အိမ်မွေးတိရစ္ဆာန်တွေအဖြစ် ခွေး၊ ကြောင်၊ ငါးတွေက လက်ရှိ ပြည်တွင်းမှာ အမွေးအများဆုံးသတ္တဝါတွေ ဖြစ်နေပြီး အခု ကျ နော်က အိမ်မှာ ခွေးလေးတွေ မွေးထားတဲ့အတွက်ရရှိနိုင်မယ့်အကျိုးရလဒ်လေးတွေအကြောင်းကို နည်းနည်းလောက်ပြောပြ ချင်ပါတယ်။
(၁) အလာ့ဂျစ်လို့ ခေါ်တဲ့ Allergie ဖြစ်မှုတွေကို ခွေးတွေကြောင့် ဖြစ်နိုင်ခြေ လျော့ကျစေနိုင်ပါတယ်။ ဓာတ်မတည့်မှု အနေ အထားမှာ ခွေးတွေနဲ့ နီးစပ်နေထိုင်သူတွေဟာ အလာ့ဂျစ်ဖြစ်နှုန်း လျော့နည်းသလို ခံနိုင်ရည် ပိုမို ကောင်းမွန်တာ တွေ့ရပါ တယ်။
အထူးသဖြင့်တော့ သင့်ရဲ့ကလေးတွေအတွက် ကြိုတင်ကာကွယ်မှုအနေနဲ့ ခွေးမွေးခြင်းပုံစံနဲ့ ကာကွယ်မှု လုပ်ဆောင်နိုင်ပါ တယ်။
(၂) ခွေးတွေကြောင့် သင့်အနေနဲ့ ဖျားနာမှုနှုန်းလည်း လျော့စေနိုင်ပါတယ်။ တချို့ကတော့ ခွေးလေးတွေက သခင်ရဲ့နာဖျားမှု ကို ယူပေးလေ့ရှိတယ်လို့လည်း ဆိုပါတယ်။
တကယ်ကတော့ ခွေးတွေမှာ ရောဂါပိုးအစုံ ထိတွေ့ ဖြစ်ပွားတတ်ဖူးကြပါတယ်။ လူတွေနဲ့ နီးစပ်ရာခွေးတွေမှာ ဖြစ်ပွားတဲ့ ရောဂါတွေက ကျနော်တို့ဆီကို အနည်းငယ်တော့ ရောက်လာတတ်ပေမယ့် အဆိုပါ အနည်းငယ်သော ရောဂါပိုးကို ဘယ်လို ပ ဋိဇီ၀ပစ္စည်း ထုတ်လုပ်တိုက်ဖျက်ရမယ်ဆိုတာ ကျနော်တို့ ခန္ဓာကိုယ်က ကြိုတင်သိထားနိုင်လို့ နောင်တချိန် ရောဂါဖြစ်ချိန်မှာ ကြံ့ခိုင်မှု ပိုနေစေပြီး ဖြစ်လို့ နာဖျားနှုန်းလျော့ကျလာတာ ဖြစ်ပါတယ်။
(၃) သင့်အနေနဲ့ ခွေးတွေနဲ့အတူ အပြေးလေ့ကျင့်မှုတွေ၊ လမ်းလျှောက်ခြင်းတွေ လုပ်ဆောင်ဖြစ်လာတာကြောင့် လေ့ကျင့် ခန်း လုပ်ဆောင်ပြီးသား ဖြစ်စေသလို ကျန်းမာရေးကို ပိုမိုကောင်းမွန်ပြီး သန်မာမှု ရရှိစေနိုင်ပါတယ်။
(၄) လေ့လာချက်တွေအရ ခွေးတွေကို ချစ်ခင်မွေးမြူတတ်သူတွေကို တခြားပတ်ဝန်းကျင်က လူတွေက ပိုမို သဘောကျ ခင် မင်လေးစားလေ့ရှိတယ်လို့ သိရပါတယ်။ ခွေးလေးမွေးထားရုံနဲ့ သင့်ကို လူကောင်းတယောက်မှန်း ကြော်ငြာစရာမလိုဘဲ သိ နိုင်နေပါပြီ။
(၅) အထက်မှာ ပြောခဲ့သလို လေ့ကျင့်ခန်းအတူတူ လုပ်ဆောင်မှုကြောင့်သော်လည်းကောင်း၊ နာမကျန်းသူ၊ စိတ်အားငယ်နေ သူတွေ၊ အထီးကျန်ဆန်နေသူတွေအတွက်ပါ ခွေးလေးတွေဟာ အဖော်မွန်ကောင်းတွေ ဖြစ်ပါတယ်။ သင့်ရဲ့စိတ်ကို ခွေးလေး တွေက ပျော်ရွှင်မှု ဖြစ်စေပါလိမ့်မယ်။
(၆) လေ့လာချက်တွေအရ ခွေးပိုင်ရှင်တွေက ပိုမို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လေ့ရှိတယ်လို့ သိရသလို အိမ်ရေး၀၀ အိပ်စက် ခြင်းနဲ့ စိတ်ပျော်ရွှင်ခြင်းတွေကြောင့် သွေးတိုးဖြစ်နိုင်ခြေလည်း နည်းစေပြီး နှလုံးခုန်နှုန်းကိုလည်း မှန်ကန်စေတယ်လို့ ပညာ ရှင်တွေက ဆိုပါတယ်။
(၇) ခွေးလေးတွေဟာ သင့်ရဲ့ခန္ဓာကိုယ်မှာ ကင်ဆာရောဂါ ဖြစ်ပွားနေမှု ရှိ၊ မရှိကို အာရုံခံ သိနိုင်ပါတယ်။ ခွေးလေးတွေက သင့်ကို ခဏခဏ နမ်းမယ်၊ လျှာနဲ့သပ်မယ်ဆိုရင် သင့်အနေနဲ့ ကျန်းမာရေးစစ်ဆေးမှု လုပ်ဆောင်သင့်ပါတယ်။ ကင်ဆာဖြစ် နိုင်ခြေ ရှိနေ၊ ရှိနိုင်နေပါပြီ။
(၈) ခွေးလေးတွေ မိမိအနီးအနားမှာ ရှိနေခြင်းက မိမိကိုယ်ကို လုံခြုံစိတ်ချရမှု ပိုစေတယ်လို့ ခွေးပိုင်ရှင်တွေရဲ့ဖွင့်ဆိုချက်အရ လည်း သိရပါတယ်။
တယောက်တည်း ရှိနေချိန်မှာဖြစ်စေ၊ မိသားစုနဲ့အတူရှိနေချိန် ဖြစ်သည့်တိုင်အောင် မိမိအနီး၊ အိမ်မှာ ခွေးလေးတွေ ရှိနေရင် ယုံကြည်စိတ်ချမှု ပိုမိုတာ တွေ့ရပါတယ်။
www.wonderslist.com