• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

KIO လူဟု စွပ်စွဲဖမ်းဆီးခံရသည့် ကချင်ဒုက္ခသည် ပြန်လွတ်

by ကျော်ခ
2 August 2012
in သတင်း
A A
KIO လူဟု စွပ်စွဲဖမ်းဆီးခံရသည့် ကချင်ဒုက္ခသည် ပြန်လွတ်

အာဏာပိုင်များ၏ စွပ်စွဲဖမ်းဆီးမှုမှ လွတ်မြောက်လာခဲ့သော ဦးဘောမ်ဇုန်း (ဓာတ်ပုံ - ဧရာဝတီ)

4.5k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO) နှင့် ဆက်နွယ်သူဟု ဆိုကာ မြစ်ကြီးနားခရိုင် ဒုစရိုက်နှိမ်နှင်းရေး(ဒန) အဖွဲ့က ဖမ်းဆီး တရားစွဲဆို ထားသည့် ကချင် စစ်ပြေးဒုက္ခသည် တဦးကို မြစ်ကြီးနားမြို့နယ်တရားရုံးက အပြစ်မရှိဟုဆိုကာ ပြန်လွှတ် ပေးလိုက်သည်။

အာဏာပိုင်များ၏ စွပ်စွဲဖမ်းဆီးမှုမှ လွတ်မြောက်လာခဲ့သော ဦးဘောမ်ဇုန်း (ဓာတ်ပုံ – ဧရာဝတီ)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဂါးရာယန်ကျေးရွာသား ဦးဘောမ်ဇုန်း ကို KIO ၏ ဝန်ထမ်း၊ မြစ်ကြီးနား မြို့ပေါ်တွင် KIO အတွက် သတင်းယူရန် စေလွှတ်ထားသူ၊ လက်နက် သယ်ဆောင်ပေးနေသူဟူသော တရားလိုဘက်မှ စွဲဆိုထားခြင်းအား မှားယွင်းစွပ်စွဲသည်ဟုဆိုကာ တရားရုံးက ယမန်နေ့တွင် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
29
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
24
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
38

“တရားလိုဘက်က စစ်ဆေးပြီးမှ စွဲချက်တင်သင့် မတင်သင့်ဆိုတဲ့ နေရာမှာ စစ်ဆေးချက်အရ မှားယွင်းစွပ်စွဲတယ်ဆိုပြီး တရားရုံး က အမိန့်ချပြီးလွှတ်ပေးလိုက်တာ”ဟု ဦးဘောမ်ဇုန်း၏ ရှေ့နေအဖြစ် ဆောင်ရွက်သူ ဦးဂျီမာခါး က ဧရာဝတီသို့ ပြောသည်။

ဦးဘောမ်ဇုန်းသည် ၂၀၁၁ ဇွန်လပိုင်းက တိုက်ပွဲများကြောင့် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ ဂါလလဲ နှစ်ခြင်း ဒုက္ခသည် ကယ် ဆယ်ရေး စခန်းတွင် ခိုလှူံနေခဲ့ရာ ကျန်းမာရေး ချို့ယွင်းလာသဖြင့် ဆွေမျိုးများအိမ်သို့ ပြောင်းရွှေ့နေထိုင်စဉ် ဇွန်လ ၇ ရက် နေ့က ဖမ်းဆီးခြင်း ခံခဲ့ရသည်ဟု ဆိုသည်။

၎င်းအား ကချင်ပြည် လွတ်မြောက်ရေးတပ်မတော်(KIA)က ၂၀၁၁ ခုနှစ် နိုဝင်္ဘာလထဲတွင် ပေါ်တာအဆွဲခံခဲ့ရပြီး လက်နက်များ သယ်ဆောင်ပေးခဲ့ရသည်ဟု ဦးဘောမ်ဇုန်း က ပြောဆိုသည်။ အာဏာပိုင် အဖွဲ့က ထိုအချက်ကို ထောက်၍ KIO နှင့် ဆက်နွယ် သည် ဟု ဆိုကာ မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နှင့် စွပ်စွဲဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

“အခုဟာက ကျနော်က ပေါ်တာဆွဲခံရတာ၊ ကျနော့် ဆန္ဒနဲ့လုပ်တာမဟုတ်ဘူးဆိုတာ တရားရုံးကသိတော့ လွှတ်ပေးလိုက်တာပေါ့၊ ဒါပေမယ့် ကျနော့်ရဲ့ လွတ်လပ်ချိန်တွေ အချုပ်အနှောင်ခံခဲ့ရတယ်”ဟု ဦးဘောမ်ဇုန်း က ဧရာဝတီသို့ ပြောသည်။ ဖမ်းဆီးခံခဲ့ရစဉ် ညှဉ်းပန်းနှိပ်စက်ခြင်းများ မရှိသော်လည်း ရဲ များ၏ ခြိမ်းခြောက်ပြောဆိုမှုများ ခံခဲ့ရသည်ဟု ဆိုသည်။

အသက် ၅၀ အရွယ် ဦးဘောင်ဇုန်းသည် ယခုအခါ အမှုမှ ကင်းလွတ်ပြီး မိသားစုနှင့် အတူပြန်လည်နေထိုင်နေလျက် ရှိသည်။

မြစ်ကြီးနားခရိုင် ဒုစရိုက် နှိမ်နှင်းရေး တပ်ဖွဲ့က ဦးဘောမ်ဇုန်းကို ဖမ်းဆီးပြီး ၁၀ ရက်အကြာတွင် မြစ်ကြီးနားရှိ ဂျန်မိုင်ကောင် ဒုက္ခသည် စခန်းက ဒုက္ခသည် ဦးဘရန်ရှောင်ကိုလည်း KIO နှင့်ဆက်နွယ်သူဟုဆိုကာ ဖောက်ခွဲမှုများဖြင့် အမည်တပ် ဖမ်းဆီးခဲ့ပြီး မြို့နယ်တရားရုံးတွင် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) မှ ဗိုလ်ကြီး ကျော်စွာလင်းက တရားစွဲဆိုထားသည်။

ဦးဘရန်ရှောင်၏ စတုတ္ထမြောက် ရုံးချိန်းကို ဇူလိုင်လ ၂၇ ရက်နေ့က ကြားနာခဲ့ပြီး ၎င်းနေထိုင်ခဲ့သောဒေသမှ ရပ်ကွက် အုပ်ချုပ် ရေး မှူးကို တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့ရာတွင် ဦးဘရန်ရောင် KIO နှင့် ဆက်သွယ်မှု၊ ဖောက်ခွဲရေးအမှု စသည်များကို ကြားမြင် တွေ့ရှိခြင်း မရှိဟုထွက်ဆိုခဲ့ကြောင်း ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

ငါးကြိမ်မြောက် ရုံးချိန်းကို သြဂုတ်လ ၃ ရက်နေ့တွင် ကြားနာမည်ဖြစ်ပြီး တရားလိုဘက်မှ သက်သေ ၁၇ ဦးပြည့်သည်အထိ ထွက် ဆိုသွားမည် ဖြစ်ကြောင်းနှင့် နောက်ထပ်ထွက်ဆိုရန် ၁၀ ဦးခန့် ကျန်ရှိနေသေးသည်ဟု သိရသည်။

ဦးဘရန်ရှောင်ကို ဖမ်းဆီးပြီးနောက် စရဖ လက်သို့ လွှဲအပ်ရာတွင် KIO နှင့် ဆက်နွယ်မှုရှိကြောင်း ဝန်ခံစေရန် ပေါင်နှစ်ဘက်၌ ဓားဖြင့် ထိုးမွှေ ဒဏ်ရာများ အပါအဝင် ဦးခေါင်းနှင့် ခန္ဓာကိုယ် အနှံ့တွင် ပြင်းထန်သောဒဏ်ရာများ ရရှိထားကြောင်း ဇနီးဖြစ်သူ ဒေါ်ဇယ်ညွယ်နှင့် အခြားမျက်မြင်များက ပြောဆိုထားသည်။
ထို့နောက်ပိုင်းတွင် ဦးဘရန်ရှောင် စိတ်မူမမှန်သော အခြေအနေဖြစ်နေကြောင်း တရားရုံးချိန်းတွင် တွေ့မြင်ခဲ့ရသူများနှင့် ရှေ့နေ ဦးဂျီမာခါး တို့က ပြောသည်။

ဦးဘရန်ရှောင်၊ ဦးဘောမ်ဇုန်းတို့အပါအဝင် ကချင်ပြည်နယ်အတွင်း၌ KIO နှင့်ဆက်နွယ်သည်ဟုဆိုကာ မတရားအသင်းနှင့် ဆက်သွယ်မှုပုဒ်မ ၁၇/၁ ဖြင့် ဖမ်းဆီးခံထားရသူ ၅၀ ကျော်ရှိကြောင်း မြစ်ကြီးနားမြို့နယ်ရှိ ရှေ့နေများ၏ မှတ်တမ်းများအရ သိရှိရသည်။

KIO နှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးရာတွင် ထိုသို့ စွပ်စွဲဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေးအတွက်လည်း ထည့်သွင်းပြောဆိုသင့်ကြောင်း ကချင် ခရစ်ယာန် ဘာသာရေးအဖွဲ့ ခေါင်းဆောင်များက ပြောသည်။

Your Thoughts …
Tags: Kachin State
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

ငြိမ်းချမ်းရေးအတွက် လုပ်သွားမည်ဟု ကချင် ကွန်မန်ဒိုဟောင်း ပြော

ငြိမ်းချမ်းရေးအတွက် လုပ်သွားမည်ဟု ကချင် ကွန်မန်ဒိုဟောင်း ပြော

by သန်းထိုက်ဦး
19 September 2012
5.2k

“လောလောဆယ်ကတော့ ပြည်တွင်း စစ်ပြေး ဒုက္ခသည်တွေရဲ့ အရေးရယ်၊ နောက်တခါ တကယ် စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းမှုကို ရရှိအောင် ကြိုးစားချင်တဲ့ စိတ်ရှိပါတယ်”

ငြိမ်းချမ်းပါစေ ကချင်မြေ

ငြိမ်းချမ်းပါစေ ကချင်မြေ

by ရွှေကူမေနှင်း
4 June 2013
4.1k

နောက်တော့ လက်နက်နှင့် ငြိမ်းချမ်းရေး လဲသည်ဟု ကြားရသည်။ ၁၀ နှစ်အတွင်း ကချင်ပြည်နယ်က သစ်တော၊ ၀ါးတော၊ ကြိမ်တော၊ တောမှန်သမျှ ပြောင်သလင်းခါသွားသည်

ကချင်ပြည် ငြိမ်းချမ်းရေး နှစ်ဘက် စစ်ရေးခေါင်းဆောင်များ စတင် ဆွေးနွေး

ကချင်ပြည် ငြိမ်းချမ်းရေး နှစ်ဘက် စစ်ရေးခေါင်းဆောင်များ စတင် ဆွေးနွေး

by မန်းသားလေး
11 March 2013
8.1k

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၏ ထူးခြားမှု အနေဖြင့် နှစ်ဘက် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ ကိုယ်တိုင် တက်ရောက် လာခဲ့ကြပြီး စစ်ရေး ကိစ္စများကို အဓိကထား ဆွေးနွေးကြသည်။

အသရေဖျက်မှုဖြင့် PDP ပါတီ ခေါင်းဆောင်များ အဖမ်းခံထားရ

by ကျော်ခ
22 November 2012
1.6k

ဦးလဂျွန်ငန်ဆိုင်း ဦးဆောင်သော ကချင်ပြည်နယ် အစိုးရအနေဖြင့် ပြည်နယ်အတွင်း ကားလုပ်ငန်း၊ စက်လှေလုပ်ငန်း၊ ကချင်ရိုးရာ မနောပွဲ ကိစ္စရပ်များတွင် အာဏာသုံး လုပ်ဆောင်ချက်များ ရှိကြောင်း ရေးသားခဲ့သည်

အစိုးရတပ်များ လိုင်ဇာ တောင်ကုန်းတခုကို ဆက်လက် ထိုးစစ်ဆင်

အစိုးရတပ်များ လိုင်ဇာ တောင်ကုန်းတခုကို ဆက်လက် ထိုးစစ်ဆင်

by လင်းသန့်
7 January 2013
10.5k

သူတို့က လိုင်ဇာကို သိမ်းစရာ မလိုဘူးလေ။ လိုင်ဇာ ပတ်ပတ်လည်က တောင်ကုန်းတွေ အားလုံး သိမ်းလိုက်ရင် လိုင်ဇာဆိုတာ အလိုလို ကျပြီးသား ဖြစ်နေပြီပဲ။ လိုင်ဇာမြို့ကို သူတို့ ဘာသိမ်းယူစရာ အကြောင်းရှိမှာလဲ

လဘန်ဂရောင်ကို လွမ်းဆွတ်ခြင်း

လဘန်ဂရောင်ကို လွမ်းဆွတ်ခြင်း

by ရွှေကူမေနှင်း
25 January 2013
4.9k

အန်ကယ်လဘန်က ကချင်လူမျိုး စစ်စစ်။ ပညာတတ် လူငယ်တဦး ဖြစ်ပြီး ပင်လုံစာချုပ်၌ လက်မှတ်ရေးထိုးသူများ အားလုံးတွင် အသက်အငယ်ဆုံး အဖြစ် ထင်ရှားသူလည်း ဖြစ်သည်။

Next Post
အိမ်ပြန်ချင်တယ်

အိမ်ပြန်ချင်တယ်

အလုပ်သမား ဆန္ဒပြမှု စုံစမ်းရေး ကော်မရှင်ဖွဲ့ရန် အဆို ပယ်ချခံရ

အလုပ်သမား ဆန္ဒပြမှု စုံစမ်းရေး ကော်မရှင်ဖွဲ့ရန် အဆို ပယ်ချခံရ

Please login to join discussion
No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

7 days ago
5.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
4.9k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate