သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်အတွင်းမှာရှိတဲ့ လေးဧက ပတ်လည်ကျယ်တဲ့ ခြံဝန်းအတွင်းမှာ ဟိမဝန္တာဝက်ဝံတကောင်ဖမ်းမိခဲ့ပါတယ်။
အဲဒီဝက်ဝံဟာ ရပ်ကွက်အတွင်းက ပြည်သူတွေကို အန္တရာယ်ပေးတာမျိုးတွေမရှိပေမယ့် လူခြေတိတ်ချိန် ညဘက်တွေမှာ နေအိမ်တွေကိုဝင်ရောက်မွှေနှောက် ရှာဖွေစားသောက်တာတွေတော့ ရှိတယ်လို့ သိရပါတယ်။
ဧပြီလ ၂၇ ရက်နေ့၊ ညနေ ၃:ဝဝ နာရီခန့်မှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေပူးပေါင်းကာ ဟိမဝန္တာဝက်ဝံကိုဖမ်းဆီးခဲ့တာဖြစ်ပြီး ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ခေါ်ဆောင်သွားပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဝေနှင်းထွဋ်