လိုင်စင်မရှိဘဲ ပြည်ပခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေတာ၊ ခရီးသွားအေဂျင်စီအမည်ခံပြီး အလုပ်သမားစေလွှတ်တာ၊ ဥပဒေကို လက်တလုံးခြားဆောင်ရွက်နေတာတွေကြောင့် ပြည်ပခရီးသွားဝန်ဆောင်မှုအေဂျင်စီတွေကို မတ်လကစပြီး စပေါ်ငွေကျပ်သိန်း ၁၀၀ ကောက်ခံသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ နော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်။
ဒါ့အပြင် လိုင်စင်မရှိဘဲ ပြည်ပခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေသူတွေကို အရေးယူဖို့ အတွက်လည်း ဝန်ကြီးဌာနပေါင်းစုံပါဝင်တဲ့ ကော်မတီတခုဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ နော်ပန်းသဉ္ဇာမျိုးက ဆိုပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဇော်နောင်လင်း