အဘက်ဘက်က ယိုယွင်းပျက်စီးနေတဲ့ ခေတ်ထဲမှာ လူတိုင်းသိထားသင့်တဲ့ အရာက မိမိကိုယ်ကို ကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။ ညဘက်ရော နေ့ဘက်မှာပါ လုံခြုံရေးကို သတိထားပြီး နေထိုင်နေရတာ ဖြစ်လို့ ကိုယ်ခံပညာ အနည်းငယ်ကို တတ်မြောက်ထားဖို့ လိုကိုလိုအပ်ပါတယ်။
အရေးကြီးတာကတော့ သင်သိထားတဲ့ ကာကွယ်ခြင်းနည်းလမ်းတွေက မှန်နေဖို့ပါပဲ။ ဒါကြောင့် မိမိကိုယ်ကို ကာကွယ်ခြင်းနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ အယူအဆတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) သော့ကို လက်ကြားမှာ ကိုင်ခြင်း
လူတိုင်းနီးပါးက လက်ကြားထဲမှာ သော့ချောင်းတွေကို ကိုင်တဲ့ နည်းကို လမ်းညွှန်ကြပေမယ့် အခြားနည်းလမ်းတွေ ရှိနေပါသေးတယ်။ လက်တချောင်းချင်းစီတိုင်းမှာ သော့တချောင်းစီကို ကိုင်ထားတာထက် ပိုပြီး မာတဲ့ သော့တချောင်းကို လက်မှာ သေချာဆုပ်ကိုင်ထားပြီး အန္တရာယ်ပြုသူကို ထိုးတာက ပိုပြီး ထိရောက်မှုရှိပါတယ်။
(၂) ထွက်ပြေးခြင်း
လာရောက် တိုက်ခိုက်သူဆီကနေ ထွက်ပြေးတာကလည်း အရမ်းမှန်ကန်တဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး။ ရန်သူဟာ သင့်ထက် မြန်မြန်ပြေးနိုင်တာမျိုး ဒါမှမဟုတ် သူ့မှာ သေနတ်စတဲ့ သေစေနိုင်တဲ့ လက်နက်တွေ ပါနေတယ်ဆိုရင် သင်က ကျောပေးပြီး ပြေးနေရတာ ဖြစ်လို့ ပိုပြီး အန္တရာယ်များပါတယ်။ ဒါပေမယ့်လည်း ပြေးတာက အကောင်းဆုံးအဖြေဖြစ်နေတဲ့ အတွက် သင့်အနီးအနားက အကူအညီရမယ့် နေရာမျိုးကို အချိန်တိုတိုနဲ့ ပြေးနိုင်ရင်တော့ အကောင်းပါပဲ။
(၃) ဖုန်းပြောသလို ပြုလုပ်ခြင်း
သင်က ဖုန်းပြောချင်ယောင်ဆောင်နေခြင်းကြောင့် ရန်သူက သင့်ကို ကြောက်သွားပြီလို့ ထင်ရင်မှားပါလိမ့်မယ်။ ဖုန်းပြောနေရင် တဖက်လူက သင့်အတွက် သက်သေ ဖြစ်နိုင်တယ်ဆိုပေမယ့် ရန်ပြုမယ့်သူကတော့ ဖုန်းပြောနေတဲ့ သင်ဟာ အာရုံစိုက်မှုမရှိဘူးလို့ ယူဆပြီး အန္တရာယ်ပြုလာနိုင်ပါတယ်။
(၄) အော်ခြင်း
တယောက်ယောက်က သင့်ကို တိုက်ခိုက်လာပြီဆိုရင် ” ကယ်ပါဦး ” လို့ အော်မယ့် အစား ” မီး၊ မီး ” လို့ အော်ပါ။ အဲဒီလို အော်ခြင်းကြောင့် လူတွေရဲ့ ဂရုစိုက်မှုကို အလျင်အမြန်ရရှိနိုင်ပါတယ်။ တနေရာရာမှာ မီးလောင်တယ်ဆိုတဲ့ အသံကို ကြားတဲ့ အခါ မီးလောင်နေတဲ့ နေရာကို အကူအညီပေးဖို့ လာရောက်လေ့ရှိတာကြောင့် ” မီး ” လို့ အော်တာက အကောင်းဆုံး ဖြစ်ပါတယ်။
Ref;RD