၂၀၁၉ ခုနှစ် ကုန်ဆုံးပြီးလို့ ၂၀၂၀ ရောက်လာတဲ့ နှစ်သစ်ချိန်ခါမှာ ခရီးသွားလိုသူတွေအတွက် ဈေးနှုန်း ချိုချိုသာသာနဲ့ လည်ပတ်နိုင်တဲ့ နိုင်ငံတွေကို ဖော်ပြပေးချင်ပါတယ်။ အာရှဒေသမှာဆိုရင်တော့ ဇန်နဝါရီလအတွင်း ဈေးနှုန်းချိုချိုနဲ့ လည်ပတ်နိုင်တဲ့ နိုင်ငံတွေက ဗီယက်နမ်၊ နီပေါ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ အင်ဒိုနီးရှားနိုင်ငံတွေပါ။
ဥရောပနဲ့ အနီးတဝိုက်မှာဆိုရင်တော့ ရိုမေးနီးယား၊ ဂျော်ဂျီယာ၊ အာမေးနီးယား၊ ယူကရိန်း၊ တူရကီနဲ့ မော်ရိုကိုနိုင်ငံတွေ ဖြစ်ပြီး အမေရိကတိုက်မှာဆိုရင်တော့ မက္ကဆီကို၊ ကိုလံဘီယာ၊ ဂွာတီမာလာ၊ အာဂျင်တီးနားနဲ့ ကျူးဘားနိုင်ငံတို့ပဲ ဖြစ်ကြပါတယ်။
အခုဖော်ပြပေးခဲ့တဲ့ ဒေသတွေဟာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဈေးနှုန်း ချိုချိုသာသာနဲ့ လည်ပတ်နိုင်တဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေထဲကမှ အာရှရဲ့ ဈေးနှုန်းအချိုသာဆုံး နိုင်ငံတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။
(၁) ဗီယက်နမ်နိုင်ငံ
အရှေ့တောင်အာရှနိုင်ငံတွေမှာဆိုရင် ဗီယက်နမ်နိုင်ငံက ဈေးနှုန်းချိုချိုသာသာနဲ့ လည်ပတ်နိုင်တဲ့ နိုင်ငံတွေရဲ့စာရင်းမှာ ထိပ်ဆုံးနေရာက ရှိနေပါတယ်။ နောက်ပိုင်းကာလတွေမှာ Sapa နဲ့ Ha Long Bay ဒေသတွေကို ခရီးသွားအများဆုံး လာရောက် လည်ပတ်လေ့ ရှိပါတယ်။ ကုန်ကျစရိတ် အနေနဲ့ တရက်ကို ဒေါ်လာ ၃၀ ဝန်းကျင်သာ ကျသင့်တဲ့အတွက် ဇန်နဝါရီလအတွင်း အာရှဒေသတွေကို အလည်သွားမယ်ဆိုရင်တော့ ဗီယက်နမ်နိုင်ငံကို ရွေးချယ်ဖို့ အကြံပေးလိုပါတယ်။
(၂) လာအိုနိုင်ငံ
၂၀၁၀ ခုနှစ် အစောပိုင်းကာလမှာ လာအိုခရီးသွားလုပ်ငန်းက တိုးတက်မှု သိပ်မရှိခဲ့ပေမယ့် နောက်ပိုင်းကာလတွေမှာတော့ တိုးတက်လာခဲ့ပါတယ်။ လာအိုနိုင်ငံဟာ လူဦးရေထူထပ်မှုလည်း သိပ်မရှိသေးသလို နိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းကို တောတောင်တွေက ဖုံးလွှမ်းထားပါတယ်။ ဒါကြောင့်လည်း တောင်တက်ခရီးသွားလိုသူတွေအတွက် အဆင်အပြေဆုံး နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။ တရက်တာ ကုန်ကျစရိတ်အနေနဲ့ကတော့ ဒေါ်လာ ၂၀ နဲ့ ၄၀ ဝန်းကျင်သာ ရှိပါတယ်။
(၃) နီပေါနိုင်ငံ
လာအိုနိုင်ငံမှာ တောင်တက်ဖို့အဆင်ပြေသလို နီပေါနိုင်ငံကလည်း တောင်တက် ခရီးသွားတွေအတွက် အဆင်အပြေဆုံး နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ နီပေါနိုင်ငံဟာ တောင်တက် ခရီးသွားတွေအတွက် အဆင်ပြေသလို ဈေးနှုန်းချိုသာတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပြီး တရက်တာ ကုန်ကျစရိတ်အနေနဲ့တော့ ဒေါ်လာ ၂၀ နဲ့ ၄၀ ဝန်းကျင်သာ ရှိပါတယ်။
(၄) အင်ဒိုနီးရှားနိုင်ငံ
အင်ဒိုနီးရှားနိုင်ငံကို လည်ပတ်မယ်ဆိုရင်တော့ တရက်တာ ကုန်ကျစရိတ်က ဒေါ်လာ ၂၅ နဲ့ ၅၀ ဝန်းကျင်သာ ရှိပါတယ်။ ဘာလီကျွန်းမှာဆိုရင်တော့ ဒီထက် ငွေကုန်ကြေးကျ ပိုများပေမယ့် ကျန်နေရာ အများစုမှာတော့ အဆင်ပြေပါတယ်။
(၅) ကမ္ဘောဒီးယားနိုင်ငံ
ကမ္ဘောဒီးယားနိုင်ငံမှာ နာမည်အကြီးဆုံးနေရာကတော့ အန်ကောဝပ်ကျောင်းတော် ဖြစ်ပါတယ်။ တရက်တာ ကုန်ကျစရိတ်အနေနဲ့ကတော့ ဒေါ်လာ ၂၅ ကနေ ၄၅ ဒေါ်လာအတွင်း ကုန်ကျနိုင်ပါတယ်။
Ref: indietraveller
အရှေ့တောင်အာရှ နိုင်ငံတွေဟာ တကိုယ်တော် အမျိုးသမီး ခရီးသွားတွေအတွက် လုံခြုံမှု ရှိ
ကမ္ဘာပေါ်မှာ ခရီးသွားတွေ သွားရောက် လည်ပတ်မှုအများဆုံး ကမ်းခြေများ
၂၀၂၀ ခုနှစ်အတွင်း ကမ္ဘောဒီးယားသို့ နိုင်ငံတကာခရီးသွား ၇ သန်း လာရောက်နိုင်ဖွယ်ရှိနေ