Health

အမျိုးသမီးတွေ နေ့စဉ်စားသုံးပေးသင့်တဲ့ အာဟာရစာများ

Want create site? Find Free WordPress Themes and plugins.

အမျိုးသမီးတွေဟာ အရိုး၊ အသားနဲ့ အခြား ခန္ဓာကိုယ်တည်ဆောက်မှုပုံစံတွေအရ အမျိုးသားတွေထက် အားနည်းတဲ့ အ တွက် အာဟာရ စားသုံးပေးမှု အပိုင်းမှာလည်း ပိုမို ကောင်းမွန်မှန်ကန်တဲ့ အစားအစာတွေကို စားသုံးပေးဖို့ လိုအပ်တာ လည်း ဖြစ်ပါတယ်။

(၁) ပဲ

ပဲဟာ ကင်ဆာရောဂါကို အကောင်းဆုံး ကာကွယ်ပေးနိုင်တဲ့ အစာတခုလည်း ဖြစ်ပါတယ်။ ဟားဗက် တက္ကသိုလက်ကနေ ၈နှစ်အတွင်း ကင်ဆာမဖြစ်သူ အမျိုးသမီး ၉ သောင်းကျော်ကို လေ့လာချက်တွေအရ ပဲစားဆုံးပေးမှုဟာ ကင်ဆာကို အ ကောင်းဆုံး ကာကွယ်နိုင်လာတာ တွေ့ရပါတယ်။ ပဲ မစားသူတွေထက် ၃၄ ရာခိုင်နှုန်းထိအောင် ကင်ဆာဖြစ်နိုင်ခြေ လျော့ နည်းစေတယ်လို့ ဆိုပါတယ်။

(၂) ဒိန်ချဉ်

အရိုးတွေ အသက်အရွယ် ကြီးရင့်လာသည်ထိအောင် ခိုင်မာ သန်စွမ်းဖို့အတွက် အနည်းဆုံး တရက်ကို ဒိန်ချဉ်တခွက် တော့ သောက်ပေးသင့်ပါတယ်။ အမျိုးသားတွေထက် အရိုးပိုင်းမှာ တည်ဆောက်မှု ပါးလွှာအားနည်းတဲ့အတွက် အနည်းဆုံး ဒိန် ချဉ်ကို တရက်တခွက် ပုံမှန်သောက်သုံးပေးပါ။

(၃) သင်္ဘောသီး

ဗီတာမင် C ရဖို့ အကောင်းဆုံး အစာပါ။ လိမ္မော်သီးထက်တောင်မှ ဗီတာမင် C ပါဝင်နှုန်း ၂ဆ ပိုပါတယ်။ အများစုသော အ မျိုးသမီးတွေမှာ ဗီတာမင် C ချို့တဲ့နေကြပြီး သဘောၤသီးနဲ့ အခြားဗီတာမင် C ပြည့်ဝတဲ့ လိမ္မောသီးလို အရာတွေကို ပုံမှန် စားသုံးပေးသင့်ပါတယ်။

(၄) ခရမ်းချဉ်သီး

တနေ့တာ လိုအပ်တဲ့ ဗီတာမင် Aရဲ့ထက်ဝက်ခန့် ပမာဏကို ခရမ်းချဉ်သီး ပျမ်းမျှ ၃လုံးခန့် အနည်းဆုံး စားသုံးပေးရုံနဲ့ ပြည့် ၀ လုံလောက်စေနိုင်ပါတယ်။

အရေပြားကိုလည်း စိုပြေစေသလို လှပစေပါတယ်။ မျက်ကြည်လွှာကိုလည်း စိုနေစေပြီး မျက်သားခြောက်ခြင်းကြောင့် ဖြစ်တဲ့ မျက်လုံးယားယံခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ရင်သားကင်ဆာ ဖြစ်နိုင်ခြေလည်း လျော့နည်းစေနိုင်ပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေလည်း နည်းစေပါတယ်။

(၅) တို့ဟူး

အသားဓာတ် ပြည့်ဝစွာ ပါရှိတယ်၊ ကိုလက်စထရောကိုလည်း လျော့ကျစေတယ်၊ အရိုးတွေကိုလည်း သန်မာစေတယ်၊ အရိုး ကို အဓိက အားပေးထောက်ပံ့ပေးတာ တွေ့ရပြီး တရက်ကို အနည်းဆုံး တို့ဟူး ၅ ကျပ်သားခန့် ပုံမှန် စားသုံးပေးသင့်ပါ တယ်။

(၆) ကိုက်လန်

ကယ်စီယမ်နဲ့ ဗီတာမင် D ပြည့်ဝစွာ ပါရှိတယ်။ ဒါက အမျိုးသမီးတွေမှာ အသက်ကြီးရင် ဖြစ်တတ်တဲ့ ခန္ဓာကိုယ်အားနည်း မှုနဲ့ အခြား ဆက်စပ်ရောဂါတွေကို အကောင်းဆုံး ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ အာရုံကြောအားနည်းမှုနဲ့ ဆက်စပ် ရော ဂါတွေကိုလည်း အကောင်းဆုံး ကာကွယ်တားဆီးပေးနိုင်တာ တွေ့ရပါတယ်။

(၇) ဆော်လမွန်

လတ်ဆတ်တဲ့ ဆော်လမွန်ငါး မဟုတ်ရင်တောင် စည်သွပ်ဘူးအနေနဲ့ စားပေးနိုင်ပါတယ်။ ရင်သားကင်ဆာ၊ အူမကြီးနဲ့ အူ သိမ်ကင်ဆာဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်းထိအောင် လျော့ချပေးနိုင်တာ တွေ့ရပါတယ်။ တရက်ကို အနည်းဆုံး ၃ အောင်စ လောက် စားပေးသင့်ပါတယ်။

(၈) ပုစွန်

ပုစွန်တုပ်မဟုတ်ပါဘူး။ ပုစွန်ဆိတ်လေးတွေနဲ့ အရွယ်တော် ပုစွန်လေးတွေ စားပေးပါ။ ကယ်လိုရီ သိပ်မတိုးစေဘဲ အာဟာရ ဖြစ်စေပါတယ်။ အထူးသဖြင့် ဓာတ်တိုးခြင်း ဖြစ်စေတဲ့အနေအထားမှာ ချက်စားပါ။ ပုစွန်ကို အနီရောင်ဖြစ်နေအောင် ချက် စားရင် အကောင်းဆုံး ဖြစ်ပါတယ်။

Ref: www.rd.com

Did you find apk for android? You can find new Free Android Games and apps.
Loading