ဖဆပလ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဖဆပလ Covering Burma and Southeast Asia Sat, 11 Jul 2026 01:09:45 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ဖဆပလ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဖဆပလ 32 32 ပြည်သူ့တပ်မတော် သန့်ရှင်းရေး (၁) https://burma.irrawaddy.com/article/2026/07/11/414690.html Sat, 11 Jul 2026 01:00:54 +0000 https://burma.irrawaddy.com/?p=414690 ပြည်သူတို့နှင့် တပ်မတော်သား အများစုက စစ်အာဏာရှင် စနစ်ကို မလိုလားကြောင်း အတိအလင်း ပြောကြားခဲ့… လူယုတ်မာ တစုကို ပြည်သူ့အကျိုး အမှန်လိုလားသော စစ်သည်ကောင်း တို့က အမြစ်မှ သုတ်သင် ရှင်းလင်းပစ်ရန် အချိန်ရောက်နေ…]]>

၁၉၉၀ ပြည့်နှစ်၊ မေလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ပြည်သူအပေါင်း နှင့် တပ်မတော်သားများက အသည်းနှလုံးထဲမှ မဲတပြားဖြင့် ပြည်ဖျက်ကြီး ဦးနေဝင်းနှင့် နောက်လိုက် အပေါင်းအပါများ အား လုံးဝ မကြိုက်နှစ်သက်ကြောင်း ယဉ်ကျေးစွာ ထုတ်ဖော် ပြောကြားခဲ့ကြပြီး ဖြစ်သည်။

မြန်မာ့နိုင်ငံရေး သမိုင်း၌ ကိုယ်ကျင့်တရား အပျက်ပြားဆုံး ဦးနေဝင်းသည် တပ်မတော်ကို ခုတုံးလုပ်ပြီး လက်နက် အားကိုးဖြင့် မြန်မာပြည်ကို ဖျက်ဆီးခဲ့သည်။

ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံသည် အဆင်းရဲဆုံး နိုင်ငံ တနိုင်ငံ ဖြစ်ခဲ့ရပြီး ယခုတဖန် ဦးနေဝင်းနှင့် ၎င်း၏ နောက်လိုက် ကြေးစားများ ဖြစ်ကြသော စောမောင်၊ ခင်ညွန့်တို့ အုပ်စိုးသည့် ၂ နှစ်ခန့် ကာလအတွင်း ငွေစက္ကူများ ရိုက်နှိပ်သုံးစွဲ နေသဖြင့် ငွေကြေး အဖောင်းပွဆုံး နိုင်ငံတနိုင်ငံ အဖြစ်နှင့် အိမ်နီးချင်း နိုင်ငံများ၏ စီးပွားရေး လက်ဝေခံ နိုင်ငံတနိုင်ငံ ဖြစ်လာရပြန်သည်။

မြန်မာ့နိုင်ငံရေး သမိုင်းတွင် မြန်မာ့ တပ်မတော်ထက် ပိုမို အင်အားကြီးမားခဲ့သည့် အဖွဲ့အစည်းကြီးတခု ရှိခဲ့သည်။

ဖဆပလ အဖွဲ့ကြီးပင်ဖြစ်သည်။

ဖက်ဆစ် ဆန့်ကျင်ရေးနှင့် ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ချုပ်ကြီး (ဖဆပလ) သည် မြန်မာနိုင်ငံရေး ဇာတ်ခုံတွင် ၁၄ နှစ် တိုင်တိုင် အင်အား တောင့်တင်းစွာဖြင့် ရပ်တည်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် အဖွဲ့ချုပ် သန့်ရှင်းရေး နှင့် အဖွဲ့ချုပ် တည်မြဲရေးဟု ဝိဝါဒပြဿနာ ကြီးထွားလာပြီး သန့်ရှင်းနှင့် တည်မြဲ အကွဲအပြဲကြောင့် နှစ်ဦးနှစ်ဖက်စလုံး မြန်မာ့နိုင်ငံရေး ဇာတ်ခုံမှ ပျောက်ကွယ်သွားကြခြင်းဖြင့် နိဂုံးချုပ် ဇာတ်သိမ်း ခဲ့ကြရပေသည်။

ထိုအချိန်က ပြည်သူအများ ထောက်ခံ အားပေးခဲ့သော သန့်ရှင်း အစိုးရသည် ပါတီတွင်း သန့်ရှင်းရေးသာ လုပ်နိုင်ခဲ့ပြီး တပ်မတော်မှ ကိုယ်ကျင့်တရား အပျက်အပြားဆုံး ဗိုလ်နေဝင်းကိုမူ တပ်မတော်မှ ထုတ်ပယ် သန့်ရှင်းနိုင်ခြင်း မရှိသောကြောင့် နောင်အခါ မြန်မာပြည်သူ တရပ်လုံးအတွက် ကြမ္မာငင်စရာ ဖြစ်လာခဲ့ရသည်။

“သူများမယားနှင့်မှ စိတ်မချရသည့် ဗိုလ်နေဝင်းကို တိုင်းပြည် ပုံအပ်လို့ ဖြစ်ပါ့မလား” ဟု ဖဆပလ လူကြီးများက ပြောဆို ညည်းညူ ခဲ့ကြသော်လည်း လက်တွေ့တွင် ဦးနေဝင်းအား ငဲ့ညှာ ထောက်ထားခဲ့ကြသဖြင့် တိုင်းပြည် ပျက်ခဲ့ရသည်။

နိုင်ငံရေးပါတီ၊ တပ်မတော် စသည့် အဖွဲ့အစည်းတိုင်းတွင် ပါဝင် လှုပ်ရှားနေကြသော တာဝန်ရှိသူများက ကိုယ်ကျင့်တရား ကောင်းမွန် သန့်ရှင်း စင်ကြယ်ကြမှသာလျှင် ယင်းအဖွဲ့အစည်းသည် တည်တံ့ ခိုင်မြဲနိုင်ပေလိမ့်မည်။

ယင်းအဖွဲ့အစည်းအတွင်း “ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ” စသည်ဖြင့် ဖြတ်တောက် သုတ်သင် ရှင်းလင်းမှ သာလျှင် ယင်းအဖွဲ့အစည်း ကြာရှည် တည်တံ့နိုင်ပေလိမ့်မည်။

မကောင်းသူများကို ဖက်တွယ်ပြီး တပ်မတော်ကြီးကို ထာဝစဉ် တည်တံ့ခိုင်မြဲရမည်ဟု ကြွေးကြော်နေ၍ မရနိုင်ပေ။

မကောင်းသူများသည် ကိုယ်ခန္ဓာအတွင်းမှ အနာရောဂါများကဲ့သို့ ကူးစက် ပြန့်ပွားလာပြီး ကောင်းသော အစိတ်အပိုင်း များပင် ပျက်စီးယိုယွင်း လာနိုင်သောကြောင့် မြန်မြန်ဆန်ဆန် ကုသရန် လိုအပ်လေသည်။

မြန်မာ့ တပ်မတော်အတွင်း ကောင်းသူအများစုက မကောင်းသူအနည်းစုကို အနိုင်ရပြီး ဖယ်ရှား ထုတ်ပစ်နိုင်မှသာလျှင် မြန်မာ့တပ်မတော် အဓွန့်ရှည်ကြာ တည်တံ့ခိုင်မာ သွားနိုင်ပေလိမ့်မည်။

ယနေ့ တပ်မတော်၌ ရာထူးရာခံ အမြင့်ဆုံး၊ သြဇာအာဏာ အရှိဆုံးသူများ ဖြစ်ကြသည့် ဗိုလ်ချုပ် စောမောင်၊ ဗိုလ်ချုပ် ခင်ညွန့်တို့သည် သန့်ရှင်း စင်ကြယ်သူများလော။

သို့မဟုတ် ဆိုးပေမောင်မဲ စာရင်းဝင် ဦးနေဝင်း၏ လက်မရွံ့အာဏာသားများသာ ဖြစ်သလော။

ဤသည်ကို ပြည်သူက ဆန္ဒမဲပြားဖြင့် ဆုံးဖြတ်ပြီး ဖြစ်သည်။ စစ်အစိုးရ၏ ခြိမ်းခြောက် ချုပ်ချယ်မှုများအကြားမှ မိမိတို့ ယုံကြည်ချက်ကို ရဲရဲဝံ့ဝံ့ ထုတ်ဖော် ပြောကြားခဲ့သည့် အတွက် ကမ္ဘာက မြန်မာ ပြည်သူတို့ကို လေးစားကြည်ညို ကောင်းချီးဩဘာ ပေးကြသည်။

ဗိုလ်ချုပ် စောမောင်က စစ်တပ် အာဏာသိမ်းစဉ် အသက် ၆၀ ပြည့်လျှင် အနားယူမည်ဟု ဆိုခဲ့သော်လည်း ယခုအခါ အသက် ၆၀ ကျော်ပေမယ့် ထိုအကြောင်း လေသံမျှပင် မကြားရတော့။

ထိုဗိုလ်ချုပ်ကား ရိုးသလို အသလိုနှင့် ကြောင်သူတော် အတ္တသမားများ၏ အာဏာသိမ်းပြီး သုံးလေးလ အတွင်းမှာပင် သားဖြစ်သူ မောင်သီဟစောကို အကြီးစား စက်မှုလုပ်ငန်း ဌာန၌ အထက်တန်း စာရေး လုပ်နေရာမှ နိုင်ငံခြားရေး ဝန်ကြီး ဌာန သို့ ရုံးအုပ် အဆင့်ပေး ပြောင်းရွှေ့ ခန့်အပ်ခဲ့သည်။

ယခု မောင်သီဟစောသည် တောင်ကိုရီးယားရှိ မြန်မာသံရုံးတွင် တတိယ အတွင်းဝန် ဖြစ်နေပေပြီ။

ဗိုလ်ချုပ် စောမောင် ဇနီးသည်လည်း စိန်ရွှေရတနာများကို ဝယ်ယူ စုဆောင်းလျက်ရှိ၏။ မည်သည့်နည်းဖြင့်ရသော ငွေများဖြင့် ဝယ်သနည်းဟု မေးလျှင်-

“ကျမသားလေး မောင်သီဟစော နိုင်ငံခြား၌ မစားရက် မသောက်ရက် စုဆောင်းပြီး မိဘများထံ ပေးပို့သည့် ပစ္စည်း၊ မော်တော်ယာဉ် စသည်တို့ကို ထုခွဲ ရောင်းချ၍ ရသော ငွေနှင့် ဝယ်သည်” ဟု ဖြီးဖြန်း၍ ရနေပေပြီ။

ပြည်တွင်းတွင် ခိုးဝှက်ရသမျှ ငွေမည်းများကို တရားဝင်ငွေ ဖြစ်လာစေရန် မဆလ လူကြီးများ ကျင့်သုံးခဲ့သော လမ်းစဉ် အတိုင်း လက်ထပ် သင်ယူ ထားခဲ့ကြသည်။

“ကျနော့်သား သင်္ဘောသားကလေး ပို့ပေးသော မော်တော်ယာဉ်ကို ရောင်းရငွေနှင့် အိမ်ဆောက်သည်။ ကျနော့် သား၊ သမီး နိုင်ငံခြား ဝန်ထမ်းကလေး ပို့ပေးသော မော်တော်ယာဉ်ကို ရောင်းရငွေနှင့် မြေဝယ်၊ စိန်ရွှေရတနာများ ဝယ်သည်” ဟု ပြောနေကြခြင်းသည် ဆင်သေကို ဆိတ်သားရေနှင့် ဖုံးသော ဆင်ခြေ ဆင်လက်များသာ ဖြစ်သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် လူသစ်ဝန်ထမ်းများ ခန့်အပ်သည့် စည်းမျဉ်းများရှိ၏။ စာရေးစာချီ အလုပ်များအတွက် အောက်တန်းစာရေး အဆင့်မှ လည်းကောင်း၊ အရာရှိ ရာထူးများအတွက် ဒုတိယ လက်ထောက် ညွှန်ကြားရေးမှူး အဆင့်မှ လည်းကောင်း ဝင်ရောက် အမှုထမ်းကြရ၏။

၎င်းရာထူးများအား ခန့်အပ်ရန် နေရာ ပေါ်လာပါလျှင်လည်း တပြည်လုံးရှိ ဘွဲ့ရလူငယ်များအား သတင်းစာမှ ကြော်ငြာ အသိပေးလျက် လျှောက်လွှာခေါ်ယူ ရေးဖြေစနစ်ဖြင့် အရည်အချင်း စစ်ဆေးပြီးမှ ခန့်အပ်ရ၏။

မောင်သီဟစော တယောက်တည်းကို အဆင့်သုံးဆင့် ခုန်ကျော် ဝင်ရောက်နိုင်ခြင်းမှာ ခေါင်က မိုးမလုံခြင်းကို ပြနေသည်။

ထိုနည်းတူစွာ ဦးစိန်လွင်၏ ချွေးမသည်လည်း ခါးလည်ရာထူးမှ ဖြတ်၍ ဌာနခွဲ စာရေးကြီး ရာထူးဖြင့် နိုင်ငံခြားရေး ဝန်ကြီး ဌာနသို့ ဝင်ရောက်လုပ်ကိုင် နေပေသည်။

တခုမူရှိသည်။ ပြည်ဖျက်ဘဝမှ ပြည်ပြေး ဘဝသို့ ရောက်သောအခါ ပြေးစရာနိုင်ငံကို ဖန်တီးထားပြီး ဖြစ်စေရန် သား သီဟစောကို နိုင်ငံခြားသို့ လွှတ်ထားခြင်းလည်း ဖြစ်နိုင်သည်။

သားဖြစ်သူကိုသာ ရာထူးအဆင့် ခုန်ပျံကျော်လွှား ပေးခဲ့သည်မဟုတ်။ ကိုယ်တိုင်ကလည်း တပ်မတော် အတွင်း ရာထူး အဆင့်များ ခုန်ပျံကျော်လွှား၍ ယူခဲ့၏။

ဗိုလ်ချုပ် စောမောင်၊ ဗိုလ်ချုပ် ခင်ညွန့် တို့သည် မိမိတို့ထက် လုပ်သက်ရင့် အရည်အချင်း ပြည့်ဝသော ဗိုလ်မှူးကြီးများကို ကျော်လွှားကာ ဦးနေဝင်းကို အဖားကောင်းရုံ၊ ဦးနေဝင်း သတ်ခိုင်းသမျှ အပြစ်မဲ့ ပြည်သူများကို သောက်သောက်လဲ သတ်ပြ ရုံဖြင့် ထိပ်ပိုင်းနေရာသို့ ရောက်လာကြသည်။

ဘဝတူ ဘိန်းစားချင်း တလုံးပိုရှူချင်သော ခင်ညွန့်ကို ရိုးသားသော ဗိုလ်မှူးကြီးများက “ဒီအကောင် အလွန် ရမ္မက် လောဘ ကြီးလှသည်” ဟု ပြောဆို ဝေဖန်သံများ ဘဝဂ်ညံနေ၏။ စကားဖြင့်သာ တိုက်ခိုက်ရာမှ ကိုယ်ထိလက်ရောက် တိုက်ခိုက် ကြမည့် အချိန် မဝေးတော့ဟုလည်း ထင်သည်။

ပြည်သူတို့နှင့် တပ်မတော်သား အများစုက စစ်အာဏာရှင် စနစ်ကို မလိုလားကြောင်း အတိအလင်း ပြောကြားခဲ့ပါပြီ။

သို့ရာတွင် ၂၈ နှစ်တာ ကာလပတ်လုံး လက်လွန် ခြေလွန် ပြုထားသမျှ တရားကြောင်း အရ အရေးယူခံရမည်ကို ကြောက်ရွံ့ သဖြင့် ဦးနေဝင်း ခေါင်းဆောင်သော စစ်အာဏာရူး တသိုက်က နည်းပေါင်းစုံဖြင့် အားထုတ် ကြပေလိမ့်မည်။

တိုင်းပြည် ဆူပူရန်အတွက် ကြေးစား တမန်တော်များကို ကျောင်းသားလူငယ်များ အရောင်ဆောင်ပြီး ဆူပူခိုင်းလျက် တိုင်းပြည် မငြိမ်သက်သေးဟု အကြောင်းပြကာ အာဏာ လွှဲမပေးနိုင်သေးကြောင်း ပြောလာနိုင်သည်။

ထို့ပြင် ကာကွယ်ရေးနှင့် ပြည်ထဲရေးကို စစ်တပ်က ကိုင်ထားဦးမည် ဟုလည်း တောင်းဆိုလာနိုင်သည်။ သို့ဆိုလျှင် တိုင်းပြည်တွင် တဖန် သွေးချောင်းစီးနိုင်ချေ ရှိသည်။

ထိုအဖြစ်မျိုးကို ပြည်သူတို့က တတ်နိုင်သမျှ ရှောင်ရှားလိုသဖြင့် သည်းညည်းခံ စောင့်စားကာ မဲဆန္ဒဖြင့် အေးအေးချမ်းချမ်း စစ်အာဏာရှင်တို့ကို ဖယ်ရှားလိုကြသည်။

ပြည်သူတို့အတွက် “သားရွှေအိုး ထမ်းလာသည်ကို မြင်နိုင်သည့်” အခြေအနေမှာ တပ်မတော် အတွင်းမှ ပြည်သူနှင့် တိုင်းပြည်ကို သစ္စာရှိ ချစ်ခင်သော၊ တပ်မတော်သား ပီသသော စစ်သည်ကောင်းများ၏ အမြင်မှန်ကိုသာ အားထားစရာ ရှိပေသည်။

စာရေးသူ ဆိုခဲ့ပြီးသည့်အတိုင်း ခြေမ မကောင်း ခြေမ ပယ်၊ လက်မ မကောင်း လက်မ ပယ်ရမည်သာ ဖြစ်၏။

စစ်သားယောင်ယောင်၊ နိုင်ငံရေးသမား ယောင်ယောင်ဖြင့် အချောင်လိုက် ကိုယ်ကျိုးရှာသော သူတို့ကပင် လူတကာထက် တိုင်းပြည်ကို ပိုချစ်နေသယောင် လုပ်နေသော လူယုတ်မာ တစုကို ပြည်သူ့အကျိုး အမှန်လိုလားသော စစ်သည်ကောင်း တို့က အမြစ်မှ သုတ်သင် ရှင်းလင်းပစ်ရန် အချိန်ရောက်နေပေပြီ။

ထိုစစ်သည် ကောင်းတို့၏ နောက်ဝယ် ပြည်သူတို့က မားမားမတ်မတ် ရပ်တည်နေကြပါ၏။ ။

The Burma Review, July, 1990. နှင့် ဒီမိုကရေစီ သတင်းလွှာ၊ အတွဲ ၁၊ အမှတ် ၄၊ နိုဝင်ဘာ၊ ၁၉၉၀ ပြည့်နှစ်။

(စာရေးဆရာ အဝေးရောက် သံတမန်တစ်ဦး ရေးသားသည့် ဤဆောင်းပါးကို လွင်ဦး စာပေ (လှည်းတန်း) က ၂၀၁၇ ခုနှစ် စက်တင်ဘာ လတွင် ထုတ်ဝေသော “အာဏာ အလွဲသုံးစားသူများ၏ အတွင်းရေး အဖြစ်မှန်များ” ဒုတိယအကြိမ် စာအုပ်မှ ထုတ်နုတ် ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)

]]>
ဗမာ့ခေတ် ဦးအုန်းခင် https://burma.irrawaddy.com/article/2026/04/18/412630.html Sat, 18 Apr 2026 00:30:58 +0000 https://burma.irrawaddy.com/?p=412630 ၁၉၄၈ ခုနှစ် မတ်လတွင်… ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဗမာ့ခေတ် ဦးအုန်းခင်နှင့် တကွ တခြားပုဂ္ဂိုလ် လေး၊ ငါး ယောက် တို့… (မဟာဆွေလည်း ပါသည်။) မန္တလေးသို့ တက်လာကြ… ကိုအုန်းခင်ကား ကြံရည်ဖန်ရည် ရှိသူတယောက် ဖြစ်…]]>

၁၉၅၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဗမာ့ခေတ် ကိုအုန်းခင်သည် ကျွန်ုပ်၏ အိမ်သို့ မလာစဘူး ပေါ်လာ၍ ရန်ကုန်သို့ တခေါက်တလေ အလည်အပတ် လာဖို့ ကျွန်ုပ်အား ဖိတ်ခေါ်၏။

ကျွန်ုပ်က မီးရထား မပေါက်သေးဘဲ လေယာဉ်ပျံနှင့် သွားရမည့် ခေတ်ကြီးတွင် စရိတ်ငွေ ၂၀၀ ကျော်၊ ၃၀၀ အကုန် မခံနိုင်ကြောင်း ပြောရာ ကိုအုန်းခင်က ဤအတွက် တာဝန်ယူမည့်ပြင် သူ၏ အိမ်၌လည်း တည်းစေလိုကြောင်း ဖိတ်ခေါ်လေသည်။

ဤတွင် လွန်ခဲ့ပြီးသော အဖြစ်အပျက် တခုသည် ကျွန်ုပ်၏စိတ်ထဲ၌ ဘွားခနဲ ပေါ်လာ၏။

၁၉၄၈ ခုနှစ် မတ်လတွင် (ဖဆပလ အစိုးရ လက်ထက်) အလုပ်သမား ဆိုသော လူတစုသည် သတင်းစာတိုက် တချို့ကို ရိုက်ချိုး ဖျက်ဆီးသည်နှင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဗမာ့ခေတ် ဦးအုန်းခင်နှင့် တကွ တခြားပုဂ္ဂိုလ် လေး၊ ငါး ယောက် တို့သည် (မဟာဆွေလည်း ပါသည်။) မန္တလေးသို့ တက်လာကြ၍ ကျွန်ုပ်၏ နေအိမ်၌ တည်းခိုကြပြီး တရားပွဲများ ပြုလုပ်ကြသည်။

စစ်ကိုင်းသို့ သွားကြ၍ တရားဟောပြီး အပြန် သမ္ဗာန် ပေါ်တွင် ကိုအုန်းခင် နှင့် မောင်လှတို့ ကျွန်ုပ် အကြောင်း ပြောကြသည်။

ထိုနေ့ နံနက်ထုတ် လူထု သတင်းစာ၌ ကျွန်ုပ်သည် သတင်းစာတိုက်များ ရိုက်ချိုးခြင်းနှင့် ပတ်သက်၍ ဖဆပလ အစိုးရ၏ “ကလေးကလားဆန်ပုံ” အကြောင်းကို ရေးထားရာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း က “သိပ်ထိတယ်ကွာ” ဟု ချီးကျူးသည်တွင် ကိုအုန်းခင်က “ဟုတ်တယ် ဆရာကြီး၊ ရေးလိုက်ပုံဟာက လိုရင်းကို စွပ်ဝင်သွားတာပဲ” ဟု ဖြည့်စွက် ပြောဆိုလေသည်။

သမ္ဗာန် ပေါ်၌ ကိုအုန်းခင်က ကျွန်ုပ်၏ အရေးအသားကို ဆက်လက် ချီးကျူးပြန်ရာတွင် မောင်လှ က-

လှ ။ “ခင်ဗျားက ဦးလေးသိန်းကို ဆွယ်မနေပါနဲ့၊ ဦးလေးသိန်းဟာ ကျနော်တို့နဲ့ ဘယ်တော့မှ မခွဲဘူး မှတ်ထားပါ”

ခင် ။ “မင်းက သိပ်မထင်ပါနဲ့ မောင်၊ ငါ ခေါ်ရင် ရပါတယ်၊ တနေ့တော့ မင်းကြည့်ပါ”

လှ ။ “စမ်းကြည့်ပါဗျာ”

ခင် ။ “အေးလေ မင်း သိပါလိမ့်မယ်”

အထက်ပါ စကားကို သတိရသည်တွင် ကိုအုန်းခင်က ကျွန်ုပ်အား ရန်ကုန်သို့ စရိတ်ခံ ခေါ်ပြီး သူ့အိမ်၌ တည်းခိုရန် ဟူသည်မှာ သူ့ဗမာ့ခေတ် အတွက် ကျွန်ုပ်ကို မြှူဆွယ်ခြင်း ဖြစ်သည်ဟု ကျွန်ုပ် ရိပ်မိပါသည်။

ကိုအုန်းခင်နှင့် အတူ ဗမာ့ခေတ် ကိုယ်စားလှယ် မောင်လှရွှေလည်း ပါလာရာ ပြန်ခါနီး၌ ကိုအုန်းခင်က မောင်လှရွှေအား ကျွန်ုပ် အလိုရှိသော နေ့တွင် လေယာဉ်ပြန် လက်မှတ် ဝယ်ပေးလိုက်ဖို့ မှာထားခဲ့လေ၏။

ကိုအုန်းခင် ထံသို့ သွားခြင်း

ကိုအုန်းခင်တို့ ပြန်သွားသည့်နောက် ကျွန်ုပ် စဉ်းစားသည်မှာ ကိုအုန်းခင်သည် လူထုတိုက်နှင့် အဆင်မပြေမှု ရှိသောကြောင့် ကျွန်ုပ် ထွက်လိုက်သည်ဟု ထင်ဟန်ရှိသည်။

သို့ဖြစ်၍ ကျွန်ုပ်ကို သူ့ဗမာ့ခေတ် အတွက် ဆွယ်ခြင်း ဖြစ်ရမည်ဟု တွေးမိသည်။

ကျွန်ုပ်မူကား ကွန်မြူနစ် ဆန့်ကျင်ရေး ပေါ်လစီ လက်ကိုင်ပြုသော ဗမာ့ခေတ် သတင်းစာ၌ ဘယ်နည်းနှင့်မျှ မလုပ်နိုင်ဟု သိပြီး ဖြစ်သည်။

ဤအတောအတွင်း ရတနာပုံ ဝတ္ထု ကိစ္စကလည်း မပြီးမပြတ် ရှိနေ၏။ မူပိုင် လက်ကိုင် ရှိသူများက ငွေ ၂၀၀၀ ကျပ် ထက်ပိုပြီး ဘယ်နည်းနှင့်မျှ မပေးနိုင်ဟု တင်းခံလျက် ရှိရာ မိတ်ဆွေများကလည်း နည်းသေးသည်ဟု အကြံပေးလျက် ရှိကြ၏။

သူတို့ဘက်က ကြည့်လျှင် သူရိယတိုက်မှ မူပိုင် ဝယ်ထားပြီး ဆိုသောကြောင့် ငွေ ၂၀၀၀ ကျပ် သည်ပင်လျှင် အလကား ပေးခြင်း ဖြစ်သည်ဟု ပြောနိုင်ခွင့် ရှိလေသည်။

ဤတွင် ကျွန်ုပ် အကြံပေါ်လာ၏။

ကိုအုန်းခင်ကား ကြံရည်ဖန်ရည် ရှိသူတယောက် ဖြစ်ရာ သူ့အိမ်၌ တည်းခိုပြီး ၂၀၀၀ ကျပ် ထက်ပိုရအောင် ညှစ်ရလျှင် ဖြစ်နိုင်စရာ ရှိသည်ဟု စိတ်ကူးပေါ်လာ၏။

သို့ဖြစ်၍ ကျွန်ုပ်သည် မောင်လှရွှေအား အကြောင်းကြား၍ လက်မှတ်ဝယ်ခိုင်းပြီး လေယာဉ်ပျံနှင့် ရန်ကုန်သို့ ဆင်းသွားလေ၏။

အုန်းရိပ် ခိုရခြင်း

ဦးအုန်းခင် တို့၏ အိမ်ကြီး၌ တည်းခိုလျက်ရှိစဉ် ကျွန်ုပ်သည် ကျွန်ုပ် လာရောက်ခြင်း၏ ကိစ္စအမှန်ကို ဖွင့်ဟ မပြောသေးဘဲ သူ၏ မျှော်လင့်ချက်အတိုင်း မက်လုံးပေးထား၏။

သူနှင့် အတူတူ ကလပ်သို့ လိုက်သွားပြီး ကလပ် ပိတ်ချိန်တိုင်အောင် ဘိလိယက် ထိုးခြင်းအားဖြင့် ခင်မင် ရင်းနှီးအောင် လုပ်ထား၏။

သူကလည်း နေးရှင်း သတင်းစာမှ ကိုလောရုံနှင့် လည်းကောင်း၊ အမေရိကန် သံရုံးမှ အရာရှိများနှင့် လည်းကောင်း မိတ်ဆက်ပေး၍ “သူတို့လူ” ဖြစ်လာသည့် အနေနှင့် ဝမ်းသာအားရ လက်ခံစကား ပြောကြ၏။

ဤအတောအတွင်း ကျွန်ုပ်သည် (ထိုစဉ်က) စာရေးဆရာ အသင်း ဥက္ကဌ ဖြစ်သော ဇဝန နှင့် တွေ့ဆုံ၍ ရတနာပုံ ဝတ္ထုကိစ္စကို ပြောပြရာ သူကလည်း စာရေးဆရာ အစည်းအဝေးခေါ်၍ ရတနာပုံ ဝတ္ထု မူပိုင်ကိစ္စနှင့် ပတ်သက်၍ စာရေးဆရာ အသင်းက ကျွန်ုပ်အား လိုသော အကူအညီကို ပေးရန် ဆုံးဖြတ်ချက်ချကာ ဗမာ့ခေတ် သတင်းစာတွင် ထည့်သွင်း ဖော်ပြကြသည်။

မူပိုင်ရှင်သည် ရန်ကုန်သို့ ကျွန်ုပ် ရောက်လာသည် ဆိုကတည်းက ကျွန်ုပ် အကြောင်းကို စုံစမ်းနေဟန် ရှိပေရာ ကိုအုန်းခင်၏ အိမ်၌ တည်းခိုလျက် ရှိခြင်းကိုလည်း သူတို့ သိကြပုံရ၏။

သို့ဖြစ်၍ ဗမာ့ခေတ် သတင်းစာ၌ စာရေးဆရာ အသင်းက ကျွန်ုပ်ဘက်မှ လိုအပ်သော အကူအညီကို ပေးမည် ဆိုသော ဆုံးဖြတ်ချက် ပါလာ၍ ကိုအုန်းခင်၏ အိမ်၌ ကျွန်ုပ် တည်းခိုလျက် ရှိခြင်းကိုလည်း ရတနာပုံ ဝတ္ထု မူပိုင် လက်ကိုင် ထားရှိသူများ သိရှိသွားသည့် နောက်တနေ့၌ပင် မူပိုင်ရှင် ဆိုသူသည် ကျွန်ုပ်ထံသို့ ရောက်လာ၍ လက်ဖက်ရည်ဆိုင် တဆိုင်သို့ ခေါ်သွား၏။

နောက်ဆုံး၌ ရတနာပုံ ဝတ္ထု ကျောင်းသုံးဖြစ်၍ ရိုက်နှိပ် ရောင်းချမည့် ကိစ္စအတွက် ကျွန်ုပ်အား ငွေ ၅၀၀၀ ကျပ် (ငါးထောင်) ပေးပါမည်ဟု စကားထွက်လာသည်။

ယခင်ကမူ ၂၀၀၀ ကျပ် ထက်တပြားမျှ ပို၍မပေးနိုင်သည့်နှယ် အတန်ကြာ တင်းပြီးခံနေခဲ့သော မူပိုင်ရှင်သည် ကျွန်ုပ် ဘာမျှ မပြောရသေးဘဲ တခါတည်း ငွေ ၃၀၀၀ ကျပ် တိုးပေးဖို့ သဘောတူသည် ဆိုသဖြင့် အံ့သြမိပါသည်။

သို့ရာတွင် ဤသို့ ဖြစ်ရခြင်းမှာလည်း စာရေးဆရာ အသင်း၏ ဆုံးဖြတ်ချက် နှင့် ကိုအုန်းခင်၏ “အရှိန်အစော်” ကြောင့် ဖြစ်သည်ဟု ကျွန်ုပ်နားလည်ပါသည်။

ကျွန်ုပ်က မူပိုင်ရှင်အား သွားရလာရသော စရိတ်စက အတွက် ငွေ ၅၀၀ ကျပ် ပို့ပေးဖို့ ပြောရာ ချက်ချင်းပင် သဘောတူပေသည်။

အထင်လွဲကြစရာ

ဗမာ့ခေတ် သတင်းထောက် ခင်မောင်ကြည်သည် ကျွန်ုပ်၏ စာအရေးအသားကို အလွန်နှစ်သက်၍ အချို့သော စာပိုဒ်များကို အာဂုံဆောင်ထားဆိုရာ (ကျွန်ုပ်လည်း ငယ်စဉ်က မေတ္တာလေး နှင့် ဆာဝါလတာ စကော့၏ စာပိုဒ်များကို အာဂုံဆောင်ထားသည်။) ခင်မောင်ကြည်က ကျွန်ုပ်ကို သဘောကျသော အခြားစာဖတ်ပရိသတ် လူငယ်အချို့နှင့် ဧည့်ခံပွဲကလေး ပြုလုပ်ပါရစေဟု ဖိတ်ကြားထား၏။

သို့ရာတွင် ကျွန်ုပါမှာ ယမန်ည၌ကတည်းက အအေးမိပြီး အဖျားဝင်လာသည်နှင့် မည်သူ့ကိုမျှ အကြောင်းပြန်ခြင်း၊ နှုတ်ဆက်ခြင်း မပြုနိုင်ဘဲ မန္တလေးသို့ လေယာဉ်ပျံဖြင့် ရုတ်တရက် ပြန်လာခဲ့ပါသည်။

စာရေးဆရာ အသင်းကမူ ရတနာပုံ ကိစ္စအတွက် ကျွန်ုပ်ဘက်မှ အကူအညီပေးရန် ဆုံးဖြတ်ထားကာမှ တစုံတရာ အကြောင်းမကြားဘဲ ရုတ်တရက် ပြန်ပြေးသည် ဆိုကာ စိတ်ခုစရာ ဖြစ်လောက်ပါပေသည်။

ကျွန်ုပ်၏ အကျင့်တခုမှာ နေမကောင်း ထိုင်မသာ မကျန်းမမာ ဖြစ်သည်ဆိုလျှင် သူတပါးအိမ်၌ တည်းခိုရခြင်း အတွက် အလွန်ဝန်လေး တတ်၍ (ဘယ်သူက တားသည် ဖြစ်စေ) ကိုယ့်အိမ်သို့ ပြန်ချင်ပါသည်။

သို့ဖြစ်၍ စာရေးဆရာ အသင်းနှင့် တကွ ခင်မောင်ကြည်နှင့် အပေါင်းအဖော်တို့အား ကျွန်ုပ်၏ ချွတ်ယွင်းချက် အတွက် ဤနေရာမှ အနူးအညွတ် တောင်းပန်လိုက်ပါသည်။

(သို့သော် ငွေရပြီး ကျွေးမွေးရမည်ကို ရှောင်ထွက်ပြေးသည်ဟု မထင်ကြစေလိုပါ။ အတန်ကြာသော အခါမှ ငွေရောက်လာခြင်း ဖြစ်ပါသည်။)

(စာရေး ဆရာကြီး ရွှေဥဒေါင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို စာပေလောက စာအုပ်တိုက်က ၂၀၂၀ ပြည့်နှစ်တွင် ထုတ်ဝေသော “တသက်တာ မှတ်တမ်း နှင့် အတွေးအခေါ်များ” ဒုတိယအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၇၃ ခုနှစ် သြဂုတ်လ ၁၀ ရက် အသက် ၈၄ နှစ် အရွယ်တွင် ကွယ်လွန် သွားခဲ့ပါသည်။)

]]>
မသေသော ဦးဘဂျမ်း https://burma.irrawaddy.com/article/2025/11/22/408293.html Sat, 22 Nov 2025 01:00:36 +0000 https://burma.irrawaddy.com/?p=408293 ဦးဘဂျမ်း၏ ပြည်သူတို့၏ ဘဝ ရုပ်လုံးဖော် ကာတွန်းများမှာ ပြောင်းလဲနေသော ခေတ်အမျိုးမျိုး၏ ကြေးမုံပြင်များ ဖြစ်သဖြင့် အရုပ်ဖြင့် ဖော်သည့် သမိုင်းကြောင်း…]]>

သူ၏ ပြောင်မြောက်သော အနုပညာဂုဏ်ကို တသက်သက် အောက်မေ့နေကြရပေတော့မည်။

ကြီးပွားရေး မဂ္ဂဇင်း နှင့် လူထု ဂျာနယ်ပါ ကိုပြူး၊ မပြုံး တို့၏ မွေးသဖခင်၊ ကြွက်ဖြူကလေး၏ ဘကြီး၊ ဂွက်ထော်၏ ဦးလေး၊ ဦးဖျောက်ဆိပ်၊ နယ်လီ ဖျောက်ဆိပ်နှင့် မောင်မြေဇာ တို့ကို အသက်သွင်းခဲ့သူ အသက် ၄၈ နှစ်ရွယ်ရှိ ကာတွန်း ဝိဇ္ဖာ ဦးဘဂျမ်းသည် ၁၃၁၄ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက်၊ ၁၈ – ၂ – ၅၂ နေ့က ရန်ကုန် အနောက်ပိုင်း ၁၃ လမ်း၊ အိမ်နံပါတ် ၃၇ ၌ ကွယ်လွန် အနိစ္စ ရောက်ရှာပြီ ဖြစ်၍ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ တာမွေ သုသာန်၌ ဖုတ်ကြည်း သင်္ဂြိုဟ်ပါသည်။

ဤသို့ဖြင့် မြန်မာ့ အနုပညာသည် ကာတွန်း ရုပ်ပြောင်ဆရာကြီး တဦးသည် ဘဝ ဇာတ်ကို သိမ်းသွားရှာလေပြီ။

ဦးဘဂျမ်းသည်သာ ကျွန်ုပ်တို့ ပြည်တွင် မဟုတ်လေဘဲ ပညာကို တန်ဖိုးကြီးကြီး ပေး၍ ပြည်သူ့ ကျန်းမာရေးကို အစိုးရက တကယ် တာဝန်ယူသော တိုင်းပြည် တပြည်တွင် မွေးဖွားခဲ့သော် ဦးဘဂျမ်းကဲ့သို့သော ပညာရှင်တဦး ဤမျှ အသက် တိုကောင်းမှ တိုပေမည်။

အသက်ရှည်ခွင့် ရှည်ထိုက်သော အကြောင်းများ မဆုံးပါးသေးလျှင် ပြည်သူ့ အစိုးရက နည်းကုန် လမ်းကုန် အစွမ်းကုန် ကြိုးစား၍ ကုသပေးနေလိမ့်မည်ပင် ထင်မိသည်။

ယခုကဲ့သို့ ကိုယ့်ကျန်းမာရေးကို ကိုယ်လွတ်လပ်စွာ စောင့်ရှောက်ခွင့် ပြုမည် မထင်။ ဤကဲ့သို့ မကွယ်လွန်မီ မကျန်းမာစ အနေက အေးချမ်း ငြိမ်သက်စွာ အနားယူလိုက်သေးသည်။

သင့်လျောသော နေ၊ ရေ၊ လေ နှင့်တကွ ဆေးဝါး၊ အစာ အပြည့်အစုံနှင့် နားနေရဦးမည် ဆိုလျှင်လည်း အလုပ်သမားတို့၏ အနားယူ စခန်းကြီးများတွင် ယူစေဦးမည်ပင် ဖြစ်လေသည်။

၁၉၃၄ ခုနှစ်တွင် ကာတွန်း ဦးဘဂျမ်းနှင့် ဦးဟိန်းစွန်းတို့ ရိုက်ကူးခဲ့ကြသော ပဲရော့ ရုပ်ရှင်မှ “ကြက်တောင်ကွ” ကာတွန်း ရုပ်ရှင် ဇာတ်ဝင်ခန်း သရုပ်ဖော်ပုံ တခု / လွမ်းသူ့စာ စာအုပ်

သို့သော် ယခုကား ပြည်သူတို့၏ စိတ်နှလုံးကို ရွှင်ပြုံးစေ၍ ချမ်းမြေ့မှုကို ပေးရှာသော အနုပညာသည်ကြီး တယောက်မှာ “ဘုရား ရဟန္တာ တို့သော်မှ မလွန်ဆန်နိုင်သည့် ၉၆ ပါးသော ရောဂါ ဝေဒနာ တို့ဖြင့် ဘဝတပါးသို့ ပြောင်းသွား ကွယ်လွန် ရှာခဲ့လေပြီ” တကား။

ဦးဘဂျမ်းသည် သူ၏ ကိုယ်ရေး အတ္ထုပ္ပတ္တိ အရ ကာတွန်း ပညာကို သန္ဓေပါ၊ အထုံ ရှိသူ ပါရမီရှင်ပင် ဖြစ်လေသည်။ သို့ရာတွင် ထိုကိုယ်ရေး အတ္ထုပ္ပတ္တိကို ဖတ်ရသည်မှာပင် ကြေကွဲစရာ ကောင်းလှပါပေသည်။

စီးကရက် ၂ လိပ် တပြားတန်သည့် ခေတ်က မြေဖြူ ၄ ချောင်းကို တပြားပေး၍ အိမ်နီးချင်းတို့၏ အိမ်ထရံကိုသော်မှ ချမ်းသာ မပေးဘဲ ပုံရေးကျင့်ခဲ့သည်ဟု ဆိုရှာလေသည်။

ထို့နောက် ကြီးပြင်းလာသော အခါ၌လည်း အတွင်းဝန်ရုံး စာရေးအလုပ်က်ို စွန့်ပယ်၍ ငတ်ပြတ်သော ကိုလိုနီ နိုင်ငံမှ ပညာရှင် ဘဝကို လှလှကြီး ခံယူခဲ့သည်ဟု သူက ဆိုပါသည်။

ဦးဘဂျမ်းသည် ကိုလိုနီ ပညာရေးမှ ပေါက်ဖွားခဲ့သည့် မြင်းကျိုးမ၏ သား အဿထိုရ် ဖြစ်လေသည်။

ထို့ကြောင့်ပင် အရင်းရှင်စနစ်၊ နယ်ချဲ့စနစ်အောက်ရှိ ပြည်သူတို့၏ ဘဝ သံသရာတွင် ကိုးရိုကားရား၊ ကမောက်ကမများ၊ ဖြစ်ချင်တိုင်း ဖြစ်ပျက်နေတတ်သူသည်များကို ဆိတ်ငြိမ်သော ထောင့်တထောင့်မှ နေ၍ လှလှကြီး ဝအောင်သရော်၍ သွားနိုင်သူ ပြည်သူ့ သားကောင်း တယောက် ဖြစ်ပေသည်။

ဤတွင် ဦးဘဂျမ်းသည် သူနှင့်အတူ ပြည်သူတို့ ကျင်လည်ရသည့် ဘဝ သံသရာသည် ထိုစနစ်ဆိုးကြောင့် ဤမျှ ကမောက်ကမ နိုင်ရသည်ဟူ၍ကား မသိရှာ။

သူသင်ခဲ့ရသည့် ကျောင်းကလည်း ထိုအချက်ကို လုံးလုံးကြီး ဖုံးကွယ်ထားသော ကျောင်း ဖြစ်ပေသည်။ ထို့ကြောင့် တခါတရံ ဦးဘဂျမ်းသည် ပြည်သူတို့ ကမောက်ကမ လောက၏ တရားခံနှင့် ထိုလောကမှ ရုန်းကန်ရေး လမ်းစဉ်များကို မျက်ခြည် ပြတ်၍ သွားရှာသည်။

ထိုအချိန်တွင် လူငယ် အချို့က “ဆရာ့ဟာ ကျနော်တို့ကို သိပ်အုပ်ရာ ကျနေပါတယ် ဆရာ” ဟု သူ့အား ချစ်မေတ္တာနှင့်ပင် ဝေဖန်ခဲ့ကြဖူးသည်။

ထိုအခါတွင် ဦးဘဂျမ်းက ရိုးသား ပွင့်လင်း ရင်းနှီးချစ်ခင်စွာပင် “ငါကတော့ ငါမြင်သလောက် ရေးတာပဲကွ၊ နို့ပေတဲ့ မင်းတို့ မြင်သလို ငါမြင်အောင်လည်း ပြောကြဦး” ဟု ပြန်ပြောသည်ကို ကြားဖူးပေသည်။

မည်သို့ပင် ဆိုစေ ဦးဘဂျမ်းကို မျိုးချစ် ပုဂိုလ် တဦး၊ တာဝန် ကျေပွန်သော ပြည်သူ့ သားကောင်း တယောက်၊ တည်ကြည် ရိုးသား၍ အညှဉ်းဆဲခံ ပြည်သူတွေကိုသာ ချစ်ခင်စွာနှင့် စေတနာကောင်း ထားသော အနုပညာသည်ကြီး ဟူ၍ပင် မြင်နေ ပါသည်။

သူ့ပညာတွင် ဦးဘဂျမ်းသည် နှစ်ဦး မပေါ်သေးသော ပညာသည်ပါပေ။

၂၀၁၉ ခုနှစ်က ဦးဘဂျမ်း လမ်းတွင် ကျင်းပသော ၇၆ ကြိမ်မြောက် ကာတွန်း မီးထွန်းပွဲတော် / ဧရာဝတီ

တက်သစ်စ စုတ်ချက်များ ရှိသော်လည်း ဦးဘဂျမ်း၏ အရည်အသွေးကို မီဖို့ မနည်း ကြိုးစားကြရဦးမည်ပင် ဖြစ်ပါသည်။

ဦးဘဂျမ်း၏ စုတ်တံသည် “ကျနော့် မျက်စိအောက်မှာ မျက်စိနောက်စရာ ကိုးရိုးကားရားတော့ လာမလုပ်နဲ့၊ စုတ်ချက် ဖျားမှာ ကားခနဲ နေသွားမယ်” ဟု မဆိုသော်လည်း ဆိုဘိသကဲ့သို့ ထင်ရပေသည်။

ဦးဘဂျမ်းသည် ယခု ဖဆပလ အစိုးရကို ဝေဖန်ရာ၌ အတိုက်အခံ အဖွဲ့များထက် ပိုမိုသေးသည်။ သူမြင်သမျှကို တချက်မျှ ချမ်းသာမပေးဘဲ မထောက်မညှာပင် ဝေဖန် သရော်ခဲ့သည်။

တခါက လာဘ်ပေး လာဘ်ယူ ပပျောက်ရေး အတွက် ကာတွန်းများ ဆွဲခိုင်းလို၍ ဝန်ကြီးချုပ် သခင်နုက ဦးဘဂျမ်းအား သူ့အိမ်သို့ လာပါရန် ခေါ်ယူသည် ဆို၏။

ထိုအခါ ဦးဘဂျမ်းက ရိုးသားစွာပင် မြင်းလှည်းကလေးဖြင့် ဝင်ဒါမီယာ ဝန်ကြီးများ ရိပ်သာသို့ သွားခဲ့လေသည်။ သံဆူးကြိုး နှင့် သေနတ်ကိုင် အစောင့်ကြီးတွေ ချထားသည့် အိမ်နှင့်ခပ်ဝေးဝေးရှိ ဝင်းတံခါးတွင် မြင်းလှည်းကို ရပ်ထားခဲ့ပြီး ဝန်ကြီးချုပ် အိမ်သို့ ခြေကျင် ဆင်း၍ လာခဲ့သည်။

ဝန်ကြီးချုပ်က “ခင်ဗျား ဘာနဲ့ လာသလဲ” ဟု မေးရာ မြင်းလှည်းဖြင့် လာကြောင်း ဦးဘဂျမ်းက ဖြေသည်။

ဝန်ကြီးချုပ်က “ခင်ဗျား မြင်းလှည်းကလေး ပြန်လွှတ်လိုက်ပါဗျာ” ဟု ပြောသဖြင့်-

ဦးဘဂျမ်းက “ဘာလဲဗျ၊ အိပ်ရာလိပ် ပြန်ယူရတော့မှာလား” ဟု ရယ်မော၍ မေးသည်ဟု ကြားရသည်။

အဓိပ္ပာယ်မှာ ပုဒ်မ ၅ များ ခေတ်စားလှချိန် ဖြစ်သဖြင့် ထောင်ထဲ သွင်းတော့မည်လောဟု သရော်ခြင်း ဖြစ်ပေသည်။

ထိုစဉ်က ဦးဘဂျမ်း ဆွဲပေးသည့် ကိုယ့်မုတ်ကိုယ်ထမ်း၍ တရကြမ်း ပြေးရသည့် ခေတ်သစ် ငရဲခန်းများကို ယနေ့တိုင် မြင်ယောင်၍ နေကြသေးသည်။

ဦးဘဂျမ်း၏ ကာတွန်း ရုပ်ပြောင်များ အသက်ဝင်ပုံကိုမူ ပန်းချီပညာကို ဝေဖန်နိုင်သူကို မဆိုထားဘိ၊ လမ်းပေါ်မှ မည်သူက မဆို ကောင်းကောင်းကြီး သိခဲ့သည်။

ဤမျှ ဘာကြောင့် အသက်ပါရသနည်း။

ကိုပြူး၊ မပြုံးသည် လည်းကောင်း၊ ဦးဖျောက်ဆိပ်သည် လည်းကောင်း၊ မောင်မြေဇာသည် လည်းကောင်း၊ မြန်မာ ပြည်သူ တို့က မိမိတို့နှင့် အေးအတူ ပူအမျှ ခံစား စံစားနေရသည့် သက်ရှိ ပြည်သူတယောက် ကဲ့သို့ ထင်မှတ်လျက် ရှိရခြင်းသည် အဘယ်ကြောင့်နည်းဟု တွေးမိကြပေလိမ့်မည်။

သူ့အရုပ်ကလေးများကို သက်ရှိလူသား ပြည်သူတို့နှင့် ဘဝတူတူ ထင်မှတ်ရခြင်းသည် ဦးဘဂျမ်း၏ ပြည်သူ့ ဘဝကို ရိုးသားစွာ ကြင်နာမှု Sincere ဖြစ်မှုကြောင့်ဟု တထစ်ချ ဆိုဝံ့သည်။

ဦးဘဂျမ်းသည် ကာတွန်းဆရာ ဆိုသော်လည်း စာပေ အရေးအသားတွင် ညံ့သူမဟုတ်ပေ။ ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတို တို့ကို မရေးသော်လည်း ရေးသမျှသည် ကောင်းသည်ချည်း ဖြစ်သည်။

ထို့ကြောင့် သူ့ကာတွန်းများကို စာထည့်သည့် အခါ၌ စာကလေး ဆယ့်လေးငါးလုံးနှင့် ထိရောက်အောင်၊ မိအောင် ဖော်ပြနိုင်ခြင်း ဖြစ်သည်။

ဦးဘဂျမ်းလမ်း ကာတွန်း မီးထွန်းပွဲတော်သို့ လာရောက် ကြည့်ရှုအားပေးကြသော ပရိသတ်များ / Wikipedia

သူ့ကာတွန်း မျက်နှာထား သရုပ်ဖော်ပုံကို အခြားသူများ အတုခိုး ခက်သည့် နည်းတူ သူ့စကားလုံး သုံးပုံကိုလည်း တူနိုင်သူ ပေါ်ပေါက်ဖို့ မလွယ်။

ချာလီချက်ပလင်သည် အထောင်းအထု အကန်အကျောက်များကို ခံရသည့် လူ့နင်းပြား ဘဝကို သရုပ်ဖော်ရာ၌ သူမတူအောင် စွမ်းဆောင်နိုင်သည့် တယောက်တည်းသော ရုပ်ရှင်ပညာသည် ဖြစ်သကဲ့သို့ ဦးဘဂျမ်းကလည်း လူနေမှု စနစ်ဆိုး၊ အုပ်ချုပ်ရေး စနစ်ဆိုးများ အောက်တွင် ဖြစ်ပျက်နေသော ပြည်သူတို့၏ ဘဝသံသရာ ပြက်ချော်ချော် ကရော်ကမည် များကို ထောက်၍ ထောက်၍ ပြနိုင်ခဲ့သည့် တယောက်တည်းသာ ရှိသော ကာတွန်း ဝိဇ္ဖာကြီး ဖြစ်ပါသည်။

ဦးဘဂျမ်း၏ ပြည်သူတို့၏ ဘဝ ရုပ်လုံးဖော် ကာတွန်းများမှာ ပြောင်းလဲနေသော ခေတ်အမျိုးမျိုး၏ ကြေးမုံပြင်များ ဖြစ်သဖြင့် အရုပ်ဖြင့် ဖော်သည့် သမိုင်းကြောင်း အနေဖြင့် သိမ်းဆည်း မှတ်တမ်း တင်နိုင်စေရန်၊ မူပိုင် ရှိသူများက ရေးဆွဲ ထည့်သွင်းသည့် နေ့စွဲနှင့် တကွ စုပေါင်း၍ စာအုပ်များ အဖြစ် ရိုက်နှိပ်စေလိုပေသည်။

ဦးဘဂျမ်း သေသော်လည်း ကိုပြူး၊ မပြုံး၊ ကြွက်ဖြူကလေး၊ ဂွက်ထော်နှင့် ဦးဖျောက်ဆိပ်၊ မောင်မြေဇာ တို့ကား မသေ။ ။

လူထုဂျာနယ် အမှတ် ၃၅၊ မတ် (၁) ရက်၊ ၁၉၅၃။
(စာရေးဆရာမကြီး လူထုဒေါ်အမာ ရေးသားခဲ့သည့် ဤဆောင်းပါးကို လူထု ကြီးပွားရေး စာအုပ်တိုက်က ၂၀၂၅ ခုနှစ် မေလတွင် ထုတ်ဝေသော “လွမ်းသူ့စာ” တတိယ အကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီးသည် ၂၀၀၈ နှစ် ဧပြီလ ၇ ရက် အသက် ၉၃ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)

မှတ်ချက်။ ။ အလင်္ကာကျော်စွာ ကာတွန်း ဦးဘဂျမ်း နေထိုင် ကွယ်လွန်ခဲ့သော ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ၁၃ လမ်း (အောက်) ကို ဦးဘဂျမ်းလမ်း အဖြစ် သတ်မှတ်ကာ နှစ်စဉ် တန်ဆောင်တိုင် မီးထွန်းပွဲတော် နှင့် အတူ ကာတွန်း မီးထွန်းပွဲတော်၊ ကာတွန်း ပြပွဲ ပြိုင်ပွဲများ ကျင်းပပါသည်။ ကာတွန်း မီးထွန်းပွဲတော်ကို ဒုတိယ ကမ္ဘာစစ် မတိုင်ခင် ၁၉၃၄ ခုနှစ်တွင် ကာတွန်း ဦးဘဂျမ်းနှင့် ကာတွန်း ဦးဟိန်စွန်း တို့ ၂ ဦး စတင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရပါသည်။

]]>
မြန်မာ့ရွေးကောက်ပွဲသမိုင်း အတက်အကျကို ပြန်လေ့လာခြင်း https://burma.irrawaddy.com/article/2025/11/15/408085.html Sat, 15 Nov 2025 10:34:17 +0000 https://burma.irrawaddy.com/?p=408085 စစ်တပ်သည် ရွေးကောက်ပွဲလဒ်များကို မလေးစားသည့်အကြောင်း ပြည်တွင်းပြည်ပမှ လူများ သိသည်။]]>

မြန်မာတွင် ဒီဇင်ဘာလ သို့မဟုတ် လာမည့်နှစ်အစောပိုင်းတွင် ရွေးကောက်ပွဲပုံစံတမျိုးမျိုး လုပ်မည်မှာ သေချာသလောက်ရှိပြီး ထို့ကြောင့် အတိတ်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲများကို သတိရရန် အရေးကြီးသည်။

စစ်တပ်သည် ရွေးကောက်ပွဲရလဒ်များကို မလေးစားသည့်အကြောင်း ပြည်တွင်းပြည်ပမှ လူများ သိသည်။ ၁၉၇၃ နှင့် ၂၀၀၈ ခုနှစ်များက ဆန္ဒခံယူပွဲများနှင့် ၁၉၈၈ ခုနှစ် မတိုင်မီက တပါတီ အုပ်ချုပ်ရေးအောက်မှ ရွေးကောက်ပွဲများကဲ့သို့ပင် စစ်မှန်ယုံကြည်ရသည့် ရွေးကောက်ပွဲ လုံးဝ မရှိပေ။

ဒုတိယကမ္ဘာစစ်အပြီး ပထမဆုံး ရွေးကောက်ပွဲများကို ၁၉၄၇ ခုနှစ် ဧပြီလတွင် စနစ်ကျသော ပါလီမန်အတွက် မဟုတ်ဘဲ တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ကျင်းပသည်။ နေရာပေါင်း ၂၅၅ အတွက် ရွေးကောက်ပွဲ ကျင်းပခြင်းဖြစ်သည်။

ဒုတိယကမ္ဘာစစ်အပြီး ပထမဆုံး ရွေးကောက်ပွဲများကို ၁၉၄၇ ခုနှစ် ဧပြီလတွင် စနစ်ကျသော ပါလီမန်အတွက် မဟုတ်ဘဲ တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ကျင်းပသည်။ နေရာပေါင်း ၂၅၅ အတွက် ရွေးကောက်ပွဲ ကျင်းပခြင်းဖြစ်သည်။

နေရာ ၂၁၀ သည် မြန်မာပြည်မအတွက်ဖြစ်ပြီး ၎င်းနေရာများအနက် ၂၄ နေရာသည် ကရင်ပြည်နယ်အတွက်၊ ၄ နေရာသည် အင်ဂလို-ဗမာများအတွက် ဖြစ်သည်။ ကျန် ၄၅ နေရာသည် နယ်စပ်ဒေသများအတွက် ဖြစ်သည်။

လုံခြုံသော ရွေးကောက်ပွဲဝန်းကျင် ဖြစ်စေရန်အတွက် မဲရုံများကို ဖျက်ဆီးရန် ခြိမ်းခြောက်နေသည့် သခင်စိုး၏ အလံနီကွန်မြူနစ် သူပုန်များကို ဗြိတိန်၊ အိန္ဒိယနှင့် မြန်မာတပ်များသည် Operation Flush စစ်ဆင်ရေး ပြုလုပ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ပြည်သူ့ရဲဘော်အဖွဲ့က “ပြည်သူများကို မဲရုံများသို့ ပို့ဆောင်ပေးသည်” ဟု သမိုင်းဆရာ ဟုဂျ် တင်ကာ၏ အဆိုအရ သိရသည်။

သို့တိုင် နိုင်ငံအစိတ်အပိုင်း အများအပြားတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ခြင်းမရှိဘဲ မဲပေးသူ ၄၉.၈ ရာခိုင်နှုန်းသာ ရှိသည်။ ရလဒ်မှာ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ) အတွက် နေရာ ၁၇၃ နေရာဖြစ်သည်။ ဖဆပလသည် ထိုစဉ်က အဓိက လွှမ်းမိုးသည့် နိုင်ငံရေးပါတီဖြစ်ပြီး ထိုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် လွတ်လပ်ရေးအကြိုကာလ အစိုးရတခုလုံးနီးပါး လုပ်ကြံခံရသည်အထိ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည်။

ထိုစဉ်က မြေပေါ်ပါတီဖြစ်နေသေးသော ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) အနေဖြင့် ရွေးကောက်ပွဲ မဝင်သော်လည်း အဆင့်နိမ့် အဖွဲ့ဝင် ၇ ဦးသည် တသီးပုဂ္ဂလအနေဖြင့် ရွေးကောက်ခံရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သည်လည်း ထိုရွေးကောက်ပွဲကို သပိတ်မှောက်သည့်တိုင် ကရင်လူငယ်အဖွဲ့ချုပ် (KYO) အဖွဲ့ဝင် ၁၉ ဦး ရွေးကောက်ခံရသည်။ တိုင်းပြုပြည်ပြုလွှတ်တော်သည် ဇွန်လ ၉ ရက်နေ့တွင် တွေ့ဆုံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲခြင်းကို စတင်ကြီးကြပ်သည်။ ထိုဖွဲ့စည်းပုံကို အတည်ပြုပြီး ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးတွင် စတင်သက်ဝင်သည်။

ပါလီမန်ရွေးကောက်ပွဲများကို ၁၉၅၀ ပြည့်နှစ်များတွင် နှစ်ကြိမ်ကျင်းပသည်။ နိုင်ငံရေးနှင့်လူမျိုးစု စစ်ပွဲများ ကျေးလက်ဒေသများတွင် ဖြစ်ပွားနေသောကြောင့် ပထမတကြိမ်ကို ၁၉၅၁ ခုနှစ်၊ ဇွန်လမှ ၁၉၅၂ ခုနှစ်၊ ဧပြီလအထိ လပေါင်းများစွာ ကျင်းပရသည်။

ပါလီမန်ရွေးကောက်ပွဲများကို ၁၉၅၀ ပြည့်နှစ်များတွင် နှစ်ကြိမ်ကျင်းပသည်။ နိုင်ငံရေးနှင့်လူမျိုးစု စစ်ပွဲများ ကျေးလက်ဒေသများတွင် ဖြစ်ပွားနေသောကြောင့် ပထမတကြိမ်ကို ၁၉၅၁ ခုနှစ်၊ ဇွန်လမှ ၁၉၅၂ ခုနှစ်၊ ဧပြီလအထိ လပေါင်းများစွာ ကျင်းပရသည်။

ဗကပသည် ၁၉၄၇ ခုနှစ်၊ မတ်လတွင် တောခိုပြီး လက်နက်ကိုင်တော်လှန်ရေး စတင်ကာ ကရင်နှင့် အခြားလူမျိုးစုများကလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေသည်။

မဲပေးသူအရေအတွက် အလွန်နည်းပြီး မဲပေးခွင့်ရှိသူ ၈ သန်းအနက် ၁.၅ သန်းခန့် သို့မဟုတ် ၂၀ ရာခိုင်နှုန်းအောက်သာ ပါဝင်ကြသည်။ ပြည်သူ့လွှတ်တော် (Chamber of Deputies) တွင် နေရာ ၂၅၀ ရှိခဲ့သင့်သော်လည်း ၁၁ နေရာကို လစ်လပ်နေရာအဖြစ် စာရင်းသွင်းထားသည်။

ကျန် ၂၃၉ နေရာအနက် ဖဆပလ က ၁၄၇ နေရာနှင့် ၅၂ နေရာကို မဟာမိတ်ပါတီများနှင့် အဖွဲ့အစည်းများက ရသည်။ လက်ဝဲသမားအုပ်စုများ၏ မဟာမိတ် ပြည်သူဒီမိုကရက်တပ်ဦး (PDF) က ၁၉ နေရာရသည်။ လွတ်လပ်သော ရခိုင်ပါလီမန်အုပ်စု (IAPG) က ၆ နေရာရပြီး ၁၅ နေရာကို အမျိုးမျိုးသော ပါတီငယ်များအား ကိုယ်စားပြုသည့် ကိုယ်စားလှယ်များက ရသည်။

၁၉၅၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် လုပ်သည့် နောက်ရွေးကောက်ပွဲများကို ဖဆပလ က လွှမ်းမိုးသည်။ ယခုတကြိမ်တွင် မဲပေးသူအရေအတွက် ပိုမိုမြင့်မားလာပြီး ၄၈ ရာခိုင်နှုန်းရှိကာ ရွေးကောက်ပွဲများကို မဲဆန္ဒနယ် ၂၄၀ တွင်ပြုလုပ်သည်။ ကျန် ၁၀ နေရာကို လုံခြုံရေးအခြေအနေ တိုးတက်လာသောအခါမှ ဆုံးဖြတ်ရန် ချန်ထားခဲ့သည်။

ဖဆပလ က ၁၄၇ နေရာ အနိုင်ရပြီး လက်ဝဲဝါဒီ အမျိုးသားညီညွတ်ရေးတပ်ဦး (NUF) က ၄၈ နေရာနိုင်ကာ ညီညွတ်သော တောင်ပေါ်ပြည်သူများ ကွန်ဂရက် (UHPC) က ၁၄ နေရာရသည်။ ရခိုင်အမျိုးသား ညီညွတ်ရေးအဖွဲ့ချုပ် (ANUO) က ၅ နေရာရသည်။ ကျန်နေရာများကို ပါတီငယ်များက အနိုင်ရပြီး အချို့မှာ ရှမ်းများနှင့် ကချင်များကို ကိုယ်စားပြုသော ပါတီများဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် မဲပေးနေကြစဉ်

သို့သော် ထိုကိစ္စတွင် ဖဆပလသည် ၁၉၅၁-၅၂ ကကဲ့သို့ မဟာမိတ်ပါတီများနှင့် အဖွဲ့များကို များများ စုစည်းနိုင်ခြင်း မရှိသောကြောင့် ၎င်း၏ မှတ်သားစရာ အကောင်းဆုံး ကျဆုံးမှုဖြစ်သည်။

ထိုအချိန်များတွင် သူပုန်များကို အများအားဖြင့် ထိန်းချုပ်ထားနိုင်သော်လည်း နိုင်ငံရေးဖရိုဖရဲ အခြေအနေကြောင့် ဝန်ကြီးချုပ် ဦးနု ဇွန်လတွင် နုတ်ထွက်ရပြီး အာဏာကို သူ့လက်ထောက် ဦးဗဆွေသို့ လွှဲပေးရသည်။ ၁၉၅၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဦးနု ဝန်ကြီးချုပ်ရာထူး ပြန်ယူပြီးသော်လည်း ဖဆပလတွင် ကြီးမားသော အကွဲအပြဲဖြစ်သည်။

ဦးဗဆွေနှင့် သူ့လုပ်ဖော်ကိုင်ဖက် ဒုဝန်ကြီးချုပ် ဦးကျော်ငြိမ်းသည် “တည်မြဲ ဖဆပလ” အမည်ဖြင့် ခွဲထွက်ပြီး ဦးနုအုပ်စုသည် “သန့်ရှင်း ဖဆပလ” ဖြစ်လာသည်။

၁၉၅၈ ခုနှစ်၊ အောက်တိုဘာလသို့ ရောက်သောအခါ အခြေအနေသည် ထိန်းသိမ်းမရအောင် ဖြစ်လာပြီး ဗိုလ်ချုပ်နေဝင်း ကြားဝင်ကာ အိမ်စောင့်အစိုးရကို ထူထောင်စေသည်။ ရွေးကောက်ပွဲသစ် ကျင်းပနိုင်ပြီးသည်အထိသာ အုပ်ချုပ်မည်ဟု အိမ်စောင့်အစိုးရက ကတိပြုပြီး စစ်တပ်သည် ထိုကတိကို အမှန်တကယ် လိုက်နာခဲ့သည်။

၁၉၆၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရွေးကောက်ပွဲများ ကျင်းပပြီး ပြည်ထောင်စုပါတီဟု အမည်ပြောင်းထားသည့် ဦးနု၏ “သန့်ရှင်း ဖဆပလ” တောင်ပြိုကမ်းပြိုနိုင်ကာ နေရာ ၂၅၀ အနက် ၁၅၈ နေရာတွင် အနိုင်ရသည်။ “တည်မြဲ ဖဆပလ” သည် နေရာ ၄၁ နေရာသာ ရသည်။

၁၉၆၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရွေးကောက်ပွဲများ ကျင်းပပြီး ပြည်ထောင်စုပါတီဟု အမည်ပြောင်းထားသည့် ဦးနု၏ “သန့်ရှင်း ဖဆပလ” တောင်ပြိုကမ်းပြိုနိုင်ကာ နေရာ ၂၅၀ အနက် ၁၅၈ နေရာတွင် အနိုင်ရသည်။ “တည်မြဲ ဖဆပလ” သည် နေရာ ၄၁ နေရာသာ ရသည်။

လက်ဝဲဝါဒီ အမျိုးသားညီညွတ်ရေးတပ်ဦး (NUF) သည် ၃ နေရာအထိ ကျဆင်းသွားသည်။ ကျန်နေရာများကို တိုင်းရင်းသားနှင့် ပါတီငယ်များက ရသည်။ မဲပေးသူအရေအတွက် ၆၀ ရာခိုင်နှုန်းရှိပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်း အမြင့်ဆုံးဖြစ်သည်။

ထို့နောက် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ စစ်အာဏာသိမ်းမှု ဖြစ်လာသည်။ ဗိုလ်နေဝင်းနှင့်စစ်တပ်က အာဏာသိမ်းပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကာ ထိပ်တန်းနိုင်ငံရေးသမား အားလုံးကို ဖမ်းသည်။ ဗဟိုချုပ်ကိုင်သည့် စစ်အာဏာရှင်စနစ်က မြန်မာ၏ ထိခိုက်လွယ် ဖက်ဒရယ်ဒီမိုကရေစီကို အစားထိုးလိုက်သည်။

ယခုတကြိမ်တွင်မူ စစ်တပ်သည် မည်သည့် အရပ်သားနိုင်ငံရေးသမားကိုမှ အာဏာလွှဲမပေးတော့ပေ။ တော်လှန်ရေးကောင်စီဟု အမည်ပေးထားသည့် စစ်အုပ်စုက ၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းပုံသစ် ချမှတ်ပြီး စစ်တပ်က ခေါင်းဆောင်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) တခုတည်းကသာ ကိုယ်စားလှယ်လောင်းများ တင်သွင်းသည့် တပါတီနိုင်ငံ ထူထောင်သည်အထိ အုပ်ချုပ်သည်။ ရွေးကောက်ပွဲများသည် အပေါ်ယံ ဟန်ပြသာဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို မပြဋ္ဌာန်းမီ ဆန္ဒခံယူပွဲကို ၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပသည်။ ထောက်ခံမဲနှင့် ကန့်ကွက်မဲ မဲပုံး နှစ်ခုကို ကန့်လန့်ကာနောက်တွင် ဝှက်ထားပြီး မဲရုံထောင့် နှစ်ခုတွင် ချထားသည်။ ထိုကန့်လန့်ကာနှင့် ကြမ်းပြင်သည် ၁၅ မှ ၂၀ စင်တီမီတာအထိ လွတ်နေသောကြောင့် ပြည်သူများ မည်သို့မဲပေးသည်ကို အရာရှိများ အလွယ်တကူ သိနိုင်သည်။

သို့သော် မဲပေးသူအချို့သည် ကန့်ကွက်မဲပေးနိုင်ကြသည့်တိုင် အာဏာပိုင်များက ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ၉၀.၁၉ ရာခိုင်နှုန်းက ထောက်ခံသည်ဟု ကြေညာသည်။

၁၉၇၄ ခုနှစ်၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲများ ကျင်းပပြီး ပြည်သူ့လွှတ်တော်ပုံစံသစ် နေရာ ၄၅၁ နေရာလုံးကို မဆလပါတီက အလိုအလျောက်နိုင်ပြီး မဲပေးသူအရေအတွက် ၉၄.၆၁ ရာခိုင်နှုန်းရှိသည်ဟု တရားဝင်ကြေညာသည်။

၁၉၇၄ ခုနှစ်၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲများ ကျင်းပပြီး ပြည်သူ့လွှတ်တော်ပုံစံသစ် နေရာ ၄၅၁ နေရာလုံးကို မဆလပါတီက အလိုအလျောက်နိုင်ပြီး မဲပေးသူအရေအတွက် ၉၄.၆၁ ရာခိုင်နှုန်းရှိသည်ဟု တရားဝင်ကြေညာသည်။

ကိုယ်စားလှယ်အဖွဲ့ဝင်အရေအတွက် အတက်အကျရှိနေသောကြောင့် မဆလပါတီသည် ၁၉၇၈ ခုနှစ်တွင် ၄၆၄ နေရာ၊ ၁၉၈၁ ခုနှစ်တွင် ၄၇၅ နေရာနှင့် ၁၉၈၅ ခုနှစ်တွင် ၄၈၉ နေရာရသည်။ ရွေးကောက်ပွဲများကို မဆလ အစိုးရ မထိန်းချုပ်ဘဲ အမျိုးမျိုးသော နိုင်ငံရေးနှင့်လူမျိုးစုသူပုန်များ ထိန်းချုပ်ထားသည့်နေရာတွင်ပင် ကျင်းပသည်ဟု ဆိုသည်။

အရပ်ဘက် ဝတ်စုံဝတ် စစ်အရာရှိများနှင့် မဆလ အုပ်ချုပ်ရေးသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံအပြီးတွင် အဆုံးသတ်သွားသည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ဟုခေါ်သည့် စစ်အုပ်စုသစ် ဖွဲ့စည်းသည်။

သို့သော် အများအပြားကို အံ့သြစေသည်မှာ တပါတီစနစ်ကို ဖျက်သိမ်းလိုက်ပြီး ထိုစဉ်က စစ်အုပ်စုခေါင်းဆောင် စောမောင်က “လွတ်လပ်ပြီး တရားမျှတသော” ရွေးကောက်ပွဲဟု သူခေါ်သည့် ရွေးကောက်ပွဲကို ကျင်းပရန် ကတိပြုသည်။

မဆလကို စစ်တပ်လိုလားသည့်အဖွဲ့အစည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) အဖြစ် ပြောင်းလဲလိုက်သည်။ ဗိုလ်ချုပ်များသည် ထိုပါတီ၏ အရေးပါမှုနှင့် လူထုထောက်ခံမှုကို ပိုတွက်ခဲ့ခြင်း ဖြစ်နိုင်သည်။

နဝတ ပြန်ကြားရေးအရာရှိတဦးဖြစ်သူ ဦးရဲထွဋ်က ၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလတွင် စာရေးသူအား “NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ကို ကျယ်ပြန့်တဲ့ လူထုထောက်ခံမှု ရှိတယ်လို့ ခင်ဗျားတို့ နိုင်ငံခြားသားတွေက ယူဆတယ်။ မြို့ပြတွေမှာ သူတို့ကို ထောက်ခံသူတချို့ ရှိကောင်း ရှိပေမဲ့ ကျေးလက်ဒေသတွေမှာ ပြည်သူက ကျနော်တို့ကိုပဲ ထောက်ခံတယ်” ဟု ပြောခဲ့ကြောင်း ပြန်လည်သတိရမိသည်။

NLD ကို ၁၉၈၈ ခုနှစ် အရေးတော်ပုံနောက်ပိုင်းတွင် ဖွဲ့စည်းခဲ့သော်လည်း ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်မီက မြန်မာနိုင်ငံ ခံစားခဲ့သော ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရေးအတွက် အဓိက အင်အားစု မကြာမီ ဖြစ်လာသည်။

၁၉၉၀ ပြည့်နှစ်၊ မေလ ၂၇ ရက်နေ့တွင် ရွေးကောက်ပွဲများကို ကျင်းပပြီး မဲပေးသူအရေအတွက် ၇၃ ရာခိုင်နှုန်းရှိကာ NLD တောင်ပြိုကမ်းပြို အနိုင်ရသည်။ ပြည်သူ့လွှတ်တော်နေရာ ၄၈၅ နေရာအနက် မြို့ပြတွင်သာမက ကျေးလက်တွင်ပါ ၃၉၂ နေရာ အနိုင်ရသည်။

၁၉၉၀ ပြည့်နှစ်၊ မေလ ၂၇ ရက်နေ့တွင် ရွေးကောက်ပွဲများကို ကျင်းပပြီး မဲပေးသူအရေအတွက် ၇၃ ရာခိုင်နှုန်းရှိကာ NLD တောင်ပြိုကမ်းပြို အနိုင်ရသည်။ ပြည်သူ့လွှတ်တော်နေရာ ၄၈၅ နေရာအနက် မြို့ပြတွင်သာမက ကျေးလက်တွင်ပါ ၃၉၂ နေရာ အနိုင်ရသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ၂၃ နေရာ အနိုင်ရပြီး ဒုတိယနေရာတွင်ရှိကာ မွန်ဒီမိုကရက်တစ်တပ်ဦးက ၅ နေရာနှင့် အမျိုးမျိုးသော ပါတီများ၊ တသီးပုဂ္ဂလိကများက ၅၅ နေရာ အနိုင်ရသည်။

စစ်တပ်ကျောထောက်နောက်ခံပြု တစညပါတီသည် ၁၀ နေရာမျှဖြင့် နိဂုံးချုပ်သွားသည်။ ထိုပါတီသည် လူထုမဲ ၂၀ ရာခိုင်နှုန်းကျော် အနိုင်ရသည်ဟု စောဒက တက်ကောင်းတက်နိုင်သော်လည်း နိုင်သူအကုန်ယူစနစ်အောက်တွင် ထိုပါတီသည် အထိနာသွားပြီး စစ်တပ်သည် လုံးဝသစ်လွင်သည့် နိုင်ငံရေးစင်မြင့်တခု ဖန်တီးရသည်။

၁၉၉၃ ခုနှစ်တွင် ထိုစင်မြင့်သည် ပြည်ထောင်စုကြံ့ခိုင်ရေးအသင်း (USDA) ဖြစ်လာပြီး ၂၀၁၀ ပြည့်နှစ်တွင် ယနေ့ မိမိတို့သိကြသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဖြစ်လာသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် “တလွဲပါတီ” အနိုင်ရသောကြောင့် စည်းမျဉ်းများကို ပြောင်းလဲရန် လိုအပ်လာသည်။ ရွေးကောက်ပွဲအပြီး နှစ်လအကြာ ဇူလိုင်လ ၂၇ ရက်နေ့တွင် နဝတသည် ကြေညာချက် ၁/၉၀ ကို ထုတ်ပြန်ပြီး စစ်အုပ်စုတွင်သာ ဥပဒေပြုခွင့်အာဏာရှိကြောင်းနှင့်ပြည်သူက ရွေးကောက်သည့် ကိုယ်စားလှယ်များသည် အနာဂတ် ဒီမိုကရေစီနိုင်ငံတော်အတွက် ဖွဲ့စည်းပုံသစ်ရေးဆွဲရန်သာ တာဝန်ရှိကြောင်း ကြေညာသည်။

၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက် နေပြည်တော်တွင် အာဏာရှင် ဦးသန်းရွှေ မဲပေးနေစဉ် / AFP

ထိုကြေညာချက် ထွက်ပြီး ရက်ပိုင်းအတွင်း လျှို့ဝှက်ရဲ ဆန်သော စစ်ထောက်လှမ်းရေးသည် ရွေးကောက်ခံ NLD လွှတ်တော်ကိုယ်စားလှယ်များကို အကြီးအကျယ် စစ်ဆင်ရေး ပြုလုပ်သည်။ ထိုနှစ်ကုန်သောအခါ ၆၅ ဦး ဖမ်းဆီးခံရပြီး တဒါဇင် နီးပါးသည် အိမ်နီးချင်း ထိုင်းနှင့် အိန္ဒိယနိုင်ငံများသို့ ထွက်ပြေးသည်။ အများအပြားက ဆန္ဒအလျောက် နုတ်ထွက်ကြသည်။

ထို့ကြောင့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကို မည်သည့်အခါကမှ မခေါ်ယူခဲ့ပေ။ ထိုအစား ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၄၈၅ ဦးအနက် ၁၀၀ ခန့်၊ ရွေးကောက်ခံ မဟုတ်ဘဲ စစ်တပ်က စိတ်တိုင်းကျ ရွေးချယ်ထားသည့် အခြားသူ ၆၀၀ ခန့်နှင့်အတူ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရန် အမျိုးသားညီလာခံ တက်ရသည်။

မျှော်လင့်ထားသည့်အတိုင်း မဲပေးသူအရေအတွက် လုံးဝ လိမ်လည်သည်။ ထိုစဉ်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဟု အမည်ပြောင်းထားသည့် စစ်အုပ်စုက ထိုဖွဲ့စည်းပုံအခြေခံဥပဒေကို မဲဆန္ဒရှင် ၉၄.၂ ရာခိုင်နှုန်းက ထောက်ခံပြီး ဆန္ဒခံယူပွဲ ကျင်းပခဲ့သည်ဟု ဆိုသောနေရာများတွင် မဲပေးခွင့်ရှိသူ ၉၉ ရာခိုင်နှုန်း လာရောက်သည်ဟု ကြေညာသည်။

နောင် ၁၈ နှစ် ကြာသည့် ၂၀၀၈ ခုနှစ်၊ ဧပြီလရောက်သည့်အခါမှသာ ထိုလုပ်ငန်းပြီးစီးပြီး ဆန္ဒခံယူပွဲ ကျင်းပခြင်းဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်း မဲပေးသူအရေအတွက် လုံးဝ လိမ်လည်သည်။ ထိုစဉ်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဟု အမည်ပြောင်းထားသည့် စစ်အုပ်စုက ထိုဖွဲ့စည်းပုံအခြေခံဥပဒေကို မဲဆန္ဒရှင် ၉၄.၂ ရာခိုင်နှုန်းက ထောက်ခံပြီး ဆန္ဒခံယူပွဲ ကျင်းပခဲ့သည်ဟု ဆိုသောနေရာများတွင် မဲပေးခွင့်ရှိသူ ၉၉ ရာခိုင်နှုန်း လာရောက်သည်ဟု ကြေညာသည်။

အချို့ မဲဆန္ဒနယ်များတွင် ၁၀၀ ရာခိုင်နှုန်းထက် ကျော်သူများက ထောက်ခံမဲပေးသည်ဟုပင် ဆိုသောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို အယုံအကြည်ရှိစေရန် ထိုစကားကို ပြင်ဆင်ပြောရသည်။

၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး ထိုရွေးကောက်ပွဲကိုလည်း မဲလိမ်သည်ဟု လေ့လာစောင့်ကြည့်သူ အားလုံးက သဘောတူခဲ့သည်။ မဲပေးခွင့်ရှိသူ ၇၇ ရာခိုင်နှုန်း မဲပေးသည်ဟုဆိုပြီး USDP က တောင်ပြိုကမ်းပြိုနိုင်ကာ ပါလီမန်သစ်၏ အထက်နှင့် အောက်လွှတ်တော် နှစ်ရပ်လုံးတွင် ခိုင်မာသော လူများစု အနေအထားရသည်။

ထို့ပြင် ထိုလွှတ်တော် နှစ်ရပ်လုံးတွင် စစ်တပ်က နေရာအားလုံး၏ ၂၅ ရာခိုင်နှုန်းကိုလည်း ရယူထားသည်။ USDP သည် ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) နေရာ ၃၃၀ အနက် ၂၅၉ နေရာတွင် အနိုင်ရပြီး အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) နေရာ ၂၂၄ နေရာအနက် ၁၆၈ နေရာတွင် အနိုင်ရသည်။

စစ်တပ်က အောက်လွှတ်တော်သို့ ကိုယ်စားလှယ် ၁၁၀ နှင့် အထက်လွှတ်တော်သို့ ကိုယ်စားလှယ် ၄၆ ဦး ခန့်သည်။ တစည က အောက်လွှတ်တော် ၁၂ နေရာနှင့် အထက်လွှတ်တော် ၅ နေရာတွင် အနိုင်ရပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က အောက်လွှတ်တော်နေရာ ၁၈ နေရာနှင့် အထက်လွှတ်တော်နေရာ ၃ နေရာ အနိုင်ရပြီး ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (RNDP) က အောက်လွှတ်တော် ၉ နေရာနှင့် အထက်လွှတ်တော် ၇ နေရာတွင် အနိုင်ရသည်။

၁၉၇၀ ပြည့်နှစ်များကကဲ့သို့ပင် စစ်ဝတ်စုံကို အရပ်ဝတ်စုံဖြင့် အစားထိုးထားသည့် စစ်အရာရှိများ အဓိကပါဝင်သော အရပ်သားအစိုးရသစ်ကို ဖွဲ့စည်းသည်။ သမ္မတသစ် ဦးသိန်းစိန်သည် ဗိုလ်ချုပ်ကြီးဟောင်းဖြစ်ပြီး ယခင်က စစ်အုပ်စု ခန့်အပ်သည့် နအဖ အတွင်းရေးမှူးနှင့် ဝန်ကြီးချုပ်အဖြစ် ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ လုပ်ခဲ့သူဖြစ်သည်။

သို့သော် ဦးသိန်းစိန် အစိုးရသည် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်နှင့် NLD အပါအဝင် နိုင်ငံရေးပါတီများ ပွင့်ပွင့်လင်းလင်း လှုပ်ရှားရန် ခွင့်ပြုခဲ့သည်။ စာနယ်ဇင်း ဆင်ဆာတည်းဖြတ်မှုကို ရုတ်သိမ်းပြီး လူထုအခြေပြု အဖွဲ့အစည်းသစ်များကို ဖွဲ့စည်းစေခဲ့သည်။

ဦးသိန်းစိန်အစိုးရသည် “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်” ကိုလည်း စတင်ခဲ့ပြီး ထိုမှတဆင့် နိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို အစိုးရသစ်၊ စစ်တပ်တို့နှင့် ဆွေးနွေးရန် ဖိတ်ခေါ်သည်။ ထိုကိစ္စများအားလုံးက ဦးသိန်းစိန်သည် “ဗမာ ဂေါ်ဘာချက်ဗ်” ဖြစ်သည်၊ နိုင်ငံသည် “ဒီမိုကရေစီ အသွင်ကူးပြောင်းရေး” ကို ဖြတ်သန်းနေသည်ဆိုသည့်အမြင်များ ဖြစ်စေခဲ့သည်။

ဦးသိန်းစိန်အစိုးရသည် “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်” ကိုလည်း စတင်ခဲ့ပြီး ထိုမှတဆင့် နိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို အစိုးရသစ်၊ စစ်တပ်တို့နှင့် ဆွေးနွေးရန် ဖိတ်ခေါ်သည်။ ထိုကိစ္စများအားလုံးက ဦးသိန်းစိန်သည် “ဗမာ ဂေါ်ဘာချက်ဗ်” ဖြစ်သည်၊ နိုင်ငံသည် “ဒီမိုကရေစီ အသွင်ကူးပြောင်းရေး” ကို ဖြတ်သန်းနေသည်ဆိုသည့်အမြင်များ ဖြစ်စေခဲ့သည်။

ထိုအမြင်သည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် NLD ပါဝင်ပြီး ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ကျင်းပသည့် ၃၃၀ နေရာအနက် ၂၅၈ နေရာနှင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ကျင်းပသည့် နေရာ ၁၆၈ နေရာအနက် ၁၃၈ နေရာတွင် တောင်ပြိုကမ်းပြို အနိုင်ရသောအခါ ပိုမို ခိုင်မာလာစေသည်။

USDP သည် ပြည်သူ့လွှတ်တော် နေရာ ၂၆ ခုနှင့် အမျိုးသားလွှတ်တော် ၁၁ နေရာတွင် အနိုင်ရသည်။ ပြည်သူ့လွှတ်တော်အတွက် မဲပေးခွင့်ရှိသူ ၆၉.၇၂ ရာခိုင်နှုန်းနှင့် အမျိုးသားလွှတ်တော်အတွက် မဲပေးခွင့်ရသူ ၆၉.၈၂ ရာခိုင်နှုန်း မဲပေးသည်ဟု ဆိုသည်။

SNLD သည် ပြည်သူ့လွှတ်တော်တွင် ၁၅ နေရာ အနိုင်ရပြီး အမျိုးသားလွှတ်တော်တွင် ၂ နေရာ အနိုင်ရကာ ၂၄ နေရာသည် အခြားနိုင်ငံရေးပါတီများနှင့် တသီးပုဂ္ဂလက အနိုင်ရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်နှင့် NLD ကို အစိုးရဖွဲ့ခွင့်ပေးသော်လည်း သူ၏ သား နှစ်ဦးသည် မြန်မာနိုင်ငံသားများ မဟုတ်သောကြောင့် သမ္မတဖြစ်ခွင့် မရှိပေ။

ယခုတကြိမ်တွင် မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့်ကိစ္စသည် ဂေါ်ဘာချက်ဗ် ပြောသည့် စနစ်ဟောင်းကို ပြန်လည်ပြုပြင်ခြင်း “ပယ်ရက်စထရိုက်ကာ” မရှိဘဲ တံခါးဖွင့်ခြင်း “ဂလပ်စနော့” ဖြစ်သည့်ကိစ္စဖြစ်သည်။

တံခါးဖွင့်ပြီး လွတ်လပ်ခွင့်ပြုသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက စစ်တပ် အထွတ်အထိပ်ရောက်သည့် အခြေခံအာဏာစနစ်ကို အရာမယွင်း ထိန်းထားပေးသည်။

စစ်အုပ်စုသည် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နေရာ ၄ ပုံ ၁ ပုံကို ထိန်းချုပ်ထားရုံသာမက အရေးအပါဆုံး ဝန်ကြီး သုံးဦး ခန့်အပ်ခွင့်လည်း ပေးသည်။ ကာကွယ်ရေး၊ ရဲနှင့်ပြည်တွင်း လုံခြုံရေးကို တာဝန်ယူသည့် ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများဖြစ်ပြီး စစ်ဝတ်စုံဝတ်များကို နယ်စပ်ကုန်သွယ်ရေး၊ နယ်စပ်မှ တိုင်းရင်းသားအုပ်စုများနှင့် ဆက်ဆံရေးကို လုံးဝ ထိန်းချုပ်နိုင်စေသည်။

စစ်အုပ်စုသည် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နေရာ ၄ ပုံ ၁ ပုံကို ထိန်းချုပ်ထားရုံသာမက အရေးအပါဆုံး ဝန်ကြီး သုံးဦး ခန့်အပ်ခွင့်လည်း ပေးသည်။ ကာကွယ်ရေး၊ ရဲနှင့်ပြည်တွင်း လုံခြုံရေးကို တာဝန်ယူသည့် ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများဖြစ်ပြီး စစ်ဝတ်စုံဝတ်များကို နယ်စပ်ကုန်သွယ်ရေး၊ နယ်စပ်မှ တိုင်းရင်းသားအုပ်စုများနှင့် ဆက်ဆံရေးကို လုံးဝ ထိန်းချုပ်နိုင်စေသည်။

အရေးပါသော မည်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးမဆိုကို လွှတ်တော်ကိုယ်စားလှယ် ၃ ပုံ ၁ ပုံကျော်က ထောက်ခံမည်ဖြစ်ပြီး ထိုဖြစ်ဖွယ်မရှိသည့် ဖြစ်ရပ်ဖြစ်လာပါက ဆန္ဒခံယူပွဲလုပ်ရန် လိုအပ်မည်ဖြစ်သည်။

တံခါးဖွင့်ရန် ဗိုလ်ချုပ်များ၏ ဆုံးဖြတ်ချက်အတွက် အကြောင်းရင်းသည် ထင်ရှားသည်။ နိုင်ငံတွင် နဝတနှင့် ဆက်ခံသူ နအဖသည် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများ၊ သပိတ်မှောက်မှုများကြောင့် တရုတ်နိုင်ငံကို လွန်စွာမှီခိုနေရသည်။ ထိုမှီခိုမှုကို ချိန်ခွင်လျှာညှိရန်နှင့် ကျန်တကမ္ဘာလုံးနှင့် ဆက်ဆံရေး တိုးတက်ရန် အလျှော့ပေးမှုအချို့ လုပ်ရန်လိုသည်။ ထိုကိစ္စသည် အလုပ်ဖြစ်သည်။ မြန်မာသည် နိုင်ငံတကာအပယ်ခံဘဝမှ အနောက်နိုင်ငံများ၏ အချစ်တော် ညတွင်းချင်း ဖြစ်လာသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် အစိုးရဝန်ထမ်းတဦး မဲပေးနေစဉ် / ဧရာဝတီ

သို့သော် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် NLD ဒုတိယ အောင်ပွဲသည် စစ်တပ်က လက်ခံနိုင်သည်ထက် ကျော်လွန်နေပြီး နိုင်ငံတကာနှင့် ပြည်တွင်း ရွေးကောက်ပွဲစောင့်ကြည့်သူများက ထိုရွေးကောက်ပွဲသည် မှားယွင်းမှုအချို့ ရှိသော်လည်း အများအားဖြင့် လွတ်လပ်မျှတသည်ဟု ပြောသည်။

ဗိုလ်ချုပ်များသည် မဲစာရင်းမှားယွင်းမှုအကြောင်း စတင်ပြောဆိုလာသည်။ NLD ဒုတိယအကြိမ် အစိုးရဖွဲ့စည်းမည့်အချိန် စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကြားဝင်စွက်ဖက်ပြီး အာဏာသိမ်းကာ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့တခုလုံးကို ဖမ်းဆီးသည်။

ထို့နောက် ဖြစ်ခဲ့သည်များကို သေချာ မှတ်တမ်းတင်ထားသည်။ မြန်မာသည် ဆယ်စုနှစ်များစွာကြာသည့် ပြည်တွင်းစစ် ခေတ်သစ်သို့ ရောက်လာသည်။ လက်နက်ကိုင် ဗမာလူမျိုးစုအုပ်စုများနှင့် တိုင်းရင်းသားလက်နက်ကိုင်များသည် စစ်အုပ်စုသစ် အာဏာသိမ်း စစ်ကောင်စီ (စကစ) ကို တိုက်ခိုက်ကြပြီး ယခင် မကြုံဖူးသလောက်ဖြစ်သော အကြမ်းဖက်မှုများ တနိုင်ငံလုံးတွင် ဖြစ်ပွားသည်။

ယခုအခါ “စစ်ကော်မရှင်” ဟု အမည်ပြောင်းထားသည့် စစ်အုပ်စုသည် လွတ်လပ်မျှတသည့်ရွေးကောက်ပွဲ ကျင်းပပေးမည်၊ ထိုရွေးကောက်ပွဲများ လွတ်လပ်မျှတပါက ရလဒ်များကို လေးစားလိုက်နာမည် ဆိုသည်ကို သွက်သွက်ခါအောင် ရူးသွပ်နေသူများသာ လက်ခံမည်ဖြစ်သည်။

ယခုအခါ “စစ်ကော်မရှင်” ဟု အမည်ပြောင်းထားသည့် စစ်အုပ်စုသည် လွတ်လပ်မျှတသည့်ရွေးကောက်ပွဲ ကျင်းပပေးမည်၊ ထိုရွေးကောက်ပွဲများ လွတ်လပ်မျှတပါက ရလဒ်များကို လေးစားလိုက်နာမည် ဆိုသည်ကို သွက်သွက်ခါအောင် ရူးသွပ်နေသူများသာ လက်ခံမည်ဖြစ်သည်။

NLD ကို ဖျက်သိမ်းထားပြီး ယခုတကြိမ်တွင် စစ်တပ်သည် USDP က ကစားပွဲတွင် တခုတည်းသောပါတီ ဖြစ်စေရန် ပြုလုပ်ထားသည်။

သို့သော် ထိုရလဒ်ကို နိုင်ငံတကာ အသိုက်အဝန်းက လက်ခံမည်လား။ မြန်မာ၏ အနီးကပ် အိမ်နီးချင်း တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်သည် ထိုရလဒ်ကို လက်ခံမည်မှာ သေချာသည်။ တရုတ်နိုင်ငံသည် မြန်မာတွင် လွှမ်းမိုးသည့် အနေအထားကို ထိန်းသိမ်းထားလိုပြီး အိန္ဒိယသည် နေပြည်တော်မှ အာဏာပိုင်များနှင့် ပိုမိုနီးကပ်စေခြင်းဖြင့် တန်ပြန်လိုသည်။

ဘင်္ဂလားဒေ့ရှ်အတွက် လက်တွေ့ကျသော နိုင်ငံရေးရှိသည်။ နယ်စပ်၏ ၎င်းတို့ဘက်ခြမ်းတွင် အားအင်ချိနဲ့နေသည့် ရိုဟင်ဂျာ မွတ်ဆလင်ဒုက္ခသည် ၁ သန်းကျော်ကို ပြန်လည်ပို့ဆောင်ရန် နည်းလမ်းရှာနေပြီး ထိုကိစ္စသည် နေပြည်တော်နှင့် ညှိနှိုင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည့်ကိစ္စဖြစ်သည်။

မြန်မာစစ်တပ်နှင့် ထိတွေ့ဆက်ဆံရေး ယခင်မူများကို အကဲဖြတ်ရပါက ဂျပန်၊ အာဆီယံနိုင်ငံများနှင့် သြစတြေးလျသည်ပင် ထိုကိစ္စသည် “မှန်ကန်သောလမ်းကြောင်း” ဟု စောဒကတက်နိုင်သည်။ နော်ဝေနှင့် ဆွစ်ဇာလန်ကဲ့သို့ နိုင်ငံများသည် ၎င်းတို့ “ကြားဝင်စေ့စပ်နိုင်သည်” ဟု ထင်နိုင်သည်။

သို့သော် မြန်မာဗိုလ်ချုပ်များသည် မည်သည့်အခါမှ ထိုသို့သော ပြင်ပလူများ၏ စကားကို နားမထောင်ဘဲ တန်ဖိုးမည်မျှ ပေးဆပ်ရသည်ဖြစ်စေ အာဏာဆက်လက် တည်မြဲရေးကိုသာ လုပ်ဆောင်မည်ဖြစ်သည်။

ထိုကိစ္စသည် မြန်မာ ဒီမိုကရေစီအင်အားစုများ ရင်ဆိုင်နေရသည့် ဝမ်းနည်းစရာ ပကတိအခြေအနေဖြစ်သည်။ စစ်မှန်သော အပြောင်းအလဲသည် အာဏာသိမ်း စစ်အုပ်စုအတွင်းမှ လာခဲ့ရမည်ဖြစ်ပြီး ကြိုမြင်နိုင်သော အနာဂတ်တွင် ထိုသို့ဖြစ်ရန် လွန်စွာ ဖြစ်နိုင်ဖွယ် မရှိပေ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Bertil Lintner ၏ A Look Back at Myanmar’s Checkered Election History ကို ဘာသာပြန်သည်။)

You may also like these stories:

ရွေးကောက်ပွဲအောင်မြင်ရင်လည်း စစ်အာဏာရှင်စနစ် ဆက်ရှင်သန်နေဦးမှာပဲ (ရုပ်/သံ)

ကပ်ရောဂါကို အန်တုပြီး မဲပေးခဲ့ကြတဲ့ ၂၀၂၀ ရွေးကောက်ပွဲ (ရုပ်/သံ)

ရွေးကောက်ပွဲအတုမှာ ဗိုလ်ချုပ်တွေ၊ စစ်ဝန်ကြီးတွေ ရှေ့ဆုံးက ဝင်ပါ

ရွေးကောက်ပွဲမဲဆွယ်မှု ကြံ့ခိုင်ရေးပါတီကိုသာ တွေ့နေရ

စစ်အုပ်စု ရွေးကောက်ပွဲအတုအကြို ကြံ့ဖွံ့ပါတီ မဲဆွယ်ပွဲ စတင်

ရွေးကောက်ပွဲ စောင့်ကြည့်သူ ASEAN စေလွှတ်မည် မဟုတ်

စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲ တရားမဝင်ဘူးလို့ တိုင်းရင်းသားတွေပြော (ရုပ်/သံ)

]]>
မြန်မာလူထု ဘယ်လို မဲပေးကြမလဲ https://burma.irrawaddy.com/opinion/viewpoint/2025/11/15/408069.html Sat, 15 Nov 2025 03:19:17 +0000 https://burma.irrawaddy.com/?p=408069 မြန်မာလူထု၏ သဘောထားများကို ပြီးခဲ့သည့် ရွေးကောက်ပွဲများစွာတွင် ထုတ်ဖော်ပြသခဲ့ကြသည်ကို မမေ့အပ်ပေ။]]>

ရွေးကောက်ပွဲများအပေါ် မြန်မာလူထု၏ မည်သို့မည်ပုံ ကျင့်သုံးခဲ့ခြင်းများကို ပြီးခဲ့သည့် ရွေးကောက်ပွဲများအပေါ် ပြန်လည် စဉ်းစားမိပါသည်။ ၁၉၆၀ ပြည့်နှစ် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) ခေတ်ကာလတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲသည် အလွန်တရာ စိတ်ဝင်စားစရာ ကောင်းလှပါသည်။

“တည်မြဲပါတီ” သည် စစ်တပ်၏ ကျောထောက်နောက်ခံ ရရှိပြီး အင်အားကောင်းသည့် အခြေအနေတွင် “နိုင်လည်း နိုင်ရမည်၊ ရှုံးလည်း နိုင်ရမည်” ဆိုသည့် ကြွေးကြော်သံဖြင့် လူထုအား အသိပေးခဲ့သည်။ သို့သော် လူထု၏မဲပေးခြင်းအပြီးတွင် “သန့်ရှင်းပါတီ” က အပြတ်အသတ် နိုင်သွားသောကြောင့် မြန်မာ့သမိုင်းတွင် “လူတည်မြဲ မဲသန့်ရှင်း” ဟူသည့် စကားတရပ် ပေါ်ပေါက်ခဲ့ပါသည်။

ဆိုလိုချင်သည်မှာ မြန်မာလူထု၏ ရင်ထဲကဆန္ဒကို အကဲခတ်ရန် အလွန်ခက်ခဲသည်ဟု ဆိုရပါလိမ့်မည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အား အမည်ပြောင်းထားသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) အနိုင်ရလိမ့်မည်ဟု အာဏာသိမ်းစစ်တပ်က ခန့်မှန်းတွက်ချက်၍ ၁၉၉၀ ပြည့်နှစ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင်လည်း အံ့အားသင့်လောက်အောင်ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် အပြတ်အသတ် ထောက်ခံမှုရပြီး ပထမနေရာတွင် ရပ်တည်နိုင်ခဲ့သည်။

ဆိုလိုချင်သည်မှာ မြန်မာလူထု၏ ရင်ထဲကဆန္ဒကို အကဲခတ်ရန် အလွန်ခက်ခဲသည်ဟု ဆိုရပါလိမ့်မည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အား အမည်ပြောင်းထားသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) အနိုင်ရလိမ့်မည်ဟု အာဏာသိမ်းစစ်တပ်က ခန့်မှန်းတွက်ချက်၍ ၁၉၉၀ ပြည့်နှစ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင်လည်း အံ့အားသင့်လောက်အောင်ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် အပြတ်အသတ် ထောက်ခံမှုရပြီး ပထမနေရာတွင် ရပ်တည်နိုင်ခဲ့သည်။

စစ်တပ်က မျှော်လင့်ထားသော တစည ပါတီသည် ဆယ်ဂဏန်းမျှသာ ရွေးချယ်ခံခဲ့ရပြီး တပြည်လုံးတွင် “တတိယ” နေရာသာ ချိတ်ခဲ့သည်။ အကျိုးဆက်အနေဖြင့် စစ်တပ်က အနိုင်ရသူ လွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော်ခေါ်ယူပေးခြင်း မရှိဘဲ နှစ် ၂၀ တိုင်အောင် ဖိနှိပ်ခြင်း နည်းလမ်းအမျိုးမျိုး၊ ရှောင်လွဲခြင်း နည်းအမျိုးမျိုးဖြင့် အစိုးရသစ် မဖွဲ့စည်းနိုင်စေရန် ငြင်းဆန်ခဲ့ပါသည်။

စစ်တပ်သည် သူတို့စိတ်ကြိုက်၊ သူတို့၏ အခန်းကဏ္ဍအား အဓိကနေရာများတွင် ရယူထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား နည်းမျိုးစုံဖြင့် အခိုင်အမာ ရေးဆွဲပြီးသည့်သကာလ နှစ်ပေါင်း ၂၀ အကြာ ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲတရပ်အား ထပ်မံကျင်းပခဲ့သည်။

ဖြတ်သန်းမှု အတွေ့အကြုံများက ရရှိထားသော သင်ခန်းစာများအရ အလွဲအမှား မရှိရလေအောင် ကြိုတင်စီစဉ်ခဲ့ကြသည်။

၁၉၉၀ ပြည့်နှစ်တုန်းက ပထမနေရာနှင့် ဒုတိယနေရာများ ရရှိခဲ့သော NLD နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတို့ ပါဝင်နိုင်ခြင်း မရှိရလေအောင် ဖိနှိပ်ပြီး ချန်လှပ်ထားခဲ့သည်။

ထို့ပြင် ၁၉၉၃ ခုနှစ်ကတည်းက အသင်းအဖွဲ့အနေဖြင့် ဖွဲ့စည်းခဲ့ပြီး လူထုအား ၁၇ နှစ်တိုင်အောင် စည်းရုံးထားခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အဖြစ် ပြောင်းလဲမှတ်ပုံတင်ခဲ့ပြီး ရွေးကောက်ပွဲ ဝင်စေခဲ့သည်။ သူတို့ အားကိုးခဲ့ရသော တစညပါတီအား ကျောခိုင်းခဲ့ကြပါသည်။

ပြည်သူလူထု၏ ရင်ထဲကဆန္ဒများကို နားလည်သဘောပေါက်ထားသော ဗိုလ်သန်းရွှေသည် ဟာကွက် မရှိရလေအောင် အဘက်ဘက်က စီစဉ်ထားခဲ့သည်ကို မြင်နိုင်ပါသည်။ ဒီမိုကရေစီ လိုလားနေကြသော အင်အားစုများအနေဖြင့်လည်း အရပ်သားအစိုးရတရပ် ပေါ်ပေါက်လာစေရေးကို “မျှော်လင့်” ထားကြသူများက ‘No Vote’ လှုပ်ရှားမှုလောက်မျှဖြင့်သာ ဆန့်ကျင်ခဲ့ကြပြီး ရွေးကောက်ပွဲအပြီးကို စောင့်မျှော်ခဲ့ကြသည်။

ကြိုတင် စီစဉ်ထားသည့်အတိုင်း သူတို့လူအား ထောက်ခံထားသည့် ကြိုတင်မဲလက်မှတ်များကို ဆာလာအိတ်များဖြင့် တအိတ်ပြီးတအိတ် မနိုင်မချင်း သွန်ထည့်၍ သူတို့၏အနိုင်ရရှိမှုကို တည်ဆောက်ခဲ့ကြသည်။ ယင်းကဲ့သို့ မတရားညစ်ပတ်သည့်နည်း ကျင့်သုံးခဲ့သည့်ကိစ္စများမှာ လူအများ သိထားကြသည့် လျှို့ဝှက်ချက်အဖြစ် မှတ်သားထားကြပါလိမ့်မည်။

မဲဆန္ဒရှင်များဘက်ကလည်း မဲပေးခဲ့ကြပါသည်။ ကြိုတင် စီစဉ်ထားသည့်အတိုင်း သူတို့လူအား ထောက်ခံထားသည့် ကြိုတင်မဲလက်မှတ်များကို ဆာလာအိတ်များဖြင့် တအိတ်ပြီးတအိတ် မနိုင်မချင်း သွန်ထည့်၍ သူတို့၏အနိုင်ရရှိမှုကို တည်ဆောက်ခဲ့ကြသည်။ ယင်းကဲ့သို့ မတရားညစ်ပတ်သည့်နည်း ကျင့်သုံးခဲ့သည့်ကိစ္စများမှာ လူအများ သိထားကြသည့် လျှို့ဝှက်ချက်အဖြစ် မှတ်သားထားကြပါလိမ့်မည်။

အများမျှော်လင့်ထားသကဲ့သို့ စစ်ဝတ်စုံချွတ် အရပ်သားအစိုးရတရပ် ပေါ်ပေါက်လာခဲ့ပြီးသည့်နောက်တွင် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့ပါသည်။ နှစ်ပေါင်းများစွာ ပိတ်ပင်ထားခဲ့သော လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများအား ပြန်လည် ခွင့်ပြုခြင်းများလည်း ရှိခဲ့ပါသည်။

အမျိုးသားရင်ကြားစေ့ရေးအတွက် NLD ပါတီ ခေါင်းဆောင်များနှင့်လည်း ဆွေးနွေးမှုများ ပြုခဲ့သည့်အပြင် သဘောတူညီချက်များလည်း ရယူနိုင်ခဲ့သည်။ ယင်းအတွက် NLD ပါတီခေါင်းဆောင်များအနေဖြင့် သဘောထား ပြောင်းလဲလျက် ၂၀၁၂ ခုနှစ်တွင် ကြားဖြတ်ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပါသည်။

လွှတ်တော်တွင်းတွင်လည်း သင့်တင့်သော ဆောင်ရွက်မှုများကို NLD နှင့် စစ်တပ်အရာရှိများ ပူးတွဲလုပ်ကိုင်ခဲ့ကြသည်။ ထိုကာလသည် ပြည်တွင်းညီညွတ်ရေး အခိုက်အတန့်ကာလဟု ဆိုရပါလိမ့်မည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့က ရန်ကုန်တွင်ပြုလုပ်သည့် အီလက်ထရောနစ် မဲပေးစက် သရုပ်ပြပွဲ၌ တွေ့ရသည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ / AFP

အင်အားအလွန်ကောင်းပြီး အစိုးရဖွဲ့နိုင်ခဲ့သော USDP အနေဖြင့် လူထု၏ထောက်ခံမှုမှာ ခိုင်မြဲပြီဟုလည်း ယူဆခဲ့ကြသည်။ အနားယူနေပြီဖြစ်သော ဗိုလ်သန်းရွှေ အနေဖြင့်လည်း ပါဝင်ဆောင်ရွက်ခြင်း မရှိတော့ပေ။

ထို့ကြောင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို အတတ်နိုင်ဆုံး တရားမျှတမှု ရှိရလေအောင် စစ်တပ်အရာရှိဟောင်းများက စီစဉ်ပေးခဲ့သည်။

လက်တွေ့တွင်မူ ပြည်သူလူထုသည် ရွေးကောက်ပွဲအတွင်း ပြန်လည်ပါဝင်လာသော NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် မေ့လျော့ခြင်း မရှိသေးဘဲ အနိုင်မဲများ ပေးခဲ့ကြ၍ အပြတ်အသတ် အနိုင်ရသွားသည့်အခါ စစ်တပ်အရာရှိဟောင်းများနှင့် စစ်တပ်ခေါင်းဆောင်များ အားလုံး မှင်တက်သွားရသည်။

လက်တွေ့တွင်မူ ပြည်သူလူထုသည် ရွေးကောက်ပွဲအတွင်း ပြန်လည်ပါဝင်လာသော NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် မေ့လျော့ခြင်း မရှိသေးဘဲ အနိုင်မဲများ ပေးခဲ့ကြ၍ အပြတ်အသတ် အနိုင်ရသွားသည့်အခါ စစ်တပ်အရာရှိဟောင်းများနှင့် စစ်တပ်ခေါင်းဆောင်များ အားလုံး မှင်တက်သွားရသည်။

၂၀၁၅-၂၀၂၀ ကာလများသည် စစ်တပ်အရာရှိဟောင်းများနှင့် စစ်တပ်ခေါင်းဆောင်များအတွက် အာဏာပြိုင်ပွဲများဖြစ်ပြီး NLD ပါတီနှင့် ပြိုင်ဆိုင်မှုများ ရှောင်လွှဲမရနိုင်ဘဲ ပေါ်ပေါက်နေခဲ့သည်။ USDP အတွင်းတွင်လည်း အာဏာလွန်ဆွဲပွဲများ ပေါ်ပေါက်ခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ပြည်သူလူထုအနေဖြင့် NLD ၏ အမှားအချို့ကို လျစ်လျူရှုလျက် NLD ကိုပင် ထပ်မံ၍ ရွေးချယ်ခဲ့ကြသည်။ ဘာကြောင့်နည်း။ စစ်တပ် ကျောထောက်နောက်ခံပြု USDP အား မကြိုက်ရင်းစွဲ ရှိနေခြင်းကြောင့်ဟု အကဲဖြတ် အတော်များများ၏ မှတ်ချက်များက ဆိုပါသည်။

ရွေးကောက်ပွဲအပြီး ၂၀၂၁ ခုနှစ် လွှတ်တော်မခေါ်မီ အားလုံးသိထားကြသည့်အတိုင်း စစ်တပ်က အာဏာသိမ်းလိုက်ပါသည်။ တနှစ်အတွင်း တရားမျှတသည့် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးမည်ဟု ထုတ်ပြန်သည်။

စစ်တပ်အပေါ် မယုံကြည်ရင်းစွဲ ရှိထားသည့်လူထုသည် အာဏာသိမ်းခြင်းအား ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်းဖြင့် ဆန့်ကျင်ခဲ့ကြသည်။ သို့သော် ပစ်ခတ်နှိမ်နင်းမှုများ အလွန်ပြင်းထန်လာသည့်နောက်ပိုင်း လူငယ်အများစုမှာ လက်နက်ကိုင်တော်လှန်ကြသည့်အဆင့်သို့ ကူးပြောင်းသွားကြသည်။

မြန်မာတွင် နိုင်ငံရေးဘောင် ကျဉ်းမြောင်းသွားပြီး စစ်ရေးဘောင်က အလွန်ကျယ်ပြန့်သွားပါတော့သည်။ တိုင်းသူပြည်သားများသည် ခက်ခဲပင်ပန်းစွာ ဖြတ်သန်းလာခဲ့ကြရသည်မှာ ငါးနှစ်နီးပါး တိုင်ခဲ့ပြီ ဖြစ်သည်။

မြန်မာတွင် နိုင်ငံရေးဘောင် ကျဉ်းမြောင်းသွားပြီး စစ်ရေးဘောင်က အလွန်ကျယ်ပြန့်သွားပါတော့သည်။ တိုင်းသူပြည်သားများသည် ခက်ခဲပင်ပန်းစွာ ဖြတ်သန်းလာခဲ့ကြရသည်မှာ ငါးနှစ်နီးပါး တိုင်ခဲ့ပြီ ဖြစ်သည်။

ဤဆောင်းပါး၏ အဓိကဆိုချင်သည့် ရည်ရွယ်ချက်အား ယခုမှ အောက်ပါအတိုင်း ဖော်ပြလိုက်ရပါသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပထမအဆင့် ၁၀၂ မြို့နယ်တွင် အထွေထွေရွေးကောက်ပွဲကို စတင် ကျင်းပမည်ဟု စစ်ကော်မရှင်က ထုတ်ပြန်ခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဒုတိယအဆင့် မြို့နယ် ၁၀၀ တွင် ကျင်းပမည် ဖြစ်သည်။ တတိယအဆင့်ကိုမူ ကျင်းပမည့်နေ့ ထုတ်ပြန်ချက် မရှိသေးပေ။

မြန်မာပြည်၏ ရွေးကောက်ပွဲများ အားလုံးထဲတွင် ဥပဒေများ၊ အမိန့်များဖြင့် တင်းကျပ်မှုအများဆုံး ရွေးကောက်ပွဲဟု ဆိုချင်ပါသည်။ တင်းကျပ်သည့် စည်းမျဉ်းများကြောင့် ပါတီဖျက်သိမ်းခံရတော့မည် ပါတီများအတွက် လျော့ပေါ့သော အမိန့်ဥပဒေများကို တနင်္ဂနွေနေ့လိုမျိုး ရုံးပိတ်ရက်တွင်ပင် ထုတ်ပြန်ခဲ့ရသည်။

ဝေဖန်ခြင်းကိစ္စမျိုး လုံးဝ ခွင့်မပြု၊ ကြီးလေးသည့် ပြစ်ဒဏ်များဖြင့် ကာကွယ်ထားသည်။ ရုပ်ရှင်သရုပ်ဆောင်များကို ရွေးကောက်ပွဲ လှုံ့ဆော်သည့် ဇာတ်လမ်းများတွင် မပါဝင်ပါက ဖမ်းဆီးအရေးယူမည်ဟု ချိန်းခြောက်ပြီး ပြည်ပသို့ ထွက်ခွာခွင့်များ ပိတ်ပင်ထားသည်။

မဲပေးခွင့်စာရင်းများ ထုတ်ပြန်ထားသော်လည်း လာရောက်ကြည့်ရှုသူ (ထင်မှတ်မထားလောက်အောင်) အလွန်နည်းသည့်အတွက် ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်များ မျက်နှာပျက်ရသည်။ အမှန်မှာ မဲပေးခွင့်ရှိသူစာရင်းအား မှန်မှန်ကန်ကန် ကောက်ယူနိုင်ရန်အတွက် လုံခြုံရေးအခြေအနေအရ အခက်အခဲရှိနေသည်။ အထက်လူကြီးများ၏ ညွှန်ကြားချက်အတိုင်း အောက်ခြေမှ လက်တွေ့လုပ်ကိုင်သူများက လိုက်မလုပ်နိုင်ကြပေ။

ရွေးကောက်ပွဲဟူသည် ပြည်သူလူထုအား အခွင့်အရေးပေးရသည့်လုပ်ငန်း ဖြစ်ပါသည်။ တနည်းအားဖြင့် ပြည်သူလူထုနှင့် ပူးပေါင်းလုပ်ကိုင်ရသည့် နိုင်ငံရေးလုပ်ငန်းတခု ဖြစ်ပါသည်။ ပြည်သူလူထုအား အတင်းအကျပ် ချုပ်ကိုင်စေခိုင်း၍ မရသောလုပ်ငန်း ဖြစ်သည်။

ရွေးကောက်ပွဲဟူသည် ပြည်သူလူထုအား အခွင့်အရေးပေးရသည့်လုပ်ငန်း ဖြစ်ပါသည်။ တနည်းအားဖြင့် ပြည်သူလူထုနှင့် ပူးပေါင်းလုပ်ကိုင်ရသည့် နိုင်ငံရေးလုပ်ငန်းတခု ဖြစ်ပါသည်။ ပြည်သူလူထုအား အတင်းအကျပ် ချုပ်ကိုင်စေခိုင်း၍ မရသောလုပ်ငန်း ဖြစ်သည်။

မြန်မာလူထု၏ သဘောထားများကို ပြီးခဲ့သည့် ရွေးကောက်ပွဲများစွာတွင် ထုတ်ဖော်ပြသခဲ့ကြသည်ကို မမေ့အပ်ပေ။ နိုင်ငံသားတိုင်း မဲပေးခွင့် ရှိသကဲ့သို့ နိုင်ငံသားတိုင်းသည် မဲမပေးဘဲ နေနိုင်ခွင့်လည်း ရှိထားပါသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ ပထမမဲပေးကြရမည့်နေ့တွင် ပြည်သူလူထုကြီးက မည်သို့မည်ပုံ သူတို့၏ဆန္ဒကို ထုတ်ဖော်ပြသကြမည်ဆိုသည့်အချက်မှာ အင်မတန် စိတ်ဝင်စားစရာ ကောင်းလှပါသည်။

ယခုကာလ မဲဆွယ်နေသူများသည် မဲလာပေးကြပါ ဆိုသည်ကို ပထမဆုံး တိုက်တွန်းပြီးတော့မှ မိမိအား မဲပေးပါဟု ဒုတိယအဆင့်ထား တိုက်တွန်းနေရသည်ကို သတိပြုမိကြမည် ထင်ပါသည်။ မဲလာမပေးမည်ကို အထူးစိုးရိမ်နေကြကြောင်း ထင်ရှားလှပါသည်။

၂၀၁၀ ရွေးကောက်ပွဲတုန်းကကဲ့သို့ ထောက်ခံမှု များပြားသော NLD နှင့် SNLD ပါတီတို့ မပါသောကြောင့် ၂၀၁၀ အခင်းအကျင်းအတိုင်း USDP တခုတည်း အင်တိုက်အားတိုက် ပြိုင်ဆိုင်အနိုင်ယူဖို့ အကွက်ဆင်ထားသည်မှာ သိသာထင်ရှားလှပါသည်။ ဝင်ပြိုင်ကြမည့် ကျန်ပါတီများအပေါ် အေးအေးသက်သာ အနိုင်ရလိမ့်မည်ဟု တွက်ဆထားကြောင်း ထင်မြင်ယူဆနိုင်ပါသည်။ အစဉ်အဆက် မြန်မာနိုင်ငံသား မဲဆန္ဒရှင်တို့၏ နှလုံးသားကို သူတို့ မေ့လျော့နေကြဟန်တူသည်။

ယခုအခါ ကိုယ်စားလှယ်လောင်း ၃၀ ကျော်အား ယှဉ်ပြိုင်သူ တဦးတည်းရှိသောကြောင့် မဲမပေးတော့ဘဲ ကိုယ်စားလှယ်များအဖြစ် သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။ ယှဉ်ပြိုင်သူ တဦးတည်းရှိသောကြောင့် မဲမပေးတော့ဘဲ ကိုယ်စားလှယ်ကို အသိအမှတ်ပြုလိုက်သည့်အတွက် မဲမပေးလိုက်ရသော မဲဆန္ဒရှင်များအတွက် အတော်ကို နစ်နာသွားပါသည်။

ယခုအခါ ကိုယ်စားလှယ်လောင်း ၃၀ ကျော်အား ယှဉ်ပြိုင်သူ တဦးတည်းရှိသောကြောင့် မဲမပေးတော့ဘဲ ကိုယ်စားလှယ်များအဖြစ် သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။ ယှဉ်ပြိုင်သူ တဦးတည်းရှိသောကြောင့် မဲမပေးတော့ဘဲ ကိုယ်စားလှယ်ကို အသိအမှတ်ပြုလိုက်သည့်အတွက် မဲမပေးလိုက်ရသော မဲဆန္ဒရှင်များအတွက် အတော်ကို နစ်နာသွားပါသည်။

အဆိုပါ မဲဆန္ဒနယ်ရှိ လူထုအနေဖြင့် အဆိုပါ တဦးတည်းသောလူအား ကြိုက်၏၊ မကြိုက်၏ ရွေးချယ်ခွင့် ဆုံးရှုံးသွားရသည်။ ထိုအခါ အဆိုပါပုဂ္ဂိုလ်အား ထိုမြို့နယ်၏ ကိုယ်စားလှယ်အဖြစ် သတ်မှတ်ရန် ထိုက်တန်ပါသလား၊ မှန်ကန်နိုင်ပါသလားဟု မေးခွန်းထုတ်ရမည် ဖြစ်သည်။

ထို့ပြင် မဲရုံသို့ လူတဦးတည်း လာရောက်မဲပေးရုံဖြင့် ရွေးကောက်ပွဲ အထမြောက်သည်ဟု ဆိုထားပြန်ရာ မဲဆန္ဒနယ်အတွင်းရှိ မဲပေးခွင့်ရှိသူ အားလုံး၏ ကိုယ်စားလှယ်အဖြစ် သတ်မှတ်ရန် ထိုက်တန်ပါသလားဟု ထပ်ဆင့် မေးမြန်းနိုင်မည် ဖြစ်သည်။

ထိုနယ်တခွင်လုံးထဲက တဦးတည်း မဲလာပေး၍ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာရသော အဆိုပါပုဂ္ဂိုလ်သည်လည်း မြန်မာ့အလယ်၊ ကမ္ဘာ့အလယ် မည်သို့မည်ပုံ မျက်နှာပြရမည်နည်းဟုလည်း မေးခွန်းထုတ်မိပါသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က ရန်ကုန်မြို့တွင် စစ်တပ် ကင်းလှည့်နေစဉ် / AFP

“ရွေးကောက်ပွဲကို လက်မခံရင် ခင်ဗျားတို့က ဘာလုပ်မှာလဲ”၊ “မဲမပေးရင် ဘာဖြစ်မလဲ၊ ခွေးဖြစ်မှာပေါ့”၊ “ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအကျဉ်းသား မဟုတ်ပါဘူး” စသော ပါတီခေါင်းဆောင်များ၏ ပြည်သူလူထုထံသို့ ပြောဆိုချက်များကို လေ့လာကြည့်လျှင် နိုင်ငံရေးပြိုင်ဘက် အခြားပါတီများအပေါ် ဝေဖန်သုံးသပ်ခြင်း၊ မိမိ အနိုင်ရခဲ့လျှင် ဆောင်ရွက်မည့် အစီအစဉ်များကို မပြောဘဲ မဲဆန္ဒရှင် ပြည်သူများဘက်ဆီသို့သာ ဦးတည်ပြောဆိုမှုများသည် ပြည်သူများကို မဲရုံဆီသို့ လာချင်စိတ် မရှိအောင် တားဆီးထားသကဲ့သို့ ဖြစ်နေသည်။

၂၀၂၀ ရွေးကောက်ပွဲတုန်းက NLD ပါတီအား ထောက်ခံမဲပေးခဲ့ကြသည့် ၈၀ ရာခိုင်နှုန်းကျော် လူထုကြီးအား မေ့လျော့ထား၍ မဖြစ်မှန်း အဆိုပါ ပါတီခေါင်းဆောင်များ သိထားသင့်သည်ဟု ဆိုချင်ပါသည်။

သို့ဆိုပါလျှင် NLD ပါတီအား မဲပေးခဲ့သည့် မဲဆန္ဒရှင်များသည် NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ရခြင်း မရှိသည့် ၂၀၂၅ ရွေးကောက်ပွဲတွင် မည်သူ့ကို ရွေးချယ်ကြမည်နည်း၊ ရွေးချယ်စရာ လူပုဂ္ဂိုလ်၊ ပါတီက ဘယ်သူဖြစ်မည်နည်း၊ ယှဉ်ပြိုင်မှု ဇယားထဲက တဦးတယောက်ကိုမှ မကြိုက်မနှစ်သက်လျှင် ဘယ်လို လုပ်ကြမည်နည်း စသော မေးခွန်းများသည် ရှောင်လွှဲမရသော မေးခွန်းများ ဖြစ်လာပါသည်။

သို့ဆိုပါလျှင် NLD ပါတီအား မဲပေးခဲ့သည့် မဲဆန္ဒရှင်များသည် NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ရခြင်း မရှိသည့် ၂၀၂၅ ရွေးကောက်ပွဲတွင် မည်သူ့ကို ရွေးချယ်ကြမည်နည်း၊ ရွေးချယ်စရာ လူပုဂ္ဂိုလ်၊ ပါတီက ဘယ်သူဖြစ်မည်နည်း၊ ယှဉ်ပြိုင်မှု ဇယားထဲက တဦးတယောက်ကိုမှ မကြိုက်မနှစ်သက်လျှင် ဘယ်လို လုပ်ကြမည်နည်း စသော မေးခွန်းများသည် ရှောင်လွှဲမရသော မေးခွန်းများ ဖြစ်လာပါသည်။

မြန်မာလူထုကို ဥပဒေ အမိန့်များဖြင့် ယခုထက် ပိုမို၍ ဖိအားပေးနိုင်ပါမည်လား။ ရွေးကောက်ပွဲဟူသည် မဲဆန္ဒရှင်များအား အတင်းအကျပ်ဖိနှိပ်၍ လုပ်အပ်သော နိုင်ငံရေးလုပ်ငန်းစဉ်လည်း မဟုတ်ပြန်ပေ။

သီတင်းကျွတ်၊ တန်ဆောင်မုန်း ပွဲတော်များကာလတွင် ရွှေပွဲလာ လူထုပရိသတ်များ အလွန်များပြားခဲ့သည့်အပေါ် တွက်ဆ၍ မဲပေးရာတွင်လည်း အများအပြား လာပေးလိမ့်မည်ဟု ထင်မြင်လျှင် အမှားကြီးမှားပေလိမ့်မည်။

သို့သော် အလွန်ကြပ်မတ်ထားသောကြောင့် ၂၀၂၅ ရွေးကောက်ပွဲသည် အထမြောက် အောင်မြင်ကောင်း အောင်မြင်ပါလိမ့်မည်။ ဂုဏ်သိက္ခာအပိုင်းတွင်မူ ဆန်းစစ်ကြရပါလိမ့်မည်။ မိတ်ဖက်နိုင်ငံများက မည်သို့ပင် ထောက်ခံမည်ဟု ဆိုစေကာမူ လွတ်လပ်ပွင့်လင်းပြီး ထင်သာမြင်သာရှိမှု၊ တရားမျှတမှု၊ မဲပေးခွင့်ရှိသူ စုစုပေါင်း၊ မဲလာပေးသူ စုစုပေါင်း၊ ထောက်ခံမဲရရှိမှု စုစုပေါင်း စသည့် ရလဒ်များ ဆိုးဝါးခဲ့ပါက ထောက်ခံမှုပေးရန် ပြန်လည် စဉ်းစားကြပါလိမ့်မည်။

ဆိုခဲ့သလို ရွေးကောက်ပွဲဟူသည် လူထုအား လွတ်လပ်ခွင့်ပေးရသည့်၊ လူထုနှင့် ကစားရသည့်၊ လူထုအား ဦးထိပ်ပန်ဆင်ရသည့် နိုင်ငံရေးလုပ်ငန်း ဖြစ်သည့်အတွက် စစ်ကော်မရှင်အနေဖြင့် များစွာ သတိထား ကိုင်တွယ်ရမည် ဖြစ်ပါသည်။

ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်များအား ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းအား ပြည်သူလူထု ကိုယ်တိုင်က (လျှို့ဝှက်စွာ) မဲပေးဆုံးဖြတ်ခြင်း ဖြစ်သည့်အတွက် ပြည်သူလူထုသည် အခရာ (သို့မဟုတ်) အချုပ်အခြာ ဖြစ်နေပါသည်။ အဆုံးအဖြတ်သည် ပြည်သူလူထု၏ စိတ်ဆန္ဒ (သို့မဟုတ်) လက်ထဲတွင် ခိုင်ခိုင်မာမာ ရှိနေကြောင်း မေ့ထား၍ မရပါပေ။

ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်များအား ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းအား ပြည်သူလူထု ကိုယ်တိုင်က (လျှို့ဝှက်စွာ) မဲပေးဆုံးဖြတ်ခြင်း ဖြစ်သည့်အတွက် ပြည်သူလူထုသည် အခရာ (သို့မဟုတ်) အချုပ်အခြာ ဖြစ်နေပါသည်။ အဆုံးအဖြတ်သည် ပြည်သူလူထု၏ စိတ်ဆန္ဒ (သို့မဟုတ်) လက်ထဲတွင် ခိုင်ခိုင်မာမာ ရှိနေကြောင်း မေ့ထား၍ မရပါပေ။

မကြာမီ အဖြေမှန်သည် ပေါ်ထွက်လာပါတော့မည်။

မြန်မာ၏ အပြောင်းအလဲ ကောင်းခြင်း၊ ဆိုးခြင်းသည် အဆိုပါ အဖြေအပေါ်တွင် မူတည်နေသည်ဟု ဆိုရပါမည်။

(ဉာဏ်လင်းသည် ဝါရင့်နိုင်ငံရေးသမားဟောင်းတဦး ဖြစ်သည်။)

You may also like these stories:

ရွေးကောက်ပွဲအောင်မြင်ရင်လည်း စစ်အာဏာရှင်စနစ် ဆက်ရှင်သန်နေဦးမှာပဲ (ရုပ်/သံ)

ရွေးကောက်ပွဲဥပဒေ ပြည်သူတို့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ခြိမ်းခြောက်နေ

ရွေးကောက်ပွဲအတုမှာ ဗိုလ်ချုပ်တွေ၊ စစ်ဝန်ကြီးတွေ ရှေ့ဆုံးက ဝင်ပါ

ရွေးကောက်ပွဲဝေဖန်သူတွေကို ဆက်တိုက် ဖမ်းနေ (ရုပ်/သံ)

ရွေးကောက်ပွဲမဲဆွယ်မှု ကြံ့ခိုင်ရေးပါတီကိုသာ တွေ့နေရ

ရုပ်ရှင်လောကကို အသုံးချပြီး စကမ ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေး လုပ်လာ

]]>
အမ်အေ မအုန်း https://burma.irrawaddy.com/article/2025/08/24/404882.html Sun, 24 Aug 2025 01:30:13 +0000 https://burma.irrawaddy.com/?p=404882 ဒေါ်အုန်းသည် အေးအေးဆေးဆေး နေတတ်၍ ပင်ကို စိတ်ရင်းကောင်း ရှိသူ ဖြစ်လင့်ကစား သူမှန်သည် ထင်သော ကိစ္စများနှင့် အနာဂတ် အကျိုးရှိမည်ဟု ယူဆထားသော အလုပ်များ၌ ပြတ်ပြတ်သားသား လုပ်ကိုင်တတ်သော သတ္တိ ရှိသည်…]]>

စစ်ကြိုခေတ် တက္ကသိုလ် နယ်မြေတွင် ဂုဏ်ပုဒ် အသီးသီး နှင့် ထင်ပေါ် ကျော်ကြားသော အမျိုးသမီးများ ပေါ်ပေါက်ခဲ့ရာ ရွှေမန်းသူ မအုန်း ဟု ဆိုလျှင် ရဲရဲတောက် သပိတ်မှောက် ကျောင်းသူ အဖြစ်နှင့် လည်းကောင်း၊ တပင်တိုင် မင်းသမီး အဖြစ်နှင့် လည်းကောင်း မသိသူ မရှိသလောက်ပင်။

စစ်ပြီး ခေတ်၌ကား အမ်အေ မအုန်း၊ ပါဠိ ဒေါ်အုန်း ဟူ၍ ပညာရေး လောက၊ နိုင်ငံရေး လောက၊ စာပေ လောက၌ ထင်ရှား လာခဲ့သူ ဖြစ်သည်။

အမ်အေ မအုန်း၏ မိဘများမှာ ရွှေဘို ဇာတိ မြေတိုင်း စာရေးကြီး ဦးကျော်ရာ နှင့် အင်းဝသူ ဒေါ်ဒေါ်ခင်တို့ ဖြစ်ကြသည်။

မအုန်းကို မန္တလေးမြို့၌ ၁၉၁၄ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။

မွေးချင်း ၈ ယောက် ရှိသည့် အနက် မအုန်းမှာ သတ္တမမြောက် သမီး ဖြစ်ပြီး မောင်အငယ်ဆုံးမှာ ကျောင်းသား ခေါင်းဆောင် သခင် သိန်းအောင် ဖြစ်သည်။

မအုန်းတို့ တမိသားစုလုံးမှာ နိုင်ငံရေးနှင့် အမျိုးသားရေး စိတ်ဓာတ် ရှိသူ ပီပီ ငယ်စဉ်ကပင် အမျိုးသားကျောင်းများ၌ ပညာ သင်ယူခဲ့ကြသည်။

မအုန်းသည် ၁၉၃၀ ခုနှစ်၌ မန္တလေး ဗဟို အမျိုးသားကျောင်းမှ ၁၀ တန်းအောင်၍ ၁၉၃၁ ခုနှစ်တွင် မန္တလေး ဥပစာ ကောလိပ်၌ ဆက်လက် ပညာ သင်ကြားခဲ့ရာ ထို ဥပစာ ကောလိပ် ဖျက်သိမ်းပစ်မည် ဆို၍ ဝန်ကြီးဟောင်း ဦးကျော်ငြိမ်း၊ ဦးသိန်းဖေမြင့် တို့နှင့် ပူးတွဲပြီး အတိုက်အခံ တိုက်ပွဲ ဝင်ခဲ့သည်။

၁၉၃၃ ခုနှစ်တွင် ပါဠိ၊ လောဂျစ် ဂုဏ်ထူးနှင့် ဥပစာတန်းကို အောင်မြင်ခဲ့၏။

ထို့နောက် ရန်ကုန်တွင် ပါဠိ ဂုဏ်ထူးတန်း တက်ခဲ့ပြီး ၁၉၃၆ ခုနှစ်၌ ကျောင်းသား ခေါင်းဆောင် သခင်နု၊ မစ္စတာ ရာရှစ် တို့နှင့် အတူ သပိတ်မှောက်ခဲ့သည်။

တက္ကသိုလ် သမဂ္ဂတွင် မအုန်းသည် အင်းလျား ကျောင်းဆောင်၏ ကိုယ်စားလှယ် ဖြစ်ခဲ့သည်။

အသင်းအပင်း အဖွဲ့အစည်းများ၌ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့သည့် အပြင် အနုပညာတာဝန် ထမ်းဆောင်ရန်လည်း ဝတ္တရား မပျက်ခဲ့ပေ။

ဝါသနာ ပါရာ အဆိုအက ပညာဖြင့် ဘွဲ့နှင်းသဘင် ခန်းမကြီးတွင် ချန်ပီယံ မောင်ကျော်၏ စန္ဒရား အဖွဲ့နှင့် တွဲဖက်ကာ တပင်တိုင် ကပြ ကူညီပေးခဲ့သည်။

ထို့ပြင် မြို့မကျောင်း ရန်ပုံငွေ အလှူပွဲ၌လည်း တက္ကသိုလ် အသီးသီးမှ ပဒေသာ အစီအစဉ်များနှင့် ကူညီခဲ့ကြရာ အင်းလျား ဆောင်မှ ကိန္နရီ ယိမ်း နှင့် မအုန်း၏ တပင်တိုင် အကလည်း ပါဝင်ခဲ့သည်။

ထိုစဉ်က မြန်မာ ရိုးရာ အဆိုအက အနုပညာကို စနစ်တကျ တတ်ကျွမ်း တတ်မြောက်သော တက္ကသိုလ် ကျောင်းသူ ဆိုလျှင် အလွန်ရှားသော ခေတ်ဖြစ်ရာ ပညာရဲရင့် ပွဲလယ်တင့်သော သူ့အဖို့မှာ မျက်နှာလည်း ပွင့်သည်။

တချို့ကလည်း ကိုယ်မပြိုင်နိုင်သဖြင့် မေးငေါ့ချင်သူများ ရှိခဲ့သည်။ သို့သော် မအုန်းကား ဤအသေးအဖွဲမျိုးကို မှုတတ်သူ မဟုတ်ပေ။

ဆရာရွှေတိုင်ညွန့်မှာ သဘင်သည် မဟုတ်သော တက္ကသိုလ်၏ သမီးပျို မအုန်း အတွက် ကကွက်ကောင်းသော သီချင်းကို တမင် စပ်ဆိုပေးခဲ့ရသည်။

“ရတနာပုံ မန်းရွှေမြို့သူ၊ သဘောကောင်းနှင့် စေတနာဖြူ၊ ဗာစီတီ နာမည်ယူ၊ ကျောင်းကြီး ကောလိပ်သူ၊ အဟုတ်ကိုပင်၊ သဘောဖြူ၊ တကယ့်ကိုပင် မနောဖြူ၊ မြို့မကျောင်း အလှူ၊ ဝိုင်းဝန်းကာပါ့လှူ၊ ရန်ပုံငွေကို စေတနာထားကာ၊ ပြေရွာများက ကြည်ဖြူ၊ အမျိုးသား ဗုဒ္ဓဘာသာ တိုင်းကြီး ဤဇမ္ဗူ၊ အောင်လံ တလူလူ နိမိတ်ကောင်း မှတ်ဖို့ယူ၊ မြို့မကျောင်း အတွက် (ဆောင်ရွက်လို့ကူ)၂၊ ပျိုပျို အုန်းကို ရွှေတိုင်ညွန့်က သီချင်း ရေးပေးတဲ့သူ” ဟူသော သီချင်းမှာ ပန်းတကာ့ ဘုရင် အလိုက် တေးပင် ဖြစ်သည်။

ကျောင်းသား ကျောင်းသူတိုင်း ပါးစပ်ဖျားမှာ ခေတ်စားခဲ့ပါ၏။

စစ်ကြိုခေတ်

၁၉၃၆ ခုနှစ် သပိတ်လှန်ပြီးနောက် မအုန်းသည် ပါဠိ ဂုဏ်ထူးတန်းတွင် ဒုတိယ အဆင့်မှ အောင်မြင်ခဲ့သည်။ ထို့နောက် အင်းလျား ဆောင်၏ ဒု အဆောင်မှူးနှင့် ပါဠိ ဌာန နည်းပြဆရာမ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၃၈ ခုနှစ်တွင် အမ်အေ အောင်ပြီး ဗိုလ်အောင်ကျော် အရေးအခင်း၌လည်း ကိုယ်တိုင်က ကျောင်းဆရာ ဖြစ်လျက်နှင့်ပင် ပွင့်ပွင့်လင်းလင်း ရဲဝံ့ ပြတ်သားစွာ ကျောင်းသား အရေးကို ထောက်ခံ အားပေးခဲ့သူ ဖြစ်သည်။

စစ်အတွင်း

အမ်အေ မအုန်း၏ ဆောင်းပါးများကို မြန်မာ့အလင်း၊ နဂါးနီ ဂျာနယ်၊ ယုဝတီ၊ ရှူမဝ၊ မြဝတီ မဂ္ဂဇင်း များ၌ တွေ့နိုင်ပေသည်။

၁၉၄၀ ပြည့်နှစ်တွင် စစ်ကြီး ဖြစ်၍ မန္တလေးသို့ ပြန်လာပြီး ဆရာကြီး ဦးရာဇတ် ဥက္ကဌ အဖြစ် ဆောင်ရွက်သော မန္တလေး ဖဆပလ အဖွဲ့တွင် ဒေါ်အုန်းမှာ အမျိုးသမီး အမှုဆောင် ဖြစ်ခဲ့သည်။

ထို့နောက် အမှတ် (၈)၊ ချာချီ လမ်းရှိ အာရှလူငယ် အစည်းအရုံးတွင် ဒု ဥက္ကဌ အဖြစ် တာဝန်ယူခဲ့ပြီး ဦးဗဂျမ်း (ဥက္ကဌ)၊ ဒေါ်ရီကြိန် (အမျိုးသမီး အတွင်းရေးမှူး)၊ ကျား ကိုညီလေး သခင်သန်းထွန်း၏ ညီ ဉာဏဗလမှူး၊ ဒေါ်သင်းကြည် ကာယဗလမှူး၊ ဒေါ်သန်းစိန် တို့နှင့် အတူ အာရှလူငယ် လုပ်ငန်းများ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

ထို့နောက် ဂျပန် တော်လှန်ရေး အတွက် အမျိုးသမီးများ အိမ်သို့ ပြန်ကြရမည် ဖြစ်ရာ ဒေါ်အုန်းမှာ မန္တလေးမှ နေ၍ တော်လှန်ရေး အတွက် ကူညီ ဆောင်ရွက် လှုပ်ရှားခဲ့ရသည်။

အလံနီ ဒေါ်စောမြ (အတွင်းရေးမှူး)၊ နဂါးနီ ဒေါ်ဦး (ဘဏ္ဍာရေးမှူး) နှင့် ဒေါ်မာလာ (အမှုဆောင်) တို့ ပါဝင်သော အမျိုးသမီး လွတ်လပ်ရေး အဖွဲ့တွင်လည်း ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သည်။

လွတ်လပ်ရေး ရပြီးနောက်

လွတ်လပ်ရေး ရပြီး၍ တက္ကသိုလ်များ ပြန်လည် ဖွင့်လှစ်သော အခါ မန္တလေး တက္ကသိုလ်တွင် မိန်းကလေးကျောင်းဆောင် စတင် ဖွင့်လှစ်သည့် အချိန်မှ စ၍ ၁၉၆၄ ခုနှစ် ပင်စင်ယူသည် အထိ အဆောင်မှူး တာဝန်ကို လည်းကောင်း၊ မန္တလေး တက္ကသိုလ်တွင် ပါဠိ ပါမောက္ခ အဖြစ်နှင့် လည်းကောင်း ဆောင်ရွက်ခဲ့သည်။

ဒု အဓိပတိ ဦးကိုလေး အမေရိကန်သို့ လေ့လာရေး သွားစဉ်ကမူ ဒေါ်အုန်းသည် မန္တလေး တက္ကသိုလ် ကောင်စီမှ ဒုတိယ အဓိပတိ နေရာတွင် ကိုယ်စား ခန့်အပ်ခြင်း ခံခဲ့ရသည်။

ပြင်ပခရီးစဉ်

၁၉၅၂ ခုနှစ်တွင် ပထမဆုံး အကြိမ် ဝန်ကြီး ဦးထွန်းဖေ ခေါင်းဆောင်သော ယဉ်ကျေးမှု ဖလှယ်ရေး အဖွဲ့သည် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံသို့ သွားရောက်ခဲ့စဉ် ဒေါ်အုန်းမှာ အမျိုးသမီး ကိုယ်စားလှယ် အနေနှင့် လိုက်ပါသွားခဲ့ရသည်။

တရုတ်ပြည်မှ အပြန်တွင် အမျိုးသမီး ကျောင်းဆောင်များ အကြောင်း လေ့လာရန် အမေရိကန် နိုင်ငံသို့ ၈ လ ကြာ စေလွှတ်ခြင်း ခံရသည်။

ထိုအခိုက် ကုလသမဂ္ဂတွင် ကျင်းပနေသော အမျိုးသမီးများ အခွင့်အရေး ညှိနှိုင်း ဆွေးနွေးပွဲသို့လည်း တလခန့် တက်ရောက် လေ့လာခဲ့ရသည်။

အင်္ဂလန် နိုင်ငံတွင် ဗြိတိသျှ ကောင်စီ၏ ဧည့်သည် အဖြစ် တလခန့် လေ့လာနိုင်ခွင့် ရရှိခဲ့သည်။

ပြုစုခဲ့သော စာအုပ်စာတမ်းများ

၁၉၄၃ ခုနှစ်တွင် ဆိုဗီယက် လောက ဟူသော နိုင်ငံရေး စာအုပ်ကို ဘာသာပြန်ဆိုခဲ့သည်။

၁၉၄၄-၄၅ ခုနှစ်တွင် လိင် ပညာပေး စာအုပ် ဖြစ်သော “မိန်းမကိစ္စ” နှင့် “မလောက” အမည်ရှိ လိင်စာအုပ် ၂ အုပ်ကို ပြုစုခဲ့သည်။

၎င်းကျမ်းများ ပြုစုဖြစ်အောင် အားပေး တိုက်တွန်းသူမှ ကာယဗလ ဦးရှိန်ပင် ဖြစ်သည်ဟု သိရသည်။

ထိုအချိန်က ခေတ်ပညာတတ် ကျားမများကပင် ဤကိစ္စကို စာအုပ်စာတမ်း အနေနှင့် ပွင့်ပွင့်လင်းလင်း မဆွေးနွေးအပ်ဟု သတင်းစာများမှ လည်းကောင်း၊ ကိုယ်တိုင် မျက်နှာချင်းဆိုင်၍ လည်းကောင်း ပြက်ရယ်ပြုကာ ဝေဖန် ရှုတ်ချခြင်း ခံခဲ့ရသည်။

သို့သော် ယင်းစာအုပ် ၂ အုပ်ကြောင့်လည်း ဒေါ်အုန်းမှာ ပိုပြီး နာမည် ကြီးလာရပြန်သည်။ မေးငေါ့သူငေါ့၊ ရှုတ်ချသူချ၊ အပြစ်တင်သူတင်၊ သို့ရာတွင် ဒေါ်အုန်းကား ပြတ်သားသူပင် ဖြစ်သည်။

မိမိ ထင်မြင်ယူချက်ကို ပုန်းခိုးကွယ်ခိုး မထားတတ်၊ ခေတ်ရှေ့ကို ပြေး၍ မြင်တတ်သူ ဖြစ်ကြောင်း ဟောပြော ပို့ချ ပညာပေးနေခြင်းများ အရ သိသာနိုင်ပေသည်။

၁၉၅၀ ပြည့်နှစ်တွင်လည်း ပိဋကတ် စာပေနှင့် ပတ်သက်၍ ပါဠိ စာပေ သမိုင်းကျမ်း တစောင် ပြုစုခဲ့သည်။

အမ်အေ ဒေါ်အုန်း၏ ဆောင်းပါးများ အနက် ယုဝတီ ဂျာနယ်မှ အနည်းငယ် ဖော်ပြလိုပါသည်။ ထိုဆောင်းပါး ခေါင်းစဉ်များကို လေ့လာ၍ သူ၏ အမြင်ကို အထင်းသား တွေ့နိုင်ပါသည်။

“လွတ်လပ်သော မြန်မာပြည်နှင့် မိန်းမများ” (၁၅၊ ၂၊ ၄၈)၊ “မေတ္တာပို့ သန့်စင်နည်း” (၄၊ ၄၊ ၄၈)၊ “အဆင်မပြေသော အိမ်ထောင်ရေး” (၁၆၊ ၁၊ ၄၆)၊ “လောကနိဗ္ဗာန်” (၇၊ ၉၊ ၄၈)၊ “ကမ္ဘာ့ ငြိမ်းချမ်းရေး လမ်းစဉ်” (၁၄၊ ၉၊ ၄၈)၊ “ဇာတ်တူသား” (၁၆၊ ၅၊ ၄၈)၊ “ကိုယ့်ဒူး ကိုယ်ချွန်” (၁၅၊ ၆၊ ၄၈)၊ “လူရည်ချွန်” ၊ “ခြတောင်ပို့စိတ်” စသော ဆောင်းပါးမျိုးကို တွေ့ရသည်။

ဒေါ်အုန်းသည် အေးအေးဆေးဆေး နေတတ်၍ ပင်ကို စိတ်ရင်းကောင်း ရှိသူ ဖြစ်လင့်ကစား သူမှန်သည် ထင်သော ကိစ္စများနှင့် အနာဂတ် အကျိုးရှိမည်ဟု ယူဆထားသော အလုပ်များ၌ ပြတ်ပြတ်သားသား လုပ်ကိုင်တတ်သော သတ္တိ ရှိသည်။

မိန်းမ ကိစ္စ နှင့် မလောက စာအုပ်များ ထုတ်ဝေစဉ်က လူအတော်များများ ဂယက် ရိုက်နေသည့် ကြားမှပင် သူ့ကိုယ်ပိုင် ဉာဏ်ဖြင့် ဆုံးဖြတ်ကာ သာမန် အမျိုးသမီးများ နောက်တွန့်သည့် အလုပ်ကို မိမိ ယုံကြည်ချက် အတိုင်း ပြတ်သားစွာ ရေးသား ထုတ်ဝေ ဆောင်ရွက်ခဲ့ပေသည်။

မြန်မာ့ အနုပညာကို အထင်ကြီးရကောင်းမှန်း မသိသေးသော ခေတ်ကပင် ဂုဏ်ထူးတန်း တက္ကသိုလ် ကျောင်းသူ တဦး အနေနှင့် ဘွဲ့နှင်းသဘင် ခန်းမတွင် တပင်တိုင် အကဖြင့် အနုပညာ အစွမ်းပြခဲ့သည်။

ကြွယ်ဝသော အတွေ့အကြုံများနှင့် ပညာ စွယ်စုံရသော ဆရာမကြီး အမ်အေ မအုန်း၏ ဟောပြော ပညာပေး ရေးသား လှုပ်ရှားမှုများကို ယနေ့ အမျိုးသမီးထုက စောင့်စား မျှော်လင့်လျက် ရှိနေကြပါသည်။ ။

(စာရေး ဆရာမကြီး စောမုံညင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာပေတိုက်က ၂၀၀၈ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော “မြန်မာအမျိုးသမီး” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီးသည် ၂၀၁၁ နှစ် ဒီဇင်ဘာလ ၁၁ ရက် အသက် ၉၁ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)

]]>
စစ်ကောင်စီ ရွေးကောက်ပွဲ ဘယ်လိုဖြစ်နိုင်လဲ https://burma.irrawaddy.com/opinion/viewpoint/2025/05/26/401336.html Mon, 26 May 2025 02:00:41 +0000 https://burma.irrawaddy.com/?p=401336 ကာ/လုံကဖွဲ့မယ့် ကြားဖြတ်အစိုးရက ရွေးကောက်ပွဲကျင်းပဖို့ ဇန်နဝါရီလကုန်အထိ အချိန်ရတယ်။ ဒါဟာ မင်းအောင်လှိုင် လူသိရှင်ကြား ကြေညာထားတဲ့ အချိန်မူဘောင်နဲ့ ကိုက်ညီတယ်။]]>

ဒီဇင်ဘာလမှာ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့ အရေးကြီးကြောင်း စစ်ကောင်စီက မကြာသေးမီမှာ ခဏခဏပြောလာပြီး ရွေးကောက်ပွဲအလွန် ကိစ္စတွေကို စတင်ဆွေးနွေးလာတယ်။ ဒါဟာ ပြဿနာပေါင်းစုံ ဝိုင်းနေတဲ့ စစ်ကောင်စီ တရားဝင်မှုရဖို့ နောက်ဆုံးလှုပ်ရှားမှု ဖြစ်တယ်။

မေလ ၂၀ ရက်နေ့က လုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲအပြီး အနိုင်ရပါတီကို အာဏာလွှဲပေးမယ်လို့ ထပ်ပြောပြီး လွှတ်တော်ခေါ်ယူဖို့နဲ့ အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ အနည်းဆုံးအရေအတွက် သတ်မှတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်ကို အလေးထားပြောတယ်။

သူ့ရဲ့လက်ထောက် စိုးဝင်းက ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပဖို့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့၊ စနစ်တကျ အာဏာလွှဲပြောင်းဖို့နဲ့ ရွေးကောက်ပွဲ လုပ်နိုင်တဲ့နေရာတွေမှာ လုံခြုံဖို့ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေကို တိုက်တွန်းတယ်။

စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းပြီးနောက် အရေးပေါ်အခြေအနေ ကနဦး တနှစ် ကြေညာတယ်။ နောက်တော့ နိုင်ငံအတွင်း မတည်ငြိမ်မှုကို အကြောင်းပြပြီး အဲဒီ အရေးပေါ်အခြေအနေကို အကြိမ်ကြိမ် သက်တမ်းတိုးတယ်။

လက်ရှိ အရေးပေါ်အခြေအနေဟာ ဇူလိုင်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးမယ်။ ကတိပေးထားတဲ့အတိုင်း ဒီဇင်ဘာလမှာ ရွေးကောက်ပွဲလုပ်ဖို့ဆိုရင် စစ်တပ်လွှမ်းမိုးတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ကို အာဏာပြန်လွှဲပေးဖို့ ဦးစွာလိုအပ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဲဒီကောင်စီက ခြောက်လအတွင်း ရွေးကောက်ပွဲလုပ်ဖို့ လိုတယ်။

လက်ရှိ အရေးပေါ်အခြေအနေဟာ ဇူလိုင်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးမယ်။ ကတိပေးထားတဲ့အတိုင်း ဒီဇင်ဘာလမှာ ရွေးကောက်ပွဲလုပ်ဖို့ဆိုရင် စစ်တပ်လွှမ်းမိုးတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ကို အာဏာပြန်လွှဲပေးဖို့ ဦးစွာလိုအပ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဲဒီကောင်စီက ခြောက်လအတွင်း ရွေးကောက်ပွဲလုပ်ဖို့ လိုတယ်။

ပုဒ်မ ၄၂၈ နဲ့ ၄၃၀ အရ အဲဒီကောင်စီဟာ ကြားဖြတ်အစိုးရတခုကို ဖွဲ့စည်းရမှာဖြစ်ပြီး ကြားဖြတ်အစိုးရက ရွေးကောက်ပွဲကို ကျင်းပပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေကို တည်ထောင်ပြီးသည်အထိ ဆက်လက် အာဏာရှိနေမှာ ဖြစ်တယ်။ ကာ/လုံ မှာ ယာယီသမ္မတနဲ့ စစ်တပ်ခေါင်းဆောင်အဖြစ် ရာထူး နှစ်ခု ယူထားတဲ့ မင်းအောင်လှိုင်ဟာ ကြားဖြတ်အစိုးရကို ဦးဆောင်ဖွယ်ရှိတယ်။

ကာ/လုံကဖွဲ့မယ့် ကြားဖြတ်အစိုးရက ရွေးကောက်ပွဲကျင်းပဖို့ ဇန်နဝါရီလကုန်အထိ အချိန်ရတယ်။ ဒါဟာ မင်းအောင်လှိုင် လူသိရှင်ကြား ကြေညာထားတဲ့ အချိန်မူဘောင်နဲ့ ကိုက်ညီတယ်။

ရွေးကောက်ပွဲတွေ ဖြစ်နိုင်လား

စစ်ခေါင်းဆောင်က ကာလကြာမြင့်စွာ ကတိပေးထားတဲ့ ရွေးကောက်ပွဲအတွက် ပထမဆုံး အချိန်အတိအကျကို မတ်လအစောပိုင်းက သူ့ရဲ့ ဘယ်လာရုစ် တရားဝင်ခရီးစဉ်အတွင်း ကြေညာပြီး ဒီဇင်ဘာလမှာ ရွေးကောက်ပွဲတွေ စီစဉ်ထားတယ်လို့ ပြောတယ်။

ပထမတုန်းကတော့ စစ်ခေါင်းဆောင်က တနိုင်ငံလုံး ကျယ်ပြန့်တဲ့ အထွေထွေရွေးကောက်ပွဲလုပ်ဖို့ ပြောတယ်။ နောက်တော့ ၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ ပြည့်နှစ်တွေက ရွေးကောက်ပွဲတွေကို တနိုင်ငံလုံးမှာ မကျင်းပနိုင်ခဲ့ကြောင်း၊ ၁၉၅၀ ပြည့်နှစ်များက ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ် (ဖဆပလ) ခေတ်မှာ ရွေးကောက်ပွဲတွေကို အခက်အခဲတွေကြားက ကျင်းပရကြောင်း ပြောတယ်။

ဖဆပလ အစိုးရဟာ ပြည်တွင်းပဋိပက္ခတွေကြောင့် ၁၉၅၀ နဲ့ ၁၉၅၁ ခုနှစ်အကြားမှာ ရွေးကောက်ပွဲတွေကို အဆင့် သုံးဆင့်ခွဲပြီး ကျင်းပရတယ်။ ဒါပေမဲ့ လွှတ်တော်အစည်းအဝေးတွေကို ခေါ်ယူခဲ့တယ်၊ အစိုးရတရပ် ဖွဲ့ခဲ့တယ်၊ သမ္မတတယောက်ကို ရွေးချယ်ခဲ့တယ်။

စစ်ကောင်စီဟာ ရှမ်းပြည်မြောက်ပိုင်း၊ ရခိုင်၊ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်းပြည်နယ်တွေနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ နယ်မြေတွေ အကြီးအကျယ် ဆုံးရှုံးတယ်။ ဒါကြောင့် အခု ကျင်းပမယ့် ရွေးကောက်ပွဲဟာ အလားတူ အဆင့်ဆင့် ကျင်းပမယ့် နည်းလမ်းအတိုင်းသွားမယ်လို့ မျှော်လင့်ရတယ်။ ရွေးကောက်ပွဲတွေကို ဒီဇင်ဘာလက စတင်ပြီး ဇန်နဝါရီလအထိ လုပ်မယ်လို့လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောတယ်။

တချိန်တည်းမှာပဲ နေရာတကာမှာ လက်နက်ကိုင်ပဋိပက္ခ ဖြစ်နေပေမဲ့ ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းဟာ အများအားဖြင့် တည်ငြိမ်ပြီး စစ်ကောင်စီရဲ့ လုံးဝ ထိန်းချုပ်မှုနီးပါးအောက်မှာ ရှိနေတယ်။ အားလုံးပေါင်းလိုက်ရင် လူဦးရေ တော်တော်များပြီး မြို့နယ် ၉၀ ကျော်ပါဝင်တော့ ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) နေရာ ၉၀ ကျော်နဲ့ အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) နေရာ ၃၆ ခုကို ကိုယ်စားပြုတယ်။ ဒါကြောင့် အဲဒီနေရာတွေမှာ စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲလုပ်ရင် လွှတ်တော်ခေါ်ယူဖို့ ဖြစ်နိုင်တယ်။

တချိန်တည်းမှာပဲ နေရာတကာမှာ လက်နက်ကိုင်ပဋိပက္ခ ဖြစ်နေပေမဲ့ ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းဟာ အများအားဖြင့် တည်ငြိမ်ပြီး စစ်ကောင်စီရဲ့ လုံးဝ ထိန်းချုပ်မှုနီးပါးအောက်မှာ ရှိနေတယ်။ အားလုံးပေါင်းလိုက်ရင် လူဦးရေ တော်တော်များပြီး မြို့နယ် ၉၀ ကျော်ပါဝင်တော့ ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) နေရာ ၉၀ ကျော်နဲ့ အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) နေရာ ၃၆ ခုကို ကိုယ်စားပြုတယ်။ ဒါကြောင့် အဲဒီနေရာတွေမှာ စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲလုပ်ရင် လွှတ်တော်ခေါ်ယူဖို့ ဖြစ်နိုင်တယ်။

နိုင်ငံရေးပါတီတွေ

ဒီဇင်ဘာရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ပါတီ ၇၇ ပါတီအနက် လက်ရှိအချိန်အထိ ၅၄ ပါတီကို ခွင့်ပြုထားပြီး ကိုးပါတီက တနိုင်ငံလုံးမှာ ယှဉ်ပြိုင်မယ်၊ ၄၅ ပါတီက အချို့ပြည်နယ်နဲ့တိုင်းတွေမှာ ယှဉ်ပြိုင်မှာဖြစ်တယ်။

တနိုင်ငံလုံးမှာယှဉ်ပြိုင်မယ့် ပါတီ ကိုးခုထဲမှာ စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တို့ ပါဝင်တယ်။ USDP နဲ့ SNDP တို့က ရွေးကောက်ပွဲဝင်ဖို့ အသင့်ရှိကြောင်း ပြောတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) လို အဓိကကျပြီး ဒီမိုကရေစီလိုလားတဲ့ ပါတီတွေဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံမတင်လို့ သူတို့ကို စစ်ကောင်စီက ဖျက်သိမ်းထားတယ်။

လွှတ်တော်အစည်းအဝေး ကျင်းပခြင်း

ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဒါဇင်အနည်းငယ်နဲ့ လွှတ်တော်ခေါ်ယူနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေအကြောင်း မကြာသေးမီက အစည်းအဝေးတခုမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောတယ်။

သူကိုးကားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေဖြစ်တဲ့ ပုဒ်မ ၈၅၊ ၁၂၈ နဲ့ ၁၅၅ မှာ ပြည်ထောင်စုလွှတ်တော် နှစ်ရပ်ပေါင်း အစည်းအဝေး ပထမဆုံးနေ့မှာ တက်ရောက်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် ထက်ဝက်ကျော် တက်ရောက်ရင် အစည်းအဝေး အထမြောက်တယ်လို့ ပြဋ္ဌာန်းထားတယ်။

အနည်းဆုံးတက်ရောက်ရတဲ့ ပမာဏ မပြည့်မီလို့ ပထမဆုံးအစည်းအဝေး ရွှေ့ဆိုင်းရရင် နောက်တကြိမ် အစည်းအဝေးမှာ တက်ရောက်ခွင့်ရ ကိုယ်စားလှယ် ၃ ပုံ ၁ ပုံတက်ရင် အစည်းအဝေး အထမြောက်တယ်။

မြန်မာရဲ့ ပြည်ထောင်စုလွှတ်တော်မှာ နေရာစုစုပေါင်း ၆၆၄ နေရာရှိတယ်။ ဒါကြောင့် ပထမဆုံးနေ့မှာ လွှတ်တော်ကိုယ်စားလှယ် ၃၃၃ ဦး တက်ရောက်ရင် လွှတ်တော်အထမြောက်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်က လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်း ဒါမှမဟုတ် ၁၆၆ နေရာ (အောက်လွှတ်တော်မှာ နေရာ ၁၁၀ နဲ့ အထက်လွှတ်တော်မှ ၅၆ နေရာ) ရယူထားတာကြောင့် စစ်ကောင်စီဟာ လွှတ်တော်ခေါ်ယူဖို့ ရွေးကောက်ခံကိုယ်စားလှယ် ၁၆၇ ဦးသာ လိုအပ်တယ်။

ဒါပေမဲ့ လက်တွေ့မှာ စစ်ကောင်စီဟာ အဲဒီလောက်တောင် မလိုဘူး။ အထက်က အစည်းအဝေးမှာ မင်းအောင်လှိုင် ကိုးကားခဲ့တဲ့ ဒုတိယ လွှတ်တော်အစည်းအဝေး ပြဋ္ဌာန်းချက်အရ စစ်ကောင်စီဟာ ကိုယ်စားလှယ် ၃ ပုံ ၁ ပုံသာ တက်ရောက်ဖို့လိုတဲ့အတွက် စစ်ကောင်စီဟာ လွှတ်တော် တရားဝင်ဖို့ ရွေးကောက်ခံကိုယ်စားလှယ် ၅၆ ဦးသာ လိုတယ်။

ဒါပေမဲ့ လက်တွေ့မှာ စစ်ကောင်စီဟာ အဲဒီလောက်တောင် မလိုဘူး။ အထက်က အစည်းအဝေးမှာ မင်းအောင်လှိုင် ကိုးကားခဲ့တဲ့ ဒုတိယ လွှတ်တော်အစည်းအဝေး ပြဋ္ဌာန်းချက်အရ စစ်ကောင်စီဟာ ကိုယ်စားလှယ် ၃ ပုံ ၁ ပုံသာ တက်ရောက်ဖို့လိုတဲ့အတွက် စစ်ကောင်စီဟာ လွှတ်တော် တရားဝင်ဖို့ ရွေးကောက်ခံကိုယ်စားလှယ် ၅၆ ဦးသာ လိုတယ်။

ဒါကြောင့် ဒီဇင်ဘာရွေးကောက်ပွဲမှာ USDP အပါအဝင် ပါတီ ဒါဇင်အနည်းငယ် ယှဉ်ပြိုင်ရင် လွှတ်တော်ဟာ ဖြစ်လာနိုင်တယ်။ အဓိကကျတဲ့ ဒီမိုကရေစီပါတီတွေကို စစ်ကောင်စီက ဖျက်သိမ်းထားတဲ့အတွက် လွှတ်တော်ကို USDP နဲ့ စစ်တပ်ထောက်ခံတဲ့ပါတီတွေ လွှမ်းမို့ဖို့ အလားအလာရှိတယ်။

လွှတ်တော်က သမ္မတကို ရွေးချယ်ပြီး ရွေးကောက်ခံအစိုးရဆိုတဲ့အဖွဲ့ကို ဖွဲ့မယ်။ အထက်က ပြောခဲ့တဲ့ အခြေအနေအရ မင်းအောင်လှိုင်ဟာ သမ္မတရာထူးကို ယူဖွယ်ရှိတယ်လို့ သုတေသီတွေက ပြောတယ်။

ဖြစ်နိုင်ခြေရှိတဲ့ ရွေးကောက်ပွဲနောက်ပိုင်း အခြေအနေ

ရွေးကောက်ပွဲဟာ အရပ်သားအရေခြုံပြီး စစ်ကောင်စီက အာဏာဆက်လက်ချုပ်ကိုင်ဖို့ အတုအယောင် ဖြစ်တယ်ဆိုတဲ့ ကျယ်ပြန့်တဲ့ အမြင်တွေကြောင့် စစ်ကောင်စီကို ဆန့်ကျင်တဲ့ လူထုလက်နက်ကိုင်တော်လှန်ရေး ဆက်လက် ဖြစ်ပေါ်နေမယ်လို့ လေ့လာသူတွေက ယူဆတယ်။

အနောက်နိုင်ငံတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ စစ်ကောင်စီဆန့်ကျင်ရေး အခြားအင်အားစုတွေနဲ့ မြန်မာပြည်သူအများစုက စစ်ကောင်စီအဆိုပြု ရွေးကောက်ပွဲကို ဆန့်ကျင်နေတာ ကာလကြာမြင့်ပါပြီ။

တရုတ်၊ ရုရှားနဲ့ အခြားနိုင်ငံတကာ မဟာမိတ်တွေက ရွေးကောက်ပွဲကို အပြည့်အဝ ထောက်ခံတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောတယ်။ မြန်မာရဲ့အိမ်နီးချင်း အိန္ဒိယကလည်း တရုတ်၊ ရုရှားတို့နဲ့အတူ စစ်ကောင်စီရွေးကောက်ပွဲအတွက် အကူအညီတွေ ကတိပြုထားတယ်။

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှာ သဘောထား ကွဲလွဲနေတယ်။ ရွေးကောက်ပွဲလုပ်မယ့်အစား အကြမ်းဖက်မှုတွေ ရပ်အောင်လုပ်ဖို့ အာဆီယံ လက်ရှိ အလှည့်ကျဥက္ကဋ္ဌ မလေးရှားက စစ်ကောင်စီကို တိုက်တွန်းတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ အဓိက မဟာမိတ် တရုတ်၊ ရုရှား၊ ဘယ်လာရုစ်နဲ့ ထိုင်း၊ ကမ္ဘောဒီးယားတို့က ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို အသိအမှတ်ပြုကာ သူ့စစ်ကောင်စီဟာ မြန်မာရဲ့ တရားဝင်အစိုးရလို့ ကြေညာစေနိုင်ကြောင်း သုတေသီတွေက ပြောပါတယ်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ What Are the Possible Scenarios for the Junta’s Election Plan? ကို ဘာသာပြန်သည်။)

You may also like these stories:

ရွေးကောက်ပွဲက ငလျင်ကြောင့် သေဆုံးသူတွေကို စော်ကားရာရောက်လိမ့်မယ် (ရုပ်/သံ)

ဘာလဲဟဲ့ ရွေးကောက်ပွဲ

တယောက်ထဲ မဲလာပေးလဲ ရွေးကောက်ပွဲ အထမြောက်တယ် (ရုပ်/သံ)

စစ်ကောင်စီ ရွေးကောက်ပွဲ ဘယ်လိုလုပ်မလဲ

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ SNLD ကို တရုတ်တိုက်တွန်းခဲ့ (ရုပ်/သံ)

မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲကို ရုရှားနဲ့ ဘီလာရုစ် အာဏာရှင်တွေ အားပေး

၂၀၂၅ ရွေးကောက်ပွဲ၌ ပါတီအချို့ လက်နက်ကိုင်၍ လုံခြုံရေးယူမည်

]]>
မြန်မာ့ နှစ် ၆၀ ကျိန်စာစက်ဝန်းကို ချိုးဖျက်ခြင်း https://burma.irrawaddy.com/opinion/viewpoint/2025/05/19/401082.html Mon, 19 May 2025 09:50:58 +0000 https://burma.irrawaddy.com/?p=401082 ရာစုနှစ်သုံးခုကြာ ဒီနိုင်ငံရေး ပြဿနာကြီးကို ကျနော်ကတော့ “မြန်မာ့ နှစ် ၆၀ နိုင်ငံရေး စက်ဝန်း” လို့ အမည်ပေးထားပါတယ်။]]>

အမှန်တရားတွေဟာ ခါးသီးပါတယ်။ ဒါပေမယ့် အလိမ်မခံရဖို့၊ ကိုယ်တိုင် ထင်ယောင်ထင်မှားတွေ မဖြစ်ဖို့၊ ပြီးတော့ လက်တွေ့ကျကျ စဉ်းစားပြီး လုပ်သင့်တာတွေ လုပ်နိုင်ဖို့ ဒီခါးသီးတဲ့ အမှန်တရားတွေကို ကျနော်တို့ သိဖို့လိုပါတယ်။

ဆိုတော့ ဆေးခါးကြီးသောက်ရအောင်။ ၁၉ ရာစုကနေ လက်ရှိ ၂၁ ရာစုအထိ ကျနော်တို့ တတိုင်းပြည်လုံး ခံစားနေရတဲ့ နာတာရှည်နိုင်ငံရေး ရောဂါကြီး ပျောက်ဖို့အတွက်ပါ။

ရာစုနှစ်တခုကြာ ဒီနိုင်ငံရေး ပြဿနာကြီးကို ကျနော်ကတော့ “မြန်မာ့ နှစ် ၆၀ နိုင်ငံရေး စက်ဝန်း” လို့ အမည်ပေးထားပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့တိုင်းပြည်ဟာ ကိုလိုနီခေတ်မှာ နှစ် ၆၀၊ စစ်တပ်အောက်မှာ နှစ် ၆၀ နေခဲ့ပြီးပါပြီ။

နောက်ထပ် နှစ် ၆၀ ကြာတဲ့ ၂၀၈၀ မှာရော မြန်မာနိုင်ငံက ဘယ်လိုဖြစ်နေမလဲ။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီးတော့ တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံတနိုင်ငံ ဖြစ်နေမလား။ ဒါဆိုရင် လက်ရှိ စစ်အာဏာရှင်အောက်က ဘယ်တော့ ရုန်းထွက်နိုင်မှာလဲ။ ရုန်းထွက်ဖို့ နည်းလမ်းတွေက ဘာတွေရှိမလဲ။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီးတော့ တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံတနိုင်ငံ ဖြစ်နေမလား။ ဒါဆိုရင် လက်ရှိ စစ်အာဏာရှင်အောက်က ဘယ်တော့ ရုန်းထွက်နိုင်မှာလဲ။ ရုန်းထွက်ဖို့ နည်းလမ်းတွေက ဘာတွေရှိမလဲ။

ပထမ နှစ် ၆၀ စက်ဝန်း- ဗြိတိသျှ ကိုလိုနီခေတ်

ဒီရာစုနှစ်နဲချီတဲ့ နိုင်ငံရေးလမ်းကြောင်းတွေကို နားလည်ဖို့အတွက် ခေတ်တွေ၊ စနစ်တွေအပြင် ကမ္ဘာကို ကိုင်လှုပ်တဲ့ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်လို အဖြစ်အပျက်တွေကိုလည်း ထည့်တွက်ဖို့ အရေးကြီးပါတယ်။

ပထမဆုံး ၁၉ ရာစုကို ပြန်ကြည့်ရအောင်။

တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲကအပြီး ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ဗြိတိသျှတပ်တွေက မန္တလေးနေပြည်တော်ကြီးကို သိမ်းပိုက်ခဲ့ပါတယ်။ သီပေါမင်းကို ဖမ်းဆီး ထီးနန်း စွန့်ခိုင်းပြီး ၁၈၈၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ တနိုင်ငံလုံးကို ကိုလိုနီအဖြစ် တရားဝင် သိမ်းပိုက်လိုက်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ နောက်နှစ်ပေါင်း ၆၀ လောက်ကြာအောင် ကိုလိုနီကျွန်အဖြစ်နဲ့ နေရလိမ့်မယ်လို့ ကျနော်တို့ရဲ့ ဘိုးဘွားဘီဘင်တွေ ထင်ခဲ့မှာ မဟုတ်ပါဘူး။

၁၈၈၅ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအတွင်း မန္တလေးနန်းတော်ကို သိမ်းပိုက်သည့် ဗြိတိသျှ စစ်သားများ / Willoughby Wallace Hooper

မြန်မာပြည်သူတွေကလည်း နယ်ချဲ့ကိုလိုနီကို ပုံသဏ္ဍန်မျိုးစုံနဲ့ တော်လှန်ဆန့်ကျင်ခဲ့ကြပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းရဲ့အဘိုး ဗိုလ်မင်းရောင်၊ လယ်သမားသူပုန် ဆရာစံတို့လို ကွပ်မျက်ခံရတဲ့အထိ ရရာလက်နက်ဆွဲကိုင်ပြီး တော်လှန်ခဲ့တဲ့သူတွေရှိခဲ့ပါတယ်။

နောက်ပြီး သခင်ကိုယ်တော်မှိုင်းတို့ ဦးဆောင်တဲ့ သခင်ခေတ်၊ နောက်ပိုင်း ကျောင်းသားသမဂ္ဂ အလံအောက်မှာ သခင်လူငယ် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုအောင်ဆန်းတို့ ကိုနုတို့ ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အစွမ်းကုန်ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ နောက်ဆုံးတော့ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို ဖွဲ့ပြီး လွတ်လပ်ရေးကို လက်နက်ကိုင် တိုက်ယူခဲ့တဲ့ အထိပါပဲ။

၁၉ ရာစုနဲ့ ၂၀ ရာစုနှစ်တွေမှာ ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်ဟာ နယ်ချဲ့ကိုလိုနီစနစ် ဖြစ်နေတာကြောင့် မြန်မာအပါအဝင် ကမ္ဘာမှာ နိုင်ငံတော်တော်များ ကိုလိုနီဖြစ်ခဲ့ရပါတယ်။ အာရှမှာလည်း မနည်းပါဘူး။

တနိုင်ငံလုံး ဗြိတိသျှ ကိုလိုနီအောက် စရောက်ခဲ့တဲ့ ၁၈၈၆ ခုနှစ်ကနေ ၁၉၄၈ ခုနှစ်အထိဆိုရင် စုစုပေါင်း နှစ်ပေါင်း ၆၂ နှစ်ကြာ တိုက်ပြီးမှ လွတ်လပ်ရေး ရခဲ့ပါတယ်။ တနည်းအားဖြင့် ဆယ်စုနှစ် ခြောက်ခုကျော် နယ်ချဲ့ကိုလိုနီ အောက်မှာ နေခဲ့ရပါတယ်။ ဒါက ကျနော်တို့နိုင်ငံရဲ့ ပထမ နှစ် ၆၀ စက်ဝန်းပါ။

နိုင်ငံ ပြန်လည်တည်ဆောက်ဖို့ ပထမအခွင့်အရေး

၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရတော့ ကျနော်တို့ နိုင်ငံကို ပြန်လည်တည်ဆောက်ဖို့ အခွင့်အရေး ရခဲ့ပါတယ်။ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) ခေါင်းဆောင် ဝန်ကြီးချုပ် ဦးနုရဲ့ အစိုးရလက်ထက် ၁၉၄၈ ခုနှစ်ကနေ ၁၉၅၈ ခုနှစ်ကာလမှာ အိမ်နီးနားချင်း နိုင်ငံတွေထက် လွတ်လပ်မှုနဲ့ နိုင်ငံသားအခွင့်အရေးတွေ ပိုရခဲ့ပါတယ်။ စီးပွားရေးမှာလည်း အာရှရဲ့ အအောင်မြင်ဆုံး နိုင်ငံတွေထဲက တနိုင်ငံဖြစ်ခဲ့လို့ “မြန်မာ့ရွှေခေတ်” လို့တောင် သတ်မှတ် လို့ရပါတယ်။

ဒါပေမယ့် ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းတဲ့အခါ တိုင်းပြည်တည်ဆောက်နေမှုတွေ အဆုံးသတ်ခဲ့ရပြီး ပြန်လည် မွေးဖွားစနိုင်ငံဟာ ဖျက်ဆီးခံခဲ့ရပါတယ်။

ဒုတိယ နှစ် ၆၀ စက်ဝန်း- စစ်အာဏာရှင်ခေတ်

ဒုတိယ စက်ဝန်းကတော့ ၁၉၅၈ ခုနှစ်ကစပြီး သန္ဓေတည်တယ် ပြောရင် မမှားပါဘူး။ ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့မှာ အရပ်သားအစိုးရဆီကနေ အိမ်စောင့်အစိုးရရဲ့ ဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်နေဝင်းက အာဏာလွှဲယူပြီး ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ အဲဒီအချိန်မှာလည်း စစ်ဗိုလ်ချုပ်တွေ အောက်မှာ နောက်နှစ်ပေါင်း ၆၀ လောက် နေရလိမ့်မယ်လို့ ကျနော်တို့ ပြည်သူတွေ ဘယ်သူမှ အိပ်မက်မက်ခဲ့မှာ မဟုတ်ပါဘူး။

ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းမှုကို ဂါးဒီးယန်းသတင်းစာက ၁၉၆၂ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြထားစဉ်

၁၉၆၀ ပြည့်နှစ်မှာ ရွေးကောက်ခံအစိုးရကို အာဏာပြန်အပ်ခဲ့ပေမယ့် ၁၉၆၂ မှာတော့ စစ်တပ်က အပြီး အာဏာပြန်သိမ်းခဲ့ပါတယ်။

ဗိုလ်ချုပ်နေဝင်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကို ဖွဲ့စည်းပြီး နိုင်ငံကို တပါတီအာဏာရှင်စနစ်နဲ့ ၂၆ နှစ်ကြာ အုပ်ချုပ်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၅၈-၁၉၆၀ သူ့ရဲ့ အိမ်စောင့်အစိုးရ နှစ်နှစ်ကိုပါ ထည့်တွက်မယ်ဆိုရင် ကျနော်တို့နိုင်ငံဟာ စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်းရဲ့ အောက်မှာ ပထမဦးစွာ ၂၈ နှစ် နေခဲ့ရပါတယ်။

၁၉၈၈ ခုနှစ်မှာ တပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ၈၈ အရေးတော်ပုံကြီး ဖြစ်ခဲ့ပေမယ့် စစ်တပ်ကပဲ ဒီမိုကရေစီအရေးတော်ပုံကို ဖြိုခွင်းပြီး ဦးနေဝင်းရဲ့ မဆလ ပါတီဆီကနေ အာဏာလွှဲယူခဲ့ကြတယ်။ တိုင်းပြည်ဟာ တပါတီအာဏာရှင်စနစ်ကနေ မူလဘူတ စစ်အာဏာရှင်စနစ်ကို ပြန်ရောက်ခဲ့ရပါတယ်။

၁၉၈၈ ခုနှစ်မှာ တပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ၈၈ အရေးတော်ပုံကြီး ဖြစ်ခဲ့ပေမယ့် စစ်တပ်ကပဲ ဒီမိုကရေစီအရေးတော်ပုံကို ဖြိုခွင်းပြီး ဦးနေဝင်းရဲ့ မဆလ ပါတီဆီကနေ အာဏာလွှဲယူခဲ့ကြတယ်။ တိုင်းပြည်ဟာ တပါတီအာဏာရှင်စနစ်ကနေ မူလဘူတ စစ်အာဏာရှင်စနစ်ကို ပြန်ရောက်ခဲ့ရပါတယ်။

ဒုတိယ စက်ဝန်းကို အသေးစိတ် ထပ်ခွဲပြီး လေ့လာကြည့်မယ်ဆိုရင် သုံးပိုင်းတွေ့ရမှာပါ။ ပထမပိုင်းက အပေါ်မှာ ဆွေးနွေးခဲ့သလို ၁၉၈၈ ခုနှစ်အထိ ဗိုလ်ချုပ်နေဝင်းရဲ့ အုပ်ချုပ်မှုအောက်မှာ ၂၈ နှစ်။ ဒုတိယပိုင်းအနေနဲ့ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် အထိက နိုင်ငံတော် ငြိမ်ဝတ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) နဲ့ နောက်ပိုင်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရတွေရဲ့ အောက်မှာ ၂၀၁၁ ခုနှစ်အထိ ၂၃ နှစ်။ တတိယပိုင်း ငါးနှစ်ကတော့ ၂၀၁၁ ကနေ ၂၀၁၆ အထိ ဘောင်းဘီချွတ်ပြီး အရပ်သား အမည်ခံထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန် အစိုးရကာလဆိုပြီး တွေ့ရမှာပါ။

ဒီနေရာမှာ ဦးသိန်းစိန်အစိုးရခေတ်ကိုပါ ထည့်တွက်တဲ့ အကြောင်းတွေကတော့ သူ့အစိုးရဟာ ၂၀၁၀ ရွေးကောက်ပွဲကို ကြိုတင်မဲတွေနဲ့ မဲခိုးပြီး နိုင်ခဲ့တာဖြစ်ပါတယ်။

နေက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် အဓိက တိုင်းရင်းသားပါတီတွေ သပိတ်မှောက်ခဲ့တဲ့ ရွေးကောက်ပွဲတခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့အစိုးရဟာ တိုင်းပြည်ကို အတိုင်းအတာ တခုအထိ ဖွင့်ပေးခဲ့ပေမယ့် စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေတော့ မလုပ်ခဲ့ပါဘူး။ စစ်တပ်အသွင်ပြောင်း အုပ်ချုပ်ရေးပါပဲ။

မင်းအောင်လှိုင် စစ်အာဏာသိမ်းပြီးနောက် လမ်းကြောင်းပိတ်ဆို့ထားသည့် လုံခြုံရေးတပ်ဖွဲ့များကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က နေပြည်တော်တွင် တွေ့ရစဉ် / AFP

အနှစ်သာရကို ကြည့်မယ်ဆိုရင်တော့ စစ်တပ်အာဏာစယူတဲ့ ၁၉၅၈ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ တွက်မယ်ဆိုရင် နှစ်ပေါင်း ၅၈ နှစ်ကြာ စစ်ဗိုလ်ချုပ်တွေရဲ့ စစ်ဖိနပ်အောက်မှာ နေခဲ့ရပါတယ်။ ဒီဆယ်စုနှစ် ၆ ခု နီးပါးဟာ ကျနော်တို့နိုင်ငံရဲ့ ဒုတိယနှစ် ၆၀ စက်ဝန်းဖြစ်ပါတယ်။

ဆိုတော့ ၁၈၈၆ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ နှစ်ပေါင်း ၁၃၀ ကို ပြန်ကြည့်ရင် ၆၀-၁၀-၆၀ နိုင်ငံရေး ပုံစံကို တွေ့ရမှာပါ။

နိုင်ငံ ပြန်လည် တည်ဆောက်ဖို့ ဒုတိယအခွင့်အရေး

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ NLD ဟာ တောင်ပြိုကမ်းပြိုနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ မတ်လမှာ အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။ ရာစုနှစ် ထက်ဝက်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရွေးကောက်ခံအစိုးရတခု အာဏာရတာဖြစ်ပါတယ်။

ဒီကာလဟာ ကျနော်တို့ရဲ့နိုင်ငံကို ပြန်လည် တည်ဆောက်ဖို့ ဒုတိယအခွင့်အလမ်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လွတ်လပ်ရေးပြီးကာလလို ၁၀ နှစ်တောင် မရဘဲ ငါးနှစ်ပဲ ရခဲ့ပါတယ်။

တကယ်လို့သာ ဒီတကြိမ်မှာ စစ်တပ်က အာဏာမသိမ်းဘဲ တဆင်ချင်း ပြောင်းလဲမှုကို လက်ခံနိုင်ခဲ့မယ်ဆိုရင် တိုင်းပြည် ပြန်လည်ထူထောင်တဲ့ ကာလကနေ အခြေခိုင်တဲ့ ဒီမိုကရေစီနိုင်ငံအနေနဲ့ အသွင်ကူးပြောင်း သွားမှာပါ။ စီးပွားရေးနဲ့ လူမှုဘဝတွေလည်း ဆက်တိုးတက်လာမှာ သေချာပါတယ်။

အဲဒီလို ဖြစ်ခဲ့မယ်ဆိုရင် ၁၉ ရာစုတည်းက စခဲ့တဲ့ တိုင်းပြည်ရဲ့ နှစ် ၆၀ နိုင်ငံရေးပုံစံဖြစ်တဲ့ ၆၀-၁၀-၆၀ စက်ဝန်း ကနေ ရေရှည်တည်မြဲတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်သွားနိုင်ပါတယ်။ အဲဒီ အခြေအနေမှာ ငြိမ်းချမ်းရေးကိုလည်း ပိုတည်ဆောက်သွားနိုင်မှာပါ။ ဒီမိုကရက်တစ် ဖက်ဒရယ်ပဲခေါ်ခေါ် ဖက်ဒရယ် ဒီမိုကရက်တစ်ပဲခေါ်ခေါ် ပိုကောင်းမွန်တဲ့ ပြည်ထောင်စုတခုကို ရှေးရှုသွားနိုင်မှာပါ။

ဒါပေမဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာထပ်သိမ်းတဲ့အခါမှာတော့ ဒီဖြစ်နိုင်ခြေတွေအားလုံး ပျက်သုဉ်းခဲ့ပါတယ်။ ရာစုနှစ် တခုမှာ တခါပဲရတဲ့ အခွင့်အရေး ထပ်ဆုံးရှုံးခဲ့ရပါတယ်။

ဆယ်စုနှစ်တခုချင်းရဲ့ နိုင်ငံရေးကိုပုံစံကို သုံးသပ်တဲ့အခါ ခေါင်းဆောင် (သို့မဟုတ်) အုပ်ချုပ်သူတဦးရဲ့ ဆုံးဖြတ်ချက်နဲ့ မူဝါဒတွေကို ကြည့်ရပါတယ်။ သူ့ရဲ့ ထက်မြက်မှုတွေ ဒါမှမဟုတ်လည်း ရူးမိုက်မှုတွေက ကျနော်တို့ရဲ့ ဘဝတွေကို တိုက်ရိုက် သက်ရောက်ပါတယ်။ ရူးမိုက်တဲ့ သူရဲ့အောက်မှာ မြန်မာပြည်သူတွေရဲ့ လက်ရှိဘဝက ဘယ်လောက် ဆိုးဝါးလဲဆိုတာတော့ ပြောစရာ မလိုတော့ပါဘူး။

ပြီးခဲ့တဲ့ ရာစုနှစ် နှစ်ခုမှာ ဖြစ်ခဲ့တဲ့ ဒီနိုင်ငံရေးလမ်းကြောင်းအရဆိုရင် ၂၀၂၁ ခုနှစ်ကနေပြီး နောက်နှစ် ၆၀ ပေါင်းရမှာဖြစ်ပါတယ်။ အဲဒီပုံစံအရဆိုရင် ကိုလိုနီစနစ်အောက်မှာ နှစ် ၆၀ → တိုင်းပြည် ပြန်လည် တည်ဆောက်ရေးကာလ ၁၀ နှစ် → စစ်အာဏာစနစ်အောက်မှာ နှစ် ၆၀ → ပြန်လည် တည်ဆောက်ရေးကာလ ၅ နှစ် → နောက်တကြိမ် စစ်အာဏာရှင်စနစ် ဆိုတဲ့ပုံစံပါ။ ဒီအတိုင်းဆိုရင် ၂၁ ရာစုနှစ်အကုန်ဖြစ်တဲ့ ၂၀၈၀ ပြည့်နှစ်အထိ လက်ရှိနိုင်ငံရေးပုံစံက ဆက်သွားမယ့်ပုံ ဖြစ်နေပါတယ်။

နွေဦးတော်လှန်ရေး- ကျိန်စာစက်ဝန်းကို ရိုက်ချိုးနိုင်မလား

ဒါပေမဲ့ ဒီနောက်ဆုံးတခေါက် နှစ် ၆၀ နိုင်ငံရေးစက်ဝန်း စတင်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ပြည်သူတွေက နွေဦးတော်လှန်ရေးနဲ့ ဒီစက်ဝန်းကို ရိုက်ချိုးဖို့ စတင်ခဲ့ပါတယ်။ စစ်တပ်က အကြမ်းဖက်နှိမ်နင်းတဲ့အတွက် ငြိမ်းချမ်းတဲ့ ဆန္ဒပြမှုတွေကနေ လက်နက်ကိုင်တော်လှန်ရေးအဖြစ် အသွင်ပြောင်းလဲခဲ့ပါတယ်။ အဆုံးသတ်တိုက်ပွဲလို့ ကြွေးကြော်ခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီနောက်ဆုံးတခေါက် နှစ် ၆၀ နိုင်ငံရေးစက်ဝန်း စတင်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ပြည်သူတွေက နွေဦးတော်လှန်ရေးနဲ့ ဒီစက်ဝန်းကို ရိုက်ချိုးဖို့ စတင်ခဲ့ပါတယ်။ စစ်တပ်က အကြမ်းဖက်နှိမ်နင်းတဲ့အတွက် ငြိမ်းချမ်းတဲ့ ဆန္ဒပြမှုတွေကနေ လက်နက်ကိုင်တော်လှန်ရေးအဖြစ် အသွင်ပြောင်းလဲခဲ့ပါတယ်။ အဆုံးသတ်တိုက်ပွဲလို့ ကြွေးကြော်ခဲ့ကြပါတယ်။

နွေဦးတော်လှန်ရေးမှာ Gen-Z, Gen-Y, Gen-X သာမက မျိုးဆက်အားလုံးပါသလို ပထဝီအနေအထားကို ကြည့်မယ်ဆိုရင်လည်း မြို့ကြီးတွေကနေ တိုင်းရင်းသားပြည်နယ်အားလုံး ပါဝင်ခဲ့ပါတယ်။

လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အား MNDAA တပ်ဖွဲ့က စီးနင်းသိမ်းပိုက်မှုကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ အစောပိုင်းက တွေ့ရစဉ် / The Kokang

၁၉၆၂ စစ်အာဏာသိမ်းကတည်းက ပြီးခဲ့တဲ့ နှစ်ပေါင်း ၆၀ ကာလမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်တာ ဒီတခါ အားအပြင်းထန်ဆုံးနဲ့ အားအကောင်းဆုံး ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး အပါအဝင် ဒေသအသီးသီးက တိုက်ပွဲတွေကို ကြည့်မယ်ဆိုရင်လည်း တကယ်တိုက်နိုင်တာကို တွေ့ရပါတယ်။ စစ်ကောင်စီ တပ်ပျက်နေတာကို ကျနော်တို့ အားလုံး မျက်မြင်တွေ့ခဲ့ပြီးပါပြီ။

မြန်မာပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေဟာ နိုင်ငံခံစားနေရတဲ့ နှစ် ၆၀ ကျိန်စာ နိုင်ငံရေးစက်ဝန်းကို ရိုက်ချိုးနိုင်တဲ့ အင်အားရှိတယ်ဆိုတာကို လက်တွေ့ ပြလိုက်တာဖြစ်ပါတယ်။

နောက်ဆုံးတိုက်ပွဲလား (သို့မဟုတ်) နောက်ထပ် စက်ဝန်းလား

ဒါပေမယ့် အာဏာရှင်တွေကလည်း အလျှော့ပေးရိုး ထုံးစံမရှိပါဘူး။ စစ်ကောင်စီဟာ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ရဲ့ ထောက်ခံမှုယူပြီး ခြေကုပ်ပြန်ရဖို့ ကြိုးစားနေပါတယ်။ တရုတ်ရဲ့ သံတမန်ဖိအားကိုသုံးပြီး တော်လှန်ရေးတပ်တွေသိမ်းထားတဲ့ လားရှိုးကို ကျည်တချက် မဖောက်ရဘဲ စစ်ကောင်စီဟာ ပြန်ရယူခဲ့ပါတယ်။ ဒီလိုလှည့်ကွက်နဲ့ စစ်ကောင်စီဟာ သူဆုံးရှုံးထားတဲ့မြို့တွေကို ပြန်ရဖို့ ကြိုးစားမယ့် သဘောရှိပါတယ်။

ဆိုတော့ ဒီကျိန်စာစက်ဝန်းကို ကျနော်တို့ ဘယ်လို ချိုးဖျက်ကြမလဲ။
-စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးနည်းနဲ့သာ ချေမှုန်းနိုင်မလား။
-ဒီလောက် ရက်စက်တဲ့ စစ်တပ်နဲ့ စေ့စပ်ညှိနှိုင်းလို့ ရနိုင်မလား။
-စီးပွားရေး၊ သံတမန်ရေးနဲ့ ဥပဒေကြောင်းအရ နိုင်ငံတကာရဲ့ ဖိအားတွေကရော အလုပ်ဖြစ်နိုင်မလား။

ရှင်းလင်းပြတ်သားတဲ့ အဖြေတခုပေးဖို့ ခက်နိုင်ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ မရေတွက်နိုင်တဲ့ ပြည်သူတွေ၊ အထူးသဖြင့် လူငယ်တွေဟာ ဒီနောက်ဆုံးတိုက်ပွဲ အဆုံးသတ်ဖို့အတွက် စွန့်လွှတ်အနစ်နာခံနေကြတယ်။ ဒါဟာ နှစ် ၆၀ ကျိန်စာစက်ဝန်းကို အဆုံးသတ်ပြီး သူတို့တိုင်းပြည်ရဲ့ အနာဂတ်ကို ပြန်လည်တည်ဆောက်ဖို့ပါ။

သေချာတာတခုကတော့ ဒီတိုက်ပွဲဟာ ကျနော်တို့နိုင်ငံရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာပါ။

ဒီနေ့တိုက်ပွဲဟာ အာဏာရှင်စနစ်ကို ဖယ်ရှားဖို့ သက်သက်သာ မကပါဘူး။ ၁၉ ရာစုကတည်းက ကျနော်တို့ကို ခြောက်လှန့်နေတဲ့ ကျိန်စာစက်ဝန်းကနေ နောက်ဆုံးမှာ လွတ်မြောက်ဖို့ဖြစ်ပါတယ်။

(ကျော်စွာမိုးသည် ဧရာဝတီ အင်္ဂလိပ်ပိုင်းဌာန အမှုဆောင်အယ်ဒီတာ ဖြစ်သည်။)

You may also like these stories:

နှစ် ၆၀ နိုင်ငံရေးကျိန်စာ စက်ဝန်းကို ဘယ်လိုရိုက်ချိုးမလဲ

တရုတ်ရဲ့ ဖိအားက စစ်အာဏာရှင်တော်လှန်ရေးကို ဘယ်လောက်ထိခိုက်လဲ (ရုပ်/သံ)

ဈာပနများက ဖော်ပြသော စစ်အာဏာရှင်တို့၏ သဘောထား အမှန်

စစ်အာဏာရှင်လက်အောက် NLD ပါတီ ဒုတိယအကြိမ် ဖျက်သိမ်းခံရ

“စစ်အာဏာရှင် စနစ်ပြုတ်ကျမှ ဖက်ဒရယ် အခွင့်အရေးရမှာ”(ရုပ်/သံ)

စစ်အာဏာရှင် ဆန့်ကျင်တော်လှန်သူများအား အာဇာနည်အဖြစ် ဂုဏ်ပြုကြောင်း NUG ပြော

]]>
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ https://burma.irrawaddy.com/opinion/viewpoint/2025/05/13/400897.html Tue, 13 May 2025 03:00:24 +0000 https://burma.irrawaddy.com/?p=400897 ရုရှားသံအမတ်က သမိုင်းကို လိုသလိုပုံဖော်၍ အသုံးချပုံက စိတ်ပျက်ဖွယ်ကောင်းလှပေသည်။ ]]>

၂၀၂၅ ခုနှစ်၊ မေလ ၇ ရက်နေ့က စစ်ကောင်စီထိန်းချုပ် မြန်မာ့အလင်းသတင်းစာတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ် အီစ်ကန်ဒဲ အာဇီဇော့ဖ် (Iskander Azizov) ၏ “အမြဲအမှတ်ရနေမယ့် ဒုတိယကမ္ဘာစစ်ကပေးသော သင်ခန်းစာများ” ဆိုသည့် ဆောင်းပါးတပုဒ် ပါလာသည်ကို တွေ့ရ၏။

ဆိုဗီယက်ရုရှား၏ ဒုတိယကမ္ဘာစစ် အောင်နိုင်သည့် နှစ် ၈၀ ပြည့် အခမ်းအနား အထိမ်းအမှတ်အဖြစ် ရေးသည့် ရုရှားသံအမတ်၏ ဆောင်းပါးတွင် ထူးခြားချက်မှာ မြန်မာပြည်နှင့် ပတ်သက်၍ ဖြစ်၏။ “ဥရောပစစ်မြေပြင်မှာ ဆိုဗီယက်တပ်တော်ကြီးရဲ့ စစ်ရေးအောင်မြင်မှုများက ဝင်ရိုးတန်းအင်အားစုနိုင်ငံများရဲ့ စုဖွဲ့မှုကို ချိနဲ့စေပြီး ၁၉၄၄ ခုနှစ်မှာ မြန်မာနိုင်ငံ (ယခင် ဗမာ) အတွင်း ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ) တည်ထောင်မှုအတွက် အုတ်မြစ်ချစေနိုင်ခဲ့တယ်။ ဖဆပလ အဖွဲ့ချုပ်ဆိုတာ ၁၉၄၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှာ ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ရွှေရည်စိမ်လွတ်လပ်ရေး ပေးခဲ့အတွက် ဂျပန်နိုင်ငံရဲ့ အုပ်ချုပ်မှုအောက်က လွတ်မြောက်ဖို့ ရည်မှန်းလုပ်ဆောင်တဲ့ လှုပ်ရှားမှုမှာ မျိုးချစ်တပ်ဖွဲ့တွေကို စုစည်းခဲ့တဲ့ အဖွဲ့ကြီးဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ်၊ မတ်လမှာ ဗမာအမျိုးသားတပ်မတော် ဦးဆောင်တဲ့ လူထုအုံကြွတော်လှန်မှုကြီးက မြန်မာနိုင်ငံအတွင်းက ဂျပန်တပ်ဖွဲ့တွေကို မလွဲမသွေ ထွက်ခွာသွားစေပါတယ်” ဟူ၍ ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

သူ့အပြောအရဆိုလျှင် မြန်မာပြည်တွင် ဖဆပလ ပေါ်လာခြင်းသည် ဆိုဗီယက်တို့၏ စစ်ရေးအောင်မြင်မှုအရ ဖြစ်နေပေသည်။ မြန်မာများဆို‌လေ့ရှိသည့် ‘ညောင်ဦးကမ်းပါးပြို၍ စမ္ပာယ်နဂိုရ်က နွားမပေါင်ကျိုး’ သည်ဆိုသည်ကို ပြေးသတိရမိသကဲ့သို့ ‘နင်မဟုတ်ရင် နင့်အဖေ’ ဆိုသည့် ပုံပြင်ကိုလည်း သွားသတိရမိသည်။ ဖဆပလ၊ ဖက်ဆစ်တော်လှန်ရေးနှင့် ဆိုဗီယက်တပ်နီတော်အောင်ပွဲကို အတင်းဆက်စပ်၍ ဆွဲကပ်ပုံက အောချလောက်သည်ဟု ဆိုရမည်။ ရုရှားသံအမတ်က သမိုင်းကို လိုသလိုပုံဖော်၍ အသုံးချပုံက စိတ်ပျက်ဖွယ်ကောင်းလှပေသည်။

တကယ်တမ်းအားဖြင့် ရှေးဗမာဘုရင်များ လက်ထက်ကတည်းက မြန်မာနှင့်ရုရှားသည် အဆက်အဆံ နည်းပါးခဲ့၏။ မင်းတုန်းမင်း (၁၈၅၃–၁၈၇၈) အုပ်ချုပ်သည့်ကာလက ဗြိတိသျှအင်ပါယာ၏ ဖိအားကြောင့် မြန်မာဘုရင် မင်းတုန်းမင်းသည် နိုင်ငံတကာရှိ အခြားအင်ပါယာများ (အထူးသဖြင့် ပြင်သစ်၊ ရုရှား) နှင့် မဟာမိတ်ဖွဲ့ရန် ကြိုးပမ်းခဲ့သည်။ ထိုနိုင်ငံများအား ဗြိတိသျှ၏ ပြိုင်ဘက်အဖြစ် မြန်မာဘုရင်အနေဖြင့် စိတ်ဝင်စားစရာ ဖြစ်လာသည်။

၁၈၇၃ ခုနှစ်တွင် ရုရှားအင်ပါယာမှ အရှေ့တိုင်းပညာရှင် မစ္စတာ အူပရင် (Uprin) သည် မြန်မာနိုင်ငံသို့ ခရီးသွားရင်း‌ ရောက်ရှိလာခဲ့သည်။ မြန်မာနိုင်ငံက သူ့အား သံအမတ်တဦးအဖြစ် တာဝန်ပေး၍ ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မြို့စားကြီး ဂေါ်ချာကော့ဗ် (Gorchakov) ထံသို့ စာတစောင်ပါးခဲ့၏။

ထိုစာတွင် မြန်မာဘုရင်သည် ရုရှားနှင့် မဟာမိတ်ဖွဲ့ချင်ကြောင်း၊ မြန်မာလူငယ်များ ရုရှား စစ်တက္ကသိုလ်များတွင် ပညာသင်ကြားလိုကြောင်း၊ ကုန်သွယ်ရေးဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်လိုကြောင်း ဖော်ပြခဲ့သည်ဟု သိရ၏။ ၁၈၇၆ ခုနှစ်တွင် ရုရှားသံတမန် ပီတာ ပါရှင်နို (Peter Pashino) သည် မြန်မာသို့ လာရောက်ခဲ့သည်။ သူသည် မြန်မာဘုရင်နှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံချင်းဆက်ဆံရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

မြန်မာဘုရင်၏ မဟာမိတ်ဖွဲ့ရေး အကြံအစည်သည် ရုရှားအင်ပါယာဘက်က တုံ့ပြန်မှုများကို ရခဲ့သော်လည်း ရုရှားအင်ပါယာက အိန္ဒိယအနီးနားတွင် ဗြိတိသျှနှင့် တိုက်ပွဲမဖြစ်စေလိုသောကြောင့် မြန်မာအား လိုအပ်သော မဟာမိတ်ဟု သဘောမထားခဲ့ပေ။ ထိုကြောင့် မင်းတုန်းမင်း၏ မဟာမိတ်ဖွဲ့ရေး ကြိုးပမ်းမှုသည် တိကျသော သဘောတူညီချက်တခုအဖြစ် မအောင်မြင်ခဲ့ပေ။

မြန်မာဘုရင်၏ မဟာမိတ်ဖွဲ့ရေး အကြံအစည်သည် ရုရှားအင်ပါယာဘက်က တုံ့ပြန်မှုများကို ရခဲ့သော်လည်း ရုရှားအင်ပါယာက အိန္ဒိယအနီးနားတွင် ဗြိတိသျှနှင့် တိုက်ပွဲမဖြစ်စေလိုသောကြောင့် မြန်မာအား လိုအပ်သော မဟာမိတ်ဟု သဘောမထားခဲ့ပေ။ ထိုကြောင့် မင်းတုန်းမင်း၏ မဟာမိတ်ဖွဲ့ရေး ကြိုးပမ်းမှုသည် တိကျသော သဘောတူညီချက်တခုအဖြစ် မအောင်မြင်ခဲ့ပေ။

ထို့နောက် အင်္ဂလိပ်က မြန်မာပြည်ကို သိမ်းပြီးနောက် မြန်မာပြည်သည် ရုရှားနှင့် သီးသန့်ဆက်ဆံမှု မရှိပါ။ သခင်ခေတ်တွင် နိုင်ငံရေးအရ နိုးကြားမှုများရှိလာပြီး ရုရှား အောက်တိုဘာတော်လှန်ရေးသည် ရှေ့တန်းရောက်သည့် သခင်လူငယ်အချို့အပေါ် ဩဇာသက်ရောက်မှုရှိခဲ့၏။ သို့သော် ရုရှားနှင့် အနေဝေးခြင်း၊ ဆက်သွယ်ရေး ခက်ခဲခြင်းများကြောင့် ရုရှား၏ဩဇာသည် မြန်မာပြည်တွင်း၌ သိသာသည့် သက်ရောက်မှု မရှိခဲ့ပေ။

မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ် အီစ်ကန်ဒဲ အာဇီဇော့ဖ် (Iskander Azizov) ၏ “အမြဲအမှတ်ရနေမယ့် ဒုတိယကမ္ဘာစစ်ကပေးသော သင်ခန်းစာများ” ဆောင်းပါး

ဒုတိယကမ္ဘာစစ် စကတည်းက မြန်မာ့နိုင်ငံရေးအင်အားစုများကြားတွင် အင်္ဂလိပ်ရော ဂျပန်ပါ တိုက်ရမည်ဆိုသည့် အစုအဖွဲ့၊ အင်္ဂလိပ်နှင့်ပေါင်း၍ ဂျပန်ကို တိုက်ရမည်ဆိုသည့်အစုအဖွဲ့၊ ဂျပန်နှင့်ပေါင်း၍ အင်္ဂလိပ်ကို တိုက်ရမည်ဆိုသည့် အစုအဖွဲ့ သုံးစုကွဲခဲ့၏။ အစောပိုင်းတွင် ဂျပန်နှင့်ပေါင်းမည့်အစုအဖွဲ့များ အသာစီးရပြီး ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) နှင့်အတူ ဂျပန်တပ်များ မြန်မာပြည်သို့ ဝင်လာ၏။

မြန်မာပြည်တွင်းသို့ ဂျပန်အုပ်ချုပ်သည့်ကာလက ဂျပန်ဆန့်ကျင်ရေးအတွက် မြန်မာတော်လှန်ရေး အင်အားစုများနှင့် တိုက်ရိုက်ဆက်စပ်သည့် အင်အားစုများမှာ အင်္ဂလိပ်၊ အမေရိကန် မဟာမိတ်အင်အားစုများနှင့် တရုတ်တို့ဖြစ်၏။ အင်္ဂလိပ်၊ အမေရိကန် မဟာမိတ်များထံမှ အကူအညီရခဲ့ပြီး ပူးပေါင်းဆောင်ရွက်ခဲ့ကြ၏။ လက်တွေ့တွင်လည်း အမေရိကန်တပ်များသည် ၁၉၄၄ နှစ်အတွင်း ကချင်ပြည်နယ်သို့ ထိုးဖောက် ဝင်ရောက်လာပြီး ဖဆပလ၏ ၁၉၄၅ ခုနှစ်၊ မတ်လတော်လှန်ရေးမစမီ ကချင်ပြည်နယ်ကို သိမ်းပိုက်ပြီးဖြစ်သည်။

အင်္ဂလိပ်တပ်များသည်လည်း ၁၉၄၄ ခုနှစ်၊ မတ်လမှ ဇွန်လအထိ ဂျပန်တို့နှင့် ဖြစ်ပွားသည့် အင်ဖာတိုက်ပွဲတွင် အနိုင်ရပြီး မြန်မာပြည်တွင်းသို့ ထိုးဖောက်ဝင်ရောက်လာသည်။ ၁၉၄၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် မိတ္ထီလာကို သိမ်းပိုက်ခဲ့၏။ ထို့နောက် ဖဆပလ၏ မတ်လ တော်လှန်ရေးအင်အားစုများနှင့်ပေါင်း၍ ရန်ကုန်မြို့အား မေလ ၃ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဂျပန်လက်နက်ချသဖြင့် စစ်ပွဲ လျင်မြန်စွာ ပြီးသွား၏။

သို့ဖြစ်ရာ မြန်မာ၏ လွတ်လပ်ရေးတိုက်ပွဲဝင်မှုသည်လည်းကောင်း၊ ဖက်ဆစ်တော်လှန်ရေးသည်လည်းကောင်း ရုရှားတို့နှင့် ပတ်သက်ခဲ့ဖူးခြင်း မရှိပါ။ အင်္ဂလိပ်မဟာမိတ်များနှင့် ဆက်စပ်ပြီးနောက် ဖဆပလ ဖွဲ့စည်းခြင်း၊ ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲခြင်းများ ပြုလုပ်လာခြင်း ဖြစ်သည်။

ထို့အတူ “၁၉၄၅ ခုနှစ်၊ မတ်လမှာ ဗမာအမျိုးသားတပ်မတော် ဦးဆောင်တဲ့ လူထုအုံကြွတော်လှန်မှုကြီးက မြန်မာနိုင်ငံအတွင်းက ဂျပန်တပ်ဖွဲ့တွေကို မလွဲမသွေ ထွက်ခွာသွားစေပါတယ်” ဟု ရုရှားသံအမတ်၏ မြန်မာစစ်တပ် အခန်းကဏ္ဍအား အလွန်အကျူး မြှောက်ပင့်ချီးကျူးမှုမှာလည်း လက်တွေ့နှင့် မကိုက်ညီပေ။ လူထုအုံကြွမှုကြီးကို ဦးဆောင်သည်မှာ ဗမာအမျိုးသားတပ်မတော် မဟုတ်ဘဲ ဖဆပလသာလျှင်ဖြစ်သည်။

ထို့ပြင် မတ်လ ၂၇ တော်လှန်ရေးစချိန်တွင် အင်္ဂလိပ်၊ အမေရိကန် မဟာမိတ်များက မြန်မာပြည်တဝက်ခန့် သိမ်းပြီးဖြစ်ရာ ရန်ကုန်သိမ်းသည်အထိ မတ်လတော်လှန်ရေးသည် နှစ်လခန့်သာကြာ မြင့်ခဲ့၏။

မြန်မာပြည် လွတ်လပ်ရေးရပြီးနောက်မှ ရုရှားနှင့်မြန်မာကြား ဆက်ဆံရေးကို ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်မှ စတင်ခဲ့သည်။ ထိုစဉ်က ဆိုဗီယက်ယူနီယံခေတ်၊ ကွန်မြူနစ်ခေတ်ကာလဖြစ်၍ ရုရှားနှင့် မြန်မာပြည်အစိုးရ ဆက်ဆံရေးထက် မြန်မာပြည်တွင်းရှိ ဒီမိုကရက်လှုပ်ရှားသူများ၊ ငြိမ်းချမ်းရေးလှုပ်ရှားသူများ၊ ကျောင်းသားများနှင့် ဆိုဗီယက်ယူနီယံကြား ဆက်ဆံရေး ပိုကောင်းသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားသူ သခင်ကိုယ်တော်မှိုင်းအား ၁၉၅၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် စတာလင်ငြိမ်းချမ်းရေးဆု ပေးအပ်ခဲ့သည်။

၁၉၅၃ ခုနှစ် စတာလင် ကွယ်လွန်ပြီး ခရူးရှက် တက်လာပြီးနောက် ဆိုဗီယက်၌ မူဝါဒအပြောင်းအလဲများ ရှိလာပြီး မြန်မာပြည်နှင့် အစိုးရချင်းဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်မှုရှိလာ၏။ ဖဆပလ အစိုးရ လက်ထက် ၁၉၅၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ် ဦးနုသည် ဆိုဗီယက်ယူနီယံသို့ ခရီးစဉ်တရပ် သွား‌ရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည်။

ရုရှားနိုင်ငံ၏ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုဖြင့် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံကို ၁၉၅၇ ခုနှစ်တွင်လည်းကောင်း၊ ရန်ကုန် ကြို့ကုန်းတွင် စက်မှုတက္ကသိုလ်အဆောက်အဦကို ရုရှားနိုင်ငံ၏ အကူအညီဖြင့် ၁၉၅၈ ခုနှစ်တွင်လည်းကောင်း စတင်တည်ဆောက်ခဲ့ကြပြီး ၁၉၆၁ ခုနှစ်တွင် အသီးသီး ပြီးစီးခဲ့သည်။

ထို့ပြင် ရန်ကုန်မြို့ရှိ အင်းလျားကန်အနီးတွင် တည်ရှိသော အင်းလျားလိတ်ဟိုတယ်ကို ရုရှားနိုင်ငံ၏ အကူအညီဖြင့် ၁၉၅၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး၊ ၁၉၆၂ ခုနှစ်တွင် ပြီးစီးခဲ့သည်။ တောင်ကြီး စဝ်စံထွန်းဆေးရုံ၊ ရန်ကုန် စက်မှုတက္ကသိုလ်နှင့် အင်လျားလိတ်ဟိုတယ်တို့သည် ရုရှားအင်ဂျင်နီယာများ၏ ဒီဇိုင်းဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး မြန်မာ-ရုရှားကြား ဆက်ဆံရေးနှင့် အကူအညီများ လျော့ကျသွားခဲ့၏။ ၁၉၈၈ အာဏာသိမ်းပြီးနောက် ၁၉၉၀၊ ၁၉၉၁ ခုနှစ်မှစ၍ ရုရှားထုတ် စစ်လက်နက် ဝယ်ယူခြင်းနှင့် စစ်ဘက်ဆိုင်ရာ ပညာတော်သင်စေလွှတ်မှုများကို ယနေ့အထိ ပြုလုပ်လာခဲ့၏။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် ခြေလှမ်းပြင်‌နေကြသော်လည်း လောလောဆယ် ကြီးကြီးမားမား မယ်မယ်ရရ ပြစရာမရှိသေးပေ။

ယခု ရုရှားသံအမတ်၏ ဆောင်းပါးတွင် ဒုတိယကမ္ဘာစစ် ဆိုဗီယက်ယူနီယံ၏ ဂျာမနီ နာဇီတော်လှန်ရေးနှင့် မြန်မာတို့၏ ဖက်ဆစ်တော်လှန်ရေးကို မရမက ချိတ်ဆက်ယူပြီးသကာလ မြန်မာစစ်တပ်အခန်းကဏ္ဍကိုလည်း အလွန်အမင်း မြှင့်တင်ပေးခဲ့၏။ ထို့နောက် လက်ရှိ ရုရှားတို့၏ ယူကရိန်း ကျူးကျော်စစ်ပွဲအား ရုရှားတို့၏ နာဇီတော်လှန်ရေးအဖြစ် ပုံဖော်ပြီး မြန်မာစစ်တပ်ကိုလည်း ရုရှားတို့၏ နာဇီဆန့်ကျင်ရေး မဟာမိတ်အဖြစ် အမှုတွဲလိုက်ခြင်း ဖြစ်သည်။

ယခု ရုရှားသံအမတ်၏ ဆောင်းပါးတွင် ဒုတိယကမ္ဘာစစ် ဆိုဗီယက်ယူနီယံ၏ ဂျာမနီ နာဇီတော်လှန်ရေးနှင့် မြန်မာတို့၏ ဖက်ဆစ်တော်လှန်ရေးကို မရမက ချိတ်ဆက်ယူပြီးသကာလ မြန်မာစစ်တပ်အခန်းကဏ္ဍကိုလည်း အလွန်အမင်း မြှင့်တင်ပေးခဲ့၏။ ထို့နောက် လက်ရှိ ရုရှားတို့၏ ယူကရိန်း ကျူးကျော်စစ်ပွဲအား ရုရှားတို့၏ နာဇီတော်လှန်ရေးအဖြစ် ပုံဖော်ပြီး မြန်မာစစ်တပ်ကိုလည်း ရုရှားတို့၏ နာဇီဆန့်ကျင်ရေး မဟာမိတ်အဖြစ် အမှုတွဲလိုက်ခြင်း ဖြစ်သည်။

ရုရှားသံအမတ်သည် ဖဆပလ အစိုးရနှင့် ဆိုဗီယက်ယူနီယံကြား စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ဆိုဗီယက်၏ မြန်မာပြည်အား ပေးအပ်ခဲ့သည့် အကူအညီများကို သိပုံမရသဖြင့် သူ၏ ဆောင်းပါးအတွင်း ထုတ်ဖော်ကြွားဝါမှုပင် မပြုနိုင်ခဲ့ပေ။

ရုရှားအင်ဂျင်နီယာများ၏ ဒီဇိုင်းဖြင့် တည်ဆောက်ခဲ့သော ရန်ကုန် စက်မှုတက္ကသိုလ်

ရုရှားနှင့် မြန်မာစစ်တပ်ကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုကိုသာ အလေးထားပြီး မြန်မာနိုင်ငံအား ရုရှား၏ ယူကရိန်းကျူးကျော်မှုကို ထောက်ခံသည့်နိုင်ငံ၊ ရုရှားထံမှ ခေတ်မီစစ်လက်နက်ပစ္စည်း ဝယ်ယူသည့်နိုင်ငံ၊ ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်တပ်အတွက် သမားရိုးကျ တီအင်တီခဲယမ်းများ ဝယ်ယူရရှိနိုင်သည့် နိုင်ငံအဖြစ်သာ သဘောထား၍ သမိုင်းကို လိမ်ညာပုံဖော်ခဲ့ကြောင်း တွေ့ရ၏။

စစ်ကောင်စီသည် မိမိအာဏာတည်မြဲရေးအတွက် တရုတ်နှင့်ရုရှားအား အားကိုးအားထားပြုနေရသည်ဖြစ်ရာ ထိုနိုင်ငံ သံအမတ်များရေးသည့် ဆောင်းပါးများကို စစ်ကောင်စီထိန်းချုပ် သတင်းစာများတွင် ထည့်သွင်းဖော်ပြပေးနေသည်ကို တွေ့နေရ၏။

၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မာကျား၏ ဆောင်းပါး ထည့်သွင်းဖော်ပြပြီးနောက် ရုရှားသံအမတ် ဆောင်းပါးကို ထပ်မံ ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။ ထိုနိုင်ငံများ၏ အာဘော်များ၊ မူဝါဒများ၊ မှန်ကန်သည်ဆိုသည်ကို ဖော်ပြပေးနေရ၏။

သာမန် ဝါဒဖြန့်ချိချက်များအပြင် ရုရှားသံအမတ်ကဲ့သို့ သမိုင်းကို လိမ်ညာပြီး လိုသလိုပုံဖော်၍ ရေးသားခြင်းများကိုပါ ထည့်သွင်းဖော်ပြနေရသည်မှာ အမှီခိုကင်းသည့်၊ အချုပ်အခြာအာဏာပိုင်သည့် အစိုးရတရပ်အတွက်ဆိုလျှင် လွန်စွာရှက်ဖွယ်ကောင်းသည်ဟု ဆိုရမည်ဖြစ်ပြီး စစ်ကောင်စီ၏ အဆင့်အတန်းကို ဖော်ပြနေသည်ဟု ဆိုရပေမည်။

သာမန် ဝါဒဖြန့်ချိချက်များအပြင် ရုရှားသံအမတ်ကဲ့သို့ သမိုင်းကို လိမ်ညာပြီး လိုသလိုပုံဖော်၍ ရေးသားခြင်းများကိုပါ ထည့်သွင်းဖော်ပြနေရသည်မှာ အမှီခိုကင်းသည့်၊ အချုပ်အခြာအာဏာပိုင်သည့် အစိုးရတရပ်အတွက်ဆိုလျှင် လွန်စွာရှက်ဖွယ်ကောင်းသည်ဟု ဆိုရမည်ဖြစ်ပြီး စစ်ကောင်စီ၏ အဆင့်အတန်းကို ဖော်ပြနေသည်ဟု ဆိုရပေမည်။

ဖဆပလ ခေတ်ကာလ ဆိုဗီယက်ယူနီယံဆိုလျှင်၊ ရုရှားဆိုလျှင် အကောင်းချည်း ပြောလေ့ရှိသည့် ဆိုဗီယက်လိုလားသော နိုင်ငံရေးသမားများ၊ သတင်းစာများလည်း ရှိသည်ဖြစ်ရာ ထိုသူများကို ကြေးမုံသတင်းစာက အရွဲ့တိုက်၍ “ယွတ်ရှတွေ အားကြီးကောင်းတယ်” ဟု သတင်းခေါင်းစဉ်တပ်ပြီး လှောင်ပြောင်သရော်ခဲ့ဖူးသည်။

ယခုလည်း ရုရှားသံအမတ်ဆိုသူက စစ်ကောင်စီသတင်းစာတွင် သမိုင်းကို လိုသလို ပုံဖော်ရေးသားနေသည်ကို ဖော်ပြနေခြင်းကို တွေ့ရသည့် အခါတွင် “ယွတ်ရှတွေ အားကြီးကောင်းတယ်” ဆိုသည့် သတင်းခေါင်းစီးအား ပြန်လည် သတိရမိပါတော့သည်။

(ဝေမင်းထွန်းသည် နိုင်ငံရေးလေ့လာသုံးသပ်သူတဦး ဖြစ်သည်။)

You may also like these stories:

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

ဆင်ခြောက်ကောင်၊ သောမ ကြွက်မင်းနဲ့ မင်းအောင်လှိုင်ရဲ့ မော်စကိုခရီး

ရုရှား၌ စစ်ရေးပြနေချိန် ထီးခီးနယ်စပ်စခန်းကို KNLA နှင့်ပူးပေါင်းတပ် သိမ်း

သမ္မတ ပူတင်ကို ဗျာဒိတ်တော်လာ မဟာမိတ်လို့ စစ်ခေါင်းဆောင်ပြော (ရုပ်/သံ)

မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲကို ရုရှားနဲ့ ဘီလာရုစ် အာဏာရှင်တွေ အားပေး

အမြဲလို နွေးထွေးနေတဲ့ စစ်သွေးဆာ မြန်မာစစ်ကောင်စီနှင့် ရုရှားကြား ဆက်ဆံရေး

]]>
ငြိမ်းချမ်းရေး ဆွေးနွေးပွဲလော၊ နိုင်ငံရေး ကစားပွဲလော https://burma.irrawaddy.com/opinion/viewpoint/2022/05/07/251738.html Sat, 07 May 2022 05:51:37 +0000 https://burma.irrawaddy.com/lytbox/?p=251738 အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  / ဧရာဝတီတိုင်းရင်းသား အဖွဲ့များကို အချိုသပ်ပြီး PDF များအား အပြတ်တိုက်မည်ဟု ကြံရွယ်သည့် ငြိမ်းချမ်းရေး ဖိတ်‌ခေါ်မှုသည် နိုင်ငံရေးအရ ကစားကွက်တခုမျှသာ ဖြစ်၏။]]> အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  / ဧရာဝတီ

ရှည်ကြာသော မြန်မာပြည်တွင်းစစ်အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲဆိုသည်များကို များပြားစွာ တွေ့ခဲ့ရ၏။

စစ်ပွဲဆိုသည်က သွေးထွက်သည့် နိုင်ငံရေးဟုဆိုကြပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုသည်မှာ စားပွဲဝိုင်းပေါ်က သွေးမထွက်သည့် စစ်ပွဲဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် ရိုးသားကြပါဟု ဆိုကြသည်။ ပြီးလျှင် တဖက်နှင့်တဖက် မရိုးသားကြဟု အပြန်အလှန် လက်ညိုးထိုးကြ၏။ ဤအချက်သည် ထူးဆန်းလှသည်တော့ မဟုတ်ပေ။

မြန်မာပြည်တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများသည် ပရိယာယ်ဝေဝုစ် များလွန်းလှ၏။ အရပ်စကားနှင့်ဆိုရလျှင် အ’တဲ့သူခံရ၏။ ဆွေးနွေးပွဲတက်သူ နှစ်ဖက်လုံးက မိမိအတွက် အကျိုးရှိသည့် ရလဒ်ထွက်ပေါ်အောင် ကြိုးစားကြသည် ဆိုသော်လည်း မြန်မာပြည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အင်အားအပေါ် အခြေပြု၍ ရလဒ်ထွက်သည်သာ

မွန်-ဗမာ အနှစ် ၄၀ စစ်ပွဲကာလကတည်းက စစ်ပွဲအတွင်းက ဆွေးနွေးပွဲများသည် မရိုးသားကြောင်း တွေ့ခဲ့ရဖူးပြီဖြစ်၏။ မည်သို့ပင်ဖြစ်စေ မြန်မာပြည်တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများသည် ပရိယာယ်ဝေဝုစ် များလွန်းလှ၏။ အရပ်စကားနှင့်ဆိုရလျှင် အ’တဲ့သူခံရ၏။ ဆွေးနွေးပွဲတက်သူ နှစ်ဖက်လုံးက မိမိအတွက် အကျိုးရှိသည့် ရလဒ်ထွက်ပေါ်အောင် ကြိုးစားကြသည် ဆိုသော်လည်း မြန်မာပြည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အင်အားအပေါ် အခြေပြု၍ ရလဒ်ထွက်သည်သာ။

ဖဆပလ အစိုးရခေတ်မှာရော မဆလ အစိုးရခေတ်မှာပါ ငြိမ်းချမ်းရေးခေါင်းစဉ်နှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ အောင်မြင်မှုမရခဲ့ပေ။ မအောင်မြင်သည့် အဓိကအချက်မှာ ဆွေးနွေးပွဲတိုင်းတွင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပယ်ချပြီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ တည်ရှိမှုကိုပါ ငြင်းပယ်ခဲ့၍ဖြစ်၏။

လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်မည်ဆိုသည့် ခေါင်းစဉ်အောက်တွင် အစိုးရအုပ်ချုပ်မှုအောက်ဝင်ရေး၊ တိုင်းရင်းသားတပ်များ တပ်ဖျက်၊ လက်နက်အပ်ရေး၊ လက်နက်ချရေးကိုသာ ဖဆပလ၊ မဆလ အစိုးရများက ရပ်ခံခဲ့၍ ဖြစ်၏။ သို့ဖြစ်၍ ၁၉၄၈ မှ ၁၉၈၈ အထိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် မအောင်မြင်ခဲ့ပေ။

၁၉၈၈ နောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများက ယခင်ခေတ်များနှင့်မတူဘဲ ပို၍ပရိယာယ်များလာသည်။ ဤသည်မှာလည်း ပြည်တွင်း၌ နိုင်ငံရေးအခြေအနေ အပြောင်းအလဲနှင့် သက်ဆိုင်၏။ တဖက်က ပြည်တွင်းတွင် လူထုအုံကြွမှုကြောင့် နိုင်ငံရေးအကျပ်အတည်း ရှိသည့်အပြင် မဆလခေတ်၏ ဒဏ်ရာဒဏ်ချက်ကြောင့် စီးပွားရေး အကျပ်အတည်းဆိုက်နေ၏။

တဖက်ကလည်း မြန်မာစစ်တပ် စစ်ရေးအရ အဓိကရင်ဆိုင်နေရသည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ပြိုကွဲသည်။ တိုင်းရင်းသားအဖွဲ့ကွဲများ ပေါ်လာသည်။ ကွဲထွက်လာသော အဖွဲ့များသည်လည်း ဘဏ္ဍာရေး၊ လက်နက်ခဲယမ်း အကျပ်အတည်းရှိသည်။ ထို့အပြင် နှစ်ပေါင်းများစွာ စစ်တိုက်လာကြသည့်အတွက် တပ်ရော ဒေသခံလူထုပါ စစ်ပမ်းနေသည်။

ဤသို့ နှစ်ဖက်အကြောင်းအချက် ဆုံခိုက်တွင် စစ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင် တပ်များနှင့် ပေါ်လစီ ပြောင်းသည်။ တလျှောက်လုံး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ တပ်ဖျက်၊ လက်နက်အပ်ရန် တောင်းဆိုသည့် စစ်အစိုးရက တိုင်းရင်းသားပါတီ၊ လက်နက်ကိုင်တပ်ဖွဲ့နှင့် ၎င်းတို့ ထိန်းချုပ်ရာဒေသတို့ကို အထူးဒေသများအဖြစ် အသိအမှတ်ပြုပေးပြီး ငြိမ်းချမ်းရေးဟုဆိုသည့် အပစ်အခတ်ရပ်စဲရေးကို ပြုလုပ်ခဲ့၏။ ၁၉၈၉ ခုနှစ်မှ စသည့် လုပ်ငန်းစဉ်သည် ၁၉၉၅ ခုနှစ် ရောက်သောအခါ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် မုံတိုင်းတပ်မတော် (MTA) တို့မှအပ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး အပစ်ရပ်သွားတော့၏။

ဤအပစ်ရပ်ရေးတွင် တိုင်းရင်းသားလူမျိုး/ပြည်နယ်တို့၏ အခွင့်အရေးနှင့်ပတ်သက်၍ အရပ်သားအစိုးရတက်မှ ဆွေးနွေးမည်။ သို့သော် တိုင်းရင်းသားအဖွဲ့များ တည်ရှိမှုနှင့် ထိန်းချုပ်နယ်မြေများ အသိအမှတ်ပြုမှု အခြေခံပေါ်တွင် ပေါ်လာခြင်းဖြစ်၏။

တချိန်တည်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား ဘာသာရေးအရ ဖြိုခွဲခြင်း၊ စီးပွားရေးအခွင့်အလမ်းများပေး၍ ဖြိုခွဲခြင်း၊ သိမ်းသွင်းခြင်းများ ပြုလုပ်ပြီး ထိုအဖွဲ့များ အင်အားချိနဲ့စေရန်၊ မိမိလက်အောက်သို့ ရောက်ရှိစေရန် ၁၉၈၉ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အနှစ် ၂၀ ကာလအတွင်း တစိုက်မတ်မတ် ပြုလုပ်ခဲ့သည်။

တချိန်တည်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား ဘာသာရေးအရ ဖြိုခွဲခြင်း၊ စီးပွားရေးအခွင့်အလမ်းများပေး၍ ဖြိုခွဲခြင်း၊ သိမ်းသွင်းခြင်းများ ပြုလုပ်ပြီး ထိုအဖွဲ့များ အင်အားချိနဲ့စေရန်၊ မိမိလက်အောက်သို့ ရောက်ရှိစေရန် ၁၉၈၉ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အနှစ် ၂၀ ကာလအတွင်း တစိုက်မတ်မတ် ပြုလုပ်ခဲ့သည်။ အာရုံစိုက်၍လည်း ပြုလုပ်နိုင်ခဲ့၏။

ဤသို့ပြုလုပ်နိုင်ခဲ့ခြင်းမှာ ပြည်မရှိ အဓိက အတိုက်အခံခေါင်းဆောင်နှင့် အဓိက အတိုက်အခံပါတီက လက်နက်ကိုင်တိုက်ပွဲ လမ်းကြောင်းကို ရွေးချယ်ခြင်းမပြုဘဲ ဥပဒေတွင်း လမ်းကြောင်းကိုသာ ရွေးထားခဲ့၍ ပြည်မဒေသအများစုတွင် လက်နက်ကိုင်တိုက်ပွဲ မရှိသဖြင့် စိတ်ကြိုက်လုပ်နိုင်ခဲ့သည်။

တဖက်ကလည်း KNU နှင့် MTA ကို အင်အားအလုံးအရင်းသုံးပြီး ထိုးစစ်ဆင်ခဲ့သည်။ စစ်အစိုးရ၏ ဘက်ပေါင်းစုံ ထိုးနှက်မှုများအောက်တွင် MTA လက်နက်ချခဲ့ပြီး တချိန်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြား အင်အားအကြီးဆုံး KNU ပြိုကွဲကာ အင်အားချိနဲ့ခဲ့ရသည်။ ဤသည်မှာ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး အနှစ် ၂၀ အတွင်း စစ်အစိုးရ၏ လုပ်ဆောင်ချက်များဖြစ်၏။

၂၀၀၉ တွင် စစ်အစိုးရက တဆင့်တက်လှမ်းပြီး အပစ်ရပ်ထားသော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား နယ်ခြားစောင့်တပ် (BGF)၊ ပြည်သူ့စစ် (ပသစ) များအဖြစ် ပြောင်းလဲဖွဲ့စည်းစေပြီး စစ်တပ်၏ လက်အောက်သို့ သွတ်သွင်းရန် ကြိုးစားလာသည်။ စစ်တပ်အနေနှင့် ၎င်းတို့သည် ပြည်တွင်း၌ အခြေခိုင်လာပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ကောင်းစွာထိန်းချုပ်လာနိုင်ပြီဟု ယူဆပုံရ၏။

ရွေးကောက်ပွဲမှ တက်လာသည့် အရပ်သားအစိုးရ လက်ထက်တွင် တိုင်းရင်းသားအ‌ရေးကို နိုင်ငံရေးအရ ဆွေးနွေးပြီး ဖြေရှင်းမည်ဆိုသည့် ကတိကဝတ်ကို စစ်တပ်က ဖောက်ဖျက်ခဲ့၏။ ဤသို့ လုပ်ဆောင်နိုင်ရန်အတွက် ၂၀၀၅ ခုနှစ်တွင် ပလောင်ပြည် လွတ်မြောက်ရေးအဖွဲ့ (PSLO) နှင့် ရှမ်းနီ အမျိုးသားများ တပ်မတော် (SNA) အဖွဲ့များကို အတင်းအကျပ် လက်နက်စွန့်စေခဲ့သည်။

အနှစ် ၂၀ အပစ်ရပ်ကာလတွင် အင်အားချိနဲ့သွားသော၊ အကျိုးစီးပွားပေါ် အလေးထားသွားသော၊ လက်နက်ကိုင်တိုက်ပွဲအပေါ် ယုံကြည်မှုနည်းသွားသော အဖွဲ့များသည် စစ်အစိုးရ၏ လမ်းကြောင်းအတိုင်း ပါသွားသည်။

အနှစ် ၂၀ အပစ်ရပ်ကာလတွင် အင်အားချိနဲ့သွားသော၊ အကျိုးစီးပွားပေါ် အလေးထားသွားသော၊ လက်နက်ကိုင်တိုက်ပွဲအပေါ် ယုံကြည်မှုနည်းသွားသော အဖွဲ့များသည် စစ်အစိုးရ၏ လမ်းကြောင်းအတိုင်း ပါသွားသည်။

ကချင်မှ ဇခုန်တိန်ယိင်း ခေါင်းဆောင်သော ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDAK)၊ ကိုးကန့်ခွဲထွက် ပယ်ဆောက်ချိန်အဖွဲ့၊ ထွန်းကျော် ခေါင်းဆောင်သည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA) နှင့် KNU ခွဲထွက်အဖွဲ့အချို့တို့သည် BGF များအဖြစ် အသွင်ပြောင်းခဲ့၏။

မထုနော်၏ ကချင်ကာကွယ်ရေးတပ်ဖွဲ့ (KDA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်မဟာ (၃) နှင့် (၇)၊ အောင်ခမ်းထီ၏ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် (PNO)၊ သန်းစိုးနိုင် ဦးစီးသည့် ကယန်းပြည်သစ်ပါတီနှင့် KNPP/KNU ခွဲထွက်အဖွဲ့အချို့သည် ပသစ များအဖြစ် အသွင်ပြောင်းသွားခဲ့၏။

BGF ရော ပသစ ပါ စစ်တပ်၏ ကွပ်ကဲမှုအောက် ရောက်သွားခဲ့သည်။ ထိုအထဲမှ ကိုးကန့်ခွဲထွက် ပယ်ဆောက်ချိန် အဖွဲ့နှင့် အောင်ခမ်းထီ ဦးစီးသည့် PNO အဖွဲ့သာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်တွင် ဒေသအုပ်ချုပ်ရေးအာဏာ ရရှိခဲ့သည်။ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) ကဲ့သို့သောအဖွဲ့ ပျက်သွား၏။ ဤသည်မှာ အနှစ် ၂၀ အပစ်ရပ် ငြိမ်းချမ်းရေးကာလတွင် စစ်တပ်က ရရှိသွားသော အကျိုးအမြတ်ဖြစ်၏။

ထိုအပစ်ရပ် သဘောတူညီချက်များမှတဆင့် စစ်အစိုးရ ရရှိသွားသည့်အချက်များမှာ တိုင်းရင်းသားများကို စစ်ရေး၊ ဘာသာရေး နည်းလမ်းများနှင့်သာမက စီးပွားရေး အခွင့်အလမ်းများနှင့်ပါ ဖြိုခွဲ၍ရ၏။ အချို့အဖွဲ့ကို အချို့အပစ်ရပ်၍ အချို့ကို ဖိတိုက်၍ရ၏။

စစ်တပ်က သတိပြုမိသွားသည့်အချက်မှာ တိုင်းရင်းသားအဖွဲ့များသည် ကိုယ့်နယ်မြေ၊ ကိုယ့်ဒေသကိုသာ အာရုံစိုက်သည်။ ပြည်မအစိုးရအာဏာကို ထိပါးခြင်းမရှိ ဆိုခြင်းဖြစ်၏။

ထို့အပြင် စစ်တပ်က သတိပြုမိသွားသည့်အချက်မှာ တိုင်းရင်းသားအဖွဲ့များသည် ကိုယ့်နယ်မြေ၊ ကိုယ့်ဒေသကိုသာ အာရုံစိုက်သည်။ ပြည်မအစိုးရအာဏာကို ထိပါးခြင်းမရှိ ဆိုခြင်းဖြစ်၏။ စစ်အစိုးရသည် တိုင်းရင်းသားအဖွဲ့များအား သူ့နယ်မြေနှင့်သူ အခွင့်အရေး ပေးထားပါက ပြည်မအစိုးရအာဏာကို ထိပါးနိုင်သည့်၊ ပြည်မ‌က အတိုက်အခံများကို အာရုံစိုက်ဖြိုခွဲနိုင်သည့် အခွင့်အလမ်းရသည်ကို ကောင်းစွာ သဘောပေါက်သွားခဲ့သည်။

အပစ်ရပ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပြိုကွဲ၊ အင်အားချိနဲ့သွားသည့်အဖွဲ့ များ၊ အသွင်ပြောင်းသွားသော အဖွဲ့များရှိသကဲ့သို့ မိမိအခွင့်အလမ်းကို အမိအရယူနိုင်သည့် အဖွဲ့များလည်းရှိ၏။ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့သည် ထိုအပစ်ရပ်ကာလအတွင်း မိမိ၏ ဘဏ္ဍာတောင့်တင်းအောင်၊ စစ်အင်အားကြီးမားအောင် တည်ဆောက်နိုင်ခဲ့သည်။

‘ဝ’ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တပ်ဖွဲ့ဝင်များ / ဧရာဝတီ

KNU သည် နောက်ပိုင်း အပစ်ရပ်ထားသည့်ကာလတွင် သူ့အင်အားကို ပြန်လည် စုစည်းနိုင်အောင်၊ ညီညွတ်မှုပြိုကွဲသွားသော ကရင်အင်အားစုများ ပြန်လည် ပေါင်းစည်းနိုင်အောင် ဆောင်ရွက်လာနိုင်သည်။ SSPP, MNDAA, RCSS တို့သည်လည်း မိမိအင်အားကို ပြန်လည်ဆောက်လာနိုင်၏။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP) တို့ကမူ ၁၉၉၅ ခုနှစ် အပစ်ရပ် စတင်စဉ်ကာလထက် အင်အားများစွာ ယုတ်လျော့သွားသော်လည်း အစဉ်အလာရှိသည့် တိုင်းရင်းသားအဖွဲ့များဖြစ်သဖြင့် မူအရ ရပ်တည်သွားနိုင်သည်။ ထို့အပြင် တိုင်းရင်းသားပြဿနာနှင့် ပတ်သက်၍ စစ်တပ်သည် အခြေခံအားဖြင့် မှန်ကန်စွာ မဖြေရှင်းနိုင်ဟု ယူဆသဖြင့် ရက္ခိုင့်တပ်တော် (AA) နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကဲ့သို့ အဖွဲ့သစ်များ အားကောင်းမောင်းသန် ပေါ်ပေါက်လာ၏။

သို့ဖြင့် အနှစ် ၂၀ ကျော် အပစ်ရပ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြတ်သန်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေနှင့် မိမိအင်အားကို ကောင်းစွာ တည်ဆောက်ရန်လိုသည်။ အင်အားမရှိပါက အဖွဲ့အစည်း ပျက်သွားနိုင်သည်ကိုလည်းကောင်း၊ မိမိတို့အား နည်းမျိုးစုံနှင့် စစ်တပ်က ဖြိုခွဲရန်ကြိုးစားသည်ကိုလည်းကောင်း၊ ပြည်မတွင် အကြပ်အတည်းရှိချိန်၌ တိုင်းရင်းသားအဖွဲ့များအား အလျှော့ပေး ဆက်ဆံသော်လည်း ပြည်မတွင် အခြေအနေကောင်းပါက တိုင်းရင်းသားအဖွဲ့များအား ပြန်လည်ချုပ်ကိုင် နှိပ်ကွပ်ရန် ကြံစည်လုပ်ဆောင်သည်ကို တိုင်းရင်းသားအဖွဲ့များက ကောင်းစွာသဘောပေါက်ခဲ့၏။

၂၀၁၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ၁၀ နှစ်တာကာလအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ရွေးကောက်ခံအစိုးရ သဘောထားထက် မြန်မာစစ်တပ်၏ သဘောထားက ပို၍အချက်ခြာကျသည်ကို တိုင်းရင်းသားအဖွဲ့များ မြင်တွေ့ခဲ့ရ၏။ ထို့အပြင် မြန်မာစစ်တပ်သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တိုင်းရင်းသားအဖွဲ့များပါဝင်မှုကို ကန့်သတ်မှု ပြုသည့်အပြင် အင်အားမရှိသည့် တိုင်းရင်းသားအဖွဲ့များအား မောက်မာစွာ ဆက်ဆံသည်ကို တွေ့ခဲ့ရသည်။

မြန်မာစစ်တပ်သည် တိုင်းရင်းသားတို့ လိုလားသည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အသိအမှတ်မပြုသည့်အပြင် တိုင်းရင်းသားတပ်ဖွဲ့များ တပ်ဖျက်၊ လက်နက်အပ်ရေး၊ ၂၀၀၈ အခြေခံဥပဒေအောက် ဝင်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများအား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အတိုင်း သွားရမည်ဟု ခေါင်းမာမာနှင့် ရပ်ခံခဲ့ကြ၏။

ထို့အပြင် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲ ၁၀ နှစ်ကာလတွင် မြန်မာစစ်တပ်သည် တိုင်းရင်းသားတို့ လိုလားသည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အသိအမှတ်မပြုသည့်အပြင် တိုင်းရင်းသားတပ်ဖွဲ့များ တပ်ဖျက်၊ လက်နက်အပ်ရေး၊ ၂၀၀၈ အခြေခံဥပဒေအောက် ဝင်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများအား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အတိုင်း သွားရမည်ဟု ခေါင်းမာမာနှင့် ရပ်ခံခဲ့ကြ၏။ ပါဝင်သင့်ပါဝင်ထိုက်သူ အားလုံးပါဝင်နိုင်ရေးကို လက်မခံဘဲ “ပါချင်တိုင်းပါရအောင် တောင်ပြုံးပွဲ မဟုတ်” ဟုပင် ဆိုခဲ့ကြ၏။

ယခု ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တိုင်းရင်းသားအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းလာ၏။ မေလဆန်းတွင် တွေ့ဆုံမည်ဟုဆို၏။ အားလုံးနှင့် တွေ့ပါမည်ဟုဆိုသည်။

ဤအကြိမ် ကမ်းလှမ်းချက်သည် ယခင်ကဲ့သို့ တိုင်းရင်းသားအဖွဲ့အချို့ကို မချန်တော့သဖြင့် တောင်ပြုံးပွဲ ဆွေးနွေးပွဲဟု ဆိုရပေတော့မည်။ တကယ်တွင် အာဏာသိမ်းပြီးကတည်းက တိုင်းရင်းသားအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန်သော်လည်းကောင်း၊ နေပြည်တော်သို့ လာရောက်ရန်သော်လည်းကောင်း စစ်ကောင်စီမှ တာဝန်ပေးထားသော ဗိုလ်ချုပ်များ အကြိမ်ပေါင်းများစွာ ကြိုးပမ်းသော်လည်း မအောင်မြင်သဖြင့် ဆိုင်းမဆင့်ဗုံမပါ သူကိုယ်တိုင်ထွက်၍ ပြောဆိုလာသည်ကိုတွေ့ရ၏။

မြန်မာစစ်တပ်အနေနှင့် တပြည်လုံး၌ စစ်ရေးအကျပ်အတည်း ရင်ဆိုင်နေရချိန်တွင် ထိုအကျပ်အတည်းမှ ထွက်ပေါက်ရရန်၊ တိုင်းရင်းသားအဖွဲ့များအား ဖယ်ထုတ်ရန် ကြိုးစားနေသည်ဟု အများက လွယ်ကူစွာ ကြည့်မြင်နိုင်ခဲ့ကြ၏။

ယခုအကြိမ် ဆွေးနွေးပွဲတွင် တိုင်းရင်းသားအဖွဲ့များ နယ်မြေထိန်းချုပ်ခွင့်နှင့် ပတ်သက်၍ တိုးပေးဖွယ်ရှိသည်၊ လက်နက်ကိုင်တပ် ရှိခွင့်ကိုလည်း အလျှော့ပေးဖွယ်ရှိသည်ဟု သုံးသပ်ရ၏။ မည်၍မည်မျှအထိ ပေးမည်ဆိုသည်ကတော့ စိတ်ဝင်စားဖွယ်ဖြစ်သည်။

စစ်တပ်အဖို့ ပြောလျှင် သူတို့အတွေ့အကြုံအရ တိုင်းရင်းသားအဖွဲ့များကို ၎င်းတို့နယ်မြေဒေသအား အုပ်ချုပ်ခွင့်ပေးလိုက်လျှင် ပြည်မဗဟိုအစိုးရ အာဏာအား ထိပါးမှုမရှိဟု နားလည်ထားကြသည်။ သို့ဖြစ်ရာ ယခုအကြိမ် ဆွေးနွေးပွဲတွင် တိုင်းရင်းသားအဖွဲ့များ နယ်မြေထိန်းချုပ်ခွင့်နှင့် ပတ်သက်၍ တိုးပေးဖွယ်ရှိသည်၊ လက်နက်ကိုင်တပ် ရှိခွင့်ကိုလည်း အလျှော့ပေးဖွယ်ရှိသည်ဟု သုံးသပ်ရ၏။ မည်၍မည်မျှအထိ ပေးမည်ဆိုသည်ကတော့ စိတ်ဝင်စားဖွယ်ဖြစ်သည်။

သို့သော်လည်း လက်တွေ့တွင် UWSA နှင့် NDAA တို့ကဲ့သို့ ထိန်းချုပ်နယ်မြေရှိသည့် အဖွဲ့များအဖို့ သူတို့၏ အခွင့်အရေးကို သူတို့ဖာသာ ရယူထားနိုင်ပြီးဖြစ်၏။ သူတို့လိုအပ်သည်မှာ ဥပဒေအရ တရားဝင်မှုဖြစ်သည်။

လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို ဆုပ်ကိုင်ထားသည့် စစ်တပ်အဖို့ ၂၀၀၈ အခြေခံဥပဒေအောက်တွင် ဥပဒေကြောင်းအရ တရားဝင်ဖြစ်ရန် အကန့်အသတ်ရှိနေ၏။

ထို့အပြင် KIA, AA, TNLA, MNDAA, SSPP, KNPP, KNU, NMSP, CNF စသည့် ၎င်းတို့ပြည်နယ်တခုလုံးနှင့် ပတ်သက်သည့် နိုင်ငံရေးရည်မှန်းချက်ထားသော တိုင်းရင်းသားအဖွဲ့များအား ၎င်းတို့တပ် ထိန်းချုပ်ထားနိုင်သည့် နေရာများတွင်သာ ထိန်းချုပ်ခွင့်ပေးပါက လက်ခံနိုင်ဖွယ်မရှိပေ။

ကချင်၊ ချင်း၊ ကရင်၊ ကယားပြည်နယ်များတွင် တိုင်းရင်းသားအဖွဲ့များနှင့် ခုခံကာကွယ်ရေးတပ် PDF များသည် တယောက်အားကို တယောက်ယူ၍ ရပ်တည်နေကြသည့်အပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း PDF များသည်လည်း တိုင်းရင်းသားအဖွဲ့များနှင့် နီးနီးကပ်ကပ် ဆက်ဆံရပ်တည်နေကြသဖြင့် ခွဲထုတ်ရန် မဖြစ်နိုင်တော့ပေ။

အရေးကြီးဆုံးအချက်မှာ မြန်မာစစ်ခေါင်းဆောင်များသည် ပြည်မတွင် အကျပ်အတည်းတွေ့လျှင် တိုင်းရင်းသားများကို လိုက်လျောမှုပေးပြီး ပြည်မတွင် အခြေအနေကောင်းပါက တိုင်းရင်းသားအဖွဲ့များအား ပြန်လည် နှိပ်ကွပ်သည်ကိုလည်းကောင်း၊ မြန်မာစစ်ခေါင်းဆောင် အဆက်ဆက်က လိမ်ညာခဲ့သည်ကိုလည်းကောင်း၊ တိုင်းရင်းသားတို့တွင် လက်နက်ကိုင်အင်အား မရှိပါက စစ်တပ်က ဖိနှိပ်သည်ကိုလည်းကောင်း ကောင်းစွာသဘော ပေါက်ထားသည်ဖြစ်ရာ စစ်ခေါင်းဆောင်၏ ပြောစကားကို တိုင်းရင်းသားအဖွဲ့များ ယုံကြည်ဖို့ ခဲယဉ်းပေသည်။

အရေးကြီးဆုံးအချက်မှာ မြန်မာစစ်ခေါင်းဆောင်များသည် ပြည်မတွင် အကျပ်အတည်းတွေ့လျှင် တိုင်းရင်းသားများကို လိုက်လျောမှုပေးပြီး ပြည်မတွင် အခြေအနေကောင်းပါက တိုင်းရင်းသားအဖွဲ့များအား ပြန်လည် နှိပ်ကွပ်သည်ကိုလည်းကောင်း၊ မြန်မာစစ်ခေါင်းဆောင် အဆက်ဆက်က လိမ်ညာခဲ့သည်ကိုလည်းကောင်း၊ တိုင်းရင်းသားတို့တွင် လက်နက်ကိုင်အင်အား မရှိပါက စစ်တပ်က ဖိနှိပ်သည်ကိုလည်းကောင်း ကောင်းစွာသဘော ပေါက်ထားသည်ဖြစ်ရာ စစ်ခေါင်းဆောင်၏ ပြောစကားကို တိုင်းရင်းသားအဖွဲ့များ ယုံကြည်ဖို့ ခဲယဉ်းပေသည်။ ထို့အတူ PDF များ ရှိနေခြင်းသည် စစ်တပ်ကို နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့သည့် တိုင်းရင်းသားအဖွဲ့များအတွက် တအားဖြစ်ရာ တိုင်းရင်းသားအဖွဲ့အများစုက PDF များကို ကူညီမှု လျော့ကျမသွားနိုင်ပေ။

ခြွင်းချက်အနေနှင့် လက်နက်ကိုင်အင်အား မကောင်းသော သို့မဟုတ် မရှိသလောက်ဖြစ်သော အဖွဲ့များနှင့် မူဝါဒအားနည်းသော အဖွဲ့အချို့သည် မြန်မာစစ်တပ် အားပျော့ကာ လိုက်လျောမှုအချို့ ပေးနေချိန်တွင် မြန်မာစစ်တပ်နှင့် ညှိနှိုင်းပြီး ၎င်းတို့၏ အခွင့်အလမ်းအချို့ ရရှိရေး၊ ရပ်တည်ရေးအတွက် အပေးအယူ လုပ်ကောင်းလုပ်နိုင်ပါသည်။ သို့သော် မူဝါဒရှိသော၊ အင်အားတောင့်တင်းသော တိုင်းရင်းသားအဖွဲ့များ အနေနှင့် ဤအပေးအယူတွင် ပါဝင်ဖွယ်မရှိပါ။

အာဏာသိမ်း စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် Loikaw PDF / Loikaw PDF

ယခု အငြင်းပွားသည့် အချက်တခုမှာ ထိုဆွေးနွေးပွဲအား တက်သင့်၊ မတက်သင့်ဖြစ်နေသည်ကို တွေ့ရ၏။ မည်သို့သော အငြင်းပွားမှုရှိသည်ဖြစ်စေ ပါဝင်သင့် ပါဝင်ထိုက်သူများမပါ၍ မတက်နိုင်သေးဟူသော အဖွဲ့များလည်းရှိမည်။ ဆွေးနွေးပွဲစားပွဲဝိုင်းသည် သွေးမထွက်သောစစ်ပွဲဟု သဘောထားသူ သို့မဟုတ် စစ်ကောင်စီက ငြိမ်းချမ်းရေးအား နိုင်ငံရေးကစားပွဲအဖြစ် သဘောထားသည်ကို ပြန်လည် ကစားမည်ဟု သဘောထားသူများလည်းရှိနိုင်၏။ အင်အား သို့မဟုတ် မူဝါဒပျော့၍၊ ရွေးစရာလမ်း အခြားမရှိတော့၍ တက်သူလည်း ရှိနိုင်သည်။

တိုင်းရင်းသားအဖွဲ့များသည် PDF များကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ မလုပ်ဟုဆိုသော စစ်ကောင်စီသည် လွန်ခဲ့သောနှစ်များက တိုင်းရင်းသားအဖွဲ့များအား အကြမ်းဖက်သောင်းကျန်းသူများဟု ဆိုခဲ့သူဖြစ်၏။ အကြမ်းဖက်အဖွဲ့ ကြေညာခံထားရသူများနှင့် မဆွေးနွေးဟုဆိုသော စစ်ကောင်စီသည် ၂၀၂၀ ပြည့်နှစ်အကုန်တွင် အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသော AA နှင့် ဆွေးနွေးခဲ့သူများဖြစ်၏။

ယနေ့ တိုင်းရင်းသားအဖွဲ့အားလုံးနှင့် ဆွေးနွေးမည်ဟု ဆိုနေသည့် စစ်ကောင်စီသည် လွန်ခဲ့သောနှစ်များက မြောက်ပိုင်းသုံးဖွဲ့နှင့် မဆွေးနွေးနိုင်ဟု ဆိုခဲ့သူများဖြစ်၏။ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအပေါ် သဘောထား မမှန်ကန်ခဲ့သည်ကို တလျှောက်လုံး မြင်တွေ့ခဲ့ရပြီးဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင်လည်း တိုင်းရင်းသား အဖွဲ့များနှင့်သာမက PDF များအပါအဝင် လက်နက်ကိုင် ခုခံစစ်ပွဲ ဆင်နွှဲနေသူအားလုံး၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စသူအားလုံး ပါဝင်မှသာ ဖြေရှင်းနိုင်လိမ့်မည်။

ယနေ့ တကယ်တမ်း မြန်မာပြည်တွင်း၌ ငြိမ်းချမ်းရေး တကယ်လိုလားပါက ဦးစွာအားဖြင့် မတရား ဖမ်းဆီးခံထားရသူ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်လို၏။ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင်လည်း တိုင်းရင်းသား အဖွဲ့များနှင့်သာမက PDF များအပါအဝင် လက်နက်ကိုင် ခုခံစစ်ပွဲ ဆင်နွှဲနေသူအားလုံး၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စသူအားလုံး ပါဝင်မှသာ ဖြေရှင်းနိုင်လိမ့်မည်။

၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားသည့် တိုက်ခိုက်မှုအားလုံး၏ ၇၀ ရာခိုင်နှုန်းသည် PDF အပါအဝင် နွေဦးတော်လှန်ရေးတွင် ပါဝင်သော ခုခံတော်လှန်သည့် တပ်ဖွဲ့များနှင့် ဖြစ်ပွားခြင်းဖြစ်ပြီး တိုင်းရင်းသားအဖွဲ့များနှင့် ဖြစ်ပွါးမှု ၃၀ ရာခိုင်နှုန်းသာရှိ၏။ ထိုသူများ မပါဝင်ဘဲ မြန်မာပြည်ငြိမ်းချမ်းရေး မရနိုင်ပေ။

မြန်မာပြည်တွင် ငြိမ်းချမ်းရေး မရသည်မှာ မြန်မာစစ်တပ်က တလျှောက်လုံး သဘောထား မမှန်ခဲ့ဘဲ ပါဝင်သင့်သူများကို ချန်ထားခဲ့၍ဖြစ်၏။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုသည်မှာ ပါဝင်သင့်ပါဝင်ထိုက်သူများ မပါဝင်ဘဲ အဖြေမထွက်နိုင်၊ မအောင်မြင်နိုင်ပေ။

တိုင်းရင်းသား အဖွဲ့များကို အချိုသပ်ပြီး PDF များအား အပြတ်တိုက်မည်ဟု ကြံရွယ်သည့် ငြိမ်းချမ်းရေး ဖိတ်‌ခေါ်မှုသည် နိုင်ငံရေးအရ ကစားကွက်တခုမျှသာ ဖြစ်၏။ အထူးသဖြင့် အာဆီယံနှင့် နိုင်ငံတကာက တောင်းဆိုနေသည်မှာ မြန်မာပြည်တွင်း ပဋိပက္ခများအား ဖြေရှင်းရန်အတွက် ပါဝင်သင့် ပါဝင်ထိုက်သူများ အားလုံး ပါဝင်ဆွေးနွေးရန်ဖြစ်၏။

လက်ရှိ စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ဆိုသည်မှာ ထိုတောင်းဆိုချက်အား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေးနေသည်၊ NUG နှင့် PDF များက အကြမ်းဖက်များဖြစ်၍ မဆွေးနွေးဟူ၍ အာဆီယံနှင့် နိုင်ငံတကာအား လှည့်စားရန် ပြုလုပ်သည့် နိုင်ငံရေးကစားကွက် တခုမျှသာဖြစ်သည်ကို တွေ့နေရပေ၏။

You may also like these stories:

အသွင်သစ် နွေဦးတော်လှန်ရေး၏ ထူးခြားချက် ၁၀ ချက်

အကျင့်ပျက် စစ်ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်စားသတဲ့လား

“1 Billion ဆိုရင် လုံလောက်ပါတယ်”

အာဏာသိမ်းခေါင်းဆောင်၏ ဖိတ်ခေါ်ချက် ဘယ်သူတွေတက်မှာလဲ

]]>
အာဏာသိမ်းမျိုးစေ့ ချခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း ၆၀ ရှိပြီ https://burma.irrawaddy.com/news/2022/03/02/250229.html Wed, 02 Mar 2022 02:43:09 +0000 https://burma.irrawaddy.com/lytbox/?p=250229 အာဏာသိမ်းပြီး တနှစ်နီးပါး အကြာ ၁၉၆၃ ခုနှစ် ဇန်နဝါရီ ၁ရက် စစ်ကိုင်းတိုင်းတွင် ပြုလုပ်သည့် တောင်သူလယ်သမား နှီးနှော်ဖလှယ်ပွဲတွင် တွေ့ရသည့် ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်မှူးချုပ်အောင်ကြီး၊ ဗိုလ်မှူးချုပ်တင်ဖေအလားတူ ဦးကျော်ငြိမ်းနှင့် ဦးဗဆွေတို့က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို ထောက်ခံသော်လည်း တပါတီအာဏာရှင် နည်းဖြင့် ဆိုရှယ်လစ်လမ်းစဉ်ကို အကောင်အထည်ဖော်ပါက ရည်ရွယ်ချက် အစစ်အမှန်ကို မရောက်ဘဲ လက်ဝဲစွန်း လကျာ်စွန်းလမ်းစဉ်ကို ရောက်သွားမည်ဖြစ်ကြောင်း၊ တပါတီအာဏာရှင်စနစ်သည် တိုင်းပြည်အား ဆိုးကျိုးပေးမည် ဖြစ်ကြောင်း ထောက်ပြသည်။ ]]> အာဏာသိမ်းပြီး တနှစ်နီးပါး အကြာ ၁၉၆၃ ခုနှစ် ဇန်နဝါရီ ၁ရက် စစ်ကိုင်းတိုင်းတွင် ပြုလုပ်သည့် တောင်သူလယ်သမား နှီးနှော်ဖလှယ်ပွဲတွင် တွေ့ရသည့် ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်မှူးချုပ်အောင်ကြီး၊ ဗိုလ်မှူးချုပ်တင်ဖေ

ယနေ့ မတ်လ ၂ရက်သည် မြန်မာနိုင်ငံတွင် အာဏာသိမ်းခြင်း မျိုးစေ့ကို စတင်ချခဲ့သည့် နေ့တနေ့ဟု ဆိုလျှင် မမှား ပေ။

လွန်ခဲ့သော နှစ်ပေါင်း ၆၀က ဖက်ဒရယ်အရေး အကြောင်းပြကာ တိုင်းပြည်အာဏာကို အရပ်သားအစိုးရလက်မှ စစ်တပ်က သိမ်းယူခဲ့သည်။

အကျိုးဆက်အား ယနေ့တိုင် ပြည်သူများ ခံစားနေရဆဲ ဖြစ်သလို လက်နက်ကိုင်အဖွဲ့အစည်း စစ်တပ်သည်လည်း အာဏာသိမ်း ဉာဉ်ဆိုးပူးကပ်ခဲ့သဖြင့် ပြည်သူ့တပ်မတော်ဘဝမှ အာဏာရှင် လက်ကိုင်တုတ်အဆင့်သို့ ကူး ပြောင်း သွားသလို အာဏာသိမ်းခြင်းက တိုင်းပြည်အပေါ် ကောင်းကျိုး မပေးကြောင်းကို ယနေ့ဖြစ်စဉ်များက လက်တွေ့ ဖော်ပြနေသည်။

ပထမဆုံးစစ်တပ် အာဏာသိမ်းသည့် ၁၉၆၂ ခုနှစ် မတ် ၂ရက် ထိုနေ့ဖြစ်စဉ်ကို သိမီသူများက ဤသို့ ပြန်ပြောင်း ဖော်ပြရေးသားကြသည်။

ထိုအာဏာသိမ်းမှုကို အဓိကကြိုးကိုင်သူများမှာ ဗိုလ်မှူးကြီးသန်းစိန်၊ ဗိုလ်မှူးကြီး ကျော်စိုးတို့ဖြစ်ပြီး တာဝန်ခံလှုပ်ရှားခဲ့ သူများမှာ ဒု ဗိုလ်မှူးကြီး ထွန်းတင်၊ ဒုဗိုလ်မှူးကြီး စိန်လွင်၊ ဒုဗိုလ်မှူးကြီး လှဖုန်းတို့ ဦးဆောင်သည့် တပ်ရင်း သုံးရင်းဖြစ် သည်။

ပစ်မှတ်ထား ဖမ်းဆီးရမည့်သူများမှာ ဝန်ကြီးချုပ် ဦးနု၊ မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စဝ်ရွှေသိုက်၊ လက်ရှိသမ္မတ မန်းဝင်းမောင်၊ တရားသူကြီးချုပ် ဦးမြင့်သိန်းနှင့် ဝန်ကြီးများ၊ စော်ဘွားများဖြစ်ပြီး ထိုသူများ၏ အမည်များကို လောက်ကောင်၊ စားဖား၊ ဆိတ်လစေ့၊ မျောက်လောင်း၊ ဖာခေါင်း၊ ဖာသည်၊ ဂျပိုး ဟူ၍ ပေးထား၏။

မတ်လ ၂ရက် နံနက် ၁နာရီတွင် အာဏာသိမ်းမှု စတင်ခဲ့ပြီး နံနက် ၂ နာရီတွင် လူမျိုးစု လွှတ်တော် နာယက စဝ်ခွန်ကြည်၊ ပြည်သူလွှတ်တော် ဥက္ကဋ္ဌ မန်းဘဆိုင်နှင့် ပြည်ထောင်စုအစိုးရဝန်ကြီးများ၊ ကယားခေါင်းဆောင်များကို ဖမ်းဆီးခေါ်ဆောင်သည်။ ထို့နောက် နံနက် ၂နာရီခွဲတွင် ဝန်ကြီးချုပ် ဦးနုကို ဖမ်းဆီးခေါ်ဆောင်သည်။

အာဏာသိမ်းမှု စတင်သည်နှင့် တပြိုင်နက် ရန်ကုန်မြို့ရှိ အချက်အချာကျသော ပါလီမန် အဆောက်အအုံ၊ ရဲမင်းကြီးရုံး၊ မင်္ဂလာဒုံ လေယာဉ်ကွင်းမှ ဆက်သွယ်ရေးစခန်း၊ အသံလွှင့်ရုံ၊ စစ်ရဲတပ်၊ ပြည်ထောင်စု ဘဏ် စသည့် အရေးကြီး နေရာများကို ထိန်းထားခဲ့သည်။

ဗိုလ်ချုပ်ကြီးနေဝင်းသည် ကြောင်လက်သည်းဝှက်သကဲ့သို့ အားလုံးကို အယုံသွင်းထားနိုင်ပြီး အာဏာသိမ်းမည့်ညက အမျိုးသားကဇတ်ရုံတွင် တရုတ်ဘဲလေးကဇတ်ကိုပင် ဟန်မပျက်ကြည့်ရှု့ ခဲ့သေးသည်။

အောင်မြင်စွာ အာဏာသိမ်းပြီးနောက် နံနက် ၈နာရီ ၂၅မိနစ်တွင် “ပြည်ထောင်စု မြန်မာနိုင်ငံ၏ ယို့ယွင်းလာသော အခြေအနေဆိုးကို ထိန်းသိမ်းစေခြင်းငှာ ဗမာ့တပ်မတော်မှ တာဝန်ယူ စောင့်ရှောက် လိုက်ပြီဖြစ်ကြောင်း ကြေညာ အပ်ပါသည်”ဆိုသော ဗိုလ်ချုပ်ကြီးနေဝင်း၏ တိုင်းပြည်သို့ ပြောကြားသည့် မိန့်ခွန်းကို ရေဒီယိုမှနေ၍ ထုတ်လွှင့်ခဲ့ပြီး တဆက်တည်းဆိုသလို တော်လှန်ရေးကောင်စီကို ဖွဲ့စည်းကြောင်းနှင့် ပါဝင်သူများ၏ အမည်များကြေညာခဲ့သည်။

ထို့နောက် မတ်လ ၄ရက်တွင် အသစ်ဖွဲ့စည်းလိုက်သည့် တော်လှန်ရေးကောင်စီသည် ပထစ၊ ဖဆပလ၊ ပမညတ နိုင်ငံရေးပါတီတို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ “ဖက်ဒရယ်မူကိစ္စတွင် အလွန်တင်းမာလာသောကြောင့် မလွှဲ မရှောင်သာ၍ တိုင်းပြည်တာဝန်ကို ထိန်းသိမ်းခဲ့ရခြင်း ဖြစ်ကြောင်း၊ တော်လှန်ရေး ကောင်စီသည် ဆိုရှယ်လစ်ပန်းတိုင် သို့ ချီတက်မည်ဖြစ်ရာ နိုင်ငံရေးပါတီများနှင့် တိုင်ပင်ညီညွတ်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ရှိ အခြေခံဥပဒေ မှာ လိုသလို ဆွဲယူနိုင်သော ဥပဒေဖြစ်သဖြင့် အသစ်ပြန်လည်ရေးဆွဲရန် လိုအပ်ရာ ပထစ၊ ဖဆပလ၊ ပမညတ အဖွဲ့ များနှင့် ညှိနှိုင်းမည်” ဟု ပြောကြားခဲ့သည်။

တော်လှန်ရေးကောင်စီဝင် ဗိုလ်မှူးချုပ်အောင်ကြီး (ဒု ကာကွယ်ရေးဦးစီးချုပ်- ကြည်း)က “ကျနော်တို့ တော်လှန်ရေး ကောင်စီဟာ အာဏာကို လိုချင်လို့ အဓမ္မယူခြင်း မဟုတ်ပါ”ဟု မတ်လ ၇ရက်နေ့ ဒဂုံရိပ်သာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သလို၊ “ဒီမိုကရေစီ အောင်တာမအောင်တာ ပြဿနာမဟုတ်ဘူး၊ တိုင်းပြည်ပြို ကွဲမယ့် အခြေအနေရောက်လာလို့ ထိန်းသိမ်းရတာပဲ”ဟု မတ်လ ၉ ရက် အလံပြဘုရားလမ်းရှိ အမျိုးသား ကာကွယ် ရေးတက္ကသိုလ် တွင် သတင်းစာဆရာများနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။

“တော်လှန်ရေးကောင်စီသည် အာဏာကို လိုချင်၍ အဓမ္မယူခြင်း မဟုတ်”ဟု ဗိုလ်မှူးချုပ်အောင်ကြီးကသာ ဖြေရှင်း ချက် အကြောင်းပြချက် အမျိုးမျိုးပေး ပြောဆိုခဲ့သော်လည်း တပါတီအာဏာရှင်စနစ်သည် ၂၆နှစ်တိုင် လူထုအပေါ် အုပ်ချုပ်ခဲ့သည်ကိုမူ ငြင်း၍ မရပေ။

အာဏာသိမ်းမျိုးစေ့ချခဲ့သူ ဗိုလ်ချုပ်ကြီးနေဝင်း

ဆိုရှယ်လစ် ဒီမိုကရေစီ အခြေခံကာ လူလူချင်း ခေါင်းပုံဖြတ်မှု ကင်းပြီး တရားမျှတမှု ရှိသည့် ဆိုရှယ်လစ် စီးပွားရေး စနစ်ဖြင့် တိုင်းပြည်တည်ဆောက်မည်ဆိုသော ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီ၏ မူဝါဒ သဘောထားကြေညာချက် အပေါ် ထောက်ခံသူများရှိသကဲ့သို့ မထောက်ခံသည့် သူများလည်း ရှိခဲ့သည်။

တချို့ကလည်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းအား ကျူးဘားတော်လှန်ရေးသမား ကက်စရိုနှင့် နှိုင်းယှဉ်ကာ ချီးကျူး ဆုံးဖြတ်ကြသူများလည်း ရှိ၏။

ဝိဓူရ သခင်ချစ်မောင်ကဲ့သို့သော ဝါရင့်နိုင်ငံရေးသမားများက သခင်စိုး၊ သခင်သန်းထွန်းတို့ ကဲ့သို့သောသူများသည် လက်ဝဲစွန်းရောက်နေပြီး၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေကဲ့သို့သော ဖဆပလအဖွဲ့မှာ လကျာ်စွန်း ရောက်နေကြောင်း၊ ထိုသို့အစွန်းနှစ်ပါး မရောက်သည့် ပမညတများမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် အောင်မြင်ရေးအတွက် လက်တွဲသွား မည်ဟု ဆိုသည်။

အလားတူ ဦးကျော်ငြိမ်းနှင့် ဦးဗဆွေတို့က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို ထောက်ခံသော်လည်း တပါတီအာဏာရှင် နည်းဖြင့် ဆိုရှယ်လစ်လမ်းစဉ်ကို အကောင်အထည်ဖော်ပါက ရည်ရွယ်ချက် အစစ်အမှန်ကို မရောက်ဘဲ လက်ဝဲစွန်း လကျာ်စွန်းလမ်းစဉ်ကို ရောက်သွားမည်ဖြစ်ကြောင်း၊ တပါတီအာဏာရှင်စနစ်သည် တိုင်းပြည်အား ဆိုးကျိုးပေးမည် ဖြစ်ကြောင်း ထောက်ပြသည်။

ဖဆပလတို့၏ အမြင်က ဗိုလ်ချုပ်ကြီးနေဝင်းကဲ့သို့သော အာဏာရ ပုဂ္ဂိုလ်များသည် ယခင်ကတည်းက တော်လှန်ရေး တွင် လက်တွဲလာခဲ့သူများဖြစ်ကြောင်း၊ တိုင်းပြည်ကို မိမိတို့ ချစ်သလို ၎င်းတို့လည်း ချစ်ကြကြောင်း၊ သူတို့က ပါလီမန် ဒီမိုကရေစီ စနစ် မှားသည်ဟု ယူဆပြီး မိမိတို့က မှန်သည်ဟု ယူဆကြောင်း၊ နောင် ၂ နှစ် ၃ နှစ် အကြာတွင် သူတို့၏ စနစ်မှားသည်ကို ကိုယ်တိုင်သိလာပြီး ပါလီမန် ဒီမိုကရေစီ စနစ် ပြန်ပေါ်လာမည်ဟု အကဲဖြတ်သုံးသပ်ကြသည်။

သို့သော် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် စစ်တပ်သည် တိုင်းပြည်ကို ၂၆နှစ်ကြာ တပါတီအာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်ကို လက်တွေ့ကြုံရသလို စီးပွားရေးများ ကမောက်ကမဖြစ်ကာ ၁၉၈၈ ခုနှစ်တွင် လူထုအရေးတော်ပုံ ကြီး ပေါ်လာပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ ပြုတ်ကျခဲ့သည်မှာလည်း မျက်မြင်ဖြစ်သည်။

၁၉၆၂ ခု မတ်လ ၂ ရက် နေ့ အာဏာသိမ်းပြီးနောက် တပ်မတော်လှုပ်ရှားမှုကို မြင်တွေ့ရစဉ်

ထိုသို့ တိုင်းပြည်အာဏာကို လက်နက်ဖြင့် သိမ်းယူခဲ့ပြီး အာဏာသိမ်းခြင်း အကျင့်ဆိုး ဉာဉ်ဆိုးများကို မျိုးစေ့ချခဲ့သူ ဗိုလ်ချုပ်ကြီးနေဝင်းသည် ၁၉၆၂ အာဏာသိမ်းခဲ့ခြင်းနှင့် ပတ်သက်၍ “ကိုယ့်လူတွေနဲ့ ကြုံတုန်း ပြောလိုက်ရဦးမယ်၊ ကိုယ့်အနေနဲ့ ဒီသံသရာတရားတွေ၊ သင်္ခါရ တရားတွေ၊ အနိစ္စ အနတ္တ တရားတွေကို ဒီနေ့ သိမြင်သလိုများ ဟိုတုန်းက သိခဲ့မယ်ဆိုရင် ၁၉၆၂ ခုနှစ် မတ်လက ကိစ္စကို ကိုယ်မလုပ်ခဲ့ပါဘူး”ဟု ပြည်သူ့ တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးတင်အောင်ဟိန်း၊ အညမည ဦးချစ်လှိုင်(စာရေးဆရာ ကိုကိုမောင်ကြီး)တို့ကို ထုတ်ဖော်ဝန်ခံခဲ့သည်ဟု သိရသည်။

လွတ်လပ်ရေးရပြီးစ အချိန် တပ်မတော်ခေါင်းဆောင်တဦးဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဖြစ်သည့် ဗိုလ်လက်ျာမှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ခင်မောင်လေးက အာဏာသိမ်းရန် တိုက်တွန်းသည်ကို လက်မခံခဲ့သလို ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇောကိုယ်တိုင် ပြောဆိုခဲ့သည်ကို “မင်းတို့ ဒါမျိုးလုပ်ဖို့ မစဉ်းစားနဲ့၊ တို့တိုင်းပြည်မှာ ဒါက ဒုက္ခပေးမှာ။ ဒီအာဏာသိမ်းတာက တခါဖြစ်ရင် နောက်ဖြစ်နေမှာပဲ၊ ဒါမျိုးမစဉ်းစားနဲ့”ဟု အမြှော်အမြင်ရှိစွာ ပြတ်ပြတ်သားသား ပယ်ချခဲ့ဖူးသည်။

သို့သော် ဗိုလ်လက်ျာကဲ့သို့ တွေးခေါ် မြှော်မြင်မှု မရှိဘဲ မိုက်ရူးရဲဆန်စွာ အာဏာသိမ်းခဲ့သည် ဗိုလ်ချုပ်ကြီးနေဝင်း ချခဲ့သော် မျိုးစေ့မှာ ယနေ့ဆိုလျှင် ကြီးထွားကာ မည်သည့်အခြေအနေတွင် ရောက်ရှိနေကြောင်း အများ အသိဖြစ်သည်။

၂၀၂၁ ဖေဖေါ်ဝါရီ ၁ရက် တတိယအကြိမ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်အာဏာသိမ်းမှု ကြောင့် နိုင်ငံတဝှမ်းတိုက်ပွဲများဖြစ်ပွားကာ စစ်ဘေးရှောင် နှစ်သိန်းကျော်ရှိနေပြီး တရားဥပဒေစိုးမိုးရေးနှင့် အခြေခံ လူထု၏ စားဝတ်နေရေး စီးပွားရေး ပျက်ပြားသွားခဲ့ရပြီဖြစ်သည်။

ကိုးကား- ကျွန်တော်သိသော တစ်ရံရောအခါများ(ကိုကိုမောင်ကြီး)

၆၂-၆၇ သမိုင်းဝင်မှတ်တမ်းများ(ဦးသန်းဖေမြင့်)

ပြည်သူ့ အရေးတော်ပုံပါတီ(ရန်ကုန်ဘဆွေ)

ဖေဖေ ဗိုလ်လက်ျာ(ဒေါက်တာခင်လကျ်ာ)

You may also like these stories:

အာဏာသိမ်းမိသူတဦး၏ နိုင်ငံရေး သံဝေဂတရား

]]>
လျှော့မတွက်သော်လည်း အထင်ကြီးစရာ မရှိသော မြန်မာစစ်တပ် (အပိုင်း ၁) https://burma.irrawaddy.com/article/2022/01/01/248557.html Sat, 01 Jan 2022 08:31:43 +0000 https://burma.irrawaddy.com/lytbox/?p=248557 အာဏာသိမ်းသည့် စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖေဖေါ်ဝါရီ ၁၁ရက်က တွေ့ရစဉ်  / ဧရာဝတီ၁၉၆၂ ခုနှစ်မှ စတင်ခဲ့သည့် မြန်မာစစ်တပ်သည် ၂၆ နှစ်အကြာတွင် တိုင်းပြည်၏ စီးပွားရေးအား ချုံးချုံးကျအောင် ဆွဲချခဲ့ပြီး တိုင်းပြည်လည်း အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်ခဲ့သည်။]]> အာဏာသိမ်းသည့် စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖေဖေါ်ဝါရီ ၁၁ရက်က တွေ့ရစဉ်  / ဧရာဝတီ

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းစစ်ဖြစ်ပွားခဲ့သော မြန်မာပြည်တွင် မြန်မာစစ်တပ် အခန်းကဏ္ဍသည် အရေးပါခဲ့သည်။ ထို့အပြင် ဖဆလပ အစိုးရအုပ်ချုပ်ခဲ့သော ၁၂ နှစ်ကာလမှအပ ကျန် နှစ် ၆၀ နီးပါးကာလတွင် မြန်မာစစ်တပ်က တိုင်းပြည်အာဏာကို ထိမ်းချုပ်ထားနိုင်ခဲ့သည်။

NLD အစိုးရသက်တမ်း ၅ နှစ်ကာလတွင်ပင် အစိုးရနှင့်လွှတ်တော်တွင် အရေးပါသော နေရာနှင့် ဆုံးဖြတ်ချက်များကို စစ်တပ်က ထိန်းချုပ်ထားခဲ့သည်ကို တွေ့မြင်နိုင်သည်။

သို့ဖြစ်ရာ မြန်မာအရေးနှင့် ပတ်သက်၍ သုံးသပ်သူများ၊ မြန်မာပြည်နှင့် ပတ်သက်နေသည့် ဒေသတွင်းနိုင်ငံများ၊ မြန်မာပြည်နှင့် စီးပွားကုန်သွယ်မှုပြုသည့်နိုင်ငံများ၊ မြန်မာပြည်ကို ကမ္ဘာလုံးဆိုင်ရာ သေနင်္ဂဗျူဟာအမြင်ဖြင့် ကြည့်မြင်ကြသည့် နိုင်ငံကြီးများသည် မြန်မာနိုင်ငံအရေးအား ထည့်သွင်းစဉ်းစားသည့်အခါတိုင်း မြန်မာစစ်တပ်အခန်းကဏ္ဍကို အလေးအနက်ထား၍ ထည့်သွင်းသုံးသပ်လေ့ရှိကြသည်။

ဤသို့သုံးသပ်ကြသည်မှာ မမှားသော်လည်း လိုအပ်သည်မှာ မှန်မှန်ကန်ကန် ကြည့်မြင်သုံးသပ်ဖို့ပင်ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် လူထုအုံကြွမှု မြင့်တက်နေသည့် ကာလတွင် မြန်မာ့အရေးကို ချဉ်းကပ်သုံးသပ်နေသူများသည် မြန်မာစစ်တပ်နှင့် ပတ်သက်၍ တွက်ချက်မှုများ မှန်ကန်မှုရှိပါ၏လော ဆိုသည်ကို သေချာသုံးသပ်ရန် လိုပါသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် လူထုအုံကြွမှု မြင့်တက်နေသည့် ကာလတွင် မြန်မာ့အရေးကို ချဉ်းကပ်သုံးသပ်နေသူများသည် မြန်မာစစ်တပ်နှင့် ပတ်သက်၍ တွက်ချက်မှုများ မှန်ကန်မှုရှိပါ၏လော ဆိုသည်ကို သေချာသုံးသပ်ရန် လိုပါသည်။

ယေဘုယျအားဖြင့် မြန်မာစစ်တပ်သည် ၁၉၄၈ ခုနှစ်မှစ၍ ရှိခဲ့သည့် မြန်မာ့နိုင်ငံရေးတွင် အရေးပါသည့် အင်စတီကျူးရှင်းတခု ဖြစ်သည်။

တိုင်းပြည်ဘဏ္ဍာကို စိတ်ကြိုက်သုံးစွဲ တည်ဆောက်ခွင့်ရသည့် တခုတည်းသော အင်စတီကျူးရှင်း ဖြစ်သည်။ အတွေ့အကြုံနှင့် အလေ့အကျင့်ရှိသော အင်စတီကျူးရှင်းဖြစ်သည်။ အမိန့်နာခံမှု အားကောင်းသော အင်စတီကျူးရှင်း ဖြစ်သည်။ မြန်မာပြည်ရှိ အခြားနိုင်ငံရေးပါတီများသည် အကြိမ်ကြိမ် ဖျက်သိမ်းခံရသည်ဖြစ်ရာ စစ်တပ်လောက် အင်စတီကျူးရှင်း မခိုင်မာ၊ အားမကောင်း၊ ဘဏ္ဍာရေးမကောင်း၊ လေ့ကျင့်သားမပြည့်ဝဟု ဆိုကြသည်။

မြန်မာစစ်တပ်ကို တော်လှန်ပုန်ကန်နေကြသော တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့များသည်လည်း မြန်မာစစ်တပ်လောက် လူအင်အား၊ ဘဏ္ဍာအင်အား၊ လက်နက်ခဲယမ်းအင်အား မတောင့်တင်းဟု ဆိုကြသည်။

ထိုအခြေခံပေါ်မှ ထွက်လာသည့်သုံးသပ်ချက်မှာ မြန်မာပြည် တည်ငြိမ်ရေးအတွက် မြန်မာစစ်တပ်၏ အခန်းကဏ္ဍ လိုအပ်သည်၊ မြန်မာစစ်တပ်ကို ဖယ်ထုတ်၍မရဟူ၍ဟူသည့် သုံးသပ်ချက်ဖြစ်သည်။ ထိုသုံးသပ်ချက်သည် လွန်စွာ အရေးကြီးသည်။ မြန်မာစစ်တပ်နှင့် ပတ်သက်၍ ထိုသို့ရှုမြင်သည်နှင့် မြန်မာပြည် ဒီမိုကရေစီအရေး၊ နွေဦးတော်လှန်ရေးကို ထောက်ခံသည့် နိုင်ငံများသည်ပင် မြန်မာစစ်တပ်အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားလာကြရာ ဒေသတွင်းနိုင်ငံများ၊ မြန်မာပြည်အား သေနင်္ဂဗျူဟာအမြင်နှင့် ကြည့်သည့်နိုင်ငံများအဖို့ ပို၍ထည့်သွင်းစဉ်စားကြတော့သည်ကို တွေ့ရသည်။

ထိုအမြင်အခြေခံပေါ်မှနေ၍ မြန်မာစစ်တပ်အား ဖယ်ရှားရေးကို လက်မခံဘဲ မြန်မာစစ်တပ်နှင့် စေ့စပ်ညှိနှိုင်း ဆွေးနွေးရေးဆိုသည်ကို ဦးတည်လာကြသည်။ ထိုသို့တွေ့ဆုံဆွေးနွေး အဖြေရှာရေးအား တခုတည်းသော လမ်းကြောင်းဟု မြင်လာကြသည်။ ယနေ့ နိုင်ငံကြီးများ ကျောထောက်နောက်ခံ ပြုနေသည့် အာဆီယံလမ်းကြောင်းဆိုသည်မှာ ထိုအမြင်အခြေခံပေါ်မှ လာခြင်းဖြစ်သည်။

သို့သော် မြန်မာစစ်တပ်သည် မြန်မာပြည်တည်ငြိမ်ရေးကို ပေးစွမ်းနိုင်မှု မရှိဟု လေ့လာသုံးသပ်ရပါက အထက်ပါကောက်ချက်နှင့် ချဉ်းကပ်မှု လွဲချော်နေပြီဟု ဆိုရပေမည်။ မြန်မာစစ်တပ်သည် မြန်မာ့နိုင်ငံရေးကို တည်ငြိမ်အောင် ထိန်းနိုင်စွမ်းရှိသလော၊ မြန်မာစစ်တပ်သည် နိုင်ငံရေးစွမ်းဆောင်မှု၊ စစ်ရေးစွမ်းဆောင်မှု၊ လုံခြုံရေးစွမ်းဆောင်မှုများဖြင့် မြန့်မာပြည်တည်ငြိမ်မှုအား ပေးနိုင်စွမ်းရှိသလောဆိုသည်ကို ပြီးခဲ့သော သမိုင်းကာလများမှသည် ယနေ့ကာလအထိ အကြမ်းဖျဉ်း ပြန်လည်သုံးသပ်ကြည့်ရန် လိုအပ်သည်။

မြန်မာစစ်တပ်နှင့် မြန်မာနိုင်ငံ အခြေခံအဆောက်အုံများ

၁၉၆၂ ခုနှစ် မြန်မာပြည်တွင် ပါလီမန်ဒီမိုကရေစီစနစ် ဖျက်သိမ်းခံရပြီး စစ်အာဏာရှင်စနစ် အစပြုသည်။ တပါတီအာဏာရှင်စနစ်ကို စတင်အသက်သွင်းခဲ့သည်။ ၁၉၇၄ အခြေခံဥပဒေ အသက်ဝင်သည်ကစ၍ တပါတီအာဏာရှင်စနစ် အစပြုသည်။ ဈေးကွက်စီးပွားရေးနေရာတွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) က ချုပ်ကိုင်သည့် ဗဟိုချုပ်ကိုင်မှုကြီးသည့် ဆိုရှယ်လစ် စီးပွားရေးဆိုသည်နှင့် အစားထိုးသည်။

သို့ဖြစ်ရာ ၁၉၄၈ ခုနှစ် ပါလီမန်ဒီမိုကရေစီစနစ်နှင့်အတူ အစပြုခဲ့သည့် စီးပွားရေး၊ တရားရေး၊ လူမှုရေးနှင့် ပတ်သက်သည့် ဥပဒေများ၊ အင်စတီကျူးရှင်းများသည် စစ်တပ်အာဏာသိမ်းမှုနှင့်အတူ ဖျက်ဆီးခံလိုက်ရသည်။ ၁၉၆၂ ခုနှစ်မှစ၍ တပါတီစနစ်နှင့် ဗဟိုချုပ်ကိုင်မှုကို အစားထိုးသည့် ဥပဒေများ၊ အင်စတီကျူးရှင်းများ တစတစ ဝင်ရောက်လာခဲ့သည်။ သို့နှင့် ၁၉၄၈ မှစတင်ခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး၊ တရားစီရင်ရေးစနစ်များ၊ ဥပဒေများ၊ အင်စတီကျူးရှင်းများစသည့် မြန်မာနိုင်ငံအခြေခံ ဆောက်အအုံများသည် ၁၄ နှစ်သာ သက်တမ်းရှိခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် အဆုံးသတ်ခဲ့သည်။

သို့သော် မြန်မာစစ်တပ်၏ ၁၉၆၂ ခုနှစ်မှစခဲ့သည့် တပါတီအာဏာရှင်စနစ်အောက်မှ နိုင်ငံရေး၊ စီးပွားရေး၊ တရားစီရင်ရေးဆိုင်ရာ စနစ်များ၊ ဥပဒေများ၊ အင်စတီကျူးရှင်းများစသည့် နိုင်ငံအခြေခံ အဆောက်အအုံများသည်လည်း ၁၉၈၈ လူထုလှုပ်ရှားမှုကြောင့် အဆုံးသတ်ခဲ့ရသည်။ ၁၉၆၂ ခုနှစ်မှ စတင်ခဲ့သည့် မြန်မာစစ်တပ်သည် ၂၆ နှစ်အကြာတွင် တိုင်းပြည်၏ စီးပွားရေးအား ချုံးချုံးကျအောင် ဆွဲချခဲ့ပြီး တိုင်းပြည်လည်း အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်ခဲ့သည်။

၁၉၈၈ တွင် မြန်မာစစ်တပ်ကပင် “နဝတ” (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) အမည်ဖြင့် အာဏာသိမ်းခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး၊ တရားစီရင်ရေးဆိုင်ရာ စနစ်များ၊ ဥပဒေများ၊ အင်စတီကျူးရှင်းများ အသစ်စတင်ပြန်သည်။ ၁၉၈၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ၂၂ နှစ်ကာလသည် မြန်မာစစ်တပ်က “နဝတ”၊ “နအဖ” (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) အမည်များဖြင့်အုပ်ချုပ်သည့် စစ်အာဏာရှင်ကာလဖြစ်ခဲ့သည်။ ကာကွယ်ဦးစီးချုပ်၏အမိန့်သည် ဥပဒေဖြစ်ခဲ့သည်။

နဝတ/နအဖ ခေါင်းဆောင် စစ်ဗိုလ်ချုပ်များ၊ စစ်တိုင်းမှူးများ၏ အမိန့်အာဏာနှင့်အုပ်ချုပ်သော ကာလဖြစ်သည်။ ထိုခေတ်ကာလက တရားဥပဒေအထက်တွင် စစ်ဗိုလ်ချုပ်ကြီးများ ရှိခဲ့သည်။ သို့သော် ထိုကာလတွင် တိုင်းပြည်တွင်း၌ စီးပွားရေးအရ ချောင်လည်မှုနှင့် လှုပ်သာလှည့်သာရှိသော အခြေအနေများသည် အောက်ပါ အကြောင်းအချက်များကြောင့်ဖြစ်သည်ကို တွေ့ရသည်။

၁။ ဈေးကွက်စီးပွားရေးစနစ်ကို ဖွင့်ပေးခြင်းနှင့် နိုင်ငံခြားကုန်သွယ်မှု ဖွင့်ပေးမှုကြောင့် လယ်ယာထွက် သီးနှံများ ဈေးကောင်းရပြီး မြန်မာလူထု အများစုဖြစ်သည့် လယ်သမားများ အသက်ရှုချောင်သွားခဲ့သည်။

၂။ ပြည်တွင်းသယံဇာတများဖြစ်သော သစ်၊ ကျောက်မျက်၊ သတ္တု၊ သဘာဝဓာတ်ငွေ့များ ထုတ်ယူရောင်းချခြင်းကြောင့် တိုင်းပြည် စီးပွားရေး အသက်ရှုချောင်သွားသည်။

၃။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုများ ပိုမိုကျယ်ပြန့်လာရာ မြန်မာပြည်လည်း ဈေးကွက်တခု ရလာခဲ့သည်။

၄။ ၁၉၈၀ လောက်မှစ၍ နိုင်ငံခြား သင်္ဘောသား အလုပ်အကိုင်မှ အစပြုလာခဲ့သည် ပြည်ပ အလုပ်အကိုင် ရရှိမှုများမှသည် ၁၉၉၀ ခန့်မှစ၍ ဒေသတွင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ တရုတ်တို့သို့ သွားရောက် အလုပ်လုပ်ကိုင်မှုများ တစတစ ပေါများလာသည်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ပြည်ပထွက် အလုပ်လုပ်ကိုင်သူ ပို၍ပေါများလာသည်။ ယခင် ပညာတတ်များသာ နိုင်ငံရပ်ခြား အလုပ်အကိုင်အခွင့်အလမ်း ရှိရာမှ ကျေးလက် တောင်တန်းဒေသနေပြည်သူ သန်းနှင့်ချီ၍ နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ကိုင်ရာမှ တစုံတရာ ချောင်လည်လာကြသည်။

တိုင်းပြည်သယံဇာတများ ထုတ်ယူရောင်းချမှု၊ နိုင်ငံခြားကုန်သွယ်မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မဆလခေတ်ထက် မြင့်တက်လာသောလည်း မြန်မာစစ်တပ်၏ နဝတ/နအဖ ခေတ် ၂၂ နှစ်အတွင်း တိုင်းပြည်သည် အဆင်းရဲဆုံး နိုင်ငံအဆင့်မှ မတက်ခဲ့ပေ။

တိုင်းပြည်သယံဇာတများ ထုတ်ယူရောင်းချမှု၊ နိုင်ငံခြားကုန်သွယ်မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မဆလခေတ်ထက် မြင့်တက်လာသောလည်း မြန်မာစစ်တပ်၏ နဝတ/နအဖ ခေတ် ၂၂ နှစ်အတွင်း တိုင်းပြည်သည် အဆင်းရဲဆုံး နိုင်ငံအဆင့်မှ မတက်ခဲ့ပေ။ အကြောင်းမှာ စစ်ဗိုလ်ချုပ်များ၏ ကိုယ်ကျိုးရှာမှု၊ တရားဥပဒေ အထက်မှ အုပ်ချုပ်မှုများကြောင့် ဖြစ်သည်ကိုတွေ့ရသည်။ တိုင်းပြည်၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး မှအစ တိုင်းပြည်၏ အခြေခံအဆောက်အအုံများ မဖွံ့ဖြိုးနိုင်ခဲ့ပေ။

အခြားနိုင်ငံများကဲ့သို့ နည်းပညာ၊ အတတ်ပညာ၊ ကုန်ထုတ်လုပ်မှုတို့ကြောင့် ချမ်းသာကြွယ်ဝလာသည် မဟုတ်ဘဲ လုပ်ပိုင်ခွင့်အာဏာနှင့် တိုင်းပြည်၏ သယံဇာတများပေါ်မှ ကိုယ်ကျိုးရှာခြင်းတို့ကြောင့် ချမ်းသာကြွယ်ဝလာကြခြင်း ဖြစ်သည်။

စစ်ဗိုလ်များနှင့်ပေါင်း၍ စီးပွားရှာသူများသာ ကျိကျိတက် ချမ်းသာကြွယ်ဝလာခဲ့သည်။ အခြားနိုင်ငံများကဲ့သို့ နည်းပညာ၊ အတတ်ပညာ၊ ကုန်ထုတ်လုပ်မှုတို့ကြောင့် ချမ်းသာကြွယ်ဝလာသည် မဟုတ်ဘဲ လုပ်ပိုင်ခွင့်အာဏာနှင့် တိုင်းပြည်၏ သယံဇာတများပေါ်မှ ကိုယ်ကျိုးရှာခြင်းတို့ကြောင့် ချမ်းသာကြွယ်ဝလာကြခြင်း ဖြစ်သည်။ တိုင်းပြည်က ဆင်းရဲပြီး အုပ်ချုပ်သူ မြန်မာစစ်ခေါင်းဆောင်များ ချမ်းသာကြွယ်ဝလာခဲ့သည်။

နအဖသည် ၂၀၀၈ ခုနှစ်တွင် အခြေခံဥပဒေတခု ပြဌာန်းပြီး နိုင်ငံရေး၊ စီးပွားရေး၊ တရားစီရင်ရေးစနစ်၊ ဥပဒေနှင့် အင်စတီကျူးရှင်းစသည့် နိုင်ငံရေးအဆောက်အအုံတခု စတင်ပြန်သည်။ ၁၉၈၈ ခုနှစ်က စတင်ခဲ့သည် မြန်မာစစ်တပ်၏ အင်စတီကျူးများ၊ စနစ်များသည် ၂၂ နှစ်အကြာ ၂၀၁၀ ပြည့်နှစ်တွင် တစခန်းရပ်ပြန်ပါသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတခုတွင် ၂၀၀၈ ဖွဲ့စည်းပုံ စာအုပ်ကို မီးရှို့စဉ် / ဧရာဝတီ

သို့နှင့် ၂၀၁၁ ခုနှစ်မှသည် ၂၀၂၀ ပြည့်နှစ်အထိ ၂၀၀၈ အခြေခံဥပဒေအောက်မှ ၁၀ နှစ်ခန့် ခရီးဆက်သည်။ ထိုဥပဒေသည်လည်း ၂၀၁၀ ရွေးကောက်ပွဲတွင် ပြိုင်ဖက်မရှိ စစ်တပ် ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနိုင်ရစဉ်က ပြဿနာမရှိသော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရလာသောအခါ ပြဿနာရှိလာသည်။

အစိုးရအဖွဲ့အတွင်း အရေးပါသော ရာထူးနေရာအချို့နှင့် လွှတ်တော်ကို ထိန်းကျောင်းနိုင်သည့် အနေအထားလောက်နှင့် မြန်မာစစ်တပ်ခေါင်းဆောင်များ မကျေနပ်နိုင်ကြတော့ပေ။ နိုင်ငံတော်အာဏာကို လက်ဝါးကြီးအုပ်ချုပ်ကိုင် ချယ်လှယ်လိုသည့် ၎င်းတို့၏ သရုပ်မှန်ကို ထုတ်ပြလာကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်၏ အာဏာသိမ်းမှု ထပ်မံဖြစ်ပွားခဲ့သည်။

မြန်မာစစ်တပ်က “နစက” (နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ) အမည်ဖြင့် အာဏာသိမ်းခြင်းသည် ၂၀၀၈ အခြေခံဥပဒနှင့်အညီ စစ်တပ်က အာဏာထိန်းသိမ်းခြင်းဖြစ်သည်ဟု ပြောဆိုနေသည်။ သို့သော်လည်း မဲစာရင်းမှားယွင်းသည်ဟုဆိုကာ စစ်တပ်က အာဏာသိမ်းခြင်းသည် သူတို့စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ အခြေခံဥပဒေအား သူတို့ကိုယ်တိုင် ဖောက်ဖျက်လိုက်ခြင်းလည်း ဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေအခန်း ၉၊ ပုဒ်မ ၄၀၂ တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

“ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့်ဆောင်ရွက်ချက်များ

၄၀၂။ အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ်အတည်ဖြစ်စေရမည် –

(က) ရွေးကောင်တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများ၊

(ခ) ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့် စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ၊

(ဂ) နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရဆောင်ရွက်သောကိစ္စရပ်များ။”

၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၀၂ အရ ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ဆောင်ရွက်ချက်များ အပြီးအပြတ် အတည်ဖြစ်ရမည်ဆိုသည်ကို ဗြောင်အတိအလင်း ဆန့်ကျင်၍ အာဏာသိမ်းသည့် စစ်တပ်သည် ၂၀၀၈ အခြေခံဥပဒေကို လိုက်နာခြင်း မရှိခဲ့သည်ဖြစ်ရာ ၂၀၀၈ အခြေခံဥပဒေမှာ ပျက်ပြယ်ခဲ့ပြီဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေအား မြန်မာစစ်တပ်က အချိန်ယူ၍ စိတ်ကြိုက် အချိန်ယူရေးဆွဲထားခဲ့သော်လည်း တိုင်းပြည်အကျိုးနှင့် တရားမျှတမှုကို ရှေးရှုရေးဆွဲခဲ့ခြင်း မဟုတ်ဘဲ စစ်တပ်အခန်းကဏ္ဍ အားကိုသာ အလေးထားခဲ့သည်ဖြစ်ရာ ဟာကွက်မြောက်များစွာရှိသည်။

၂၀၀၈ အခြေခံဥပဒေအား မြန်မာစစ်တပ်က အချိန်ယူ၍ စိတ်ကြိုက် အချိန်ယူရေးဆွဲထားခဲ့သော်လည်း တိုင်းပြည်အကျိုးနှင့် တရားမျှတမှုကို ရှေးရှုရေးဆွဲခဲ့ခြင်း မဟုတ်ဘဲ စစ်တပ်အခန်းကဏ္ဍ အားကိုသာ အလေးထားခဲ့သည်ဖြစ်ရာ ဟာကွက်မြောက်များစွာရှိသည်။ မြန်မာပြည်၏ အနာဂတ်အား ၂၀၀၈ အခြေခံဥပဒေနှင့် ရှေ့ဆက်မည်ဆိုပါက အပေါစားပြက်လုံးတခု ဖြစ်နေပေလိမ့်မည်။

(ဝဲမှ ယာ) ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

သို့ဖြစ်ရာ ၁၉၆၂ ခုနှစ်မှ စတင်ခဲ့သည့် မြန်မာစစ်တပ်၏ အုပ်စိုးချုပ်ကိုင်မှုသမိုင်းကို ကြည့်ပါက ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ၂၆ နှစ်ကာလ၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ၂၂ နှစ်ကာလ၊ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ၁၀ နှစ်ကာလတွင် နိုင်ငံရေး၊ စီးပွားရေး၊ တရားစီရင်ရေးအရ စနစ်များ၊ ဥပဒေများ၊ အင်စတီကျူးရှင်းများ စသည့် နိုင်ငံအဆောက်အအုံများ တည်ငြိမ်မှုမရှိခဲ့ဘဲ ၃ ကြိမ်တိုင် ပြောင်းလဲခဲ့ပြီ ဖြစ်သကဲ့သို့ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်ကြား ၁၄ နှစ်ကာလရှိ ပါလီမန်ဒီမိုကရေစီစနစ်က စနစ်များ၊ ဥပဒေများ၊ အင်စတီကျူးရှင်းများကိုလည်း ဖျက်ဆီးခဲ့ပြီဖြစ်သည်။

သို့ဖြစ်ရာ မြန်မာစစ်တပ်၏ အာဏာသိမ်းမှု၊ ထိန်းချုပ်အုပ်စိုးမှုအောက်တွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးကတည်းက အနှစ် ၇၀ ကျော်အတွင်း တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ တရားစီရင်ရေး စနစ်များ၊ အင်စတီကျူးရှင်းများ လေးကြိမ်တိုင်အောင် ပြောင်းလဲခဲ့ရပြီဖြစ်သည်ကို ရှင်းလင်းစွာ တွေ့မြင်နိုင်သည်။

တိုင်းပြည်တခုတွင် အခြေအနေနှင့် ကိုက်ညီသည့် အပြောင်းအလဲများ ပြုလုပ်ရန် လိုအပ်ပါသည်။ သို့သော် မြန်မာစစ်တပ်ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်တယောက် လုပ်ပိုင်ခွင့်အာဏာ ခိုင်မာတိုင်း တိုင်းပြည်၏ စနစ်များ၊ အင်စတီကျူးရှင်းများ၊ ဥပဒေများကို အရင်းအမြစ်မှ ပြောင်းလဲပစ်သော နိုင်ငံတခုဖြစ်နေသည့် မြန်မာနိုင်ငံသည် နိုင်ငံရေးအရလည်းကောင်း၊ စီးပွားရေးအရလည်းကောင်း၊ လူမှုရေးအရလည်းကောင်း၊ တရားစီရင်ရေးအရသော်လည်းကောင်း တည်ငြိမ်သည့်တိုင်းပြည် မဖြစ်နိုင်ပေ။ ထို့ကြောင့်လည်း နိုင်ငံရေးပညာရှင်များ၊ လေ့လာသုံးသပ်သူများက မြန်မာပြည်အား တည်ငြိမ်သည့် နိုင်ငံတည်ဆောက်ရေး (State building) မှ အစချီရန် လိုအပ်နေသည်ဟု သုံးသပ်နေကြခြင်းဖြစ်သည်။

သို့ဖြစ်ရာ မိမိအာဏာ အကျိုးစီးပွားအပေါ် အခြေပြု၍ အပြောင်းအလဲများသည့် မြန်မာစစ်တပ်သည် တိုင်းပြည်တည်ငြိမ်အောင် မထိန်းသိမ်းနိုင်သည်သာမက ရှေ့လျှောက် မတည်ငြိမ်မှုများကိုသာ တွေ့ရမည်မှာ ဧကန်မလွဲပေ။ မြန်မာစစ်တပ်သာ ဆက်လက်လုပ်ပိုင်ခွင့်ရနေပါက မြန်မာပြည်သည် ကာကွယ်ရေး ဦးစီးချုပ်တယောက် လုပ်ပိုင်ခွင့် ခိုင်မာသွားတိုင်း ထင်ရာစိုင်းသည့် မတည်ငြိမ်သော တိုင်းပြည်သာ ဖြစ်နေပေလိမ့်မည်။

ထိုသို့ ဖြစ်ခဲ့သည်ကို ပြီးခဲ့သော နှစ် ၇၀ အတွင်း အကြိမ်ကြိမ်တွေ့ခဲ့ရပြီဖြစ်သည်။ သို့ဖြစ်ရာ မြန်မာစစ်တပ်သည် တိုင်းပြည်တည်ငြိမ်အောင် နိုင်ငံအဆောက်အအုံများကို တည်ငြိမ်အောင် လုပ်နိုင်စွမ်းမရှိ။ ရေရှည်တွင် တိုင်းပြည်မတည်ငြိမ်မှုကိုသာ ပေးမည်သာဖြစ်ပေသည်။

ဆက်လက်ဖော်ပြပါမည်။

(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦးဖြစ်သည်။)

You may also like these stories:

တနိုင်ငံလုံးက မြန်မာစစ်တပ်ကို မုန်းနေကြတာ

မြန်မာ့ပြည်တွင်းစစ်တွင် မည်သူနိုင်ခြေများသနည်း

အထိနာလာသော စစ်ကောင်စီ လေကြောင်းစစ်ကူဖြင့် ရမ်းကားနေ

ကရင်စစ်ပွဲများက ထွက်ပေါ်လာတဲ့ ဘန်းစကားများ

]]>
ပထမဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေ စတင်ရာ ဖဆပလညီလာခံကြီး https://burma.irrawaddy.com/on-this-day/2019/05/19/191737.html Sun, 19 May 2019 02:07:19 +0000 https://burma.irrawaddy.com/lytbox/?p=191737 ၁၉၄၇ ဖွဲ့စည်းပုံအတွက် ပထမအဆင့် အနေနဲ့ ပဏာမ ပြင်ဆင်မှု ညီလာခံကြီး၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းလိုက်သည့် အတွက် ယင်း အခြေခံဥပဒေသည် ပျက်ပြယ် သွားခဲ့ရပြီးနောက်၊ မြန်မာဆိုရှယ်လစ် လမ်းစဉ် အစိုးရက ၁၉၇၄ ခုနှစ်တွင် ဒုတိယမြောက် အခြေခံဥပဒေကို ရေးဆွဲ အတည်ပြုခဲ့သည်။ ]]> ၁၉၄၇ ဖွဲ့စည်းပုံအတွက် ပထမအဆင့် အနေနဲ့ ပဏာမ ပြင်ဆင်မှု ညီလာခံကြီး

ဒုတိယကမ္ဘာစစ်ကြီးအပြီး တိုင်းရင်းသား၊ လူထုလူတန်းစား အသီးသီးပါဝင်သည့် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့ လွတ် လပ်ရေး အဖွဲ့ချုပ်(ဖဆပလ)သည် မြန်မာနိုင်ငံရဲ့ ပထမဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ရေးဆွဲရန် ပြင်ဆင်ခဲ့သည်။

ပထမအဆင့် အနေနဲ့ ပဏာမ ပြင်ဆင်မှု ညီလာခံကြီးကို ၁၉၄၇ ခုနှစ် မေလ ၁၉ ကနေ ၂၃ ရက်နေ့အထိ ကျင်းပခဲ့ပြီး ဖဆပလဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ကိုယ်စားလှယ်ပေါင်း တထောင်နီးပါး တက်ရောက်ခဲ့သည်။

ညီလာခံကြီးက ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းကို ဇွန်လ တိုင်းပြု ပြည်ပြုလွှတ်တော်၌ တိုင်းရင်းသားများ က ထပ်ဆင့်ဆွေးနွေး အတည်ပြု ပြီးနောက် ၆ လ အကြာတွင် မြန်မာနိုင်ငံ၏ ပထမဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေ အဖြစ် ထွက်ပေါ်လာခဲ့သည်။

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး အာဏာရ ဖဆပလအစိုးရသည် ၁၉၄၇ ခုနှစ် အခြေခံဥပဒေဖြင့် နိုင်ငံကို ၁၄ နှစ်ကြာအုပ်ချုပ်ခဲ့သည်။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းလိုက်သည့် အတွက် ယင်း အခြေခံဥပဒေသည် ပျက်ပြယ် သွားခဲ့ရပြီးနောက်၊ မြန်မာဆိုရှယ်လစ် လမ်းစဉ် အစိုးရက ၁၉၇၄ ခုနှစ်တွင် ဒုတိယမြောက် အခြေခံဥပဒေကို ရေးဆွဲ အတည်ပြုခဲ့သည်။

သို့သော် နောင် ၁၄နှစ်အကြာ ၁၉၈၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် အထွေထွေ လူထုအုံကြွမှုကြောင့် စစ်တပ်အာဏာသိမ်း သည့်အတွက် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံလည်း ရပ်ဆိုင်းသွားခဲ့ ပြန်သည်။

ထို့နောက် စစ်အာဏာသိမ်း အစိုးရက အခြေခံဥပဒေသစ်တခုကို နှစ်ပေါင်းများစွာ ရေးဆွဲပြီးနောက် ၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့ရာ အဆိုပါ တတိယမြောက် အခြေခံဥပဒေသည် ယခုအခါ သက်တမ်း ၁၁နှစ် ရှိပြီဖြစ်သည်။ သို့သော် အဆိုပါ ဖွဲ့စည်းပုံသည်လည်း ဒီမိုကရေစီနှင့် မညီညွတ်၍ ပုဒ်မတချို့ကို ပြင်ဆင်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ကြိုးစား နေသည်။

]]>
၁၉၄၆ ခုနှစ်၊ မတ်လ ပင်လုံညီလာခံ https://burma.irrawaddy.com/on-this-day/2019/03/26/187582.html Tue, 26 Mar 2019 02:59:26 +0000 https://burma.irrawaddy.com/lytbox/?p=187582 ညီလာခံ တက်ရောက်သူများတောင်တန်း၊ ပြည်မပူးပေါင်း၍ မြန်မာနိုင်ငံလွတ်လပ်ရေးယူရန် လမ်းစတခုဖြစ်ခဲ့သည့် ကနဦးတွေ့ဆုံမှုတရပ်မှာ ၁၉၄၆ ခုနှစ် မတ် ၂၆ မှ ၂၈ အထိကျင်းပခဲ့သည့် ရှမ်းပြည်နယ် ပင်လုံညီလာခံပင်ဖြစ်သည်။]]> ညီလာခံ တက်ရောက်သူများ

တောင်တန်း၊ ပြည်မပူးပေါင်း၍ မြန်မာနိုင်ငံလွတ်လပ်ရေးယူရန် လမ်းစတခုဖြစ်ခဲ့သည့် ကနဦးတွေ့ဆုံမှုတရပ်မှာ ၁၉၄၆ ခုနှစ် မတ် ၂၆ မှ ၂၈ အထိကျင်းပခဲ့သည့် ရှမ်းပြည်နယ် ပင်လုံညီလာခံပင်ဖြစ်သည်။ ညီလာခံမှာ ရှမ်းပြည်နယ်ကို ပြည်မနှင့်ခွဲခြားပြီး သီးခြားနိုင်ငံထူထောင်ရန် အင်္ဂလိပ်များ စီစဉ်သည့်ပွဲဖြစ်သော်လည်း ဖဆပလဒုဥက္ကဌသခင်နုက ဗြိတိသျှတို့၏သွေးခွဲအုပ်ချုပ်မှုစနစ်ကို ဝေဖန်တိုက်ခိုက်ခဲ့ပြီး၊ ရှမ်း-ဗမာ ချစ်ကြည်ရေး ၊ လွတ်လပ်ရေး တပေါင်းတစည်းတည်း ပေးရန်ကိစ္စတို့ကို ရှမ်းစော်ဘွားများ၊ ကချင်၊ ချင်း၊ ကရင်နီခေါင်းဆောင်များ၊ ပြည်မမှ ဦးစောကဲ့သို့နိုင်ငံရေးသမားများ၊ အင်္ဂလိပ်အရာရှိများကြားဟောပြောနိုင်ခဲ့သည်။ ဖဆပလဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်းမှာ ရခိုင်ဒေသဘက်သို့ ခရီးသွားရန် စီစဉ်ပြီးဖြစ်သဖြင့် ထိုညီလာခံသို့ မတက်ရောက်နိုင်ခဲ့ပေ။

ညီလာခံမှာ တောင်တန်းဒေသ တိုင်းရင်းသားလူမျိုးများအကြား ရင်းနှီးနားလည်မှု၊ သဘောထားအမြင်များဖလှယ်နိုင်မှု၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုများအတွက် လမ်းခင်းပေးနိုင်ခဲ့သည့်အပြင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ၁၉၄၇ ခုနှစ် သမိုင်းဝင်ပင်လုံချုပ်ရေးထိုးမည့် ပင်လုံညီလာခံကျင်းပရန်ကိုလည်း ဆုံးဖြတ်နိုင်ခဲ့သည်။ ၁၉၄၆ ခုနှစ် ပင်လုံညီလာခံကို သမိုင်းမှတ်တမ်းစာအုပ်များတွင် ပထမပင်လုံညီလာခံဟု သတ်မှတ်ခဲ့ကြသော်လည်း များစွာထင်ပေါ်ခြင်းမရှိပဲ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ပင်လုံညီလာခံကို ကမ္ဘာက သိခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးအမွေကို ဆက်ခံသော သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ၂၁ ရာစုပင်လုံညီလာခံကို ဒုတိယပင်လုံညီလာခံဟု ခေါ်တွင်ခဲ့ကြသည်။

]]>
ဦးနု၊ နီရိုးဘုရင် နဲ့ ပါလီမန် ဒီမိုကရေစီ https://burma.irrawaddy.com/article/2018/12/31/178948.html Mon, 31 Dec 2018 03:30:18 +0000 https://burma.irrawaddy.com/lytbox/?p=178948 ၁၉၆၁ ခုနှစ်က ဘာသာရေး အခမ်းအနား တခုတွင် တွေ့ရသော ဝန်ကြီးချုပ်ဟောင်း ဦးနု  / ဝီကီပီးဒီးယားဝန်ကြီးချုပ် ဦးနုဟာ သြဇာအရှိန်အဝါ ကြီးသထက်ကြီးလာပြီး ဘုရားဒါယကာ ဖြစ်လိုက်တဲ့အခါ ဗုဒ္ဓ ဘာသာဝင်တွေနဲ့ ကျေးလက်နေ လူထုကို ကောင်းကောင်း စည်းရုံး နိုင်ခဲ့တယ်။ ]]> ၁၉၆၁ ခုနှစ်က ဘာသာရေး အခမ်းအနား တခုတွင် တွေ့ရသော ဝန်ကြီးချုပ်ဟောင်း ဦးနု  / ဝီကီပီးဒီးယား

ပထမ ပါတီစုံ ဒီမိုကရေစီ ခေတ်ကို ပါလီမန် ဒီမိုကရေစီ ခေတ်လို့လည်း ခေါ်ကြပါတယ်။

၁၉၄၈ ကနေ ၁၉၅၀၊ ၁၀နှစ် အတွင်း ပြည်တွင်း စစ်ကြီးကလည်း ခြိမ့်ခြိမ့်သဲ၊ သူပုန်နဲ့ အစိုးရတိုက်နေတဲ့ သေနတ်သံ မကြားရတဲ့ နေရာ မရှိသလောက်ပဲ ဖြစ်တယ်။ ပြည်သူလူထုကတော့ စစ်ဘေးဒဏ်သင့်ပြီး ဒုက္ခခါးစည်း ခံနေရတဲ့ အချိန် ပဲ။

ဝန်ကြီးချုပ် ဦးနုဟာ သြဇာအရှိန်အဝါ ကြီးသထက်ကြီးလာပြီး ဘုရားဒါယကာ ဖြစ်လိုက်တဲ့အခါ ဗုဒ္ဓ ဘာသာဝင်တွေနဲ့ ကျေးလက်နေ လူထုကို ကောင်းကောင်း စည်းရုံး နိုင်ခဲ့တယ်။

၁၉၄၈ ခုနှစ် ဦးနုရဲ့ ကက်ဘိနက် ဝန်ကြီးအဖွဲ့မှာ ပါဝင်လာတဲ့ ဖဆပလ ဝန်ကြီးဟောင်း ဦးထွန်းဖေက ၁၉၅၃ ခုနှစ်မှာ ဖဆပလ ထဲက ထွက်ပြီး ဦးနုကို ကောင်းကောင်း ဝေဖန်ပါတော့တယ်။

ဦးနုရဲ့ တဗိုလ်တမင်းဝါဒ၊ ရဲဘော်ရဲဘက် စိတ်ဓာတ်လည်းမရှိ၊ သူပြောသမျှနာခံရမယ် ဆိုတဲ့စိတ်နဲ့ ဖဆပလကို ကြိုးကိုင် ထင်တိုင်း လုပ်ခဲ့တဲ့အကြောင်း သူက ၁၉၅၃ ခုနှစ်မှာ အစိုးရအဖွဲ့မှ ဘာကြောင့်ကျနော် နုတ်ထွက်ရသလဲ ဆိုတဲ့ စာအုပ်ကို ရေးပါတယ်။

နောက် ၁၉၆၂ ခုနှစ် ကျတော့ သူထုတ်ဝေတဲ့ ထွန်းနေ့စဉ် သတင်းစာမှာ အဘယ်ကြောင့် ပါလီမန် ဒီမိုကရေစီ ကျဆုံး ရသလဲ ဆိုတဲ့ စာအုပ်ကို ထပ်ရေးပါတယ်။

ပါတီထဲမှာဖြစ်ဖြစ်၊ အစိုးရ အဖွဲ့ထဲမှာဖြစ်ဖြစ် တဦးတယောက်က သြဇာထူထောင်ပြီး ငါသိငါတတ်၊ ငါပဲ ခေါင်းဆောင် နိုင်စွမ်း ရှိတယ်ဆိုတဲ့ ပုဂ္ဂိုလ်ရေးအမြင်နဲ့ ခေါင်းဆောင်လုပ်လာရင် ကျဆုံးတတ်တယ် ဆိုတာကို ဦးထွန်းဖေ က ရေး ထား တာ အလွန် သင်ခန်းစာ ယူစရာ ကောင်းပါတယ်။ အဲဒီအကြောင်းကို စာဖတ်သူတွေ သိပြီးဖတ်ပြီး ကြလိမ့်မယ် လို့ ထင်ပါတယ်။

ဒါပေမယ့် ယခ ုဒုတိယ ပါတီစုံ ဒီမိုကရေစီ ခေတ်မှာ တူညီနေတာတွေနဲ့ ရွေးကောက်ပွဲ မဲဆွယ်တုန်းက တမျိုး၊ အာဏာ ရ လာတဲ့ အခါ ထင်တိုင်းကြဲပြီး ပြည်သူကို မျက်ကွယ်ပြုနေတာ တမျိုး၊ စစ်အာဏာရှင်ခေတ်နဲ့ မတိမ်းမယိမ်း စာနယ်ဇင်း သမားတွေကို ဖိနှိပ်ပြီး လွတ်လပ်မှုတွေ ပျောက်ဆုံးနေတာ တမျိုးနဲ့ ဆင်ခြင်မိရင်း ဦးထွန်းဖေရဲ့ ရေးသား ချက်တွေကို တင်ပြ လိုက်ရပါတယ်။

“ဝန်ကြီးချုပ်သည် သူ၏ ဦးနှောက်လှိုင်း၊ ကွန့်မြူးသည့်အခါ ဧရာမ စေတနာကြီးကိုပြကာ ဗလငါးတန် တိုးမြှင့်ရေး အကြောင်း ကို အာပေါင်အာရင်း သန်သန်နှင့် အခါမရွေး၊ နေရာမရွေး ကြွေးကြော်လျက်ပင် ရှိနေပါသည်။

သူ ကြွေးကြော်သောနေရာ၏ ပတ်ဝန်းကျင်တလျှောက်ပင်လျှင် လူပြန်ပေးတွေထနေခြင်း၊ မော်တော် သင်္ဘောများကို လူဆိုးနှင့်သူပုန်များက မြစ်ဝကျွန်းပေါ် မြစ်ကြောင်းတလျှေက်တွင် ရံဖန်ရံခါအပိုင်စီးနေခြင်း၊ မီးရထားလမ်းများကို ဖျက် ဆီး၊ ဗုံးနှင့်ဖောက်ကာ ခရီးသည်တို့၏ လက်ဝတ်လက်စားများ လုယူနေခြင်း၊ သန်းပေါင်းများစွာ တန်သော လူတို့ ၏ အသက်နှင့် ပစ္စည်းအိုးအိမ်များကို မီးနတ်ကြီးအား ပူဇော်ပသနေခြင်း၊ (မီးလောင်ခြင်းကား တားနိုင်၏။) ရန်ကုန် တွင် ဖဆပလ စံပြ ရပ်ကွက်သစ်ကဲ့သို့ နေရာများတွင် စံပြမီးများ လောင်နေခြင်း၊ အိပ်ဆောင် လူဆိုးသူခိုးတို့၏ အသိုက် များကို ရန်ကုန်နေပြည်တော်တဝိုက် လက်ပိုက် ကြည့်ရှုနေကြရခြင်း၊ မြို့နယ်များတွင် သူပုန်ကတမျိုး၊ ပြောက်ကျား က တဖုံ အုပ်စိုးနေသော အိပ်ဆောင် ကျေးရွာများနှင့် ပြွမ်းတီးနေခြင်း၊ ပြည်ထောင်စု အစိုးရ ဋ္ဌာန အချင်းချင်း မုန်းတီး သော စိတ်မျိုးကို တမင်သက်သက် ဖန်တီးပေးခြင်း၊ ရာဇဝင်နှင့် ကပ်ပြီးပါလာသော “ရာဇာတောဝါ” တည်း ဟူသော အစိုးရ မုန်းတီးရေးကို ပပျောက်အောင် ကျနော်တို့ အပူတပြင်း ကြိုးစားနေစဉ် “ဘဝရှင်မင်းတရားကြီး၏” တတိယ ပါတီ က နိုင်ငံတော် မုန်းတီးရေးကို ဖန်တီးပေးခြင်းတို့သည်ကား ဝန်ကြီးချုပ်၏ မျက်စိ အောက်တွင် ဖြစ်ပေါ်နေသော အခြင်းအရာများပင် ဖြစ်ပါသည်။

ထိုသို့ ဖြစ်ပျက်နေသည်ကို သိပါလျက်နှင့် သူသည် ဒီမိုကရေစီ အရောင်ပြကာ သက်ဦးဆံပိုင် ဘုရင်စနစ်ဘက်သို့ သူ၏ တတိယ ပါတီနှင့် တပါတည်းရွေ့လျား နေပါပြီ။

စိတ်ကူးချိုချို စာပေက ပြန်လည် ထုတ်ဝေသော ဖဆပလ ဝန်ကြီးဟောင်း ဦးထွန်းဖေ ရေးသားသည့် အဘယ်ကြောင့် ပါလီမန် ဒီမိုကရေစီ ကျဆုံးရသလဲ စာအုပ်

ရောမမြို့ကြီး မီးဟုန်းဟုန်း တောက်လောင်နေသည့် အခါ နီရိုး ဘုရင်မင်းမြတ်သည် တယော ထိုးနိုင်ရက်ပေတကား ဟူသာ ဆိုထိုက်လှပေတော့သည်။

တနည်းအားဖြင့် ဖော်ပြရသော် ရန်ကုန်မြို့တွင် မီးတွေလောင်စဉ်က ပြသခဲ့ဖူးသော “ကိုးဗားဒစ်(စ်)” ရုပ်ရှင်ဝတ္ထု ရေးသူ ၏ သုံးနှုန်းသော စကားများ အရ “တေးဂီတ တပုဒ်ရေးရန် ဉာဏ်ကလေး တခု ရစေတော့ ဆိုပြီးလျှင် ရောမ မြို့ကြီး မီးလောင်နေသည်ကို နီရိုးဘုရင်သည် ကြည့်ရက်ပေတကား” ဟုသာ ဆိုအပ်လှ ပေတော့သည်။

သူသည် ထို့သို့ ဗလငါးတန်မြှင့်တင်ရေး အတွက် ရုပ်ပျက်ဆင်းပျက်လောက်အောင် အကြွေးကြော်ဆုံး အချိန်အခါတွင် အကျင့်ယုတ်ဆုံး အမျိုးမျိုးနှင့် ကြုံနေသဖြင့် အော်ဟစ်နေနိုင်သူကိုပင် သနားမိပါသည်။

သို့သော် မည်ရွေ့မည်မျှပင် စေတနာ ကောင်းသည်ဟု ဆိုကာ နောက်ပိုင်းကိုပြန်ပြီး မကြည့်တော့ဘဲ ကြွားရက်သော် လည်း လူတွေ ၏ အတိမ်အနက် နှိုက်ပုံ၊ ယူဆပုံကို ကျနော်သည် သူနှင့်သဘောထား မတူနိုင်ပါ။

တိုင်းသစ်ပြည်သစ် ထူထောင်လျှင် ပတ်ဝန်းကျင် တလျှောက်တွင် အစိုးရကို လူမထင်သဖြင့် စော်ကားသည်ဟု ဆိုအပ် သော ပြည်ထောင်စု နယ်နိမိတ်တလျှောက် မြေပေါ်မြေအောက် လူဆိုးများကို ကလနား မသတ်နိုင်သမျှ ကာလပတ် လုံး နေပြည်တော်နှင့် အခြားမြို့များ၏ ပတ်ဝန်းကျင်တွင် “စိတ်ကူး ဗိမာန်ကြီး” ဘယ်နည်းနှင့်မျှ မဆောက်နိုင်၊ လုပ်ကိုင် သမျှ အချည်းနှီး ဖြစ်မည်ကား မလွှဲဧကန် ဖြစ်ပါသည်။

ဝန်ကြီးချုပ်သည် သူ့ဆင်ကြီးကို သူ ငါးနှစ်ကျော် ခြေက်နှစ် နီးပါး စီးလာရာ ဘာမဆို ကလနား မသတ်တတ်သည်မှာ ထင်ရှား နေပါပြီ။ သူ၏ဒဏ်ကို ငါတို့ အလူးအလှိမ့် ခံကြရတော့မှာပဲဟု အားလုံး တွေးတော ပူပန်ကြပေပြီ။ တောင်သူ လယ်သမား တို့သည် သူ၏ဒဏ်ကို ရှိခိုးပြီး ခံနေကြရချေပြီ။

မည်သူတို့မည်သို့ပင် ပြောဆိုစေကာမူ တိုင်းပြည်မှာ တိုးတက်တန်သရွေ့ တိုးတက်နေသည့် အခိုက်အခါမျိုးတွင် အခွင့် ကောင်း ယူကာ တိုင်းပြည် ငြိမ်ဝပ်ပိပြားရေးကိုသာ ဖိပြီး လုပ်သင့်ပါသည်။ သူ မလုပ်တတ်ပါ။ သူသည် သူနှင့်တကွ အခြား ခယ ဝပ်တွားသူတွေ ဘုန်းတော်ကြီးဖို့ အလုပ်တွေကို လုပ်ဖို့ မသင့်၊ တိုင်းပြည်က ကြည်ညိုခြင်းသည် “ဘုန်း” အစစ်ဖြစ်သည်ကို သူ မသိရှာပေ။ သူသည် ငြိမ်ဝပ်ပိပြားရေးကို ဦးစား မပေးတတ်ကြောင်းမှာ ထင်ရှားနေပါပြီ။

ဝန်ကြီးချုပ် နာမည်ကိုယူကာ ဘုရားဆုပန် မင်းယောကျာ်း အဖြစ် ကမ္ဘာအေးစေတီတွင် နောက်ပါ အခြွေအရံနှင့် သာသနာ လုပ်ငန်းဘက်သို့ အလေးတင်းပြီး လုပ်နေပါသည်။ သာသနာရေးကို ဝေဖန်သောသူကို အရူးဟု လက်ညှိုး ထိုးတတ်သော ပညာကို သူ အလွတ်ကျက်ထားပါသည်။ တကယ်မဂ်ဖိုလ်ကိုလိုလျှင် ဝန်ကြီးချုပ် ရာထူးမှချက်ချင်း “နုတ်ထွက်သင့် ပေပြီ” လက်တဖက်တွင် နိုင်ငံရေး အာဏာကို ကိုင်ပြီး အခြားတဖက်တွင် လောကုတ္တရာရေးတွင် သုံးစား နေရက်ခြင်းကား ဗလငါးတန် ခြတက်ခြင်းပင် ဖြစ်ပါသည်။

ယနေ့ ကျနော်တို့နှင့် ပက်ပင်းပါ ရင်ဆိုင်နေကြသော ကမ္ဘာ့အရေးအရဆိုလျှင် ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရသည် ကမ္ဘာပေါ်ရှိ အင်အားစုများ ပဋိပက္ခဖြစ်သည့်အခါ ကျနော်တို့ နိုင်ငံ တနိုင်ငံသည် နောက်ဆုံးတွင် အဖတ်တင်နိုင်ရန် ရွယ်ကိုးပြီး စစ်သား စုဆောင်းရန်၊ ကုန်ထွက်လုပ်ငန်း တိုးတက်ရေးကို ရှေးရှု “ဦးစားပေးကာ” လုပ်ကိုင်ရသောအခါ သို့ ရောက်နေပါပြီ။ လက်နက်စုခြင်းသည် ထာဝရငရဲဟုများ ဆိုမည်လားဟု တိုင်းပြည်က တထိတ်ထိတ် ဖြစ်နေကြပါ သည်။

သူသည်တကယ် ငြိမ်းချမ်းရေးကြီး ရနေဘိသည့်အလား၊ သူ့အကြိုက် စိတ်ကူးလုံး ကလေးတွေနှင့် ချိန်ခွင် တဖက် စောင်းကြီး ပြုရက်သောအခြေသို့ ရောက်နေသည်ကို မြင်ကြရပါပြီ။ မျက်စိ ဒေါက်ထောက် ကြည့်ကြစေလိုပါသည်။

ဝန်ချုပ်ရာထူးမှ နုတ်ထွက်ပါရစေဟု သုံးကြိမ်သုံးဖန် ဖဆပလ အမှုဆောင်များသို့ တောင်းပန်ရာ မထွက်ပါနှင့်ဟု တောင်းပန် သူများတွင် ကျနော် တဦး ပါဝင်ခဲ့ပါသည်။

မနုတ်ထွက်ပါနှင့်ဟု တောင်းပန်လေလေ၊ သူ၏ ဘဝရှင်မင်းတရားကြီး စိတ်ဓာတ် တင်းမာ လေလေဖြစ်ပါသည်။ ထိုသို့ ဆိုရခြင်းသည် အထင်လွဲခြင်းပင်လော၊ အထင်တည့်ခြင်းပင်လော တိုင်းပြည်က ဆုံးဖြတ်ရန် တင်ပြလိုပါသည်။

ဝန်ကြီးချုပ်သည် သူနှင့်ပလဲနံပ သင့်သူကိုသာ အစိုးရအတွင်း ထားလိုပါသည်။ ဖုတ်သက်ဝန်ကြီးကို အမြဲချင်ခြင်း တပ် လေ့ ရှိပါသည်။ တိုင်းပြည် ကောင်းစားရေးထက် ကိုကြီးနု မျက်နှာတော် ညိုမည်ကို ပိုပြီး ကြောက်သော သူကိုသာ လို ကြောင်းကို အမြဲ သူသည် ပြသလျက်ရှိပါသည် ဘဝရှင်မင်းတရားကြီး ဖြစ်လျှင် ထိုအပြုအမှုများမှာ မှန်ပါသည်။

ဒီမိုကရေစီ ဝန်ကြီးချုပ် ဆိုလျှင် သူသည် မှားနေကြောင်း ထင်ရှားစေရန် ပြသရခြင်း ဖြစ်ပါသည်။

သူ၏ သူငယ်ချင်းခေါက်ခေါက် ဖြစ်သော မစ္စတာ အမ်အေရာရှစ်ကို ဝန်ကြီးအဖွဲ့သို့ သူသွင်းရန် ကြံစည်စဉ် သူငယ်ချင်း အတွက် ဒေါနှင့်မောနှင့် ကာကွယ်ခဲ့ပါသည်။ ထိုအခါက အိန္ဒိယ သံအမတ်၏ ညီအရင်းကို ကက်ဘိနက်ထဲသို့ သွင်း ခြင်းကား မသင့်၊ သို့သော် ယနေ့မှာမူ အိန္ဒိယ သံအမတ်ကြီး ဒေါက်တာ ရော့ဖ် ဂျပန်ပြည်သို့ ပြောင်းသွားသဖြင့် လက်ခံ ထိုက်သော အခြေအနေသို့ ရောက်နေပါပြီ။

အလောင်းဘုရား မုဆိုးဘိုရွာက ထသည့်နေ့ကစပြီး ယနေ့အထိ ကိုယ့်ဖွားဖက်တော် ရဲဘော်ရဲဘက်ကိုမှ လူထင်သော ခေါင်းဆောင်များတွင် ယနေ့ဝန်ကြီးချုပ်သည် နံပါတ်တစ်ပင် ဖြစ်ပါသည်။ ရှေးက နယ်ချဲ့အင်္ဂလိပ်တို့သည် ရန်ကုန် လှေသင်း နှင့် ဂျင်မခါနာ ကလပ်မှနေ အုပ်ချုပ်သကဲ့သို့ ဝန်ကြီးချုပ်သည် ယနေ့ သူ့လူ ဖွားဖက်တော်များ၊ ဝသကာယများ၊ သူ၏ အဆဲခံများနှင့် တဖက်တွင်တိုင်ပင်ပြီး တဖက်တွင် သာသနာ့ရိပ်သာမှ အုပ်ချုပ်နေပါသည်။ ဖဆပလ အမှုဆောင်သည် ဇာတိမျှသာ တည်ရှိနေပါသည်။ ဖဆပလ သည် အုတ်နံရံ ပန်းချီကားကြီး ပမာသာ တည်ရှိ နေ၏၊ ငြင်းရဲကြ၏ လော”….။

အဲဒီလို ဝန်ကြီးချုပ် ဦးနု အပေါ်ရော၊ ဖဆပလ အဖွဲ့ကြီးရဲ့လုပ်ရပ်တွေအပေါ်ရော ဦးထွန်းဖေ က အကွက်ကျကျနဲ့ ရေး သား ထားတာကို ဖတ်ရပါတယ်။

ပထမ ပါလီမန်စနစ် ကာလတုန်းက လွှတ်တော်ဟာ ပြည်သူတွေ စိတ်ဝင်စားစရာ အကောင်းဆုံး နိုင်ငံရေး ကြွေးကြော် သံ တွေ ဖြစ်နေတယ်။ ဘတ်ဂျက် ဆွေးနွေးကြပြီဆိုရင် အတိုက်အခံတွေက အထူးသဖြင့် ကာကွယ်ရေး အသုံးစရိတ် ကို ဆွေးနွေးကြတာဟာ အလွန် နားထောင်လို့ ကောင်းပါတယ်။

သန့်ရှင်း ဖဆပလရော၊ တည်မြဲ ဖဆပလရော၊ ပမညတတွေရော လွှတ်တော်ထဲမှာ စည်ကားနေတာကြောင့် မြန်မာ နိုင်ငံ ရဲ့ လွှတ်တော်သမိုင်းမှာ အဲဒီကာလဟာ ပါလီမန်ထဲ ဒီမိုကရေစီ အထွန်းကားဆုံး ကာလလို့ ပြောနိုင်ပါတယ်။ ရေဒီယိုထဲကနေ လွှတ်တော်တွင်း ဆွေးနွေးတာတွေကို ပြည်သူက အားတက်သရော နားထောင်ကြတယ်။

ဝန်ကြီးချုပ် ဦးနု ရှင်းလင်းပုံတွေ၊ အတိုက်အခံ ပမညတတွေ၊ ဝိဒူရ သခင်ချစ်မောင် တို့၊ ဗိုလ်မြသွေးတို့ ပြောဆိုတာ တွေ၊ ဦးကျော်ငြိမ်း တို့၊ ဦးဘဆွေတို့၊ သခင်သာခင် တို့ရဲ့ ထောက်ပြ ဝေဖန်တာတွေဟာလည်း နိုင်ငံရေး သင်တန်း ကျောင်းမှာ ပို့ချချက်တွေကို နားထောင်ရသလို မှတ်သားဖို့လည်း ကောင်းလှတယ်။

ဒီကနေ့ လွှတ်တော်မှာ အဲဒီတုန်းက ပုံစံကို အတုယူကြရင် ကောင်းပါတယ်။ အဲဒီတုန်းက လွှတ်တော် အမတ်တွေဟာ ဝမ်းစာပြည့်ပြီးသား၊ နိုင်ငံရေး အတွေ့အကြုံ၊ လေ့လာမှုတွေရှိပြီးသား ဖြစ်တော့ နိုင်ငံကို တကယ်ပဲ ပြင်နိုင်၊ ခေါင်းဆောင် နိုင်တဲ့ သူတွေဖြစ်တာကြောင့် ပထမ ပါလီမန် ဒီမိုကရေစီ ခေတ်ဟာ အဆိုးရော အကောင်းပါ ရောနေ တယ်လို့ သုံးသပ်ရပါလိမ့်မယ်။ ။

စာရေးသူ ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။

]]>