ ပီတသည် မီဒီယာ ကုမ္ပဏီတခုတွင် ရှယ်ယာပိုင်သည်ဆိုသည့် စွပ်စွဲချက်ကြောင့် သူ ရွေးကောက်ပွဲဝင်ရန် အရည်အချင်း မီ၊ မမီကို ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ရန်ရှိသည်။
ထိုင်းစစ်တပ်က ၎င်းတို့သည် “အမျိုးသားလုံခြုံရေး” ကို ကာကွယ်ရန် တာဝန်ရှိသည်ဟု ယုံကြည်ပြီး နယ်စပ်ရေးရာများတွင် ၎င်းတို့ကိုင်တွယ်မှုကို ဝင်ရောက်စွက်ဖက်ခြင်းအား မမြင်လိုပေ။ မြန်မာစစ်ကောင်စီနှင့် ဆက်စပ်သည့် စီးပွားရေးသမားများနှင့် ၎င်းတို့၏ နွေးထွေးသော ပူးပေါင်းဆောင်ရွက်မှု ကြီးမားစွာ မပြောင်းလဲစေရန်၊ စိန်ခေါ်မခံရစေရန်ဆိုသည့် စီးပွားရေး အကျိုးစီးပွားသည်လည်း နောက်ကွယ်တွင် ရှိနေသည်။
အခက်အခဲ အမျိုးမျိုးကြားမှ “လူသားချင်းစာနာမှု စင်္ကြံ”တခု ထူထောင်နိုင်လျှင်ပင် ရွေးကောက်ခံဖြစ်စေ၊ ရွေးကောက်မခံဟုတ်သော အဖွဲ့အစည်းဖြစ်စေ အရပ်သား အင်စတီကျူးရှင်းများက ထိုစင်္ကြံကို စီမံရေးတွင် သြဇာလွှမ်းမိုးနိုင်မည့် အလားအလာမရှိပေ။
ယခုနှစ် ရွေးကောက်ပွဲနိုင်သူများက ကတိပြု၊ အမွှမ်းတင်သည့် ထိုင်းသံတမန်ရေးရာများသည် နောက်ဆုံးတွင် ထိုင်း-မြန်မာဆက်ဆံရေး အနာဂတ်ကို သက်ရောက်မှုအနည်းငယ်သာ ရှိနိုင်သည်။
အခက်အခဲ အမျိုးမျိုးကြားမှ “လူသားချင်းစာနာမှု စင်္ကြံ”တခု ထူထောင်နိုင်လျှင်ပင် ရွေးကောက်ခံဖြစ်စေ၊ ရွေးကောက်ခံမဟုတ်သော အဖွဲ့အစည်းဖြစ်စေ အရပ်သား အင်စတီကျူးရှင်းများက ထိုစင်္ကြံကို စီမံရေးတွင် သြဇာလွှမ်းမိုးနိုင်မည့် အလားအလာမရှိပေ။ မြေပြင်မှ သေနင်္ဂဗျူဟာ၊ နိုင်ငံရေးနှင့် စီးပွားရေး ပကတိအရှိတရားများသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးနှင့် ပတ်သက်သည်များအပေါ် ဆက်လက် လွှမ်းမိုးနေမည်ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Bertil Lintner ၏ What a New Thai Government Could Mean for Myanmar ကို ဘာသာပြန်သည်။ ဘာတေးလ် လင့်တနာသည် ဆုရသတင်းစာဆရာနှင့် မြန်မာ့အရေးအထူးပြုသော စာရေးဆရာဖြစ်သည်။)
You may also like these stories:
Move Forward ပါတီကို မြန်မာ ဒုစစ်ခေါင်းဆောင် မနှစ်မြို့
Track 1.5 နှင့် မြန်မာ့နိုင်ငံရေးအလှုပ်
ဒဏ္ဍာရီများနှင့် ပဋိပက္ခများတည်ရာ မြန်မာနယ်စပ်များ
စစ်ကောင်စီ၏ အသုံးချခံဖြစ်သွားနိုင်သော ထိုင်းအထူးသံတမန်
တရုတ်နှင့် မြန်မာအတွက် ချင်းမိုင်မှ အမေရိကန် သံတမန် အဆောက်အအုံသစ်