ဗြီတိသျှ ပါလီမန်အမတ် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာနဝန်ကြီး အင်ဒရူး မစ်ချယ် သည် မြန်မာနိုင်ငံသို့ ၃ ရက်ကြာခရီးစဉ် အဖြစ် ယမန်နေ့က စတင်ရောက်ရှိသည်။ ၎င်းသည် နေပြည်တော်၌ ဒု သမ္မတ ဦးတင်အောင်မြင့်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းတို့အပါအဝင် အစိုးရအဖွဲ့ဝင်များနှင့်တွေ့ဆုံသည်။ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးသည်ဟု အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။ ဗြီတိသျှ ဝန်ကြီးသည် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်ရှိကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။