၂၀၁၁ ခုနှစ်က တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နားချမ်းဒေသက ကချင်ဒေသခံတွေ ကာလိုင်နဲ့ KBC စစ်ရှောင်ဒုက္ခသည်စခန်းတွေမှာ နေထိုင်လာရတာ ၈ နှစ် ရှိနေပါပြီ။
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းလောက်က တိုက်ပွဲတွေ ပြန်ဖြစ်လာလို့ မူရင်းကျေးရွာတွေမှာ စိုက်ပျိုးရေး သွားရောက်လုပ်ကိုင်နေသူတွေကလည်း စစ်ရှောင်စခန်းဆီကို တဖန် ပြန်ပြေးလာရပြန်ပါတယ်။
တပ်မတော်ဘက်နေ သြဂုတ်လကုန်အထိ အပစ်ရပ်ထားကြောင်း ထုတ်ပြန်ကြေညာခဲ့ပေမယ့် နားချမ်းဒေသက ပြည်သူတွေဟာ တိုက်ပွဲဒဏ်ကို ခံနေရဆဲ ဖြစ်ပါတယ်။
တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား ၂၀၁၁ ခုနှစ်က စပြီး ဖြစ်ပွားလာခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက အရပ်သား ၁ သိန်းကျော် ထွက်ပြေးရပြီး စစ်ဘေးရှောင်ဒုက္ခသည်စခန်း ၁၆၀ ကျော်မှာ ခိုလှုံနေရပါတယ်။
အင်တာဗျူး – နန်းလွင်နှင်းပွင့်
ရိုက်ကူး/တည်းဖြတ် – ဇင်မိုးဝါ
#IRWPeace&Ethnic# See Less