လူတိုင်းဟာ အကြိုက်တမျိုးစီနဲ့ နှစ်သက်တဲ့နေရာတွေကို သွားရောက်လည်ပတ်လေ့ရှိကြပါတယ်။ ဒီထဲကမှ စူးစမ်းလိုစိတ် ပြင်းပြပြီး ထိတ်လန့်ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်တွေဆီကို သွားရောက်လည်ပတ်ချင်တဲ့ သတ္တိခဲ ခရီးသွားတွေ အတွက် လည်ပတ်သင့်တဲ့နေရာတွေကို ညွှန်းဆိုပေးချင်ပါတယ်။
The Chapel of Bones
ပေါ်တူဂီနိုင်ငံ၊ Evora မှာရှိတဲ့ St.Francis ဘုရားရှိခိုးကျောင်းဘေးမှာရှိတဲ့ ဝတ်ပြုဆုတောင်းရာ အဆောက်အဦကြီးရဲ့ နံရံပတ်ပတ်လည်ကို လူ့ဦးခေါင်းခွံ တွေ၊ အရိုးတွေနဲ့ တန်ဆာဆင်ထားပါတယ်။ အထဲဝင်လိုက်တာနဲ့ ထိတ်လန့်ဖွယ် ရုပ်ရှင်တွေထဲကိုလို အသည်းတအေးအေး ခံစားရစေမယ့် အဆိုပါနေရာဟာ Evora မှာရှိတဲ့ နာမည်ကျော် အထိမ်းအမှတ်အဆောက်အဦတခု လည်းဖြစ်ပါတယ်။
၁၆ ရာစုမှာ ဘုန်းတော်ကြီး Franciscan က ဆောက်လုပ်ခဲ့တာဖြစ်ပြီး ဘဝဟာ တိုတောင်းတဲ့အချိန်ကာလတခုပဲလို့ အစ်ကိုဖြစ်သူကို ပြောဆိုခဲ့ပြီး နံရံတွေကို လူ့ဦးခေါင်းခွံတွေ၊ အရိုးတွေနဲ့ ပတ်ပတ်လည် စီခြယ်ထားခဲ့ပါတော့တယ်။ အဆောက်အဦရဲ့ ဝင်ပေါက်မှာလဲ “We bones that here are, for yours await” လို့ ရေးသားထားပါတယ်။
Hoia Forest
Transylvania မှာရှိတဲ့ Hoia တောအုပ်ကြီးဟာ သဘာဝလွန်အဖြစ်အပျက်တွေကြောင့် နာမည်ကျော်ပါတယ်။ ရာဇဝင်တွေအရ သိုးကျောင်းသားတယောက်ဟာ တိရစ္ဆာန်တွေနဲ့အတူ တောအုပ်ထဲဝင်သွားပြီး မြူတွေကြား ထဲ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ရာက အဆိုပါနာမည်ဖြစ်ပေါ်လာခဲ့တာလို့ ဆိုပါတယ်။
ဒီလိုထူးဆန်းတဲ့ တောအုပ်ကြီးထဲကို လေ့လာစူးစမ်းသူတွေအများအပြား လာရောက်လေ့လာခဲ့ပြီး ထူးဆန်းတဲ့အသံ တွေလည်း ကြားခဲ့ရတယ်လို့ ပြောပါတယ်။ တချို့ကလည်း တခြားကမ္ဘာက ဂြိုဟ်သားတွေ တွေ့ခဲ့သယောင်ပြောဆိုကြ သလို၊ တချို့ကျပြန်တော့လည်း သရဲတစ္ဆေတွေ မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။
The Hill of Crosses
လစ်သူရေးနီးယားနိုင်ငံမှာရှိတဲ့ လက်ဝါးကပ်တိုင်တွေက တောင်ကုန်းပေါ်မှာ များပြားလွန်းလို့ အရေအတွက် အတိအကျကို ဘယ်သူမှ မသိကြပါဘူး။ ထူးဆန်းစွာ သင်္ချိုင်းမြေမဟုတ်ဘဲ လက်ဝါးကပ်တိုင်တွေများ နေရတဲ့ အကြောင်းရင်းကလည်း ဒီနေရာမှာ လက်ဝါးကပ်တိုင်လာထားမယ်ဆိုရင် ကံကောင်းတယ်လို့ ဒေသခံ တွေ ယုံကြည်မှုကြောင့်ပါ။ ၉၀ ခုနှစ်က နောက်ဆုံးတွက်ချက်မှုအရ လက်ဝါးကပ်တိုင်ပေါင်း ၅ သောင်းကျော် တယ်လို့ ဆိုပါတယ်။
Hanging Coffins
ဖိလစ်ပိုင်နိုင်ငံက Sagada ဒေသမြို့လေးမှာ ခရီးသွားတွေကို ဆွဲဆောင်နေတဲ့နေရာကတော့ တောင်တွေမှာ ချိတ်ဆွဲထား တဲ့ ခေါင်းတလားတွေကြောင့်ပါ။ တံငါရွာဒေသဖြစ်တဲ့ ဒီနေရာလေးမှာ ကျောက်တုံးကျောက်ဆိုင် တွေ၊ ဂူတွေ အများအပြား ရှိပါတယ်။ တောင်တွေရဲ့နံရံကမ်းပါးတွေပေါ်မှာ ကြိုးတွေနဲ့ဆိုင်းထားတဲ့ သစ်သား ခေါင်းတလားတွေကို ရှေးယခင်ကတည်း က ချိတ်ဆွဲထားခဲ့တာပါ။ အမြင့်ပေ ၃၈၀ မှာ အထပ်ထပ်ချိတ်ဆွဲထား တဲ့ သစ်သားခေါင်းတလားတွေကို ကမ္ဘာနဲ့ ကောင်းကင်ဘုံကို တက်လှမ်းနိုင်တဲ့လှေခါးအဖြစ် သတ်မှတ်ထားခဲ့ကြ တာပါ။
The Capuchin Catacombs
အီတလီနိုင်ငံ၊ Palermo မှာရှိတဲ့ အဆောက်အအုံဟာ လူပေါင်း ၈ ထောင်ကျော်ကို သဂြိုလ်ထားတဲ့နေရာပါ။ လူအရိုးစုအများကြီးကို တနေရာတည်းမှာ ကြည့်ရှုလေ့လာနိုင်မယ့် နာမည်ကျော်နေရာတခုလည်းဖြစ်ပါတယ်။ ယခင် Capucci ဘုန်းတော်ကြီးကျောင်းမှာ သေဆုံးသူတွေကို သြင်္ဂီုဟ်ဖို့အတွက် နေရာလိုအပ်လာရာက Catacombs ကို ၁၆ ရာစုအကုန်မှာ ဆောက်လုပ်ခဲ့တာပါ။ ၁၈၈၂ ခုနှစ်မှာတော့အဆိုပါနေရာကို ပိတ်ပြစ်ခဲ့ပြီး ဘယ်သူမှ သဂြိုလ်ခွင့် မပြုတော့ပါဘူး။
Shipwreck in the Solomon Islands
ဆော်လမွန်ကျွန်းနိုင်ငံလေးမှာရှိတဲ့ ဒီနေရာလေးကတော့ သင်္ဘောပျက်တွေကိုမြင်တွေ့နိုင်ပြီး လူသွားလူလာ နည်းတာ ကြောင့် သန္တာကျောက်တန်းတွေနဲ့ လှပနေတဲ့နေရာတခုပါ။ ၂၀၀၀ ပြည့်နှစ်က လိုက်ဘေးရီးယန်း အပျော်စီးသင်္ဘော World Discover ဟာ ဆော်လမွန်ကျွန်းနားမှာ နစ်မြှုပ်ခဲ့ပြီး ခုချိန်ထိ ရေပေါ်တဝက်ရေ အောက်တဝက်နဲ့ ငါးတွေနဲ့ ရေနေသတ္တဝါတွေရဲ့ ခိုအောင်းရာနေရာတခုဖြစ်နေပါပြီ။
Ref:Bright.Me
You may also like these stories:
အာရှမှာ ပျားရည်ဆမ်းခရီး ထွက်လို့ကောင်းတဲ့ နေရာများ
နိုင်ငံတကာခရီးသွားတွေ သဘောကျနှစ်ခြိုက်တဲ့ အာရှတိုက်ရဲ့ နေရာများ
ကမ္ဘာ့ ဘေးရန်အကင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရတဲ့ ဆွစ်ဇာလန်နိုင်ငံ