ဧရာဝတီမြစ်ကမ်းဘေး ရွှေကြက်ယက်ဘုရား ပတ်ဝန်းကျင်ကျေးရွာရှိ ပြည်သူများသည် ဧရာဝတီမြစ်ကို အမှီပြု၍ နေ့စဉ် ထင်း၊ သစ်၊ ဝါးဖောင် မျှောခြင်း၊ ဧရာဝတီ မြစ်အတွင်း သဲကျွန်းများ ပေါ်တွင် ဖရဲစိုက်ပျိုးခြင်း၊ သစ်ခေါက်လှမ်းခြင်းများ ပြုလုပ်ကာ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေကြရပါသည်။ ဧရာဝတီက ၎င်းတို့၏ လူမှု ဘဝဖြတ်သန်းမှု တစိတ်တပိုင်းကို မှတ်တမ်းတင် ဖော်ပြလိုက်ပါသည်။
(The Irrawaddy Weekly Journal, Vol.2, No.15 – စာမျက်နှာ ၂၆ နှင့် ၂၇ တွင်လည်း ပုံနှိပ်ဖော်ပြထားပါသည်။)