Trend

သူငယ်ချင်းဖြစ်တာ နှစ် ၃၀ ပြည့် အထိမ်းအမှတ်နဲ့ တက်တူး ဆင်တူထိုးခဲ့တဲ့ အမျိုးသမီး နှစ်ဦး

Want create site? Find Free WordPress Themes and plugins.

သူငယ်ချင်းတွေအဖြစ် ၅ နှစ်လောက် နေနိုင်တယ်ဆိုတာ တယောက်နဲ့ တယောက် တော်တော်ကြီး ခင်မင်ပြီး ချစ်ကြလို့ပါ။ သူငယ်ချင်း ဆက်ဆံရေး ဆိုတာကလည်း နားလည်မှု၊ ယုံကြည်မှုတွေ လိုအပ်တဲ့ ဆက်ဆံရေးမျိုးပါ။ အခုဖော်ပြပေးမယ့် အမျိုးသမီး နှစ်ဦးကတော့ သူငယ်ချင်းဖြစ်တာ နှစ်ပေါင်း ၃၀ ပြည့် သွားတာကြောင့် သူတို့ နှစ်ဦးလုံး ကြိုက်နှစ်သက်တဲ့ တက်တူးပုံ ဆင်တူ ထိုးခဲ့တာ ဖြစ်ပါတယ်။

သူတို့ နှစ်ဦးဟာ ဘရာဇီးနိုင်ငံမှာ နေထိုင်သူတွေ ဖြစ်ပြီး ထိုးခဲ့တဲ့ ပုံကတော့ ပြုံးနေတဲ့ ဘီယာခွက် ၂ ခွက်က လက်ချင်းချိတ်ထားတဲ့ ပုံဖြစ်ပါတယ်။ ဒီပုံဟာ သူတို့ နှစ်ဦးလုံး ကြိုက်နှစ်သက်တဲ့ အရာကို ထိုးထားတာလည်း ဖြစ်ပါတယ်။

တက်တူးထိုးပြီး မကြာခင်မှာပဲ အဲဒီဓာတ်ပုံကို လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားခဲ့တာ ဖြစ်ပါတယ်။ ပုံ တင်ပြီး သိပ်မကြာခင်မှာပဲ မျှဝေသူတွေ သန်းနဲ့ချီပြီး ရှိသွားခဲ့ပါတယ်။ ဒီပုံကို တက်တူးထိုးခဲ့တဲ့ အမျိုးသမီး တယောက်ရဲ့ မြေးဖြစ်သူက တင်ခဲ့တာလို့ သိရပါတယ်။

လူမှုကွန်ရက် စာမျက်နှာပေါ်မှာ “ဒီလောက် နှစ်တွေအကြာကြီး ခင်မင်ကြတာ ပျော်စရာပါပဲ။ အားကျလိုက်တာ။ သူငယ်ချင်းတွေနဲ့ တက်တူး ဆင်တူထိုးချင်ပါတယ်။ ဒီလောက် အရွယ်ထိ ပျော်ပျော်ရွှင်ရွှင် နေနိုင်တာကို အားကျတယ်” စတဲ့ စာတွေကို မှတ်ချက်ပေး ရေးသားထားကြပါတယ်။

Ref;RD

You may also like these stories:

ပါးလျလွန်းတဲ့ ဝတ်စုံကြောင့် မော်ဒယ် Ngoc Trinh ကို ဗီယက်နမ် အစိုးရ ဒဏ်တပ်နိုင်ဖွယ်ရှိ

အချမ်းသာဆုံး အမျိုးသမီး အဆိုတော်ဖြစ်လာတဲ့ ရီဟားနား

ကမ္ဘာတဝှမ်းက ထူးထူးခြားခြား စုံတွဲများ

ဗီဒီယိုတခုမှာ အစ်မဖြစ်သူကို နမ်းပြခဲ့လို့ ဝေဖန်ခံနေရတဲ့ Youtuber

Did you find apk for android? You can find new Free Android Games and apps.
Loading