တရုတ်နိုင်ငံအလယ်ပိုင်းမှ စားသောက်ဆိုင် မန်နေဂျာဟောင်း ကျန်းဟုန်လျံသည် ကိုဗစ်နိုင်တင်း ကာလအတွင်း အလုပ်အကိုင်ဆုံးရှုံးပြီးနောက် မိသားစုကို ထောက်ပံ့ရန် တရုတ်နိုင်ငံတွင်းနှင့် ပြင်ပတွင် ယာယီအလုပ်အမျိုးမျိုး လုပ်ကိုင်ရသည်။
မတ်လတွင် စားသောက်ဆိုင်တခုတွင် တရုတ်အစားအစာချက်နည်း သင်ပေးရန် ကမ်းလှမ်းသည့် အလုပ်တခုကို လက်ခံလိုက်သောကြောင့် သူသည် မြန်မာမှ ငွေကြေးလိမ်လည်မှု ခြံဝန်းတခုသို့ ရောက်သွားစေသည်။ ထိုခြံဝန်းသို့ ရောက်သောအခါ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အတုများတွင် ၎င်းတို့စုဆောင်းငွေများကို ရင်းနှီးမြှုပ်နှံအတွက် တရုတ် နိုင်ငံသားများကို လူမှုကွန်ရက် ပလက်ဖေါင်းမှ ဖြားယောင်းသွေးဆောင်ရန် စေခိုင်းခံရသည်။
ဒေသဆိုင်ရာနှင့် တရုတ်အာဏာပိုင်များသည် ဖြိုခွဲမှု တခုအတွင်း လူထောင်ပေါင်းများစွာကို ဖမ်းမိသော်လည်း ထိုလိမ်လည်မှုအစီအစဉ်များကို ဆက်လက်လည်ပတ်နေသည့် ရာဇဝတ်မှုကွန်ရက်များနှင့် ဒေသခံအထက်လွှာကို အမြစ်ဖြတ်နိုင်ခြင်း မရှိကြောင်း ကျွမ်းကျင်သူများပြောသည်။
ကျန်းသည် အရှေ့တောင်အာရှမှ သြဇာကြီးမားသည့် တရုတ်ရာဇဝတ်ဂိုဏ်းများက စီမံသည့် ဆိုက်ဘာငွေကြေးလိမ်လည်မှုကွန်ရက်များတွင် ဖမ်းဆီးခံထားရသည့် တရုတ်အများစုပါဝင်သော လူသောင်းပေါင်းများစွာအနက် တဦးဖြစ်သည်။ ဒေသဆိုင်ရာနှင့် တရုတ်အာဏာပိုင်များသည် ဖြိုခွဲမှု တခုအတွင်း လူထောင်ပေါင်းများစွာကို ဖမ်းမိသော်လည်း ထိုလိမ်လည်မှုအစီအစဉ်များကို ဆက်လက်လည်ပတ်နေသည့် ရာဇဝတ်မှုကွန်ရက်များနှင့် ဒေသခံအထက်လွှာကို အမြစ်ဖြတ်နိုင်ခြင်း မရှိကြောင်း ကျွမ်းကျင်သူများပြောသည်။
ငွေကြေးလိမ်လည်မှု လုပ်ငန်းများကို တနေရာတွင် ပိတ်လိုက်ပါက ၎င်းတို့သည် အခြားနေရာများတွင် ပြန်ပေါ်လာကြသည်။ ထိုပြဿနာသည် ဘေဂျင်းအတွက် အရှက်ရစရာဖြစ်နေပြီး ဆိုက်ဘာငွေကြေး လိမ်လည်မှု လုပ်ငန်းတခုတွင် အယုံသွင်းခံရ၍ဖြစ်စေ၊ ပြန်ပေးဆွဲ ခံရ၍ဖြစ်စေ၊ ဖမ်းဆီးရသည့်အတွက်ဖြစ်စေ ပိတ်မိမည်ကို စိုးရိမ်သောကြောင့် သာမန် တရုတ်နိုင်ငံသားများ အရှေ့တောင်အာရှသို့ မသွားရဲအောင်ဖြစ်စေသည်။
လူငယ်များကို ကမ္ဘောဒီးယားနှင့် မြန်မာကဲ့သို့သောနေရာများသို့ လစာကောင်းသည့် အလုပ်ဖြင့် ဖြားယောင်းကာ ခေါ်ယူပြီး ငွေကြေးလိမ်လည်သူများအဖြစ် အတင်းအကျပ်စေခိုင်းသည့် ဖြစ်ရပ်များကို ဖေါ်ထုတ်သည့် မီဒီယာသတင်းများကို မကြာသေးမီနှစ်များအတွင်း တွေ့လာရသည်။ ထိုသို့စေခိုင်းခံရသူများသည် ကောင်းစွာအလုပ်မလုပ်ပါက ၎င်းတို့ကို ပုံမှန် ရိုက်နှက် သို့မဟုတ် အတင်းအကျပ် ပတ်ပြေးစေခြင်းကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ ညှင်းပမ်းနှိပ်စက်မှုများ ပြုလုပ်ကြောင်း ကယ်ဆယ်ရေး အဖွဲ့အစည်းများပြောသည်။
သြဂုတ်လတွင် တရုတ်၊ ထိုင်း၊ လာအိုနင့် မြန်မာတို့သည် ဒေသတွင်း ဆိုက်ဘာငွေကြေးလိမ်လည်မှုများကို ကိုင်တွယ်ရန် ပူးတွဲ ရဲစစ်ဆင်ရေးဌာနတခု ထူထောင်ရန် သဘောတူကြသည်။ အောက်တိုဘာလ ၁၀ ရက်နေ့တွင် တရုတ်ပြည်သူ့ လုံခြုံရေးဌာနက နွေရာသီစစ်ဆင်ရေးအတွင်း မြန်မာနိုင်ငံမြောက်ပိုင်းမှ ငွေကြေးလိမ်လည်မှု သံသယရှိသူ ၂၃၁၇ ဦးကို တရုတ်သို့ အောင်မြင်စွာ ပြန်လည်ခေါ်ယူခဲ့ကြောင်း ကြေညာသည်။
တရုတ်က ထိုသူများကို သံသယရှိသော တရားခံများဟုခေါ်သော်လည်း ကျွမ်းကျင်သူများက ထိုသူအများစုသည် ရာဇဝတ်သားများအတွက် အတင်းအကျပ်စေခိုင်းခံရသည့် သားကောင်များသာ ဖြစ်သည်ဟုပြောသည်။ တရုတ်သို့ ပြန်ရောက်သောအခါ ထိုသူများကို မည်သို့ ဆက်ဆံမည်ကို ထိုကျွမ်းကျင်သူများ မေးခွန်းထုတ်နေကြသည်။
မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားကဲ့သို့သော နိုင်ငံများမှ လိမ်လည်မှု အစီအစဉ်များကို တရုတ် ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်များက ဒေသခံအထက်လွှာများနှင့် ပူးပေါင်းလုပ်ဆောင်ကြသည်။
မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားကဲ့သို့သော နိုင်ငံများမှ လိမ်လည်မှု အစီအစဉ်များကို တရုတ် ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်များက ဒေသခံအထက်လွှာများနှင့် ပူးပေါင်းလုပ်ဆောင်ကြသည်။ အများအပြားသည် ခေါင်းဆောင်ကြီး ရှီကျင့်ဖျင်၏ သင်္ကေတ စီမံကိန်းဖြစ်သော ရပ်ဝန်းနှင့်လမ်းအစီအစဉ်မှ တရုတ်ကငွေကြေးစိုက်ထုတ်သည့် တည်ဆောက်ရေး စီမံကိန်းများတွင် အခြေစိုက်ကြသည်။
မြန်မာ၏နယ်စပ်ဒေသများသည် ဥပဒေစိုးမိုးမှု နည်းသောကြောင့် သမိုင်းအရ မူးယစ်ဆေးဝါး ထုတ်လုပ်သူများနှင့် မှောင်ခိုသမားများ အပါအဝင် ရာဇဝတ်သားများကို ဆွဲဆောင်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ ထိုသို့သော နေရာများသည် ယေဘုယျအားဖြင့် တိုင်းရင်းသား လူနည်းစု လက်နက်ကိုင်များ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး ထိုလက်နက်ကိုင်များတွင် အချို့သည် မြန်မာစစ်တပ်ကို ဆန့်ကျင်သူများဖြစ်သလို အချို့သည် မဟာမိတ်များဖြစ်သည်။ အချို့သည် ရာဇဝတ်ဂိုဏ်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ကြသည်။
“တရုတ်အစိုးရရဲ့ အမြင်အရ အရှေ့တောင်အာရှတလွှား ဒီတရုတ်ရာဇဝတ်ဂိုဏ်းတွေ အများအပြားရှိနေတာ အရမ်းကို ရှက်စရာကောင်းနေတယ်” ဟု အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျုမှ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုဆိုင်ရာ ကျွမ်းကျင်သူ ဂျေဆင် တာဝါ ပြောသည်။
လူဆိုးဂိုဏ်းများသည် “ဝက်ပေါ်သည်”ဆိုသည့် လိမ်လည်မှုများကြောင့်လည်း ကျော်ကြားသည်။ ထို ဝက်ပေါ်သည်ဆိုသည့် လိမ်လည်မှုမှာ ကမ္ဘာတခြမ်းမှ လူများအပါအဝင် လူများကို အွန်လိုင်းမှ အချစ်ဇာတ်လမ်းများဖန်တီးကာ ငွေကြေးလိမ်လည်သူများက ဖြားယောင်းသွေးဆောင်ပြီး ရင်းနှီးမြုပ်နှံမှု စီမံကိန်းအတုများတွင် ရင်းနှီးမြှုပ်နှံစေကြသည်။
ထိုငွေကြေးလိမ်လည်သူများသည် ၎င်းတို့၏ ပစ်မှတ်များကို တရုတ်နှင့် တရုတ်မဟုတ်သူဟု ၂ မျိုး ခွဲခြားထားသည်။ ၎င်းတို့သည် ၎င်းတို့ဖုန်းဖြင့်ဖြစ်စေ အွန်လိုင်းတွင်ဖြစ်စေ ငွေကြေးလိမ်လည်ရန် စာသားများ၊ မော်ဒယ်များနှင့် လူမှုကွန်ရက် သြဇာလွှမ်းမိုးသူများ၏ ပုံများနှင့် ဘာသာပြန် ဆော့ဖ်ဝဲလ်များကို သုံးကြသည်။ ထိုသို့ လိမ်လည်ခံရသည့် သားကောင်သည် ကမ္ဘာတဝှမ်း မည်သည့်နေရာမှမဆို ဖြစ်နိုင်သည်။
လိမ်လည်ခံရသည့် သားကောင်သည် ကမ္ဘာတဝှမ်း မည်သည့်နေရာမှမဆို ဖြစ်နိုင်သည်။ ရာဇဝတ်ကောင်များသည် ရပ်ဝန်းနှင့် လမ်းအစီအစဉ်၏ ပုခုံးပေါ် တက်ခွစီးနေကြောင်း တာဝါ ပြောသည်။
ထိုရာဇဝတ်ကောင်များသည် ရပ်ဝန်းနှင့် လမ်းအစီအစဉ်၏ ပုခုံးပေါ် တက်ခွစီးနေကြောင်း တာဝါ ပြောသည်။ တာဝါသည် အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျုအတွက်ရေးသားသည့် ၂၀၂၀ ခုနှစ်အစီရင်ခံစာတွင် ထိုရာဇဝတ်သားများ၊ တရုတ်အစိုးရအရာရှိများ၊ သုတေသန လုပ်ငန်းများနှင့် အစိုးရအရာရှိများအကြား ဆက်စပ်မှုများကို ဖေါ်ထုတ်ခဲ့သူဖြစ်သည်။
ကျန်းသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေပြီး ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းကုန်သောကြောင့် ပြန်လည် သက်တမ်းတိုးရန် လာအိုတွင် ခေတ္တသွားရောက်နေထိုင်စဉ် သူ့ကို မြန်မာရှိ ငွေကြေးလိမ်လည်မှု ခြံဝန်းသို့ ဖြားယောင်းခေါ်ဆောင်သူတဦးနှင့် တွေ့ဆုံခဲ့သည်။ သူက သူ့အမည် ဂေါင် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် နေထိုင်သည့် တရုတ်များအတွက် ပွဲစားနှင့် ခရီးသွားကိုယ်စားလှယ်ဖြစ်ကြောင်း ပြောသည်။ ကျန်းနှင့် သူ၏ဇနီးသည် နောက်ထပ်ကလေးတယောက်ယူရန် ဓာတ်ခွဲခန်းအကူအညီဖြင့် ကိုယ်ဝန်ဆောင်ရေးအတွက် ငွေအပိုအလျှံ လိုအပ်နေသည်။ ဂေါင်က ကျန်းအနေဖြင့် မြန်မာနိုင်ငံအရှေ့ပိုင်း ကရင်ပြည်နယ် မြဝတီသို့သွားရောက်ပြီး သူ၏ စားသောက်ဆိုင်သစ်အတွက် ဒေသခံစားဖိုမှူးကို တရုတ်အစားအစာချက်နည်းသင်ပေးရန် အကြံပြုသည်။ လစာသည် ကျန်း တရုတ်တွင်ရသည့် လစာ၏ ၂ ဆ ဖြစ်မည်ဟုဆိုသည်။
ကျန်း စိုးရိမ်မကင်း ဖြစ်နေသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ထိန်းချုပ်ထားသည့် မြန်မာတွင် ပြည်တွင်းစစ်ဖြစ်နေသည်။ သို့သော် ဂေါင်က ကျန်းအနေဖြင့် မည်သည့်တရားမဝင် လုပ်ငန်းမျှ လုပ်စရာ မလိုကြောင်းနှင့် ထိုဒေသတွင် လုပ်ကိုင်နေသည့် ဆိုက်ဘာ ငွေကြေးလိမ်လည်မှုလုပ်ငန်း အများအပြားရှိသောကြောင့် ထိုစားသောက်ဆိုင်သို့ စားသောက်သူ အများအပြားလာမည်ဖြစ်ကြောင်း ပြောသည်။
ထိုသို့ ပြောဆိုခြင်းသည်ပင် စိုးရိမ်စရာဖြစ်သော်လည်း ကျန်းသည် မြန်မာသို့ရောက်သောအခါမှသာ သူ၏ အခက်အခဲကို သိလိုက်ရသည်။ မိသားစု အရေးပေါ်ကိစ္စရှိသောကြောင့် အိမ်ပြန်မည်ဟု သူပြောသည့်အခါ သူ၏မိသားစုသည် သူလွတ်မြောက်ရေးအတွက် ယွမ် ၄၀၀၀၀ (ဒေါ်လာ ၅၄၇၂) ရှာဖွေပေးရသည်။ ထိုငွေသည် ကျန်းက ဂေါင် ကိုပေးရန်ရှိသောငွေဖြစ်သည်ဟု ပြောသည်။ တညတွင် သူသည် ခိုးထွက်လာပြီး သောင်ရင်းမြစ်ကို ရေကူးကာ ရဲတပ်ဖွဲ့တွင် အဖမ်းခံသည်။ ထိုင်း ရဲက သူ့ကို တရုတ်သံရုံးနှင့် ဆက်သွယ်ပေးသည်။
ကျန်းက ထိုင်းလူဝင်မှု ကြီးကြပ်ရေးရဲက ထုတ်ပေးသည့် ပြည်နှင်ဒဏ် အကြောင်းကြားစာနှင့် ယာယီ မှတ်ပုံတင်ကဒ်ကို AP သတင်းဌာနသို့ ပြသသည်။ သူသည် ဇွန်လနှောင်းပိုင်းတွင် တရုတ် နိုင်ငံသို့ ပြန်ရောက်ပြီး တရုတ်ရဲ၏ စစ်မေးခြင်းခံရသော်လည်း ဖမ်းဆီးခြင်း မခံရပေ။ သူသည် အခြားသူများအတွက် အန္တရာယ်ကို သတိပေးရန် သူ၏ အတွေ့အကြုံအား တရုတ် TikTok ဖြစ်သော Douyin တွင် မျှဝေနေပြီး အချို့သူများ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ဖမ်းဆီးခံထားရသည့် ဆွေမျိုးများအတွက် သူ့ကိုမကြာခဏ ဆက်သွယ်ကြောင်း သူပြောသည်။
“ကျနော်တို့က မျှော်လင့်ချက် ကြီးမားစွာနဲ့ ပြည်ပကို ထွက်လာကြတယ်။ ဒါပေမယ့် အဲဒီမှာ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရတာပဲ” ဟု သူပြောသည်။
တရုတ်နိုင်ငံသည် သံသယရှိသူ စုစုပေါင်း ၄၀၀၀ ခန့်ကို ဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။
တရုတ်နိုင်ငံသည် သံသယရှိသူ စုစုပေါင်း ၄၀၀၀ ခန့်ကို ဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။
တရုတ် ပြည်သူ့လုံခြုံရေး ဌာနက မြန်မာအာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်မှု စစ်ဆင်ရေးများကြောင့် စံချိန်တင်သည့် ရလဒ်ဖြစ်သည်ဟု ပြောသည်။ တနင်္လာနေ့တွင် နောက်ထပ် သံသယရှိသူ ၂၃၄၉ ဦးကို ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ၎င်းတို့ကြေညာသည်။ တစုံတရာ မှတ်ချက်ပေးရန် ဖက်စ်ဖြင့် မေတ္တာရပ်ခံခဲ့သော်လည်း ထိုဝန်ကြီးဌာနက အကြောင်း ပြန်ကြားခြင်း မရှိပေ။
ယခုနှစ်အစောပိုင်းတွင် မြန်မာနိုင်ငံ ၀ နယ်သို့ လူကုန်ကူးခံရသည့်အသက် ၃၁ နှစ်အရွယ် စားဖိုမှူးဟောင်းတဦးက သူ၏ကုမ္ပဏီသည် လူ ၄ ဦးကို တရုတ်ရဲသို့ စက်တင်ဘာလတွင် တိုးတိုးတိတ်တိတ် လွှဲပြောင်းပေးသည်ကို တွေ့ခဲ့ကြောင်းပြောသည်။ အခြားကုမ္ပဏီများလည်း အလားတူ လုပ်ဆောင်ကြောင်း သူပြောသည်။ သူသည် မြန်မာသို့ လူကုန်ကူးခံရပြီးနောက်ပိုင်းတွင် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတခုက ကယ်ဆယ်ခံရသူဖြစ်သည်။ အစိုးရက အရေးယူမည်ကို စိုးရိမ်သောကြောင့် သူ၏အမည်ကို ထုတ်ဖေါ်ပြောဆိုခြင်းမရှိသလို AP သတင်းဌာနကလည်း ထိုဖြစ်ရပ်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
“နယ်စပ်ဒေသတွေမှာ တွေ့ရတဲ့ ဒီအပေါ်ယံ လက္ခဏာတွေနဲ့ဖေါ်ပြချက်တွေကို ဖြိုခွဲလို့ရတယ်။ ဒါပေမယ့် ရေရှည်အားထုတ်မှုအမှန်တကယ်မလုပ်ရင် သူတို့ ပြန်လာကြမှာပဲ”
ခြုံ၍ပြောရပါက တရားဥပဒေ စိုးမိုးရေး အရေးယူမှုများသည် ကျယ်ပြန့်ပုံ မရကြောင်း ကျွမ်းကျင်သူများက ပြောသည်။ မြန်မာတွင် ယခုအခြေစိုက်နေသော အုပ်စုများသည် မူလက ကမ္ဘောဒီးယားမှဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ကမ္ဘောဒီးယားက အွန်လိုင်းလောင်းကစားဂိုဏ်းများနှင့် တရားမဝင် ကာစီနိုများကို ဖြိုခွဲသောအခါ ထိုအုပ်စုအများအပြားသည် တရားဥပဒေစိုးမိုးမှုနည်းသော မြန်မာသို့ ရွှေ့ပြောင်းသွားသည်။ အချို့ဂိုဏ်းများကို ပြိုင်ဘက်ဂိုဏ်းများက သိမ်းယူလိုက်ကြသည်။
တရုတ်က ၎င်းတို့ပုံရိပ်ကို ပြန်လည်ပြင်ဆင်ရန် ကြိုးစားမှုများသည် တိုးတက်မှု သိပ်မရှိလှကြောင်း ထိုင်းနိုင်ငံချူလာလောင်ကွန် တက္ကသိုလ် နိုင်ငံရေး သိပ္ပံပါမောက္ခ သီတင်နန် ပေါင်ဆူဒီရက် ပြောသည်။
“နယ်စပ်ဒေသတွေမှာ တွေ့ရတဲ့ ဒီအပေါ်ယံ လက္ခဏာတွေနဲ့ဖေါ်ပြချက်တွေကို ဖြိုခွဲလို့ရတယ်။ ဒါပေမယ့် ရေရှည်အားထုတ်မှုအမှန်တကယ်မလုပ်ရင် သူတို့ ပြန်လာကြမှာပဲ” ဟု သူပြောသည်။
( AP သတင်း China crackdown on cyber scams in Southeast Asia nets thousands but leaves networks intact ကို ဘာသာပြန်သည်။)
You may also like these stories:
UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား
ကိုးကန့်ထိပ်သီးလုပ်ငန်းရှင်များ တရုတ်ဖမ်းထား
“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး
တရုတ်ရာဇဝတ်ဂိုဏ်းများ ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်ထား
တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ