• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Culture

အကြမ်းမဖက်ရေးဝါဒကို စွဲကိုင်ခဲ့သူ မဟတ္တမဂန္ဒီရဲ့ အသက် ၁၅၀ ပြည့် မွေးနေ့

by ညီညီသူ
2 October 2019
in Culture
A A
အကြမ်းမဖက်ရေးဝါဒကို စွဲကိုင်ခဲ့သူ မဟတ္တမဂန္ဒီ

အကြမ်းမဖက်ရေးဝါဒကို စွဲကိုင်ခဲ့သူ မဟတ္တမဂန္ဒီ

9.1k
VIEWS
Share on FacebookShare on Twitter

သမိုင်းအရ၊ လူမျိုးအရ ဖျောက်ဖျက်ပစ်လို့ မရတဲ့လူတွေ ရှိပါတယ်။ အဲဒီလူတွေထဲမှာ အိန္ဒိယနိုင်ငံက မဟတ္တမဂန္ဒီလည်း ပါဝင်ပါတယ်။ ဂန္ဒီဟာ သူ့ဘဝတလျှောက်လုံး နယ်ချဲ့တွေကို အကြမ်းမဖက်ရေးလို့ခေါ်တဲ့ အဟိံသ လမ်းစဉ် ကိုင်စွဲပြီး တိုက်ခိုက်ခဲ့သူတယောက်ပါ။

ဂန္ဒီကို ၁၈၆၉ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့၊ အိန္ဒိယနိုင်ငံအနောက်ပိုင်းမှာ မွေးဖွားခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီနေ့ အောက်တိုဘာလ ၂ ရက်နေ့ဟာ ဂန္ဒီရဲ့ အသက် ၁၅၀ ပြည့်နေ့ပါပဲ။ ဂန္ဒီဟာ ရှေ့နေတယောက်လည်းဖြစ်သလို ကိုလိုနီစနစ်ကို တစိုက်မတ်မတ် တော်လှန်ခဲ့သူ တယောက်ပါ။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13k
မြိတ်မြို့

မြိတ်မြို့

11 May 2025
589
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
255

ဂန္ဒီဟာ အစဉ်အလာကြီးတဲ့ ဟိန္ဒူမိသားစုမှာ မွေးဖွားခဲ့သူ တယောက်ဖြစ်ခဲ့ပြီး အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျခဲ့သူတယောက်လည်း ဖြစ်ပါတယ်။ ဥပဒေပညာကို သင်ကြားပြီးတဲ့နောက်မှာတော့ ရှေ့နေတောယက်အဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့ပါတယ်။ ၁၈၉၃ ခုနှစ်မှာတော့ ရှေ့နေလိုက်ဖို့ ကုန်သည်တယောက်က ငှားရမ်းခဲ့တဲ့အတွက် တောင်အာဖရိကနိုင်ငံကို သွားရောက်ခဲ့ပါတယ်။

အမှုငှားရမ်းတဲ့အကြောင်းကတော့ လူဖြူ၊ လူမည်း ခွဲခြားတဲ့ စနစ်ကြောင့် တောင်အာဖရိကမှာ နေထိုင်ကြတဲ့ အိန္ဒိယနိုင်ငံသားတွေ နိုင်ငံသားအခွင့်အရေးနဲ့ အခြားအခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့အတွက်ကြောင့်ပါ။ ဂန္ဒီဟာ တောင်အာဖရိကမှာ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ပြီး ၁၉၁၅ ခုနှစ်ရောက်မှသာ အိန္ဒိယနိုင်ငံကို ပြန်ရောက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အိန္ဒိယနိုင်ငံအရေးကို စတင်ဆောင်ရွက်ပါတော့တယ်။

၁၉၂၁ ခုနှစ်မှာတော့ ဂန္ဒီဟာ အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အိန္ဒိယအမျိုးသားတွေရဲ့ စိတ်ဓာတ်ကို လှုံ့ဆော်ပေးတဲ့ Young India အပတ်စဉ်ထုတ် ဂျာနယ်ကို ၁၉၃၁ ခုနှစ်အထိ ထုတ်ဝေခဲ့ပါတယ်။

ဂန္ဒီရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ အများကြီးအနက်က ထင်ရှားတဲ့ နိုင်ငံရေးလုပ်ရှားမှုကတော့ အိန္ဒိယ အမျိုးသားတွေ ဝတ်ဆင်လေ့ရှိတဲ့ ဒိုတီဝတ်ဆင်ရေးလှုပ်ရှားမှုပါပဲ။ သူဟာ ဒီလှုပ်ရှားမှုကို သူ့အသက် ၅၁ နှစ်ပြည့်ခါနီးအချိန်က စတင်လှုပ်ရှားခဲ့ပြီး နွေ ၊ မိုး ၊ ဆောင်း ၃ ရာသီပတ်လုံး သူကိုယ်တိုင် ဒိုတီ ဝတ်ဆင်သွားခဲ့တာ သေဆုံးချိန်တိုင်အောင်ပါပဲ။ ဒီလှုပ်ရှားမှုဟာ မြန်မာနိုင်ငံကို ဂယက်ရိုက်ခဲ့ပြီး မြန်မာနိုင်ငံမှာလည်း ပင်နီအင်္ကျီသာ ဝတ်ဆင်ရမယ်ဆိုပြီး မြန်မာ့နိုင်ငံရေးသမားတွေက အကောင်အထည် ဖော်လာပါတယ်။

၁၉၂၉ ခုနှစ် မတ်လ ၇ ရက်နေ့မှာ ဂန္ဒီဟာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဂန္ဒီ မြန်မာနိုင်ငံကို လာရောက်ရတဲ့ အကြောင်းကတော့ အိန္ဒိယနိုင်ငံမှာ ဖွဲ့စည်းထားတဲ့ ပြည်တွင်း လက်ရက်ကန်းအဖွဲ့ကြီးအတွက် မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ အိန္ဒိယနိုင်ငံသားတွေဆီကနေ ရန်ပုံငွေကောက်ခံဖို့အတွက်ပါ။

ထောင်ကျနေစဉ်အခါမှာလည်း အစာမစားဘဲ နေတဲ့အတွက်ကြောင့် အိန္ဒိယနိုင်ငံသားတွေ ဆူပူကြတဲ့အခါ အင်္ဂလိပ်အစိုးရ ဂန္ဒီကို ထောင်က ပြန်လွတ်ပေးခဲ့ရပါတယ်။

နောက်ပိုင်းကာလတွေမှာတော့ အိန္ဒိယနိုင်ငံမှာ ဟိန္ဒူ၊ မွတ်ဆလင် အရေးအခင်းတွေ ဖြစ်ပွားခဲ့တဲ့အတွက် အစာအစားဘဲ နေခဲ့ပြန်ပါသေးတယ်။ သက်ဆိုင်ရာ ခေါင်းဆောင်တွေက သင့်သင့်မြတ်မြတ် ပြန်နေပါ့မယ်ဆိုတဲ့ ကတိပေးခါမှာ အစာပြန်စားခဲ့ပါတယ်။

ဒါပေမယ့် ဟိန္ဒူ၊ မွတ်ဆလင် အရေးအခင်းတွေက ရပ်မသွားဘဲ ပိုပိုတိုးလာခဲ့ပါတယ်။ ဒါကြောင့်လည်း အိန္ဒိယနိုင်ငံကြီး ၂ ခြမ်း ကွဲခဲ့ရပါတယ်။ အိန္ဒိယနိုင်ငံ ၂ ခြမ်းကွဲရခြင်းဟာ ဂန္ဒီကြောင့်လို့ ဟိန္ဒူ တချို့ က လက်ခံထားခဲ့ကြပါတယ်။ ဒါကြောင့် ဟိန္ဒူ အစွန်းရောက် အမျိုးသားရေးဝါဒီတဦးကြောင့် ၁၉၄၈ ဇန်နဝါရီ ၃၀ ရက်နေ့မှာ လုပ်ကြံခံခဲ့ရပြီး ဂန္ဒီ ကွယ်လွန်သွားခဲ့ပါတယ်။

အခုဆိုရင်တော့ ဂန္ဒီ ကွယ်လွန်ခဲ့တာကြာပေမယ့် သူမွေးနေ့ရောက်တိုင်း အိန္ဒိယနိုင်ငံက အမျိုးသား အားလပ်ရက်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင်လည်း အောက်တိုဘာ ၂ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ အကြမ်းမဖက်ရေးနေ့”အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

ကိုးကား – en.wikipedia

You may also like these stories:

နှစ်ပေါင်း ၁၂၀ ကျော်ပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ တခုတည်းသော ဂျူးဘုရားကျောင်း

အမျိုးသားရေးစိတ်ဓာတ် ရင့်သန်လာအောင် နိုင်ငံရေး မျက်စိဖွင့်ပေးခဲ့သူ ဆရာတော် ဦးဥတ္တမ

Your Thoughts …
Tags: မဟတ္တမဂန္ဒီမွေးနေ့
ညီညီသူ

ညီညီသူ

Similar Picks:

အာဏာရှင်တွေ ကြောက်တဲ့နေ့ (ရုပ်/သံ)

အာဏာရှင်တွေ ကြောက်တဲ့နေ့ (ရုပ်/သံ)

by ယဉ်မွန်
20 June 2024
385

ဒီကနေ့ဟာ အာဏာရှင်တွေအဆက်ဆက် ကြောက်ရွံ့ခဲ့ရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ဘယ်လိုဖမ်းဆီးချုပ်နောင်ထားတယ် ဆိုတာ လူထုကိုပေးမသိပေမယ့် ပြည်သူတွေက သူမရဲ့ ၇၉ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်တွေပြုလုပ်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်

စစ်ခေါင်းဆောင်တွေရဲ့ နောက်ဆုံးလုပ်ကြံမှုကို ဒေါ်အောင်ဆန်းစုကြည် ကျော်လွှားနိုင်မလား

by နိုင်ခေတ်
27 June 2022
15.3k

ဒီတကြိမ် အရင်နဲ့မတူဘဲ သူ့ကို အပြီးသတ်ရှင်းပစ်ဖို့ စစ်ခေါင်းဆောင်တွေ ရည်ရွယ်နေတာပါ။ သူတို့အတွက် ကံကောင်းတာကတော့ ၇၇ နှစ် ရှိနေပြီဖြစ်တဲ့ သူ့အသက်ပါပဲ။

၁၉၄၇ ခုနှစ် အိန္ဒိယခရီးစဉ်အတွင်း ဂန္ဒီကို သွားရောက်တွေ့ဆုံခဲ့သော ဦးနု

မဟတ္တမဂန္ဒီ၏ မြန်မာပြည်ခရီး

by ဝေယံအောင်
7 March 2019
9.6k

၁၉၂၉ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၏ လူထုခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ မြန်မာနိုင်ငံသို့ ရောက်လာခဲ့သည်။

မွေးနေ့ ဆုတောင်းပေးတဲ့ အနုပညာရှင်များ  / အနုပညာရှင်များ၏ Facebook

ဒေါ်အောင်ဆန်းစုကြည်အတွက် အနုပညာရှင်များရဲ့ မွေးနေ့ဆုတောင်း

by ဧရာဝတီ
19 June 2021
10k

အမေ ကျန်းမာပြီး သက်တော် ရာကျော်ရှည်ပါစေ။ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေ။ အမေ့ သားသမီးတွေလည်း အမေ့ကို လွမ်းလှပြီ အမေ။

ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် အမှတ်တရစကားပြောကြားနေသည့် ကင်မ်အဲရစ်(ခ) ကိုထိန်းလင်း

ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန် သားဖြစ်သူ တောင်းဆို

by ဧရာဝတီ
19 June 2023
5.1k

တည်ငြိမ်အေးချမ်းသည့် နိုင်ငံတခုဖြစ်စေရေးအတွက် ပထမခြေလှမ်းမှာ မိခင်ဖြစ်သူအား လွှတ်ပေးရေး ဖြစ်သည်ကို စစ်တပ်က သဘောပေါက်သင့်ပြီး လူထုတော်လှန်ရေးအား စစ်တပ်အနေဖြင့် အနိုင်ရမည် မဟုတ် ကြောင်းနှင့် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ကာ အပစ်အခတ်ရပ်စဲရေး ကတိကဝတ်ပြုရန်လည်း ၎င်းက ပြောထားသည်။

သရုပ်ဆောင် ခန့်စည်သူ  / ဝေဝေနှင်း / ဧရာဝတီ

တကိုယ်တည်းသမားဖြစ်တဲ့အတွက် မိဘကို စောင့်ရှောက်နေတဲ့ ခန့်စည်သူ

by ယုဖြူဟန်
11 June 2020
11.7k

“ဒီအချိန်မှာ ဘယ်သူ့ရဲ့ခွင့်ပြုချက်မှ ယူစရာ မလိုဘူး။ တယောက်တည်း ဖြစ်နေတဲ့ အခါကျတော့ သားသမီးအတွက် ငဲ့ရတာတွေ မိသားစုအတွက် ငဲ့ရတာတွေ သိပ်မရှိဘူးပေါ့။

Next Post
Samsung က တခြားဘယ်ကုမ္ပဏီမှ မထုတ်ဖူးသေးတဲ့ စမတ်ဖုန်းကာဗာတမျိုးကို ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်

သုံးဖက်မြင်ပုံရိပ် ထိုးပြနိုင်တဲ့ စမတ်ဖုန်း ကာဗာတမျိုးကို Samsung ဖန်တီးလျက်ရှိ

အိမ်တန်ဖိုးကြီးနေတာမဟုတ်ဘူး၊လူတွေစီးပွားရေးမကောင်းတာ(ရုပ်/သံ)

အိမ်တန်ဖိုးကြီးနေတာမဟုတ်ဘူး၊လူတွေစီးပွားရေးမကောင်းတာ(ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.7k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate