Entertainment

“စစ်ကား” ရုပ်ရှင်ရိုက်တာ “မုန်းစွဲ” ရိုက်ကူးခဲ့တာထက် ၃ဆ ပိုပင်ပန်းတယ်လို့ ကျော်ကျော်ဗို ပြော

သရုပ်ဆောင် ကျော်ကျော်ဗိုက လက်ရှိရိုက်ကူးနေတဲ့ “စစ်ကား” ရုပ်ရှင်ကားက “မုန်းစွဲ” ရုပ်ရှင်ရိုက်တုန်းကထက် ၃ဆလောက် ပင်ပန်းခံရကူးရတယ်လို့ ဆိုပါတယ်။

“ကျနော် စစ်ကား သွားရိုက်ပြီး ပြန်လာတာ။ အသားတွေလည်းမည်းတယ်။ ပိန်လည်း ပိန်သွားတယ်။ နေလည်းမကောင်း ဖြစ်တယ်။ စစ်ကားရိုက်တာ ၁လလောက်ကြာတယ်။ ဗွက်တွေ လည်းလူးရတယ်။ တောတွေလည်း တိုးရတယ်။ နေတိုးနဲ့ တောင် ပြောဖြစ်တယ်။ မုန်းစွဲထက် သုံးဆလောက်ပင်ပန်းတဲ့ ကားလို့ ပြောရမယ်”

“ ဘဝမှာ တော်တော် ပင်ပင်ပန်းပန်းရိုက်ရတဲ့ ကား။ ၁၁၅မိုင်မှာ အခြေစိုက်ပြီး ရိုက်ကြတာပေါ့။ ပရိသတ်တွေ အတွက် တင်ပြပုံလေးက သစ်သစ်လွင်လွင်လေးဖြစ်မယ်။ ကြိုးစားထားတာတွေလည်း အရာထင်လိမ့်မယ်လို့ထင်ပါတယ်။ ပရိသတ်တွေလည်း ကြိုက်ကြမှာပါ” လို့ ကျော်ကျော်ဗိုက ဆိုပါတယ်။

မကြာခင်မှာလည်း မှောင်တိုက် ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ကူးဖို့ရှိနေပြီး ဒီဇာတ်ကားမှာတော့ စာရေးဆရာတယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်မှာ ဖြစ်တယ်လို့ ကျော်ကျော်ဗိုက ဆိုပါတယ်။

“မှောင်တိုက်” ဇာတ်ကားမှာ စာရေးဆရာတယောက်အနေနဲ့ ပါဝင်သွားမယ်။ ဒါရိုက်တာ ချိုဝတ်ရည်နဲ့ ကျနော်အရင်တကား ရိုက်ဖူးတယ်။ သူကလည်း ဇာတ်လမ်းတွေကို သေချာဖန်တီးပြီး သေချာလေးပြင်ဆင်တတ်တဲ့ ဒါရိုက်တာဖြစ်တာရယ် လာပေးတဲ့ ကာရိုက်တာလေးကလည်း ကိုယ်လုပ်ရမယ့် အပိုင်းလေးက စိတ်လှုပ်ရှားဖို့ကောင်းတာကြောင့် လက်ခံဖြစ် တာပါ”

“ ကျနော်တို့ Pre Production တွေလည်း အကြိမ်ကြိမ်လုပ်ထားတော့ ပြင်ဆင်ပြီးသားလည်း ဖြစ်တာပေါ့။ ကျနော်တို့နဲ့ ပထမတကားလည်း ရိုက်ဖူးတော့ သူရိုက်ချင်တဲ့ ကာရိုက်တာ ကျနော်နဲ့ သွားကိုက်ညီနေတာကြောင့် ကျနော်နဲ့ရိုက်မယ် ဆိုပြီး ဖြစ်တာဖြစ်ပါလိမ့်မယ်။ သူ့ယုံကြည်မှုတခုကိုတော့ ကျနော် အကောင်းဆုံး ဖန်တီးပြီးတော့ သရုပ်ဆောင် ပေးသွားပါမယ်” လို့ ကျော်ကျော်ဗိုက ပြောပါတယ်။

ဆက်လက်ပြီး ကျော်ကျော်ဗိုက  “Sky Net လွှင့်နေတဲ့ “Attention” ဇာတ်ကားလေးကိုလည်း အားပေးကြလို့ အရမ်းဝမ်းသာရတယ်။ ရုပ်ရှင်ဇာတ်ကားကြီး တွေအတိုင်းပဲ သေချာရိုက်ထားတာကြောင့် ပရိသတ်တွေ ကို စေတနာထားတာ ရောင်ပြန်ဟပ်တယ်လို့ ထင်ပါတယ်”

“ကျနော်သရုပ်ဆောင်ပိုင်းကိုပဲ အားစိုက်ထုတ်ပါဦးမယ်။ ကျနော်အတွက် ဝမ်းစာလိုနေသေးတယ်။ ဒါရိုက်တာကတော့ လုပ်ဖို့လိုပါသေးတယ်။ အနုပညာပတ်ဝန်းကျင်မှာပဲရှင် သန်နေဦးမှာမို့ ဒါရိုက်တာမဖြစ်လဲ ဇာတ်လမ်းရေးတဲ့ သူဖြစ်လာနိုင်ပါတယ်”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။

You may also like these stories:

“Lady Boy” ရုပ်ရှင်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရမှာ ရင်ခုန်နေတဲ့ ကျော်ကျော်ဗို

“မဟူရာရုပ်ရှင်ရုံ” နဲ့ “ပြုံးရွှင်ရေပျော်ရဲ့လား” ဇာတ်ကား နှစ်ကားအကြောင်းပြောပြတဲ့ ကျော်ကျော်ဗို

“အမျိုးသမီးက ပါရမီဖြည့်ဖက်ကောင်းတဦးဖြစ်တယ်” လို့ ဆိုလိုက်တဲ့ ကျော်ကျော်ဗို

“မုန်းစွဲရုပ်ရှင်ကို မင်းသွေးကြည့်ခွင့်မရတာ ကံတရားအတိုင်းပါပဲ”

Loading