ထိုင်းနိုင်ငံကနေ ပြည်တော်ပြန်လာကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းကားသမားတွေက ကားခ ပိုတောင်းတာ၊ မဲဆောက်နယ်စပ်ဂိတ်အထိ ပို့မပေးဘဲ လမ်းမှာ ချထားခဲ့တာ၊ ကုန်ပစ္စည်းတွေ ပျောက်ဆုံးတာ၊ စစ်ဆေးရေးခ၊ လမ်းကူးခ အမည်တပ်ပြီး ငွေကြေးထပ်မံတောင်းခံတာတွေ ရှိနေတယ်လို့ ကာယကံရှင်တွေနဲ့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေ သူတွေထံက သိရပါတယ်။
မေလ ၂၂ ရက်ကနေ ဇွန်လ ၃၀ ရက်အထိ ထိုင်း – မြန်မာ နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ နေရပ်ပြန်အစီအစဉ် ပြီးဆုံးသွားခဲ့ပြီးတဲ့နောက် ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်လာကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ အခုလို အခြေအနေတွေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်ကနေ ဇူလိုင်လ ၇ ရက်အထိ ထိုင်း – မြန်မာ နယ်စပ်ဂိတ်၊ မြ၀တီလမ်းကြောင်းကတဆင့် ပြည်တော်ပြန်လာကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေဟာ ၈၂၀၀၀ ကျော်ရှိပြီဖြစ်ပါတယ်။
ရိုက်ကူး – ငြိမ်းငြိမ်း
တည်းဖြတ် – ဇော်နောင်လင်း
#IRWLaborRights #အလုပ်သမားအခွင့်အရေး