• English
Monday, July 14, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မဘသကို နားလည်မှုလွဲခြင်း

by Matthew J Walton
14 July 2017
in ဆောင်းပါး
A A
မန္တလေးမြို့ မနက်ခင်းတွင် ဆွမ်းခံထွက်နေသော ရဟန်းတပါး / Reuters

မန္တလေးမြို့ မနက်ခင်းတွင် ဆွမ်းခံထွက်နေသော ရဟန်းတပါး / Reuters

12.6k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း မြန်မာနိုင်ငံအနေဖြင့် ဗုဒ္ဓဘာသာ အမျိုးသားရေး ဝါဒီများနှင့် တက်ကြွ လှုပ်ရှား သည့် အဖွဲ့များ၊ တရားဝင်တားမြစ်မှုများ၊ အမိန့်ကို ဖီဆန်သော လူထုအစည်းအဝေးများ၊ အဖွဲ့ခွဲများဖွဲ့စည်းခြင်း နှင့် အမည် အမှတ်တံဆိပ် ပြောင်းလဲခြင်းများနှင့် ပတ်သက်သော နားလည်ရန် ခက်သည့် လှုပ်ရှားမှုနှင့် သတင်းများကို အများအပြား ကြုံတွေ့ခဲ့ရသည်။

ပြီးခဲ့သည့် နှစ် အနည်းငယ်အတွင်း ပြဿနာတခု အနေဖြင့် အမြဲရှိခဲ့ပြီး အစိုးရမှ တရားဝင် ထုတ်ပြန်ကြေညာမှုများက အင်အားနည်းပြီး ပြည့်စုံမှု မရှိသည့်အချိန်တွင် ပြည်တွင်း ပြည်ပမီဒီယာ သတင်းများက လွဲမှားနေသော အခြေအနေ၏ အခြေခံအချက်များနှင့် ရွေ့လျားမှုများကို ရရှိရန် ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ ပြုလုပ်ခြင်းမှာ စာနယ်ဇင်းတို့ လိုက်နာရမည့် ဖြောင့်မတ်မှု အတွက်သာ မဟုတ်ဘဲ တိုင်းပြည်တွင် အကြိမ်ကြိမ်ပေါ်ပေါက်နေသော ဘာသာရေးအရ တင်းမာမှုများနှင့် ပဋိပက္ခများကို တုန့်ပြန်ရာတွင် ကျင့်သုံး၍ရနိုင်သည့် မူဝါဒ ချဉ်းကပ်မှုများ အတွက်လည်း ဖြစ်သည်။

RelatedPosts

မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
250
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

12 July 2025
2.7k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

12 July 2025
2.4k

မြန်မာနိုင်ငံတွင် “ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒ” ကြီးထွားလာမှုအပေါ် ချဉ်းကပ်မှုအသစ်တမျိုး လိုအပ်နေပါသည်။ အကြောင်းမှာ အချို့အဖွဲ့အစည်းများက သူတို့အားထုတ်မှုများကို အမျိုးသားရေးအတွက် လှုပ်ရှားမှုအဖြစ် ပွင့်ပွင့်လင်းလင်း အသိအမှတ်ပြုနေကြပြီး အချို့က ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်ရေးသို့ ပို၍ အလေးပေးကြသည်။ ကျနော်တို့ အဖြေင့် ထို ၂ ခုကြားတွင် ခွဲခြားသိမြင်နိုင်ရန် လိုအပ်ပါသည်။

ချဉ်းကပ်မှု အသစ် အနေဖြင့် ဗုဒ္ဓဘာသာနှင့် အမျိုးသားရေး အဖွဲ့အစည်းများအတွင်းမှ ခြားနားမှုများနှင့် ပြောင်းလဲမှုများကို သတိပြုမိရန် လိုအပ်ပါသည်။ လက်ခံနိုင်ဖွယ်ရာ မဟုတ်သည့် မွတ်ဆလင် ဆန့်ကျင်ရေး ပဋိပက္ခများနှင့် ခွဲခြားဆက်ဆံမှုများနှင့် တွန်းတင်ထားသော စိတ်ဆန္ဒများက ပိုမို၍ လက်ခံနိုင်ဖွယ်ရာ ဖြစ်သည့် ဘာသာရေးနှင့် လူမှု အသိုင်းအဝိုင်း တည်ဆောက်မှုများဖြင့်လည်း ဆက်နွယ်နေသည်ကိုလည်း အသိအမှတ်ပြုရမည် ဖြစ်သည်။

လတ်တလော အဖြစ်အပျက်များကို အစဉ်အတိုင်း အတိုချုပ်၍ ပြန်လည် ဖော်ပြပါမည်။ ဧပြီနှင့် မေလများအတွင်း အမျိုးသားရေးဝါဒီဟု ကိုယ့်ကိုယ်ကိုယ်ဖော်ပြထားသော သာမာန်လူနှင့် ဘုန်းတော်ကြီး အချို့ကို အမှုဖွင့် ရုံးတင်စစ်ဆေးခြင်းက ဆန္ဒပြမှုများကို ဖြစ်ပေါ်စေခဲ့သည်။ အဆိုပါဖြစ်ရပ်များက ရန်ကုန်မြို့မှ ဗုဒ္ဓဘာသာအဖွဲ့များနှင့် လူပုဂ္ဂိုလ်များ၏ ဥပဒေအရ တာဝန်ရှိသူများသဖွယ် ပြုလုပ်ခဲ့သော လုပ်ရပ်များနှင့် ဆက်သွယ်နေသည့် အသွင်ရှိပါသည်။

ထိုသို့ အဖြစ်များထဲတွင် မေလ ၉ ရက်နေ့က သာကေတမြို့နယ်မှ အစ္စလမ် ဘာသာရေးကျောင်းများကို ပိတ်ပစ်ခြင်းနှင့် ဧပြီလ ၂၈ ရက်နေ့က မင်္ဂလာတောင်ညွှန့် မြို့နယ်တွင် ပုဂ္ဂလိက နေအိမ်အတွင်းသို့ ကျူးကျော် ဝင်ရောက်၍ တရားမဝင် နေထိုင်သူများကို ရှာဖွေခြင်းတို့လည်း အပါအဝင် ဖြစ်သည်။

ဒေသဆိုင်ရာ အာဏာပိုင်များက ကျူးလွန်သူများကို အရင်ကထက် လျှင်မြန်စွာ အရေးယူခဲ့ပြီးနောက် နေပြည်တော်၌ နောက်ထပ် ဆန္ဒပြပွဲတခု ပေါ်ပေါက်လာခဲ့ပြီး သာသနာရေး ဝန်ကြီးဌာန ဝန်ကြီး သူရ ဦးအောင်ကို ရာထူးမှ နုတ်ထွက် ပေးရန် တောင်းဆိုခဲ့ကြသည်။

အဆိုပါ ဖြစ်ရပ်များအားလုံးသည် မေလ ၂၇ -၂၈ ရက်များတွင် ကျင်းပရန် စီစဉ်ထားသော မဘသ ဟု သိကြသည့် အမျိုး ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့၏ ၄ ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံ မတိုင်မီတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါ သည်။ သို့သော်လည်း မဘသ အဖွဲ့၏ ညီလာခံ မကျင်းပမီ မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာ ဆိုင်ရာ တရားဝင် အာဏာပိုင် အဖွဲ့အစည်း ဖြစ်သော မဟန ဟု အတိုကောက်ခေါ်သည့် နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့က မေလ ၂၃ ရက် နေ့တွင် မဘသ အဖွဲ့နှင့် ပတ်သက်သည့် တရားဝင် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

၂၀၁၇ ခုနှစ် မေလ ရန်ကုန်တွင် ကျင်းပသော မဘသ သံဃာတော်များ တက်ရောက်သည့် အစည်းအဝေး

အဆိုပါ ကြေညာချက်ကို မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ အမျိုးသားရေး ဝါဒနှင့် အဖွဲ့၏ အခြားသော ဆောင်ရွက်မှုများက ပြဿနာ ဖြစ်စေနိုင်သည့်အတွက် မဘသ အဖွဲ့အား “ပိတ်ပင်တားမြစ်ချက်”အဖြစ် အများစုက မှားယွင်း နားလည်ခဲ့ကြ သည်။ သတင်းဖော်ပြခဲ့ကြသည်။ အဆိုပါကြေညာချက်တွင် သံဃာ့အဖွဲ့အစည်း ဥပဒေနှင့် သံဃာ့အဖွဲ့ အစည်းဆိုင်ရာ စည်းကမ်းများမှ အပိုဒ် အများအပြားကို ကိုးကားဖော်ပြထားပြီး မဘသသည် အဆိုပါ စည်းကမ်းချက်များနှင့် အညီ ဖွဲ့စည်းခဲ့ခြင်း မဟုတ်ကြောင်း ကြေညာခဲ့သည်။

မဘသ အဖွဲ့ သို့မဟုတ် အဖွဲ့နှင့် ပတ်သက်နေသော သူများသည် လက်ရှိသုံးစွဲနေသော အမည်အပြည့်အစုံကို သုံးစွဲခွင့် မရှိကြောင်းနှင့် နိုင်ငံတဝန်းမှ အဖွဲ့၏ ဆိုင်းဘုတ်များကို ဇူလိုင်လ ၁၅ ရက်နေ့ မတိုင်မီ ဖြုတ်ချရန်လည်း ကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဗုဒ္ဓဘာသာ အာဏာပိုင်များ နှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့က အရေးယူဆောင်ရွက်ရန်လည်း ခွင့်ပြုထားသည်။

ကြေညာချက်တခုလုံးတွင် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့၏ ယခင်က ထုတ်ပြန်ချက်အချို့နှင့် အလားတူသော စကားလုံးများကို သွယ်ဝိုက်၍ သုံးစွဲထားသည်။ ၂၀၁၃ ခုနှစ် စက်တင်ဘာလက ထုတ်ပြန်ခဲ့သော ၉၆၉ သင်္ကေတကို နိုင်ငံ ရေးအတွက် အသုံးပြုခြင်းမှ တားမြစ်ချက်နှင့် ၂၀၁၆ ခုနှစ် ဇူလိုင်လက ထုတ်ပြန်ခဲ့သော မဘသသည် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ မူဝါဒများနှင့် အညီ ဖွဲ့စည်းခဲ့ခြင်း မဟုတ်ကြောင်း ဖော်ပြထားသည့် ကြေညာချက်များ အပါ အဝင် ဖြစ်သည်။ အဆိုပါ ကြေညာချက်များသည် တိုက်ရိုက်ရင်ဆိုင်ခြင်း မဟုတ်ဘဲ စည်းကမ်းပိုင်းမှ အရေးယူဆောင် ရွက်မှုပြုရန် အားထုတ်ထားသည့် အသွင်ရှိသော ကြေညာချက်များ ဖြစ်ကြသည်။

နောက်ဆုံး ထုတ်ပြန်ခဲ့သည့် ကြေညာချက်အပါအဝင် မည်သည့် ကြေညာချက်တွင်မှ သက်ဆိုင်ရာ ၉၆၉ နှင့် မဘသ အဖွဲ့များ၏ ရည်ရွယ်ချက်များ၊ လှုံ့ဆော်မှုများ သို့မဟုတ် ဆောင်ရွက်မှုများနှင့် ပတ်သက်သည့် မှတ်ချက်များ မပါဝင်ခဲ့သလို အတိအလင်း တားမြစ်ပိတ်ပင်မှုများလည်း ပါဝင်ခြင်း မရှိခဲ့ပါ။

မဘသ ခေါင်းဆောင်ပိုင်းက သူတို့ကစားနေခဲ့သည့် ကစားပွဲကို နားလည်ကြသည့် ပုံရှိပါသည်။ အဖွဲ့၏ ထိပ်တန်းတာဝန်ရှိ သူ ၂ ဦးက သံဃမဟာ နာယက အဖွဲ့ဝင်များ၏ ရှေ့တွင် လက်မှတ်ထိုးခဲ့ကြသည်။ ထို့နောက် အစီအစဉ် ပြောင်းလဲ လိုက်သည့် ညီလာခံတွင် မဘသ အဖွဲ့က အဖွဲ့၏ နာမည်ကို ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းဟု အလျှင်အမြန် အမည်ပြောင်းလဲလိုက်ကြသည်။

မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာဆိုင်ရာ အာဏာပိုင်အဖွဲ့ဖြစ်သော မဟနကို နားလည်မှု လွဲမှားကြလေ့ရှိသည်။ အဖွဲ့ဝင် သံဃာ တော် ၄၇ ပါးမှာ သူတို့၏ ပညာတတ်မြောက်မှု သို့မဟုတ် တရားဓမ္မ ဟောပြောမှုများကြောင့် လေးစားကြည်ညိုမှု ခံရသူ များ ဖြစ်ကြသော်လည်း ယခင်စစ်အစိုးရ၏ ရာဘာတံဆိပ်တုံး တခုအဖြစ် မဟနကို အများက ယူဆကြသည်။

ပိုမို၍ ယေဘုယျကျစွာ ဆိုရလျှင် မဟနကို အစိုးရ၏ လက်ရုံးတဘက်အဖြစ် မြင်ကြသည်ဟု ဆိုနိုင်ပါသည်။ အဓိပ္ပါယ်မှာ မဟန အဖွဲ့သည် အာဏာရှိသူ မည်သူကမဆို တင်းကျပ်စွာ ချုပ်ကိုင်ခြင်း၊ ဖိအားပေးခြင်းကို ခံရသော ရှေးရိုးစွဲ အဖွဲ့ အစည်းတခု ဖြစ်သည်။ များသောအားဖြင့် အာဏာ အသုံးပြုခြင်းအစား တည်ငြိမ်သည့် လက်ရှိအနေအထားကို ထိန်းသိမ်းရေး လမ်းကြောင်း ချမှတ်ပေးထားသည့် အဖွဲ့အစည်း ဖြစ်သည်။

ထို့ပြင် အဖွဲ့၏ အဓိက အကျိုးဆောင်မှုမှာ ဗုဒ္ဓဘာသာ၏ ပုံရိပ်ကို ကာကွယ်ရေး ဖြစ်သည်။ ထိုသို့သော အမြင်မှ ကြည့်မည် ဆိုလျှင် မဟန အဖွဲ့၏ လတ်တလောဆောင်ရွက်မှုများက အနုတ်သဘောဆောင်သော မဘသနှင့် ကွဲပြားရေးအတွက် ဖြစ်သည်ကို နားလည်နိုင်မည် ဖြစ်သည်။

မဘသနှင့် ပတ်သက်ပြီး နိုင်ငံတော်သံဃမဟာနာယက၏ ကြေညာချက်ကို ဖတ်အပြီး ဦးဝီရသူ ဟောပြောစဉ်

မဟန အဖွဲ့က မဘသကဲ့သို့ အဖွဲ့အစည်းများနှင့် ပိုမို၍ ထိပ်တိုက်ဖြစ်စေမည့် ကိစ္စများကိုလည်း နည်းလမ်းအမျိုးမျိုးဖြင့် ရှောင်ရှားခဲ့သည်။ ပထမဆုံးမှာ သံဃာအဖွဲ့အစည်းကို ပြိုကွဲစေနိုင်မည့် အရေးယူဆောင်ရွက်မှုမှန်သမျှ အလွန် သတိ ကြီးစွာနှင့် ပြုလုပ်ရသည်။ သံဃာ ဂိုဏ်းကွဲခြင်းကို ဗုဒ္ဓက တင်းကျပ်စွာ တားမြစ်ခဲ့သည်။

သို့သော်လည်း ပို၍ အရေးကြီးသည်မှာ မဟနသည် မဘသကို အတိအလင်း စိန်ခေါ်ရန် အများစု ထောက်ခံမှု မရရှိခြင်းကလည်း တနည်းအားဖြင့် အဖွဲ့အတွက် ခြိမ်းခြောက်မှုဖြစ်သည်။

မဘသ အဖွဲ့က ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ထောက်ခံမှု ရရှိနေသည်သာမက ခေါင်းဆောင်များကလည်း အင်းစိန် ရွာမ ဆရာတော်ကဲ့သို့ လေးစားကြည်ညိုသူ များပြားသည့် ဘုန်းတော်ကြီးများ ဖြစ်နေသည်။ အင်းစိန် ရွာမ ဆရာတော်က မဟန အဖွဲ့ဝင် ဆရာတော်အများစုထက် လေးစားကြည်ညိုသူ ပိုမိုများပြားသည့် သံဃာတော် ဖြစ်သည်။

မီဒီယာ သတင်းများ သို့မဟုတ် လေ့လာသူသုံးသပ်သူများက ပေါ့ပေါ့တန်တန်ဖြင့် မဘသအဖွဲ့ကို ပြည်သူလူထု၏ အမြင်တွင် ဦးဝီရသူကဲ့သို့သော ဘုန်းတော်ကြီးနှင့် တတန်းတည်း ထပ်တူ သပ်မှတ်ကြခြင်းက အမှားအယွင်းတခု ဖြစ်သည်။ မဘသ အဖွဲ့၏ သဘောသဘာဝနှင့် ပတ်သက်၍ ဆက်လက် နားလည်မှု လွဲမှားနေရသည့် အကြောင်းရင်းမှာလည်း ထိုအချက်ပင်ဖြစ်ပါသည်။

သို့သော်လည်း မဘသအဖွဲ့မှ လူပုဂ္ဂိိုလ်နှင့် သံဃာတော် အချို့က ပြဿနာ ဖြစ်စေနိုင်သည့် မွတ်ဆလင်ဆန့်ကျင်ရေး အမြင်များ ထုတ်ဖော်ပြသခြင်း မရှိဟု ဆိုလိုခြင်း မဟုတ်ပါ။ မဘသအဖွဲ့ကို ထောက်ခံသူ အများအပြား၏ အမြင်က ထိုသို့ မဟုတ်ပါ။

မဘသ စတင်တည်ထောင်ခဲ့သည့် အချိန်မှ စ၍ မဘသနှင့် အလားတူ အဖွဲ့များသည် နားလည်မှု လွဲနေသော မီဒီယာ သတင်းများ၏ အကြောင်းအရာများ ပုံမှန် ဖြစ်လာခဲ့ရသည်။ ထိုသို့ ဖြစ်ရခြင်း၏ အကြောင်းတခုမှာ မဘသ တည်ရှိမှု၏ မျက်မြင် အခြေအနေနှင့် ရေပန်းစားမှုက အမှန်တကယ် ဖြစ်သည်နှင့် ကွာခြားနေပုံရစေချင်သော စာနယ်ဇင်းသမားများနှင့် အခြား (များသောအားဖြင့် ပြည်တွင်းမှ သို့မဟုတ် နိုင်ငံတကာမှ) ဝေဖန်ရေးသားသူများ၏ စိတ်စေတနာကြောင့် တပိုင်း ဖြစ်ပါသည်။

အသေးအမွှားကိစ္စတိုင်းတွင် မီဒီယာသတင်းများက မဘသ သို့မဟုတ် ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီများ၏ နှောက်ယှက် မှုဟု ဖော်ပြနေခြင်းက ဖြစ်စဉ်၏ သဘောတရားကို အမှန်တကယ် နားမလည်နိုင်ခြင်း သို့မဟုတ် နားလည်ရန် ဆန္ဒမရှိခြင်းကို ဖော်ပြနေသည်။

ရိုးရှင်းစွာဆိုရရင် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင် အများစုက သူတို့ ဘာသာ၏ ကံကြမ္မာအတွက် အမှန်တကယ်ပင် ရတက်မအေးကြပါ။ ထိုသောကက အစ္စလမ်ဘာသာနှင့် မွတ်ဆလင်များဆီသို့ မရေမရေဖြင့် ဦးတည် သွားလေ့ရှိကြ ပါသည်။ တခါတရံတွင် မှားယွင်းသော သတင်း အချက်အလက်များမှ တဆင့် ဖြစ်သည်။

မဘသနှင့် အခြားသော အဖွဲ့အစည်းများအား လူသိများစေသော အဆိုပါကြောက်ရွံ့မှုများကို မည်သည့်အရာက ဖန်တီးနေသည် ဆိုခြင်းကို ပိုမိုကောင်းမွန်စွာ နားလည်ရန် လိုအပ်ပါသည်။ ဘုန်တော်ကြီးများနှင့် ဘာသာရေးခေါင်းဆောင်များက ဗုဒ္ဓဘာသာကို ကာကွယ်ရေးနှင့် ပတ်သက်၍ ငြိမ်းချမ်းသော၊ ခြုံငုံမိသော အကြောင်းအရာများကို ရှင်းလင်းစွာ ပြောကြားပေးရေး အားပေးရန်လည်း လိုအပ်ပါသည်။ စနစ်တကျ ဝေဖန်ပိုင်းခြားခြင်း မပြုဘဲ အားလုံးကို ခြုံ၍ “အစွန်းရောက်များ” “မျက်ကန်း မျိုးချစ်များ” စသည့် မီးလောင်လွယ်သော အသုံးအနှုန်းများ သုံးစွဲခြင်းက လှုံ့ဆော်မှုများ၊ လှုပ်ရှားမှုများနှင့် အရှုပ်အထွေး တခုကို မရေမရာ ပံ့ပိုးပေးနေရုံ ဖြစ်သည်။

ကြောက်ရွံ့မှုက လှုံ့ဆော်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ထောက်ခံမှုများနောက်ကွယ်ကို စဉ်းစားခြင်းဖြင့် မဘသ အပေါ်လေ့လာသုံးသပ်မှုများက အဖွဲ့ တည်ရှိမှု၏ အရေးအကြီးဆုံး ဖြစ်ဖွယ်ရာရှိသော ရှုထောင့်များကို ဆက်လက်၍ ဥပေက္ခာပြုနေသည်။ ဗုဒ္ဓဘာသာအပေါ် ပြင်ပမှ ခြိမ်းခြောက်မှုများ ရှိနေသည်ဆိုသည့် အကြောင်းနှင့် အတူ ဗုဒ္ဓဘာသာဝင်များအတွင်း ယုံကြည်မှုနှင့် လိုက်နာကျင့်သုံးမှုများ အားနည်းနေခြင်းက ဗုဒ္ဓဘာသာကို အင်အားနည်းစေသည်ဟု ဗုဒ္ဓဘာသာ ခေါင်းဆောင် အများအပြားက ယူဆနေခြင်းများလည်း ရှိနေသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် အတိတ်က ပေါ်ပေါက်လေ့ရှိသည့်အတိုင်း ပြည်တွင်းတွင် အားကောင်းစေရန်နှင့် ဗုဒ္ဓဘာသာ ယုံကြည်မှုနှင့် အဖွဲ့အစည်းများ နက်ရှိုင်းခိုင်မာစေရန် ဦးတည်သော အဖွဲ့များ မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် ပေါ် ပေါက်လာစေခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်းက မဘသအဖွဲ့ကို ဦးဝီရသူကဲ့သို့ အများအာရုံစိုက်မှုကို လိုချင်သူများ၊ အမုန်းစကားဖြန့်ဖြူးသူများအဖြစ် မြင်ကြသော်လည်း မြန်မာပြည်တလွှားမှ ပြည်သူ အများအပြား (အများစုပင်ဖြစ်နိုင်ပါ သည်) က မဘသအဖွဲ့ကို သူတို့ နယ်မြေခံများ၏ ဆောင်ရွက်မှုများ၊ အဖွဲ့ခွဲများမှ တဆင့်သာ မြင်ကြသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ရန်ကုန်တွင် မဘသ သံဃာတော်များ စုဝေး အင်အားပြခဲ့စဉ်

“ရိုဟင်ဂျာ” ဆန့်ကျင်ရေး ဆန္ဒပြမှုများနှင့် မျိုးစောင့်ဥပဒေ ၄ ခုကို ထောက်ခံသည့် လှုပ်ရှားမှုများက ပြီးခဲ့သည့် နှစ် အနည်းငယ်အတွင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော မဘသနှင့် ဆိုင်သည့် သတင်းများတွင် လွှမ်းမိုးခဲ့သော်လည်း မဘသ အဖွဲ့က ၎င်း၏ထောက်ခံမှုများကို ဗုဒ္ဓဘာသာ ဓမ္မစကူးလ်များ၊ စေတနာ့ ဝန်ထမ်းအဖွဲ့များ၊ ဥပဒေ အကြံပေးခြင်းများ၊ ကယ်ဆယ်ရေး ဆောင်ရွက်မှုများ၊ အလှူဒါနပြုခြင်းများနှင့် အခြားသော အသိုင်းအဝိုင်း အခြေပြု လုပ်ငန်းများမှတဆင့် တည်ဆောက်ရယူနိုင်ခဲ့သည်။

ကိစ္စအများအပြားတွင် မဘသ၏ တရားဝင် ဆောင်ရွက်မှုများ မဟုတ်သော်လည်း သူတို့က ဒေသတွင်းတွင် စုစည်းနိုင်ခဲ့ပြီး မဘသ၏ ကျယ်ပြန့်သော အမှတ်တံဆိပ်ဖြစ်သော ဗုဒ္ဓဘာသာ ကာကွယ်ရေးနှင့် ဖြန့်ဖြူးရေး အစီအစဉ်များသို့ အထောက် အပံ့ဖြစ်စေခဲ့သည်။ အဆိုပါ လုပ်ဆောင်ချက်အများအပြားက မြန်မာဗုဒ္ဓဘာသာဝင် အများစု၏ အမြင်တွင် ကြိုဆိုဖွယ်ရာ ဖြစ်သည်သာမက ၎င်းတို့သည့် လူမှုဝန်ဆောင်မှု ပရဟိတ ဦးစားပေးသည့် အဖွဲ့အစည်းမှန်သမျှက ထိုသို့ပြုလုပ်ရန် အားပေးသည့် အရာများ သဖွယ်လည်း ဖြစ်ခဲ့သည်။

ဝမ်းနည်းဖွယ်ရာ ကောင်းသည်မှာ မဘသကို ထောက်ခံခြင်းများသည် အမျိုးသားရေး ဝါဒီခေါင်းဆောင်များက မသိနားမလည်သော၊ စီးပွားရေး အဆင်မပြေသော ကျေးလက်ပြည်သူများကို ကြိုးကိုင်အမြတ်ထုတ်ခြင်းမှ ဖြစ်ပေါ်လာသည်ဟု မြန်မာနိုင်ငံ၏ နိုင်ငံရေး အသိုင်းအဝိုင်းမှ အချို့က ယူဆမှုများ ဆက်လက်ရှိနေသည်။ အမျိုးသားရေး အဖွဲ့အစည်း အချို့က နေပြည်တော်တွင် မေလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့သော ဆန္ဒပြပွဲနှင့် ပတ်သက်၍ သာသနာရေး ဝန်ကြီး သူရ ဦးအောင်ကိုက “ ဒီလို ဆန္ဒုပြပွဲမျိုးမှာ ပါဝင်ဖို့ အတွက် ပိုက်ဆံက လူတွေအတွက် တခုတည်းသော လှုံ့ဆော်မှုပဲ။ အထူးသဖြင့် အောက်ခြေ လူတန်းစားတွေ” ဟု ပြောကြားခဲ့သည်။

အကယ်၍သာ နိုင်ငံရေး ခေါင်းဆောင်ပိုင်း၏ အမြင်က ထိုအတိုင်း ဖြစ်ခဲ့လျှင် လက်ရှိ အစိုးရအနေဖြင့် ယခုဖြစ်စဉ်ကို ထိရောက်စွာ တုန့်ပြန်နိုင်မည့် နည်းလမ်းတခု ယခုထိ ရှာဖွေမတွေ့သေးသည်မှာ အံ့သြစရာ မဟုတ်ပါ။ မေလအတွင်းက လုပ်ရပ်များနှင့် ဆက်သွယ်နေသူများကို ရန်ကုန် ရဲတပ်ဖွဲ့က အလျှင်အမြန် ဖမ်းဆီး အရေးယူခြင်းကတော့ ကြိုဆိုရမည့် ပြောင်းလဲမှုတခု ဖြစ်သည်။

သို့သော်လည်း ကျယ်ပြန့်သော မူဝါဒဆိုင်ရာ တုန့်ပြန်မှုများ ပြုလုပ်ရာတွင် အကြမ်းဖက်မှုများ၊ ခွဲခြားမှုများ သို့မဟုတ် ဥပဒေမဲ့ ပြုလုပ်မှုများကို သည်းခံမည် မဟုတ်ကြောင်း ရှင်းလင်းစွာ ဖော်ပြနေစဉ်တွင် ဗုဒ္ဓဘာသာ ကာကွယ်ရေးနှင့် ဖြန့်ဝေရေး ဆောင်ရွက်နေကြသော အဖွဲ့အစည်းများနှင့် အပြုသဘောဆောင် ထိတွေ့ဆောင်ရွက်မှုများ ပြုလုပ်မည့် နည်းလမ်းတခုကိုလည်း ရှာဖွေရမည် ဖြစ်သည်။

အမျိုးမျိုး ကွဲပြားနေသော၊ တခုနှင့်တခုလည်း ဒွေးရောယှက်တင်ဖြစ်နေသည့် အမျိုးသားရေး အဖွဲ့အစည်းများကို လမ်းကြောင်းတခု ပြပေးနိုင်ရေးကလည်း မကြာခဏ ဖြစ်ပေါ်နေသည့် တင်းမာမှုများကို ထိထိရောက်ရောက် ဖြေရှင်းရေးတွင် လုံးဝ အမှန်တကယ် လိုအပ်ပါသည်။ မဘသ ခေါင်းဆောင်ပိုင်း အနေဖြင့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှ တဆင့် သွယ်ဝိုက်၍ ရရှိခဲ့သော ပြည်သူလူထု၏ ပြစ်တင်ဝေဖန်မှု သတင်းစကားကို ရရှိခဲ့သည့် အသွင်ရှိပါသည်။

ထိုအချိန်က မဘသအဖွဲ့၏ တရားဝင် ပြောရေးဆိုခွင့် ရှိသူများက ပါတီ သို့မဟုတ် ကိုယ်စားလှယ်လောင်းများကို အတိအလင်း ထောက်ခံခြင်း မဖြစ်စေရန် သတိပြု ရှောင်ရှားခဲ့သည့်တိုင် အဖွဲ့နှင့် ဆက်စပ်နေသော ထင်ရှားသည့် ဘုန်းတော်ကြီးများ၏ ကြေညာချက်များကြောင့် မဘသ အဖွဲ့အား ထောက်ခံခဲ့ကြသူ ပြည်သူအချို့၏ ထောက်ခံမှု လျော့ပါးသွားရန် လုံလောက်စေခဲ့သည်။

မဘသအဖွဲ့ ၏ အရပ်သား မဟာမိတ်အနေဖြင့် (ဘုန်းတော်ကြီးများနှင့် မသင့်တော်သော တာဝန်များကို ဆောင်ရွက်ရန်) ဓမ္မဝံသာနု ရက္ခိတ အဖွဲ့ကို ဖွဲ့စည်းခြင်းနှင့် ၁၃၅ မျိုးချစ် ညီညွတ်ရေးပါတီကို တည်ထောင်ခြင်းများက ဘာသာရေးနှင့် နိုင်ငံရေး မကွဲပြားသည့် နောက်ခံအခင်းအကျင်းတွင် ပေါ်ထွက်လာခဲ့သော ယင်းလှုပ်ရှားမှု၏ အစိတ်အပိုင်းတွင် နောက်ထပ် ကွဲပြားမှုများနှင့် အထူးပြုမှုများ ရှိနေကြောင်း ထပ်လောင်း ဖော်ပြလိုက်ခြင်း ဖြစ်သည်။ သို့သော် ယင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခွင့်အလမ်း ပေးထားမှုတွင် ထိရောက်မှုရှိစေရန် အလိုက်သင့် ပြောင်းလဲခဲ့ခြင်းလည်း ဖြစ်သည်။

မဘသက ၎င်း၏ အဖွဲ့ဝင်များ၊ မိတ်ဖက်အဖွဲ့များ၏ ကြေညာချက်များနှင့် လုပ်ဆောင်မှုများအပေါ် တရားဝင် ရပ်တည်ချက်က မရိုးသား ဖုန်းကွယ်မှုများ ရှိနေသည်ဟူသော အမြင်တခုရှိနေသည်။ မဘသက ၎င်း၏ အဖွဲ့ဝင် မည်သည့် လူပုဂ္ဂိုလ်များ သို့မဟုတ် သံဃာတော်များမဆို အမျိုးဘာသာ သာသနာ ကာကွယ်ရေးအတွက် “ရိုးသားစွာ” အလုပ်လုပ် နေသူများအဖြစ် ကြေညာချင်နေသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်ချိန် ဒေါ်အောင်ဆန်းစုကြည်အလာကို စောင့်နေကြသည့် ကိုရင်များ

သို့သော်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်များက ဖြစ်ခဲ့သော အာဏာပိုင်များသဖွယ် ပြုမူ၍ တပါးသူ ပိုင်နက်အတွင်း ဝင်ရောက်စစ်ဆေးခြင်းများကဲ့သို့ ၎င်း၏ အဖွဲ့ဝင်များနှင့် မဟာမိတ်များက အရှိန်လွန်သွားသည့်အချိန်တွင် မဘသက သူတို့၏ စကားများ အပြုအမူများ နှင့် ကင်းလွတ်အောင် အလျှင်အမြန်ပင် ကြိုးစားခဲ့ပါသည်။

တချိန်တည်းတွင် မဘသအဖွဲ့ကို အစွန်းရောက်မျိုးချစ်များအဖြစ် ပျော်ပျော်ကြီး သရုပ်ဖော်ရင်း၊ မြန်မာနိုင်ငံမှ မွတ်ဆလင် ဆန့်ကျင်ရေး လှုပ်ရှားမှု မှန်သမျှနှင့် အလိုအလျှောက် ဆက်စပ်ပေးရင်း နိုင်ငံရေးသမားများ စာနယ်ဇင်းသမားများနှင့် လေ့ လာသုံးသပ်သူများက မဘသအဖွဲ့ ခေါင်းဆောင်များက သူတို့၏ အဖွဲ့အစည်းသည် သူတို့၏ ပြောဆိုချက်အတိုင်း ငြိမ်းချမ်းရေးနှင့် နိုင်ငံသားအားလုံး၏ ကိုးကွယ်ယုံကြည်မှုများကို ကာကွယ်ရန် ကတိပြုထားသော အဖွဲ့တခုသာဖြစ်ကြောင်း တာဝန်ယူမည့် အခွင့်အရေးကို လက်လွတ်နေကြသည်။

အကယ်၍ ခပ်တုံးတုံး အမြင်တခုဟု ဆိုစေ မြန်မာနိုင်ငံမှ ဘာသာရေးလူနည်းစုများ ယနေ့ကြုံတွေ့နေရသည့် အလွန်စစ်မှန်ပြီး ဒုက္ခပေးသော ပဋိပက္ခများကို တိုးတက်လာစေမည့် တခုတည်းသောလမ်း ရှိပါသည်။

ယခင် အစိုးရများက ဖန်တီးခဲ့သော အကျိုးမဲ့ မွတ်ဆလင်ဆန့်ကျင်ရေး ပဋိပက္ခပေါက်ဖွားရာ ဝန်းကျင်ကို ပြောင်းလဲရေး လက်ရှိအစိုးရက တုံ့ဆိုင်းစွာ၊ ကြောင်းကျိုးဆီလျှော်မှု နည်းပါးစွာ ကြိုးစားနေပါသည်။ အကယ်၍ ၎င်းတို့က ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် မျှော်လင့်သည်ဟု ဆိုလျှင် ဗုဒ္ဓဘာသာဝင်တို့၏ ထိခိုက် အားနည်းနေသော ခံစားမှုများအား (အကြမ်းဖက်မှု သို့မဟုတ် ခွဲခြားမှုများကို ခွင့်မပြုဘဲ) ရိုးသားစွာ ထိတွေ့ ကိုင်တွယ် ဆောင်ရွက်ရန် လိုအပ်ပါသည်။

အလားတူပင် မဘသ ၏ ခေါင်းဆောင်များက မျိုးချစ် ရဟန်းတော်များ သမဂ္ဂ၏ အစွန်းရောက် ကြေညာချက်များ ဆောင်ရွက်ချက်များ သို့မဟုတ် ဦးဝီရသူ တို့နှင့် သက်ဆိုင်ခြင်း မရှိကြောင်း ပါဝင်ပတ်သက်မည် မဟုတ်ကြောင်း အပြောထက် အလုပ်ဖြင့် သက်သေထူ၍ အများက မြင်စေ သိစေအပ်သည်။

အမုန်းစကားများ၊ အကြမ်းဖက်မှုများနှင့် (အဖွဲ့ဝင်များ၏) ဥပဒေမဲ့ လုပ်ရပ်များကဲ့သို့သော ဖြစ်စဉ်များကို ဝေဖန် ထောက်ပြ ရမည် ဖြစ်သည်။ ယေဘုယျဆန်သည့် အပေါ်ယံ ကြေညာချက်များ သက်သက်ဖြင့် မရပါ။ အကယ်၍ စာနယ်ဇင်းသမားများ၊ ဝေဖန်ရေးသားသူများကလည်း အပြုသဘောဆောင်သည့် ကဏ္ဍတခုမှ ပါဝင်နေသည်ဆိုလျှင် ယခု သဘောတရား ဖြစ်စဉ်၏ လှုပ်ရှား သက်ရောက်မှုကို နားလည်ရန် (သူတို့က ဝေဖန် သုံးသပ်ရေး နှင့် လေ့လာစူးစမ်းရေးကို ဆက်လက် ထိန်းသိမ်းထားသည်ဆိုလျှင်ပင်) ရိုးသားစွာ ရှာဖွေစူးစမ်းကြရန် လိုအပ်ပါသည်။

ယခုဆောင်းပါးသည် မဘသ အဖွဲ့၊ အဖွဲ့၏ ဆောင်ရွက်ချက်များ သို့မဟုတ် အဖွဲ့နှင့် ဆက်နွယ်နေသော သံဃာတော်များ၏ ဟောပြောမှုများ၊ လုပ်ဆောင်မှုများကို ကာကွယ်ရန် အားထုတ်ခြင်း မဟုတ်ပါ။ မြန်မာနိုင်ငံ၏ “ဗုဒ္ဓဘာသာ အမျိုးသားရေး” လှုပ်ရှားမှုသည် ရှုပ်ထွေးသော၊ တက်ကြွလှုပ်ရှားနေသော၊ ဘာသာရေးနှင့် နိုင်ငံရေး စေ့ဆော်မှုများကြား မကွဲပြားဘဲ ပွင့်လင်းမြင်သာမှု မရှိသည့် ဝန်းကျင်တခုထဲတွင် မျက်နှာစာ အများအပြားရှိသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများဖြင့် အထိုင်ကျနေမှုတခုဖြစ်ကြောင်း သတိပြုမိရန် တောင်းဆိုခြင်းသာ ဖြစ်ပါသည်။

ထိခိုက် အားနည်းလွယ်သည့် ဘာသာရေး လူနည်းစုများကို ထိထိရောက်ရောက် ကာကွယ်ပေးရမည် ဖြစ်သည်။ သို့သော် သတင်းရေးသားခြင်း၊ လေ့လာဆန်းစစ်ခြင်းနှင့် မူဝါဒ ချမှတ်ခြင်းများတွင် သူတို့၏ ဘာသာရေးသည် ဝိုင်းပတ် ခြိမ်းခြောက်မှု ခံနေရသည်ဟု မြင်နေကြပြီ ဖြစ်သော ဗုဒ္ဓဘာသာဝင်များကို ပစ်ပယ်ခြင်းမှ ထပ်ဖြစ်လာနိုင်သည့် အန္တရာယ် သို့မဟုတ် ထိုဖြစ်စဉ်၏ သိမ်မွေ့ပြီး ကွဲပြားသည့် ခံစားချက်များကိုလည်း အသိအမှတ်ပြုရမည် ဖြစ်သည်။

အကယ်၍ ဘာသာရေး ပဋိပက္ခများနှင့် ခွဲခြားဆက်ဆံမှုများ လျှော့ချရန် အားထုတ်မှုများ အောင်မြင်လိုလျှင် မြန်မာနိုင်ငံ၏ ဘာသာရေးနှင့် နိုင်ငံရေး ဆက်စပ်နေသော အခြေအနေကို ပိုမိုနားလည်သဘောပေါက်ရန် လိုအပ်ပါသည်။

(Matthew J Walton သည် Oxford တက္ကသိုလ် St Anthony မှ ခေတ်သစ် မြန်မာ လေ့လာရေး အကြီးတန်း သုတေသီ တဦး ဖြစ်ပါသည်။ သူ လတ်တလောရေးသားခဲ့သည့် စာအုပ်မှာ Cambridge တက္ကသိုလ် ပုံနှိပ်တိုက်မှ ထုတ်ဝေခဲ့သော “Buddhism, Politics and Political Thought in Myanmar” ဖြစ်ပါသည်။ ၎င်း၏ Asia Times ပါ Misunderstanding Myanmar’s Ma Ba Tha ကို ဘာသာပြန်ဆိုသည်။)

Your Thoughts …
Tags: မဘသ
Matthew J Walton

Matthew J Walton

...

Similar Picks:

သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

by အောင်ဇော်
10 June 2024
13.7k

၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် စစ်တပ်သည် ဘာသာရေးဝှက်ဖဲကို ဆက်လက် အသုံးပြုသည်။

ပွိုင့် ၂၂၀၂ သို့မဟုတ် နန်ထင်မင်စမ်း ကိုးကန့် ရိုးရာနတ်ကွန်း နောက်ကွယ်

ပွိုင့် ၂၂၀၂ သို့မဟုတ် နန်ထင်မင်စမ်း ကိုးကန့် ရိုးရာနတ်ကွန်း နောက်ကွယ်

by ကိုဦး
15 January 2024
13.5k

နန်ထင်မင်စမ်းတောင်ပေါ်မှ စေတီဖျက်ဆီးခြင်းကို ဘာသာရေးစော်ကားမှု၊ ဖျက်ဆီးမှုအဖြစ် အချို့ သတင်းဌာနများက သရုပ်ဖော်သည်။ ဇာစ်ဇာစ်မြစ်မြစ် စုံစမ်းမှု မပြုကြပေ။

စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

by စွယ်တော်
5 July 2025
10.9k

စစ်လော်ဘီများ၏ ယခုကဲ့သို့ အမွှမ်းတင်မှုများက “ယိုသူမရှက် မြင်သူရှက်” ဆိုသလို ဖြစ်နေသည်။

ဦးဝီရသူ ပြန်လာပြီ

ဦးဝီရသူ ပြန်လာပြီ

by အောင်သူရ
24 January 2025
10k

“ကြံ့ခိုင်ရေးက ဘူးလက် လှဆွေတို့၊ မင်းကင်း မောင်မြင့်တို့ ခဏခဏ လာကြတယ်”

ဗမာအမျိုးသားရေးဝါဒ၊ စစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်

ဗမာအမျိုးသားရေးဝါဒ၊ စစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်

by ဝေမင်းထွန်း
30 July 2024
9.8k

ဗမာများက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား ပူးပေါင်းထောက်ခံလိုက်ကြသဖြင့် စစ်တပ်သည် အထီးတည်းဖြစ်သွား၏။

ဝင်းနိမ္မိတာရုံ ဆရာတော် အသတ်ခံရမှု မဟနတို့ နှုတ်ဆိတ်နေဟု သံဃာများ ဝေဖန်

ဝင်းနိမ္မိတာရုံ ဆရာတော် အသတ်ခံရမှု မဟနတို့ နှုတ်ဆိတ်နေဟု သံဃာများ ဝေဖန်

by ဧရာဝတီ
21 June 2024
8.8k

မဟနနှင့် မဘသများသည် စစ်ကောင်စီ၏ ခိုင်းစေရာကိုသာ လုပ်ကိုင်နေကြရသော အဖွဲ့အစည်းများဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ဘာသာရေးကို အကြောင်းပြ ဓမ္မမပါသော သူတော်ကောင်းအယောင်ဆောင်သူဟု ပြောဆိုမှုများလည်း ရှိသည်

Next Post
ဒဏ်ရာရသွားသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ်အား ဆေးရုံပို့ဆောင်စဉ်  / ထိန်လင်းမျိုး / Facebook

ကရင်ဝန်ကြီးချုပ် ကားမတော်တဆမှု ဖြစ်ပွား၍ ခြေထောက်ဒဏ်ရာရ

မြန်မာခေတ်ဆန်းပန်းချီ နှစ် ၁၀၀ ပြည့်ပွဲတော်ကို ၂၀၁၈ နှစ်ဆန်းတွင် ပုဂံ၌ ကျင်းပမည်။ / ဧရာဝတီ

ခေတ်ဆန်းပန်းချီ နှစ် ၁၀၀ ပြည့် ကျင်းပမည်

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.7k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

5 days ago
3k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate