Trend

မင်းသား ဟယ်ရီနဲ့ ဇနီး တော်ဝင်မိသားစု နာမည် အသုံးပြုပြီး စီးပွားရှာခြင်းကို တားမြစ်ခံရ

တော်ဝင်မိသားစုက နုတ်ထွက်လိုက်ပြီဖြစ်တဲ့ မင်းသားဟယ်ရီနဲ့ ဇနီးဖြစ်သူ မီဂန်တို့ကို တော်ဝင်မိသားစုနာမည်အသုံးပြုပြီး ငွေရှာတဲ့ ကိစ္စတွေ မပြုလုပ်ဖို့ တော်ဝင်မိသားစုဝင်တွေ အတွင်း ပြန်လည်သုံးသပ်ချက်တွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Sussex မြို့စားနဲ့ မြို့စားကတော်တို့ဟာ အင်္ဂလန်နိုင်ငံရဲ့ အမှတ်အသားတခုလို့ခေါ်ဆိုနိုင်တဲ့ “Sussex Royal ” နာမည်နဲ့ Brand ကို မှတ်ပုံတင်တာတွေ တွေပြုလုပ်ထားပြီး အဲဒီခေါင်းစဉ်အောက်မှာ အဝတ်အစား၊ စာရေးကိရိယာ၊ စည်းရုံးလှုံ့ဆော်ပွဲ၊ ပရဟိတလုပ်ငန်းများ၊ ပညာရေးထောက်ပံ့မှုနဲ့ လူမှုဖူလုံရေး စတဲ့ အကြောင်းအရာတွေနဲ့ လည်ပတ်နေတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဘုရင်မကြီး အဲလိဇဘတ်ကတော့ Brand အဖြစ်အသုံးပြုခြင်း မပြုလုပ်ဖို့ တားဆီးထားတယ်လို့ လန်ဒန်တိုင်းမ်းသတင်းစာမှာ ဖော်ပြထားပါတယ်။

တော်ဝင်အသိုင်းအဝိုင်းရဲ့ ဥပဒေရေးရာပြောရေးဆိုခွင့်ရှိသူ အကြီးတန်းအရာရှိဖြစ်တဲ့ Thomas Woodcock က “ ကျနော်ကတော့ ဒါကို လက်သင့်ခံစရာလို့ မမြင်ဘူး။ လူတယောက်က ကောင်းတာတွေ အားလုံးကို တခါတည်းလိုချင်နေလို့ ဘယ်ရမလဲ။ သူတို့အနေနဲ့ တော်ဝင်မိသားစုဝင်အဖြစ် မနေချင်တော့ဘူးဆိုရင် တော်ဝင်မိသားစုအဖြစ် ရပိုင်ခွင့်လည်း ရှိမှာ မဟုတ်ဘူး ” လို့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဘုရင်မရဲ့ ခွင့်ပြုချက်ကို မရတာကြောင့် သူတို့ဟာ အားလုံးကို အစကနေ ပြန်လည်ပြီး မှတ်ပုံတင်ဖို့ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ ဟယ်ရီနဲ့မီဂန်တို့ရဲ့ စီးပွားရေးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတရပ်ဖြစ်လာပါတယ်။ သူတို့ဟာ “Sussex Royal ” ဆိုတဲ့ နာမည်နဲ့ တရားဝင်အင်စတာဂရမ်စာမျက်နှာကို ၂၀၁၉ ခုနှစ် နှစ်စပိုင်းလောက်မှာ စတင်အသုံးပြုခဲ့ပြီး Folower ၁၁ သန်းကျော် ရှိပါတယ်။ ဘုရင်မရဲ့ တားမြစ်မှုမှာ လူမှုကွန်ရက်က လုပ်ဆောင်ချက်တွေပါ ပါဝင်လို့ အဲဒီစာမျက်နှာကိုလည်း ပိတ်သိမ်းသွားမလားဆိုတဲ့ ကောလာဟလတွေ ပေါ်ထွက်နေပါတယ်။

ဘုရင်မကြီးအဲလီဇဘတ်ရဲ့ မြေးဖြစ်သူ မင်းသားဟယ်ရီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက စတင်ပြီး တော်ဝင်မိသားစုက နုတ်ထွက်ဖို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ မင်းသားဟောင်းဟယ်ရီ၊ ဇနီးဖြစ်သူ မီဂန်နဲ့ သား အာချီတို့ဟာ အခုအချိန်မှာတော့ ကနေဒါနိုင်ငံမှာ နေထိုင်နေတယ်လို့ သိရပါတယ်။

Ref;cnn

You may also like these stories:

“Parasite” ရုပ်ရှင်ကို အကောင်းဆုံးဇာတ်ကားဆုပေးလို့ ဝေဖန်လိုက်တဲ့ သမ္မတ ဒေါ်နယ်ထရန့်

လီပါပူးအသင်းက အမြဲနိုင်နေတာကြောင့် ဝမ်းနည်းကြောင်းစာပို့တဲ့ မန်ယူပရိသတ်ကျောင်းသားလေး

ရုပ်ရှင်အသစ်မှာ ပါဝင်သရုပ်ဆောင်မယ်လို့ မင်းသား ဟွန်ဘင်း အတည်ပြု

Loading