ရန်ကုန်မြို့ လှည်းတန်းရှိ အများသုံးအိမ်သာ တခုတွင် ယနေ့နေ့လည်က ဗုံးတလုံးပေါက်ကွဲကြောင်း သတင်းရရှိသည်။ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီး တဦးသေဆုံးကာ၊ အမျိုးသမီးတဦး ဒဏ်ရာရရှိကြောင်း၊ မပေါက်ကွဲသေးသည့် ဗုံးတလုံးကိုလည်း ဖယ်ရှားခဲ့ကြောင်း သိရသည်။ အခင်းဖြစ်ပွားပြီးနောက် လှည်းတန်းလမ်းဆုံမှ ကမာရွတ်ရဲစခန်းအထိ တလျှောက် လမ်းများ ပိတ်ထားသည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။