အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် (ILO) ၏ အုပ်ချုပ်ရေးအဖွဲ့ (Governing Body) ၂၀၂၁-၂၀၂၄ ခုနှစ် သက်တမ်းအတွက် အလုပ်သမား အစုအဖွဲ့ ကိုယ်စားပြု၍ Deputy Member အဖြစ် မြန်မာနိုင်ငံမှ အရွေးချယ်ခံခဲ့ရသည်။
ILO အုပ်ချုပ်ရေးအဖွဲ့၏ သုံးနှစ် သက်တမ်းအတွက် အလုပ်သမား ကိုယ်စားလှယ် အစုအဖွဲ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) ၏ လက်ထောက် အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုး အရွေးခံခဲ့ရခြင်း ဖြစ်သည်။ ထိုကဲ့သို့ ရွေးချယ်ခံရမှု အခြေအနေနှင့် လက်ရှိနိုင်ငံအခြေအနေအရ မည်ကဲ့သို့ ကိစ္စရပ်များကို ပြုလုပ်မည်ကို သိရှိနိုင်ရန် ဧရာဝတီက ဒေါ်ဖြိုးစန္ဒာစိုးနှင့် ဆက်သွယ်မေးမြန်းထားပါသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup