ထိုင်း – မြန်မာ နယ်စပ်မှာရှိတဲ့ မြဝတီမြို့ဟာ သောင်းနဲ့ချီတဲ့ ပြည်တော်ပြန်တွေကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်ပေါ်နေပါတယ်။
ထိုင်းနိုင်ငံက ပြန်လည်ဝင်ရောက်လာကြတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေဆီက တဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှာကို စိုးရိမ်နေကြသူတွေရှိသလို နယ်စပ်ပိတ်လိုက်တဲ့အတွက် စားဝတ်နေရေးအဆင်မပြေမှုတွေကို စိုးရိမ်နေကြသူတွေလည်း ရှိနေပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် Positive တွေ့ရှိသူ ၁၀ ဦး ရှိနေပြီး အဲဒီအထဲက တဦးဟာ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်မှာ မြဝတီမြို့ကတဆင့် ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတဦး ဖြစ်ပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာကြတဲ့ သောင်းချီတဲ့မြန်မာလုပ်သားတွေကို သူတို့ရဲ့နေအိမ်တွေမှာ ၁၄ ရက် စောင့်ကြည့်နေထိုင်စေခြင်းဟာ အထူးဂရုပြုဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် ဖြစ်လာပါပြီ။
အင်တာဗျူး – အောင်သီဟ
ရိုက်ကူး/တည်းဖြတ် – ဇော်နောင်လင်း
#IRWLaborRights #အလုပ်သမားအခွင့်အရေး