နာမည်ကျော် တောင်ကိုရီးယား ရုပ်ရှင် “Parasite” ရဲ့ မင်းသမီး နှစ်ဦးဖြစ်တဲ့ Lee Jung Eun နဲ့ Jo Yeo Jung တို့ဟာ မကြာခင် ကျင်းပမယ့် ၂၀၂၀ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ဟောလိဝုဒ် နာမည်ကျော်ကြားသူတွေနဲ့အတူ တက်ရောက်မယ်လို့ သိရပါတယ်။
မင်းသမီး Jo Yeo Jung ရဲ့ ကိုယ်စားလှယ်တဦးက “ဇန်နဝါရီလ ၅ ရက်နေ့မှာ Jo Yeo Jung ဟာ လော့စ်အင်ဂျလိစ်က ၇၇ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ သူဟာ KBS ရဲ့ ဒရာမာဖြစ်တဲ့ ‘Woman of 9.9 Billion’ ကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။ အချိန်ဇယား ကျပ်တည်းမှု နည်းနည်းရှိပေမယ့် သူဟာ ဒီကိုပြန်မလာခင် အမေရိကန်နိုင်ငံမှာ သူတတ်နိုင်သလောက် အချိန်ကုန်ဆုံးမှာ ဖြစ်တယ်”လို့ ယနေ့၊ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
မင်းသမီး Lee Jung Eun ရဲ့ အေဂျင်စီကလည်း အလားတူ ကြေညာချက် ထုတ်ပြန်ပါတယ်။ အဲ့ဒီ ကြေညာချက်ထဲမှာ “Lee Jung Eun ဟာ နှစ်သစ် အစောပိုင်းကျရင် ရွှေကမ္ဘာလုံး ဆုပေးပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။ သူဟာ ကိုယ်ရေးကိုယ်တာ အစီအစဉ်တချို့ရှိပြီး မိသာစုနဲ့အတူ ခရီးသွားမှာဖြစ်တာကြောင့် အမေရိကန်နိုင်ငံမှာ အချိန် ၁ လလောက် ကုန်ဆုံးမှာဖြစ်ပါတယ်”လို့ ဖော်ပြထားပါတယ်။
အဲ့ဒီ မင်းသမီးနှစ်ဦးဟာ ရွှေကမ္ဘာလုံး ဆုပေးပွဲမှာ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံးဇာတ်ညွှန်းဆု၊ အကောင်းဆုံး နိုင်ငံခြားစကားပြော ရုပ်ရှင်ဆု ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ ပထမဆုံး ကိုရီးယားရုပ်ရှင် “Parasite” ကို ကိုယ်စားပြုပြီး တက်ရောက်မှာလည်း ဖြစ်ပါတယ်။
အဲ့ဒီရုပ်ရှင်ဟာ လာမယ့် ဇန်နဝါရီလ ၁၉ ရက်နေ့၊ လော့စ်အင်ဂျလိစ်မြို့မှာ ပြုလုပ်မယ့် ၂၆ ကြိမ်မြောက် ရုပ်ရှင်သရုပ်ဆောင်များ အစည်းအရုံး ဆုပေးပွဲမှာလည်း “အကောင်းဆုံး သရုပ်ဆောင်ဆု” အတွက် လျာထားခြင်း ခံရပါတယ်။
လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ပြုလုပ်မယ့် အော်စကာ ဆုပေးပွဲမှာလည်း အကောင်းဆုံးနိုင်ငံခြားစကားပြော ရုပ်ရှင်ဆုနဲ့ ဒါရိုက်တာဆုတို့ ရရှိမယ်ဆိုပြီး တစ်ပြေးနေပါတယ်။
Ref: Soompi
You may also like these stories:
နိုင်ငံခြားစကားပြော ရုပ်ရှင်ဆုအတွက် အော်စကာ ပဏာမ ဆန်ခါတင် စာရင်းဝင်တဲ့ “Parasite” ရုပ်ရှင်
ရွှေကမ္ဘာလုံးဆု ဆန်ခါတင် ၃ ဆု ဝင်ခဲ့တဲ့ “Parasite” ရုပ်ရှင်
အော်စကာ ဆုပေးပွဲအတွက် တောင်ကိုရီးယားနိုင်ငံ ကိုယ်စားပြုရုပ်ရှင်အဖြစ် “Parasite” ရွေးချယ်ခံရ