မြန်မာနိုင်ငံ၏ ပင်လယ်ထွက်ပေါက်အနီးရှိ ဟိုင်းကြီးကျွန်းတွင် ပမ္မဝတီ ရေတပ်စခန်းဌာနချုပ် တည်ရှိပြီး ကမ်းနီး ကမ်းဝေး ငါးဖမ်း ရေလုပ်သားများ အခြေစိုက်ရာ ကျွန်းလည်း ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် နာဂစ် မုန်တိုင်းဒဏ် ခံခဲ့ရ သော်လည်း ယခုအခါ ငါးဖမ်းလုပ်ငန်းနှင့် တခြား စီးပွားရေးလုပ်ငန်းများ ပြန်လည် အခြေကျနေပြီ ဖြစ်သည်။ ဧရာဝတီ ဓာတ်ပုံသတင်းထောက် ဂျေပိုင်က ဟိုင်းကြီးကျွန်း မြင်ကွင်းကို မှတ်တမ်းတင်ထားပါသည်။
(The Irrawaddy Weekly ဂျာနယ် Vol.2 No. 22 စာမျက်နှာ ၂၆နှင့် ၂၇ တို့တွင်လည်း ပုံနှိပ်ဖော်ပြထားပါသည်။)