ကိုဗစ်ကာလမှာ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကျောင်းသားဟောင်းတွေကို ဖုန်းနဲ့ ကျောင်းအပ်ခွင့် ပေးမှာဖြစ်တယ်လို့ အင်းစိန်မြို့နယ် အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီမြင့်က ပြောဆိုပါတယ်။
ဇူလိုင်လ ၁၃ ရက်ကနေ ၁၇ ရက်နေ့အထိ အထက်တန်းအဆင့် ကျောင်းအပ်နှံရေးကို စတင်လက်ခံမှာ
ဖြစ်ပြီး အလယ်တန်းတွေကိုတော့ ဇူလိုင် ၂၇ ကနေ ၃၁ရက်နေ့အထိ လက်ခံမှာဖြစ်ပါတယ်။
ရန်ကုန်မြို့ အင်းစိန်မြို့နယ် အ.ထ.က(၁) ကျောင်းမှာ အထက်တန်းအဆင့် ကျောင်းသားတွေကို ၂သုတ်ခွဲ သင်ကြားပေးမှာ ဖြစ်ပြီး အလယ်တန်းအဆင့် ကျောင်းသားတွေကိုတော့ ၃သုတ်ခွဲ သင်ကြားပေးမှာ ဖြစ်ပါတယ်။
ရိုက်ကူး/ တည်းဖြတ်- အဲမလီ