အကောင်းဆုံးရုပ်ရှင် ဇာတ်ကားတွေမှာအဆိုးဆုံးလူကြမ်းဗီလိန်တွေရှိပါတယ်။ တချို့ကတော့ အဆိုးတကာ့ အဆိုးဆုံးထက်ကိုဆိုးအောင် ပြောင်မြောက်စွာသရုပ်ဆောင်နိုင်တဲ့ ဗီလိန်တွေဖြစ်ကြပါတယ်။ ကမ္ဘာကျော် ရုပ်ရှင်တွေထဲကလူတွေအော့နှလုံးနာလောက်အောင် သရုပ်ဆောင်ပြနိုင်တဲ့ အကောင်းဆုံးဗီလိန် ၁၀ ဦးကိုဖော်ပြလိုက်ပါတယ်။
၁။ Commodus (Gladiator, 2000)
နာမည်ကျော် Gladiator ဇာတ်ကားမှာသူရဲဘောကြောင်သူ၊ အဂတိလိုက်စားသူအဆုံးမှာသူ့ဖခင် ဘုရင်ကြီးကိုပါ ပြန်သတ်သူကွန်မွန်ဒတ်စ် အဖြစ် သရုပ်ဆောင်သူကဂျိုအာကင် ဖီးနစ် (Joaquin Phoenix) ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင် ရပ်ဆယ် ခရိုး (Russell Crowe) အနဲ့ အပြိုင် သရုပ်ဆောင်ထားပါတယ်။ ဗီလိန်အဖြစ် သရုပ်ဆောင် ကောင်းတဲ့အတွက် အကောင်းဆုံးဇာတ်ပို့ အော်စကာဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ ဒါရိုက်တာကရစ်ဒလေစကောက် (Ridley Scott) ဖြစ်ပါတယ်။
၂။ Lord Voldemort (Harry Potter franchise, 2001-2011)
သူ့နာကိုပြောရင် ကံဆိုးစေတယ်လို့ ယူဆခြင်းခံရတဲ့သူကတော့ ဟယ်ရီပေါ်တာဇာတ်လမ်းတွဲတွေထဲကဗီလိန်ကြီးလော့ဒ် ဗိုဒယ်မော့ (Lord Voldemort) ဖြစ်ပါတယ်။ ၂၀ဝ၁ ကနေ ၂၀၁၁ အထိရိုက်ကူးခဲဲ့့တဲ့ ဟယ်ရီပေါ်တာဇာတ်လမ်းတွဲတွေအနက် Harry Potter and the Prisoner of Azkaban တကားမှာပဲသူမပါဝင်တာပါ။
ဗိုဒယ်မော့ အရွယ်အမျိုးမျိုးမှာရုပ်အနေနဲ့ရောအသံအနေနဲ့ပါ သရုပ်ဆောင်များစွာကသရုပ်ဆောင်ပေးခဲ့ကြပါတယ်။
၃။ The Joker (The Dark Knight, 2008)
Batman ရဲ့ ရန်သူတော်တွေအနက် The Dark Knight ထဲကဂျိုကာ (Joker) ကိုတော့ မှတ်မိကြမယ် ထင်ပါတယ်။ ဂိုထန် မြို့မှာဖြစ်ပွားတဲ့ ရာဇဝတ်မှုတွေမှာအဓိကကြိုးကိုင်သူအဖြစ် ဂျိုကာဗီလိန်ဇာတ်ရုပ်ကိုဟိသ် လက်ဂျာ (Heath Ledger) က သရုပ်ဆောင်ပါတယ်။
စက်ဆုပ် ကြောက်ရွံ့စရာပီပြင်အောင် သရုပ်ဆောင်မှုကြောင့် ဟိသ် လက်ဂျာနှလုံးရပ်သေဆုံးပြီးနောက် ၂၀ဝ၉ ခုနှစ်မှာတော့ အော်စကာဆုချီးမြှင့်ခံရပါတယ်။
၄။ Norman Bates (Psycho, 1960)
ဒါရိုက်တာအဲလ်ဖရက် ဟစ်ချ်ကော့ (Alfred Hitchcock) ရဲ့ ဇာတ်ကားတွေဟာသည်းထိတ်ရင်ဖိုစရာတွေဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ်မှာရိုက်ကူးပြသခဲ့တဲ့ Pshchoဆိုတဲ့ ဇာတ်ကားကကလည်းသူ့ရဲ့ အကောင်းဆုံးလက်ရာထဲမှာပါပါတယ်။
သေသေသပ်သပ် ဝတ်စားတတ်ပြီးရှက်တတ်တဲ့ နော်မန် ဘိတ်စ် (Norman Bates) ဟာသူ့မိခင်နဲ့အတူမိုတယ် တခုဖွင့်ထားပါတယ်။ လာရောက်တည်းခိုသူတွေကိုသူ့မိခင်ကစိတ္တဇဆန်စွာသတ်ဖြတ်လိုက်ချိန်မှာတော့ ဇာတ်လမ်းဟာစိတ်ဝင်စားမှုမြင့်တက်လာစေပါတယ်။
၅။ Hannibal Lecter (The Silence of The Lambs, 1991)
လူတွေကိုရက်စက်စွာခွဲစိတ်ဖြတ်တောက် သတ်ဖြတ်ကာလူသားလည်းစားတတ်သူမှုခင်းဆရာဝန်ကြီးဟန်နီဘယ် လက်ခ်တာ (Hannibal Lecter) အဖြစ် သရုပ်ဆောင်မင်းသားကြီးအန်ထော်နီဟော့ပ်ကင်း (Anthony Hopkin) က သရုပ်ဆောင်ပါတယ်။
သွေးအေးအေးပိပိရိရိနဲ့ FBI စုံထောက် ကလယ်ရစ် စတာလင်ကိုလှည့်ဖျားထားပါတယ်။ မှုခင်းဆရာဝန်ကြီးလက်ခ်တာဟာလူတွေကိုအသားနာစေရုံတင်မကလူတွေရဲ့ စိတ်ကိုလည်းလှည့်ဖျားဖျက်ဆီးပါတယ်။
၆။ Keyser Söze (The Usual Suspects, 1995)
တချို့ စရိုက်ဆိုးသွမ်းသူတွေဟာတကယ်ရှိမယ်လို့ ထင်ချင်မှ ထင်ကြတာပါ။ The Usual Suspects ဇာတ်ကားထဲကကီဆာဆောလိုဖြစ်ပါလိမ့်မယ်။ တူရကီမူးယစ်ဆေးကုန်သည်တဦးဖြစ်တဲ့ သူဟာသူ့ဇနီနဲ့ ကလေးကိုသတ်ခဲ့ဖူးပါတယ်။ ဇာတ်ကွက် အလှည့်အပြောင်းတွေ၊ လှည့်ကွက်တွေကကီဆာဆောရဲ့ ဗီလိန်စရိုက်ကိုတဖြည်းဖြည်းဖော်ပြသွားမှာဖြစ်ပါတယ်။
၇။ The Wicked Witch of The West (The Wizard of Oz, 1939)
Dorathy ၏ လူစု Oz ကိုဖြတ်သွားသောအခါ သူတို့ မြင်တွေ့ရတာတွေကတော့ ပျံနေတဲ့ မျောက်တွေရဲ့ တပ်တွေ၊ လူပုလေးတွေနဲ့ စုန်းမတွေကိုသူတို့မြင်တွေ့ရပါတယ်။ စုန်းမတွေအုပ်စိုးတဲ့ တိုင်းပြည်ကိုကယ်ဖို့ စုန်းမတွေကိုရင်ဆိုင်ပြီးလူပုလေးတွေကိုကယ်တင်တာကိုကြည့်ကြရမှာဖြစ်ပါတယ်။
၈။ Reverend Harry Powell (The Night of The Hunter, 1955)
အမေရိကန်မှာ ၁၉၃၂ ခုနှစ်မှာကြိုးပေးကွပ်မျက်ခံရတဲ့ ဟယ်ရီပါဝါ (Harry Powers) ရဲ့ လူသတ်မှုတွေအကြောင်းအခြေခံထားတဲ့ The Night of The Hunter ဇာတ်ကားဖြစ်ပါတယ်။ ခရစ်ယာန် ဘုန်းကြီးဟယ်ရီပါဝါ ကနေလူအများအပြားကိုသတ်ဖြတ်သူအဖြစ် ရောဘတ် မစ်ချမ် (Robert Mitchum) က သရုပ်ဆောင်ထားပါတယ်။
၉။ KyloRen (Star Wars Episode VII: The Force Awakens, 2015)
Star Wars ဇာတ်လမ်းတွဲ ၇ ထဲကဗီလိန် ကိန်လိုရင် (KyloRen) ဖြစ်ပါတယ်။ ရှုပ်ထွေးတဲ့ ဗီဇပိုင်ရှင်၊ သစ္စာဖောက်သူဇာတ်ကောင်အဖြစ် ထိတ်လန့်ဖွယ် သရုပ်ဆောင်ထားပါတယ်။
၁၀။ Ernst StavroBlofeld (James Bond franchise, 1963-2015)
စပိုင် ဟီးရိုးဂျိမ်းစ် ဘွန်းကိုသတ်ဖို့ ကြိုးစားသူဒေါ်နယ် ပလီးဆန့်စ် (Donald Pleasence) အဖြစ် အားနက်စ် စတာဗရိုဘလိုဖီးလ်ဒ် (Ernst StavroBlofeld) က သရုပ်ဆောင်ထားပါတယ်။