မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်ပိုင်ရှင်များအနေဖြင့် တိုင်းအစိုးရ၏ ကိုဗစ်နိုင်တင်း ထိန်းချုပ်ရေး ဖြေလျှော့မှု ကန့်သတ်ချက်များတွင် ပြန်လည်ဖွင့်လှစ်ခွင့်ပေးမည့် အချိန်မပါရှိသည့်အတွက် ပြန်ဖွင့်လှစ်ရောင်းချခွင့်ပေးမည့်အချိန်ကို သိချင်နေကြသည်။ ကိုဗစ်နိုင်တင်း ကူးစက်ခံလူနာအများဆုံးဖြစ်နေသည့် ရန်ကုန်မြို့တွင် လက်ဖက်ရည်ဆိုင်များကို ကန့်သတ်ချက်များဖြင့် ဖွင့်လှစ်ရောင်းချခွင့်ပေးလျက်ရှိနေသည့်အတွက် မန္တလေး လက်ဖက်ရည်ဆိုင်ပိုင်ရှင်များကလည်း စီးပွားရေးလိုအပ်ချက်အရ ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ကို ရချင်နေကြသည်။
ရိုက်ကူး- ဇော်ဇော်