ယနေ့ခေတ်မှာ ကမ်းခြေသွားရင် မိန်းကလေးတိုင်းနီးပါး Bikini တွေ ရေကူးဝတ်စုံတွေကို ဝတ်နေကြပါပြီ။ ဒါကို ရှက်စရာလို့လည်း ဘယ်သူကမှ မမြင်ကြတော့ပါဘူး။ ကမ်းခြေကို ရောက်တဲ့အခါ လူတကာထက် ပိုပြီး လှပတဲ့ ပုံတွေကို ရချင်ကြတာဟာလည်း မိန်းကလေးတွေရဲ့ သဘာဝပါပဲ။ သိပ်မကြာခင် နွေရာသီကို ရောက်ရှိတော့မှာ ဖြစ်လို့ ကမ်းခြေမှာ ဓာတ်ပုံလှလှပပလေးတွေ ရအောင် ပြုလုပ်ရမယ့် အချက်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) သင်က ကမ်းခြေမှာ ရေကစားဖို့ ပစ္စည်းတခုခုနဲ့ ဓာတ်ပုံရိုက်မယ်ဆိုရင် သင်ကိုင်ထားတဲ့ ပစ္စည်းကို အရှေ့မှာ ထားပြီး သင့်ရဲ့ ခန္ဓာကိုယ်ကို ခပ်စောင်းစောင်း ရပ်ပါ။ ဒီလိုဆိုရင် သင့်ရဲ့ ကောက်ကြောင်းအလှ ပိုမိုပေါ်လွင်စေပြီး သင့်ရဲ့ ပေါင်တံတွေကိုလည်း သေးသွားသယောင် ဖြစ်စေပါတယ်။
(၂) တကယ်လို့ သင်က ရေကူးကန်နားမှာ ရိုက်မယ်ဆိုရင်တော့ ခန္ဓာကိုယ်ကို တောင့်တောင့်ကြီးမနေဖို့ လိုပါတယ်။ နောက်ထပ် သတိထားရမှာကတော့ ခြေထောက်နှစ်ဖက်ကို တပြေးညီမထားဖို့ပါပဲ။ ကင်မရာရှိတဲ့ ဖက်ကို နည်းနည်းလေး စောင်းပြီး လက်ကို နည်းနည်းနောက်ပစ်ထားတဲ့ ပုံစံနဲ့ ရိုက်ကြည့်ပါ။
(၃) တကယ်လို့ တယောက်ယောက်က သင့်ရဲ့ တကိုယ်လုံးပုံကို ရိုက်တော့မယ်ဆိုရင် စစ်သားတွေ တန်းစီသလို တောင့်တောင့်ကြီး မရပ်ပါနဲ့။ ဒါကတော့ ကမ်းခြေမှာမှ မဟုတ်ပါဘူး။ နေရာတကာမှာ လိုက်နာသင့်တဲ့ စည်းမျဉ်းပဲ ဖြစ်ပါတယ်။ သင်က အဲဒီလို ရှေ့တည့်တည့်ကနေ ဓာတ်ပုံအရိုက်ခံမယ်ဆိုရင် သင့်ခန္ဓာကိုယ်က ပြားနေသယောင် ဖြစ်ပါတယ်။
ပိုပြီး မိန်းကလေးဆန်ဆန်လှဖို့ ဆိုရင်တော့ သင့်ရဲ့ကိုယ်လုံးကို နည်းနည်းလေး စောင်းလိုက်ပါ။ ခြေဖဝါးတဖက်ကို ခပ်ဖွဖွထောက်ထားပြီး လက်က ဆံပင်ကို ကိုင်တာ ဒါမှမဟုတ် သင့်စိတ်ကြိုက် တခုခု လုပ်နေတာမျိုးပြုလုပ်လို့ ရပါတယ်။
(၄) ပဝါ၊ တဘက်စတဲ့ အပိုပစ္စည်းတွေကို သုံးဖို့ မမေ့ပါနဲ့။ အဲဒီအရာတွေက သင့်ရဲ့ အလှကို ပိုမိုပေါ်လွင်စေမှာပါ။ ဥပမာ သင်က နည်းနည်းဝလို့ ဗိုက်ခေါက်တွေပေါ်နေပေမယ့် ဓာတ်ပုံထဲမှာ အဲဒီလို မဖြစ်ဖို့ ခါးနေရာလောက်က စပြီး ပဝါစည်းထားလို့ ရပါတယ်။ တကယ်လို့ သင်က ပဝါ ပါးပါးကို စည်းထားပြီး ဓာတ်ပုံရိုက်မယ်ဆိုရင် ဘယ်တော့မှ ကင်မရာကို ကျောမပေးပါနဲ့။ ဘာကြောင့်လဲဆိုတော့ ပဝါက သင့်တင်ပါးကို ပြားသယောင် ဖြစ်စေလို့ပါ။
Ref ; lifehack