Netflix ကနေပြသမယ့် ကိုရီးယားဒရာမာစီးရီး “Kingdom” ရဲ့ Season 2 အတွက် အမြည်းဗီဒီယိုတွေကို ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ အဲ့ဒီသမိုင်းနောက်ခံ သည်းထိတ်ရင်ဖို စီးရီးကို လာမယ့် ၂၀၂၀ ပြည့်နှစ်၊ မတ်လမှာ ပြသသွားမှာဖြစ်ပြီး ဒုတိယမြောက် Season ကို ကြည့်ရှုရဖို့ ပရိသတ်တွေဟာ အချိန်တနှစ်ကျော်လောက် စောင့်ဆိုင်းခဲ့ရပြီး ဖြစ်ပါတယ်။
ပထမဆုံး Season ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှာ ပြသခဲ့ပြီးတဲ့နောက် ပရိသတ်ရဲ့ အထူးအားပေးမှုကို ခံခဲ့ရပါတယ်။ အဲ့ဒီနောက် ၂ လအကြာ မတ်လမှာပဲ စီးရီးရဲ့ ဒုတိယ Season ကို ရိုက်ကူးဖို့ စတင်ခဲ့တာဖြစ်ပါတယ်။
ပထမဆုံး Season မှာတော့ ကိုရီးယားဂျိုဆွန်းခေတ်မှာ ပျံ့နှံ့နေတဲ့ ကပ်ရောဂါဖြစ်ပွားနေချိန်မှာ တိုင်းပြည်မှာရှိတဲ့ ပြည်သူပြည်သားတွေရဲ့ အသက်ရှင် ရပ်တည်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်ရမယ့် အိမ်ရှေ့စံမင်းသား အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ နန်းတွင်းရေးရာ အရှုပ်အထွေးတွေနဲ့အတူ ရောဂါရဲ့ ဖြစ်ပွားရတဲ့ မူရင်းဇာစ်မြစ်ကို ရှာဖွေဖို့ ဆေးအကူ မိန်းကလေးနဲ့အတူ ပူးပေါင်းခဲ့ရတာဖြစ်ပါတယ်။
အခုဖြန့်ချိလိုက်တဲ့ Kingdom ရဲ့ အမြည်းဗီဒီယိုအတိုလေးတွေကို အပိုင်း ၅ ခုနဲ့ခွဲထား ဖြစ်ပါတယ်။ “အန္တရာယ်၊ မကောင်းဆိုးရွားဘုရင်၊ လောဘ၊ သွေးစွန်းသော ဂျိုဆွန်း၊ ဘဝသက်တမ်း” စတဲ့ခေါင်းစဉ်တွေနဲ့ ခွဲထားတာ ဖြစ်ပါတယ်။ သည်းထိတ်ရင်ဖို အသံအထူးပြုလုပ်ချက်တွေနဲ့အတူ မကြာမီ တင်ဆက်မယ့် စီးရီးထဲက အိမ်ရှေ့စံမင်းသားနဲ့ ဆေးအကူမိန်းကလေးတို့ရဲ့ ကြောက်ရွံ့ထိတ်လန့်မှုတွေကို အထင်အရှား ရှုမြင်ရမှာလည်း ဖြစ်ပါတယ်။
အမြည်းဗီဒီယိုထဲမှာ သွေးစွန်းနေတဲ့ ဓားကို လက်ထဲမှာကိုင်ပြီး အမှောင်ထုထဲမှာ နန်းတော်ထဲ ဝင်သွားတဲ့ အိမ်ရှေ့စံ၊ ဇွန်ဘီတွေရဲ့အော်ဟစ်သံနောက်ခံနဲ့အတူ မျက်လုံးကို ပိတ်ဖုံးထားတဲ့ ဆေးအကူမိန်းကလေး၊ နန်းတော်ကို လောဘတကြီးနဲ့ အုပ်စိုးဖို့ကြိုးစားနေတဲ့ မိဖုရားရဲ့ အဆုံးသတ်၊ နန်းတော်ထဲအထိ ဖောက်ဝင်လာတဲ့ မရေအတွက်နိုင်တွေ ဇွန်ဘီတွေ၊ ဇွန်ဘီဘဝကို အပြီးတိုင်ပြောင်းလဲခဲ့ပြီ ဖြစ်တဲ့ ထီးနန်းပြည့်ရှင်ဘုရင်ကြီးတို့ကိုလည်း မြင်တွေ့ရပါတယ်။
အဲ့ဒီစီးရီးမှာဆိုရင်တော့ မင်းသား Ju Jo Hoon၊ မင်းသား Ryu Seung Ryong နဲ့ မင်းသမီး Bae Doo Na တို့က ဦးဆောင် ပါဝင်ထားကြပါတယ်။
Ref: allkpop
You may also like these stories:
“Kingdom” စီးရီးရဲ့ Season 2 ကို မကြာမီ မြင်တွေ့ရဖွယ်ရှိ
“Kingdom” Season 2 မှာ ပါဝင်လာတော့မယ့် မင်းသမီး Jun Ji Hyun
“Kingdom” စီးရီး Season 2 ကို လာမယ့်နှစ်အတွင်း Netflix တွင် ပြသမည်